Episode 11
Apple သည် ရုံးခန်းထဲကို ဝင်လာခဲ့တော့ လက်ထောက်
မိန်းကလေးက မတ်တပ်ရပ်ကာ နှုတ်ဆက်သည်။
"Fin~~ဒီနေ့ ကိစ္စအထွေအထူးမရှိဘူးမလား"
ခေါင်းသိပ်မကြည်၍ မနက်ပိုင်းတစ်ဝက် ရုံးကို မလာ
ဘဲ နေလိုက်သည်မို့~~လက်ထောက်မိန်းကလေးကို
အကျိုးအကြောင်း မေးကြည့်လိုက်သည်။
"မရှိပါဘူး P' ~~ဒါပေမယ့် ဘုရားဖူးမယ့် Cambodia
Tour တစ်သိုက်ကိုတော့ ဒီမနက်ပဲ သွားဖို့ စီစဉ်ပေးလိုက်ပါပြီ"
Apple က ပခုံးက slim bag ကြိုး လေးကိုဖြုတ်ကာ
စားပွဲပေါ်တင်လိုက်ရင်း မေးသည်။
"ဟို လွန်ခဲ့တဲ့ သုံးရက်က Hotel Bangkok က ချိတ်
ပေးထားတဲ့ Tour တွေကို ပြောတာလား"
"ဟုတ်ပါတယ်~~~ guide ကတော့ အရင်ထက်ပို
ပြီး လူများများထည့်ပေးဖို့ တောင်းဆိုတယ်..အယောက်
၇၈ယောက်စာဆိုတော့ တစ်ယောက်တည်း အားနဲ့
မဖြစ်နိုင်ဘူးထင်လို့ "
"ရပါတယ်~~လိုသလောက်ယူလေ~~Hotel Bangkok
က ငွေကြေးတွက်ကပ်တတ်တဲ့လူတွေမဟုတ်တော့
စိတ်ချပါတယ်~~~"
Apple က Fin နဲ့ စကားပြောနေစဉ် Apple ထံ ဖုန်းဝင်လာသဖြင့်~~~
"ပြောပါ~~Sing"
Sing မှန်းသိနေ၍ တထူးတလည် စကားပုလ္လင်မခံတော့
ဘဲ လိုရင်းတန်းပြောလိုက်သည်။
"မမ~~~ခုတလော ကျန်းမာရေး အဆင်ပြေရဲ့လား"
Sing က ဒီလိုမျိုးတွေ မမေးဖူးတဲ့ သူမို့ Apple အနေနဲနည်းနည်းတော့ အံ့ဩမိသည်။
"အင်း...ဘယ်လိုပြောရမလဲ~~ဒီရက်ပိုင်းတော့ နေလို့
သိပ်မကောင်းဘူး~~မနက်ကတောင် ရုံးကို မတက်နိုင်
တာနဲ့ ခုနေ့လည်မှ လာဖြစ်တာ~~ဘာဖြစ်လို့လဲ Sing"
Sing ရဲ့တစ်ဖက်က အသံကို ပြန်မကြားရ။Apple
က ထပ်ပြီ အသံပြုလိုက်သည်။
"ကျွန်တော့်အပြစ်တွေပါ~~"
"ဘယ်လို~~~"
ကြားရတဲ့စကားဟာ ဝှက်ဖဲတစ်ချပ်လို ဖြစ်နေတာ
ကြောင့် နားမလည်နိုင်ရှိရသည်။
"တောင်းပန်ပါတယ်~~မမ ဒီထက် ထိခိုက်မှုတွေ မရှိ
အောင် ကျွန်တော်ပိုစောင့်ရှောက်ပါ့မယ်"
"Sing ~~ မင်းတစ်ခုခု ခံစားနေရတာလား"
Sing ဆီက အဖြေကို မမျှော်လင့်ဘဲ မေးလိုက်မိသည်။
အဖြေကို သူမပြန်မကြားရဘူးဆိုတာ သိသည်။Sing
သည် လျှို့ဝှက်တတ်သူပီပီ ခံစားချက်ကို မြိုသိပ်နိုင်စွမ်း
ကြီးမားသည်။~~~~
