ROSE

By Yar_Thet_Pan

40.2K 2.7K 197

If you know How to be my lover May be you can be my baby Hold me close Under the covers Kiss me girl and ... More

Meet with the characters
Rose🌹(1)
Rose🌹(2)
Rose🌹(3)
Rose🌹(4)
Rose🌹(5)
Rose🌹(7)
Rose🌹(8)
Rose🌹(9)
Rose🌹(10)
Rose🌹(11)
Rose🌹(12)
Rose🌹(13)
Rose🌹(14)
Poem for Each other
Rose🌹(15)
Rose🌹(16)
Rose🌹(17)
Rose🌹(18)
Fighting Les!

Rose🌹(6)

1.3K 124 2
By Yar_Thet_Pan

I Find Happiness In Rainbows.

တဲ့ ထိုစာသားလေးလေးနဲ့ ပုံလေးကြောင့် ကိုယ့်ကိုကိုယ် ပြန်သတိထားလိုက်မိတယ်

မိန်းခလေး တစ်ယောက်ကို ချစ်တဲ့ မိန်းခလေးဖြစ်နေတဲ့အတွက် ကိုယ်လည်း happiness ကို Rainbow ထဲမှာ ရှာတဲ့သဘောပါ။

အရင်က LGBT တွေကို ကဲ့ရဲ့ခြင်း ရှုံ့ချ ခြင်းလည်း မရှိသလို သဘောကျ ခြင်းလည်း မရှိခဲ့ဘူး သို့ပေမဲ့ ယခုအနေအထားအရ ကိုယ်တောင် LGBT ဖြစ်မှန်းမသိအောင် ဖြစ်နေခဲ့ပြီ။

ရောင်စုံခြယ်သ ထားတဲ့ တောင်ပံ တစ်စုံနဲ့ ကိုယ် ကလေးဆီ အရောက်လာခဲ့မယ်...~

This love has no ceiling,I cannot deny

ကိုယ်အခုအလိုချင်ဆုံးက ; ကလေး မျက်နှာလေးကိုတွေ့ချင်တယ်

~~ ဟူး ~~

ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်း တွေကို အခါခါချမိနေရင်း လက်ထဲက note book လေးကို ပြန်ဖွင့်ကြည့်လိုက်သည်။