တစ်ချက်က ဖုန်းချတော့မည်လို့ ပြောသဖြင့်Apple
ဖုန်းကို နားကနေ ခွာယူလိုက်ပြီး screen ကို တွေတွေ
လေးငေးကြည့်နေမိသည်။
^^ဒီတစ်ပတ်ထဲ သူ့ဆီမသွားဖြစ်လို့ စိတ်ပူနေတာများလား^^
Apple က ဟိုတစ်ခါ coffee ကိစ္စပြီးကတည်းက Sing
နဲ့ မတွေ့ဖြစ်တာ တစ်ပတ်ကျော်ကျော်ကြာခဲ့သည်မို့ ဒီ
လို ပြောလိုက်သည်လို့သာ ယူဆလိုက်တော့သည်။
~~~~~~~~~~
"ဒေါက် ဒေါက်~~~"
Maruyee သည် Mae အခန်းတံခါးလေးကို ခပ်သွက်သွက် နှစ်ချက်ဆင့်ခေါက်လိုက်သည်။ထို့ကြောင့်
Mae ဆီက အသံပြန်ပြုလာ၍ အထဲကို တံခါးလေး
တွန်းဖွင့်ကာ ဝင်လိုက်သည်။
"Mae~~~"
စာအုပ်တစ်အုပ်မှာ ရေးမှတ်နေလိုက် ပေါင်ပေါ်တင်
ထားသော စာအုပ်ကို ကြည့်လိုက်နဲ့ အလုပ်များနေသော
Pensri ကို Maru က လှမ်းခေါ်လိုက်သည်။ထို့နောက်
Mae နဲ့ မျက်နှာချင်းဆိုင် ခုံလေးမှာ ဝင်ထိုင်လိုက်သည်။
"ခုတလော Kit ရဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်း
ဘူး Mae~~ဟိုတစ်ပတ်ကဆို ဒဏ်ရာဒဏ်ချက်တွေနဲ့
ချည်းပဲ~~~ဒီတစ်ပတ်တော့ ထူထူထောင်ထောင် ဖြစ်
လာပြီဆိုပေမယ့် သမီးစိတ်ပူနေတယ်~~Kit
ဒီလိုဖြစ်တာ ဟို.......ချူလုံးနဲ့ ပတ်သတ်နေလား Mae Kha~~"
ရိုသေတိုးလျှိုးစွာ ပြောလာသော သမီးဖြစ်သူမျက်နှာ
ကို Pensri မော့ကြည့်လိုက်သည်။ပြီးတော့ မျက်နှာက
မျက်မှန်ကို ချွတ်လိုက်ပြီး စာအုပိကြားညှပ်ကာ
စာအုပ်ကို ပိတ်လိုက်သည်။ကျောပြင်ကို ခုံနဲ့ကပ်သွား
အောင် ခပ်တောင့်တောင့်ပြင်ထိုင်လိုက်ပြီး~~
"Maruကို Mae ပြောပြီးပြီပဲ~~~သူ့အသက် ၂၀
ကျော်သွားရင် ချူလုံးနဲ့ပတ်သက်တဲ့ ကံတရားကို
Mae တို့မပြောင်းလဲနိုင်တော့ဘူးလို့~~~"
သမီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး~~~အေးဆေးစွာ
စကားဆိုလိုက်သည်။
"Mae kha~~~တစ်ဖက်ကံကြမ္မာပိုင်ရှင်ကို မတွေ့သေး
ဘူးလား~~~"
"Mae ကတော့ မတွေ့သေးပေမယ့် Maru~~~သမီး
သားကတော့ တွေ့လာပြီးပြီ"
"Mae ~~~Mae ဘာကြောင့်လဲ"
Mae ကို ဘယ်လိုသိတာလဲ လို့ မမေးတော့။Mae သည်
ကံကြမ္မာကို ခံစားနိုင်သူပီပီ မြင်နိုင်ပြီးပြီဆိုတာကို