note book ထဲက စာမျက်နှာ တစ်ရွက်ခြင်းဆီမှာ အစီအရီကပ်ထားသော ကလေး ပုံလေးတွေ

Facebook ပေါ်ကနေ save ထားသော ပုံလေးတွေကို ဆိုင်မှာ သွားထုတ်ပြီး အမှတ်တရကပ်ထားလိုက်သည်။
ကိုယ့်မှာအလွမ်းဖြေစရာဆိုလို ဒါပဲရှိတာပါ

~~~တင်းတောင် ; တင်းတောင်~~~

လူခေါ်ဘဲလ်သံကြောင့် ကုတင်ပေါ်မှထကာ စာပွဲအံဆွဲ ထဲnote book ကိုထည့်ပြီးနောက် အခန်းထဲက ထွက်လာလိုက်သည်။

ပြဒ်ကတိန် ကြည့်လိုက်တော့ ဒီနေ့ လကုန်ရက် ဖြစ်နေတာကြောင့်

လူခေါ်ဘဲလ် သံ နောက်ကွယ်က ဆူးရဲ့ ဦးလေးဖြစ်မည် ဆိုတာသေချာသည်။

တံခါးဖွင့်ပေးလိုက်တော့ ဟုတ်ပါသည်။ ဆူး ဦးလေးပါ။
လက်ထဲမှာလည်း အထုတ်တွေအများအပြားနဲ့ တံခါးလာအဖွင့်ကိုရပ်စောင့် နေတာ နည်းနည်းတောင် ကြာနေလောက်ပြီ

'' လေးလေးတိုး သမီးကို အထုတ်တွေပေးလေ ''

ထိုအခါမှ လေးလေးတိုးလည်း ကိုင်ထားတဲ့အထုတ်တွေ ဆူးအားပေးပြီး အိမ်ထဲဝင်လာသည်။

'' သမီး အိမ်ရှင်းထားတာလား သပ်ရပ်နေတာပဲ''

'' ဟုတ်အားနေလို့ ရှင်းထားတာ ''

'' အင်း အင်း ''

လေးလေးတိုး လည်း ပြောရင်းဆိုရင်း ဖိနပ်ချွတ်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ လက်ကလည်း ကုပ်အကျီနဲ့ ဦးထုပ်ကိုချွတ်ပြီး ဆိုဖာ လက်တန်းပေါ် တင်လိုက်သည်။

ဆူးကတော့ အထုတ်တွေကို မီးဖိုချောင် မှာ သွားထားရင်း ရေတစ်ခွက် ခပ်ကာ လေးလေးတိုး ဆီ ရောက်လာသည်။

'' ဘာလို့ စားစရာတွေအများကြီး ဝယ်လာတာလဲ သမီးဟာသမီး သွားဝယ်လို့ရနေတာပဲဟာ ''

ပြောပြောဆိုဆိုနဲ့ လက်ထဲက ရေခွက်ကို လေးလေးတိုးဆီ လှမ်းပေးလိုက်သည်။

'' အင်း လေးလေးတိုးလည်း ကြုံလို့ဝယ်လာတာပါ ။ သမီးလည်း နဲနဲသက်သာ သွားတာပေါ့ ''

ရေခွက်ထဲက ရေကိုအကုန်သောက်ပြီး နောက် ဆူးအားပြန် ပေးလိုက်သည်။

'' ဘာစားလာသေးလဲ လေးလေးတိုး သမီးတစ်ခုခုလုပ်ပေးရ မလား ''

'' နေပစေတော့ ခနနေ ပြန်တော့မှာ လေးလေးတိုးလည်း အလုပ်က ထွက်လာရတာမို့လို့''

'' အော် ဟုတ်ဟုတ် ''

'' သမီး "

'' ရှင် ''

'' လေးလေးတိုး နားလာထိုင်အုံး ''

ကြမ်းပြင်မှာ ထိုင်ချရင် စကားပြောနေတဲ့ဆူးကို ဆိုဖာပေါ်လာထိုင်ခိုင်းလိုက်သည်။

'' ဟုတ် ''

'' သမီး အခက်အခဲတစ်ခုခုရှိရင် ပြောနော် လျှို့ဝှက် မထားနဲ့ လေးလေးတိုးကို ''

'' ဟုတ် ကဲ့ပါ လေးလေးတိုး ပြောပါ့မယ် အခုတော့ ဘာအခက်ခဲမှ မရှိပါဘူး ''

'' အေးအေး တစ်ခုခုဆိုလည်း ဖုန်းဆက်လိုက် အလကား ဝယ်ပေးထားတာမဟုတ်ဘူး ဖုန်းက ''

'' ဟုတ်ဟုတ် ''

'' တစ်ယောက်ထဲ ဆိုတော့ အိမ်မှာနေနေ အပြင်သွားသွား တံခါးတွေသေချာပိတ် ကြားလား ''

'' ဟုတ်ကဲ့ပါ လေးလေးတိုး ''

'' ဘာလိုလိုနဲ့ ငါ့သမီးတောင် လူကြီး ဖြစ်နေပြီပဲ ''