သိလိုက်မိသည်။
"သူတို့ သုံးခါတွေ့ဆုံမှု လွန်မြာက်တာနဲ့ မြေးငယ်လေးက
ကံကြမ္မာရဲ့ တဝက်ကိုသော်လည်းကောင်း အလုံးစုံ
ကိုသော်လည်းကောင်း ပေးဆပ်ခံယူလိမ့်မယ်~~~"
"Mae ဆိုလိုတာ သားလေး ဒီလို ဖြစ်တာ သူတို့ သုံးကြိမ်
မြောက်တွေ့ဆုံမှု လွန်မြောက်ခဲ့ပြီပေါ့လေ~~~"
"ဟုတ်တာပေါ့~~သူ့ဖူးစာဘက်က သူ့အနီးဆုံးကို
ရောက်လာခဲ့ပြီ။ ချုလုံးရဲ့အစွမ်းကြောင့်ပေါ့~~~"
Maru သည်ဒူးခေါင်းလေးကို ကျစ်ကျစ်ဆုပ်ကိုင်ကာ
သက်ပြင်းတွေကိုသာ တစ်ရှိုက်မက်မက်ချနေမိသည်။
"Mae~~~ခုနကပြောတဲ့ ကံတရားတစ်ဝက်ဆိုတာနဲ့
အလုံးစုံ ဘယ်နေရာမှာ ကွာလို့လဲ~~Kit လေးက
တစ်ဝက်လား အလုံးစုံခံယူရမှာလား Mae ကြည့်ပေး
ပါဦး~~~"
Mae က ဆီနဲ့ဖီးပြီး သေချာသပ်ထားသည့် နားသယ်က
ဆံစလေးတွေကို ဖွဖွလေးသပ်လိုက်ရင်း~~
"ဒါကတော့ ညည်းသား တစ်ဖက်လူအပေါ် ထားတဲ့
စိတ်ဝိဥာဏ်နဲ့ ဆိုင်သွားပြီ~~~Mae ပြောနိုင်တာ
ဒါအကုန်ပဲ~~~သမီး..."
Mae က Mae နားကိုပြေးကပ်ကာ ဒူးလေး ထောက်ချ
လိုက်ရင်း~~~
"Mae ~~~သားရဲ့ဖူးစာဖက်ဆိုတဲ့တစ်ယောက်ကို
Mae တွေ့မိလား~~ကျွန်မကိုပြောပါ~~ကျွန်မသူ့က်ု
ဖယ်ရှားပစ်မယ်~~~~ကျွန်မသားအတွက် ဘာမဆို
ကျွန်မစတေးနိုင်တယ်~~~"
Mae က သူ့လက်လေးများကို ဆုပ်ယူလိုက်ပြီး သမီး
ရဲ့ မိခင်မေတ္တာကိုပြုံးကာ ကြည့်နေမိသည်။
"သမီး Maru~~~Mae က အာရုံခံနိုင်တာပဲ ရှိတာ~~
တန်ခိုးရှင်မဟုတ်ဘူးဆိုတာ သမီးအသိပါ~~~"
Maru သည် Mae စကားကြားပြီးနောက် Mae
ဒူးပေါ် မှောက်ကာ ငိုချလိုက်သည်။
"Maru~~~လူနှစ်ယောက်ရဲ့ကြားက ကံတရားတစ်စုံကို
ပြင်ဆင်ခွင့်ရှိမယ်ဆိုရင် အဲဒါဟာ သူတို့ကိုယ်တိုင်ပဲ ~~Mae တို့က လမ်းညွှန်ပြလိုက်ရုံကလွဲပြီး ဘာမှ လုပ်လို့မရတဲ့ ပွဲကြည့်ပရိသတ်တွေပါ~~~"
~~~~~~~~~~
Markering ဌာနရဲ့ တိတ်ဆိတ်မှုကို ရုံးတွင်း ဖုန်းသံက
ဖြိုခွင်းလိုက်သည်။Sudaratက အနီးဆုံးမှာရှိနေသော
ဖုန်းလက်ကိုင်လေးကို ကောက်ကိုင်ပြီး~~~
"Hello~~Brave Marketing ဌာနက လက်ခံစကားပြောနေပါတယ်~~~"
"ဟုတ်ကဲ့ပါ~~~"
"ဟုတ်ကဲ့ နောက် နာရီဝက်နေရင်ပေါ့နော်~~"