ဆူးခေါင်းကို ပုတ်ရင်း ရယ်ရယ်မောမော ပြောလာသော လေးလေးတိုး အား ကြည့်ရင်း

'' လေးလေးတိုး လည်း အဖိုးကြီးဖြစ်လာပြီ ''

'' ဟေ....ဟားဟား ဟုတ်တယ် ဟုတ်တယ် ; ဒီမှာကြည့် ဆံပင်တွေတောင် ဖြူလာပြီ ''

ဆိုကာ ခေါင်းငုံ့ပြီး ဆံပင်ဖြူတွေကို ထိုးပြနေသည်။

'' ဟီးဟီး ''

'' ဒါနဲ့ သင်တန်းပြီးသွားပြီဆို အခုဘာလုပ်မလဲ ''

'' ဘားမှမလုပ်သေးဘူး နောက်နှစ်မှ အခြားသင်တန်းတွေ ဆက်တက်မယ် အခု အဝေးသင် exam အတွက် ကျောင်းသွားအပ်ရ အုံးမယ် ''

'' အော် အင်းအင်း သွားအပ်ခါနီး ပိုက်ဆံလိုရင်လည်း ဖုန်းဆက်လိုက်အုံး ''

'' ဟုတ် လေးလေးတိုး ''

ခဏငြိမ်သွားပြီးနောက် လေးလေးတိုးက ပြုံးပြုံးလေးနဲ့ ဆူးအား လှမ်းကြည့်လာသည်။

'' ဘာဖြစ်လို့လဲ လေးလေးတိုး ''

'' မဟုတ်ပါဘူး ငါ့သမီးလေး တော်တော် ချောလာတာပဲလို့ တွေးမိလို့ ''

'' အာ...လေးလေးတိုး ကလည်း ဟီးဟီး ''

'' မဟုတ်ဘူး တကယ်ပြောတာ သမီးလေးက ဟိုးငယ်ငယ်တုန်းကလို ကလေးရုပ်လေးမဟုတ်တော့ဘူး ; ရည်းစားတွေ ဘာတွေရော ရှိနေပြီ လား...? ; ရှိတယ်ဆိုလည်း ပြောပါ လေးလေးတိုးက အဲ့လောက် ပိတ်ပင်တတ်တဲ့ လူစားမှမဟုတ်ပဲ ပွင့်ပွင့်လင်းလင်းပေါ့ ''

'' ရည်းစားတော့မရှိသေးပါဘူး လေးလေးတိုးရာ ''

'' မရှိဘူး ဆိုလည်းပြီးတာပါပဲ ''

'' ဒါပေမဲ့ လေးလေးတိုး ''

ဆက်ပြောလာမဲ့ ဆူးစကားကြောင့် လေးလေးတိုး ခေါင်းထောင်လာသည်။

'' အင်း ဒါပေမဲ့ ဘာဖြစ်လဲ ''

'' ဟို...လေးလေးတိုး LGBT တွေကို ဘယ်လိုမြင်လဲ ''

'' ဟေ ! ''

'' အဟီး ''

'' LGBT ဆိုတာ မိန်းခလေးချင်း ကြိုက်တာ ; ယောကျာ်းချင်း ကြိုက်တာ တို့ကိုပြောတာလား သမီး ''

'' ဟုတ်တယ် လေးလေးတိုး ''

'' ဘယ်လိုမှမမြင်ပါဘူး သူတို့လည်း သူတို့စိတ်ကအဲ့လို ဖြစ်နေတာဆိုတော့ ဘာတက်နိုင်မှာလဲ ''

'' လေးလေးတိုး သူတို့ကိုမုန်းလား ရွံလား...? ''

'' မမုန်းသလို ရွံလည်းမရွံပါဘူး ဒါပေမဲ့ အားပေးထောက်ခံတယ်တော့ မဟုတ်ဘူး လေးလေးတိုးပြောပြီးပြီးလေ သူတို့လည်း သူတို့ဘဝနဲ့သူတို့;
သူတို့ အချစ်နဲ့သူတို့ ဒါက လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ပဲ အဲ့တာကိုတော့ သွားပိတ်ပင်လို့မရဘူး ''

'' လေးလေးတိုး အဲ့လိုမြင်ပေးတာ ကောင်းပါတယ် အခြားသူတွေဆို သူတို့ကို ဆဲကြ ရှုံ့ချကြနဲ့ Facebook မှာခဏခဏ တွေ့နေရတယ် ''

'' အင်း လူတွေက ဒီလိုပါပဲ ; သမီးကရော ဘာဖြစ်လို့ အဲ့တာကို လာမေးတာလဲ ''

'' ဟို... ''

ဆူး ရို့အကြောင်းကိုပြောပြခါနီးမှ တွေးမိတာက သူနဲ့ ရို့က ဘာမှမဆိုင်သေးတဲ့အပြင် သူကိုယ်တိုင် LGBT တစ်ယောက်ပါလို့ပြောပြဖို့ အရမ်းစောလွန်း နေသေးတယ် လို့ထင်မိတယ် ။