"လာခဲ့ပါ့မယ်~~~အသိပေးတာ ကျေးဇူးပါ N'King"
Sudarat က ဖုန်းကို ချလိုက်ပြီးသည်မို့ ပြောလာမည့်
စကားကို Nin နဲ့ Krist က မျှော်လင့်တကြီး နား
စိုက်ထောင်နေမိသည်။~~~
"နောက် နာရီဝက်နေရင် Product အသစ်အတွက်
Meeting ရှိတယ်တဲ့~~တစ်ဌာနက ကိုယ်စားလှယ်
နှစ်ဦး တက်ရောက်ရမယ်တဲ့~~"
အခု Markering ဌာနမှာ Nin ရယ် Krist ရယ် Sudarat
ရယ် သုံးယောက်သာ ကျန်ရှိနေသည်။ အားလုံးက
Marketing ဆင်းကြသည်မို့ ဌာနမှာ လူဘယ်လောက်
မှ မကျန်။
"Nim ကျန်ခဲ့လိုက်မယ်လေ~~~Krist နဲ့ P'Su
သွားလိုက်ပါ~~ Krist လဲ အတွေ့အကြုံရတာပေါ့~~"
Nim က Krist ကို လှည့်ကြည့်လိုက် P'Su
ကိုကြည့်ပြီး ပြောလိုက်နဲ့ ပြုံးပြုံးလေးပြောနေလေသည်။
P'Nim က ဒီဌာနကို ရောက်တာ ဒုတိယ ဝါအကြီး
ဆုံးဖြစ်သည်။အသက် ၃၈နားလောက် ရှိပြီဖြစ်သော်
လည်း ပိန်ပိန်ပါးပါး သွယ်သွယ်လှလှ ကိုယ်လေးကြောင့်
အလှမပျက်သေးပေ။အနေတည်ပြီး သဘောဖြူသော
အမဖြစ်သောကြောင့် P'Su ကို ချစ်သလို P'Nim ကို
လဲ ချစ်ကြသည်။
"ဟုတ်တယ်~~~Krist လိုက်ခဲ့လိုက်~~မင်းဟိုတစ်
နေ့က ရှာထားတဲ့ အချက်အလက်တွေ တင်ပြလို့ရတာ
ပေါ့~~~"
Krist က ခေါင်းလေးကို ဆတ်ခနဲ တစ်ချက်ညိမ့်လိုက်ပြီး
နှုတ်ခမ်းကို တိခနဲ ဆွဲလိုက်သည်။~~~
P'Nim ရော P'Su ကပါ Krist ကို ပြန်ပြုံးကြည့်နေသည်မို့ တိခနဲစိထားသော နှုတ်ခမ်းလွှာ
လေး ဟကာ ရယ်ကျဲကျဲ ထပ်လုပ်ပြလိုက်သည်။
~~~~~~~~
Meeting ကို ၁နာရီခွဲမှာ စလုပ်နေသည်ဖြစ်ပြီး
ဌာနတိုင်းက သူတို့ ရှာဖွေထားသမျှ အချက်အလက်
တွေကို CEO ဆီ တင်ပြနေကြသည်။
Marketing ဌာနအလှည့်ရောက်တော့ အားလုံးက
Krist နဲ့ Sudarat ဆီအကြည့်လွှဲလာကြသလို
CEO သည်လည်း ၄င်းအတိုင်း။
P'Su က ထဆိုသော အမူအရာကို မျက်လုံးပင့်ကာ လုပ်ပြ
သဖြင့်ဘောလ်ပင်ကို လက်ကချကာ Krist က file လေး ကောက်ကိုင်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"Marketing ဆင်းပြီး customer ရဲ့အကျိုးရှာကြည့်
တဲ့အခါ customer တော်တော်များများက Brave