'' ဟို...သမီးက အဲ့လို Facebook မှာ ပြောဆိုတာတွေ တွေ့ပြီး လေးလေးတိုး ရော ဘယ်လိုစိတ်ထားရှိလဲ ဆိုတာသိချင်လို့ပါ ''

'' အော် ; အင်း လေးလေးတိုးကတော့ ခုနကသမီးကိုပြောပြသလိုပဲ သူတို့အပေါ် သဘောထားတယ်''

'' ...... ''

'' ကဲကဲ ; လေးလေးတိုးလည်း ပြန်အုံးမယ် နောက်ကျရင် သမီးအဒေါ်က ပွစိပွစိ လုပ်လိမ့်မယ် ''

'' ဟုတ်ကဲ့ ; ဒေါ်ဒေါ် ရော နေကောင်းလား ''

'' အင်းကောင်းပါတယ် ''

'' မကြီး နဲ့ မလေး ရော အိမ်လာသေးလား ''

'' အင်း တစ်ခါတစ်ခါလေ လာတယ် သူတို့လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဆိုတော့ အရင်လိုတော့ မဟုတ်တော့ဘူးလေ သမီးရယ် ''

လေးလေးတိုးက ဆူး အမေရဲ့မောင်ဆိုပေမဲ့ အိမ်ထောင် အစောကြီးကျပြီး ကလေးစောစော ယူတဲ့ အတွက် လေးလေးတိုးသမီးတွေက ဆူးထက်အသက်အများကြီး ; ကြီးနေ ကြခြင်းပါ။ နောက်ပြီး ဆူးအမေကလည်း အသက် ကြီးမှ အိမ်ထောင်ကျပြီး ဆူးကို မွေးခဲ့ခြင်းကြောင့်လည်းပါသည်။

ဆူးဦးလေး နာမည် မှာ တိုးတတ်နိုင်ဖြစ် သောကြောင့် လေးလေးတိုး လို့ခေါ်ခြင်းဖြစ်သည်။

'' ဟုတ် ; ဂရုစိုက်ပြန်ပါ လေးလေး ''

'' အေးအေး သမီးလေး ; တံခါးသေချာပြန်ပိတ်အုံး ''

'' ဟုတ်ကဲ့လေးလေးတိုး ''

လေးလေးတိုးလာတိုင်း သူကို တိုက်အောက်ထပ် ထိ လာမကြိုခိုင်းသလို လိုက်လည်းမပို့ခိုင်းပါ ငယ်ငယ်ကတည်းက အဲ့အတိုင်း လုပ်ခိုင်းသည်က ယခု ချိန်ထိပင်။

လေးလေးတိုး လှေကားအောက်ရောက်မှ တံခါးပြန်ပိတ်ကာ လော့ချလိုက်သည်။

ပေးသွားသော တစ်လစာ အသုံးစာရိတ် သုံးသိန်းကို ကြည့်ရင်း သူ့အပေါ် အရမ်းကောင်းရှာတဲ့ လေးလေးတိုးကို သနားမိသည်။ သူတို့မိသားစုက ပိုက်ဆံရှိတယ်ဆိုပေမဲ့ သုံးသိန်းဆိုတဲ့ငွေကနည်း တာမှမဟုတ်ပဲ။ ထို့ကြောင့် အဲ့လောက်ငွေ မထောက်ပံ့ရန် ဆူး အမြဲပြောသော်လည်း လက်မခံ​​ပေ ။ ပိုရင် စုထား ဟုသာပြောလေ့ရှိသည်။

လေးလေးတိုးပြောပုံအရ မကြီးနဲ့ မလေးကလည်း အိမ်သိပ်လာမဲ့ပုံမ​ပေါ်ပါ

တစ်လုပ်စားဖူးသူ့ကျေးဇူးတဲ့

ကိုယ့်အပေါ်ကူညီဖူးတဲ့သူ အသေးအမွှားလေးဖြစ်ဖြစ် ကြီးကြီးမားမားပဲ ဖြစ်ဖြစ် ကျေးဇူးရှိတဲ့သူကို ကျေးဇူးဆပ်ရမယ်လို့ ကလေးဘဝကျောင်းနေအရွယ် ထဲက စာတွေမှာရော ဆရာဆရာမ လူကြီးသူမတွေရဲ့ ဆုံးမစကားတွေမှာ အမြဲသင်ယူခဲ့ရတယ် ။

လေးလေးတိုးက သမီးအပေါ် ကျေးဇူးအရမ်းကြီးမားတယ် ဒါတွေကို တစ်နေ့ ဆပ်နိုင်ရမယ် ။ လေးလေးတိုးကို သမီး ကတိပေးပါတယ်...~

ဆူးလည်း ဘားမှလုပ်စရာမရှိတဲ့အတွက် ဧည့်ခန်းထဲက TV ဖွင့်ကြည့်လိုက်သည်။
သတင်းလာနေချိန်ဖြစ်သောကြောင့် သတင်းသာနားထောင်နေလိုက်၏

~~~ တင်းတောင် ; တင်းတောင် ~~~

လေးလေးတိုး ပြန်သွားတာဖြင့် မကြာသေး ; လူခေါ်ဘဲလ် ထပ်မြည်လာသော ကြောင့် ဆူး ဘယ်သူများလဲ လို့ တွေးရင်း TV ကြည့်နေရာမှာ တံခါးနားရောက်လာသည်။

အိမ်တံခါး ချက်ချင်းမဖွင့်သေးပဲ အပြင်ကို ကြည့်တဲ့ မှန်ဘီလူး အပေါက်သေးသေးလေး မှ လှမ်းကြည့်လိုက်သည်။

ယောကျာ်းလေး တစ်ယောက် အသက်မှန်းကြည့်ရမည်ဆိုလျှင် ၈ နှစ် ၉ နှစ်လောက်သာရှိအုံးမည့် ကလေးလေး တစ်ယောက်

လူခေါ်ဘဲလ် ထပ်တီးသောကြောင့် တံခါးဖွင့်လိုက်သောအခါ
ထိုကလေးက ဆူးကို တစ်ချက်ကြည့်ပြီး

'' မမ နာမည် က ဆူးခက်ညိုလား ''

'' အင်း ဟုတ်တယ် မောင်လေးက ''

'' သားက မမ ရို့ရဲ့ မောင်လေးပါ ''

ရို့ ဆိုတဲ့ နာမည် ကြားလိုက်လျှင်ပဲ တစ်ကိုယ်လုံး လျှပ်စစ်စီး သွားသလို စိတ်ဝင်စားမှု အာရုံတွေက ထိုအသားဖြူဖြူ နှာတံချွန်ချွန် နဲ့ ဂျင်းဘောင်းဘီကို စပိုရှပ်အဖြူလေး တွဲဝတ်ထားတဲ့ ကောင်လေး ဆီ စုပြုံရောက်လာသည်။

''Aww come in မောင်လေး ; မမ ရို့ လွှတ်လိုက် တာလား ''

'' မဝင်တော့ဘူး မမရို့ သားကို ဖိတ်စာပေးခိုင်းလိုက်လို့ ''

ဖိတ်စာ! ဘာဖိတ်စာများပါလိမ့်

ဖိတ်စာဆိုတော့ တွေးချင်ရာ တွေးပြီး ကြိုလန့်နေသော ဆူး

'' ဘာ...ဘာ ဖိတ်စာလဲ မောင်လေး ''

'' မင်္ဂလာဆောင် ဖိတ်စာပါ ''

'' ဘာ ! ​ မင်္ဂလာ​ဆောင်​ ဖိတ်...ဖိတ်စာ ''

'' ဟုတ် ''

အိမ်ပေါက်ဝ တွင်ပင် အရုပ်ကြိုးပျက် ထိုင်ကျသွားသောဆူး
မက်တပ်ရပ်ဖို့ပင် အားအင်မရှိတော့..... ဝဲ တက်လာသောမျက်ရည်တွေကို ထိုကောင်လေး မမြင်စေရန် မျက်တောင်ပုပ်ခက် ပုတ်ခက် လုပ်ရင်း ဟန်ဆောင်အပြုံးတစ်ခု ပြုံးပြလိုက်ရသည်။

'' မမ အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ ''

'' ရပါတယ် ဘားမှမဖြစ်ဘူး ''

'' ......... ''

'' ပေးလေ ဖိတ်စာ မောင်လေး အိမ်ထဲ မဝင်တော့ဘူးမလား''

'' ဟုတ် မမ ဖိတ်စာက ဒီမှာ သားကို သွားခွင့်ပြုပါအုံး ''

'' အေးအေး ''