ရဲ့ အရည်အသွေးကို လက်ခံကြတာတော့ တွေ့ရပါတယ်
ဒါပေမယ့်လေ~~ကိုယ့်နိုင်ငံထက် export လုပ်တဲ့
နိုင်ငံတွေရဲ့ သဘောကျတဲ့ ပုံစံကို ကြည့်ဖို့လိုပါသေးတယ်
ဥပမာ~~~ကျွန်တော်တို့ ပုံမှန် တင်သွင်းနေကျ
China တို့ Taiwan တို့ဆိုရင် လူဦးရေရဲ့ ရာခိုင်နှုန်တော်တော်များများကိုက shoes ကို တစိုက်မတ်မတ် စီးကြတယ်"
"ဒါပေမယ့် ဒီနှစ် product အသစ်နဲ့ customer ကို
Touch လုပ်မယ့်အခါမှာ new customer ဖန်တီး
ဖို့လိုမယ်ထင်ပါတယ်~~~ဒီတစ်ခါ Product ဟာ
ရာသီအကူးအပြောင်းအတွက် သက်သောင့်သက်သာ
ရှိစေမယ်ဆိုတဲ့ idea နဲ့ ပေါင်းစပ်ဖန်တီးမှ ဖြစ်မယ်ထင်တယ်~~~~ဒီလိုဆို အိမ်နီးနားချငိး
နိုင်ငံဖြစ်တဲ့မြန်မာမှာပါ ဈေးကွက်ဖန်တီးလို့ရနိုင်တယ်"
Krist ရဲ့စကားဟာ နားထောင်တဲ့ ပရိတ်သတ်ကို
အတော်ဆွဲဆောင်လာနိုင်တာကြောင့် Sing စိတ်ထဲက
ကြိတ်ကာ ချီးကျူးလိုက်မိသည်။ လက်ကိုစားပွဲ
ပေါ် တင်ထားတဲ့အနေအထားကနေပြောင်းကာ ကျောကိုတောင့်တောင့်မှီလိုက်ပြီး လက်နှစ်ဖက်ကို စုယှက်
ကာ Krist စကားများကို ဆက်နားထောင်လိုက်သည်။
Krist ကကြည့်နေတဲ့ File လေးကိုပိတ်ကာ power
Point လေးနဲ့ projector ကို ထိုးလိုက်တော့ အားလုံး
Krist ကိုကျော်ကို Projector ကိုကြည့်လိုက်ကြသည်။
Sing က မျက်နှာချငိးဆိုင်က projector ကို
တစ်ချက်ကြည့်လိုက်ပြီး Krist မျက်နှာကို တစ်ဖန်
ပြန်ကြည့်နေလိုက်သည်။
"ဒီ graph က ကျွန်တော် ရှာဖွေ တွက်ချက်ထားတဲ့
မြန်မာနိုင်ငံလူဦးရေမှာ shoes စီးကြတဲ့သူအချိုးပြ
တဲ့ graph ပါ~~~"
မီးနီနီ spot ပြောက်လေးက projector မှာ ပြေးပြကာ
နားထောင်သူကို Krist ဆွဲဆောင်လိုက်သည်။
"မြန်မာဟာ အနောက်နိုင်ငံနဲ့မတူသလို အရှေ့အာရှ
နိုင်ငံတွေနဲ့လဲ သိပ်မတူပါဘူး....shoes ကို စီးကြတဲ့
အခါမှာ ချွေးပြန်တယ် စိတ်အိုက်တယ် ..ခြေထောက်
ပေါက်တယ်~~ဆိုပြီး ကျင့်သားမရတဲ့ ခံစားမှုတွေကြောင့်
Shoes ကို တစ်စိုက်မတ်မတ် စီးကြသူအရမ်းနည်းပါ
တယ်~~~ဒါကြောင့် ဒီတစ်ခေါက် product ဟာ
မြန်မာလိုနိုင်ငံမျိုးအတွက်ပါ အကျိုးရှိစေမှ ဖြစ်မယ်..
စီးတဲ့အခါပေါ့ပါးမယ်~~ခြေလှမ်းကြွတဲ့အခါတိုင်း သယ်
ရတဲ့ weigh နည်းအောင် သတိမထားမိအောင် အကောင်း
ဆုံးထုတ်လုပ်ရမယ်~~~"
"Shoes ဖြစ်တဲ့အတွက် လှုပ်ရှားမှု များရင်ချွေးထွက်
တာမှန်ပေမယ့် ပိုပြီး အေးမယ့် soft ဖြစ်မယ့် အသား
ကို ရွေးပြီး ထုတ်ကုန်သစ်လုပ်ဖို့လိုအပ်လိမ့်မယ်လို့
ယူဆပါတယ်~~~ဒါဆိုရင် China ဘက်က ရလာ
မယ့် incomes ထက် ပိုများတဲ့ incomes ကို မြန်မာက
ဖန်တီးပေးနိုင်မှာဖြစ်ပြီး စီးပွားရေးယှဉ်ပြိုင်မှုတွေကိုလဲ အလဲထိုးပြီးသားဖြစ်သွားမှာပါ~~"
"ကျွန်တော်တို့ဌာနရဲ့ တင်ဆက်မှုပြီးဆုံးပါပြီ~~
အားလုံးကို ကျေးဇူးတင်ပါတယ်....."
မဆဲသော လက်ခုပ်သံတွေကို ကြားရသည်။Krist
တင်ဆက်မှုကို ဌာနတိုင်းက လက်ခံကြတာကို တွေ့
ရသဖြင့် Sing အတော်လေးတော့ သဘောကျမိသည်။
မထင်ထားသော အတွေးကောင်းလေးတွေ အများကြီးရှိ
နေသည်မို့ Sing အနေနဲ့ Khun Sudarat ကို ကြိတ်ကာကျေးဇူးတင်လိုက်မိသည်။
Meeting ပြီးဆုံးသွားချိန်မှာတော့ P'Su က Krist
Laptop လေးကို အိတ်ထဲပြန်ထည့်ပေးနေသည။် Krist
က သယ်လာတဲ့ File ထဲကို စာရွက်စာတမ်းလေးတွေ
ပြန်ထည့်ရင်း အလုပ်များနေသည်။Sing သူတို့အနား
ကို လျှောက်လာသည်ကိုပင် သတိမထာမိကြ။
"အဟမ်း~~~"
ချောင်းဟန့်သံကြောင့်Krist ရော P'Su ပါ နှစ်ယောက်သား အရိုအသေပေးလိုက်သည်။
"Khun Sudarat~~~တို့ဌာ..န...က ဒီနေ့ လုပ်ဆောင်ချက်ကောင်းတယ်"
ပြောပြီး ရုပ်တည်တည်နဲ့လူကိုလျစ်လျူရှုကာထွက်သွား
သော Singကြောင့် Krist မျက်လုံးလေးအဝိုင်းသား
ပြူးကာ ကျန်ရစ်ခဲ့သည်။ထို့နောက် ~~~
"P'Su ~~~ ဒီlaptop အိတ်လေး ယူသွားလိုက်နော်..
ကျွန်တော် သွားစရာလေးရှိလို့~~~"
Krist က ပြောပြီးသည်နှင့် လှစ်ခနဲ Sudarat ရှေ့ကနေ
ထွက်လာခဲ့လိုက်သည်။ထို့နောက် Sing သွားနိုင်မယ့်
လမ်းကြောင်းကနေ လိုက်လာခဲ့လိုက်သည်။Meeting
သည် အပေါ်ဆုံး ၅ထပ်မြောက်မှာ ရှိသည်မို့ Sing
က သူ့ရုံးခန်းဆီ ပြန်ဆင်းရမည်ဖြစ်သည်လို့ Krist
တွေးမိသည်။ထို့ကြောင့် lift ရှိရာကို အပြေးတစ်ပိုင်း
လိုက်လာရင်း~~~~
"Khun~~~~"
အနက်ရောင် အင်္ကျီလက်ရှည်လေးနဲ့အတူ အဖြူရောင်
အနောက်တိုင်း ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ
စတိုင်အပြည့်နဲ့ လျှောက်နေသော Sing ကို
နောက်ကနေ လှမ်းအော်လိုက်သည်။
Sing က ခြေလှမ်းတွေ တန့်သွားသည်။သို့သော် ရုတ်တရက်လှည့်မကြည့်ဘဲ ခဏအကြာမှ လှည့်ကြည့်
မိသည်။ ဘေးကနေ King သည်လည်း ထိတ်ထိတ်
ပျာပျာနဲ့~~~
"လူသစ်လေး~~~"
King က Krist ကို တားရန်ကြံနေသည်မို့ Sing က
လက်ကာ ပြလိုက်သည်။~~~~ထို့နောက် Krist
က Sing ရှိရာဆီ နှုတ်ခမ်း စူစူ မျက်မှောင်ကျုံ့ကျုံ့
လေးနဲ့ file ကို ပိုက်ကာ လျှောက်လာသည်။
"ကျွန်တော် ပြောသွားတာ ကောင်းလား မကောင်းဘူး
လား~~"
"အဟမ်း~~~"
ရုတ်တရက် မထင်မှတ်ထားသော အမေးပေမို့ Sing
က ချောင်းလေး တစ်ချက်ကို တုန်တုန်လှုပ်လှုပ် ဟန့်ချလိုက်သည်။
"မေးနေတယ်လေ"
King စိတ်ထဲ မယုံနိုင်အောင် အံ့ဩသွားသည်။Krist
သည် Khun Sing ကို သူနဲ့ ငယ်ပေါင်းကြီးဖော်တွေအလားပြောနေသည်မို့ ~~~~~
Sing က မျက်လုံးကိုတောင်ပြေး မြောက်လွှဲ လုပ်နေ
သည်ကို Krist က~~~
"ပြန်ပြောပေးပါ~~ကျွန်တော် ဒီနေ့လုပ်တာ ကောင်းတယ်
လို့~~~"
Sing သည် တကယ်လဲ သူ့ကို ချီးကျူးရမည်ဖြစ်သည်
ကို ဘာကြောင့် Marketing လို့ ခြုံငုံပြောခဲ့မိသည်လဲ။
ကလေးသဖွယ် ချီးကျူးခံချင်နေသော Krist မျက်နှာ
လေးက မျက်ခုံးကျုံ့ကျုံ့လေးကို စူးစိုက်ကြည့်ရင်း
သာ နှုတ်ဆိတ်နေမိသည်။~~~
"ဟာ~~Khun အမှား Khun သိတယ်မလား~~
မြန်မြန်ပြောဗျာ~~"
"အဟမ်း!!!!........တော်.....တယ်"
တိုးရှသော စကားသံအဆုံးမှာ Krist မျက်နှာ ကျေနပ်
ပီတိဖြာဝေသွားသည်။စိတ်ထဲမှာတော့~~
^^ မှတ်ပြီလား ...ဒေါသအိုးကြီး !!^^
Sing က နားထင်ကို တစ်ချက်ကုတ်လိုက်ပြီး မျကိလုံးအကြည့်လွှဲလိုက်သည်။ Krist ကFile လေး ရင်မှာ ပိုက်ကာ~~
"အစောကြီးထဲက ပြောရင် ပြီးနေတာကို~~နောက်
ဒါမျိုးမ...လုပ်.....ပါ.....နဲ့~~"
တစ်လုံးချင်းစီကို မေးငေါ့ကာ ပြောနေရှာသော
ထိုလူသားကို Sing ရော King ပါ မှင်သက်စွာ
ကြည့်နေမိသည်။ထို့နောက် လက်ပြပြီး ထွက်သွားသော
Kristကို မမှိတ်မသုန်ကြည့်နေသော Singto ကို King
ထပ်ကြည့်ရပြန်သည်။ သူကြည့်နေသည်ကို Khun Sing
သိလေတော့~~~~
"အဟမ်း~~အဟမ်း"
ချောင်းကို အရှက်ပြေဆိုးကာ lift ဆီလျှောက်သွားတော့
သည်။~~~~~
Coming 12~~~~~
P'Sing ကိုနီဒင်းလေး ဝယ်တိုက်လိုက်ကြပါ😂😂