လှမ်းပေးလာသော ပန်းနုရောင် ဖိတ်စာလေးက ရေမွှေးနံ့ သင်းသင်းလေး ရနေသည်။

ထိပ်မှာ ဆူးခက်ညို ဆိုတဲ့ သူမ နာမည်လေးကို လက်ရေး ဝိုင်းဝိုင်းလေး ဖြင့်ရေးထားသော ဖိတ်စာလေးအား ကြည့်ရင်း

နှလုံးသားက မခံစားနိုင်တော့ ......~ ခံစားချက်တွေကိုထွက်ပေါက် တစ်ခုအနေဖြင့် မျက်ရည်များ တလဟောစီးကျလာသည်။

ငါ...ငါ ငိုနေတာလား !

ပါးပြင်မှ မျက်ရည် များကို လက်ဖြင့်သုပ်လိုက်တဲ့အခါ လက်ဖဝါးဆီသို့ စီးကျ လာတဲ့မျက်ရည်များကို ရင်နာနာဖြင့်ကြည့် လိုက်သည်။


ဘဝမှာ ဒီတစ်ခါပဲ နှစ်နှစ်ကာကာ ချစ်ဖူးတာပါ...
ရက်စက်လိုက်တာ ကံကြမ္မာရယ်~ဆူးဘဝကို ပျော်ရွှင်ခွင့် မပေးတော့ဘူးလား......•••

မျက်ရည်များဖြင့် စိုထိုင်း မို့အစ်နေတဲ့မျက်လုံး အစုံကို အားတင်းကာဖွင့်လိုက်သည်။

လက်ထဲက ဖိတ်စာအိတ်​ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲက ပန်းနုရောင် အလတ်လတ်ငွေမှုံလေးတွေ ကပ်ထားတဲ့ ကတ်ထူပြားလေးကို ဖြည်းဖြည်းလေး ဆွဲထုတ်ရင်း အရင်ဆုံး ပေါ်လာက

မောင် ကျော်မင်းခန့်

ဆိုတဲ့ ယောကျာ်းလေးနာမည် ။

အောက်က ထပ်ပေါ်လာမည့် နာမည်ကို ကြည့်ဖို့ အတွက် ဆူးအဲ့လောက်အသည်းမမာပါ။ ဖိတ်စာအိပ်ထဲ ရေမွှေးနံ့ သင်းနေတဲ့ ကတ်ထူပြားလေး ကို ပြန်ထည့် လိုက်သည်။

မင်း ကိုယ်တိုင် ဖိတ်ခိုင်းလိုက်တဲ့ မင်္ဂါလာပွဲကို ကိုယ်လာဂုဏ်ပြုပေးရမှာပေါ့ကလေးရယ်

'' ဟာကွာ ; ဘာ တွေ ကြေကွဲနေတာလဲ ဆူးခက်ညို နင် မိန်းခလေး တစ်ယောက်အတွက်နဲ့ အဲ့လောက်ခံစားမနေသင့်ဘူး ; နင် ကိုယ့်ကိုကိုယ် မရှက်ဘူးလား ''

စက်ဘီးသော့ ယူပြီး
တိုက်အောက်ထပ် ဆင်းလာလိုက်သည်။
ဒီ ကိစ္စ ကိုမေ့ပစ် ဖို့အတွက် ရိုးရိုး နဲ့တော့ရမှာမဟုတ်

ဒီညတော့ အားလုံးမေ့ပစ်ပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ချင်တယ်

စက်ဘီးစီးပြီး လမ်းထိပ်က စတိုးဆိုင်ကို လာလိုက်သည်။
Beer သုံးပုလင်းနဲ့ Whisky တစ်လုံး ကို အအေးခန်းထဲကယူပြီး ငွေ ရှင်းဖို့ ပြင်လိုက်သည်။

ရှေ့လူနှစ်ယောက်စောင့်ပြီးနောက် ကိုယ့်အလှည့်ရောက်လာတဲ့အတွက် လက်ထဲက ကိုင်ထားတဲ့ Beer နဲ့ Whisky ကို ကောင်တာခုံပေါ်တင်ပေးလိုက်သည်။ ကောင်တာက ပိုက်ဆံရှင်းပေးတဲ့ အကိုကြီးက အံ့သြသလိုမျက်လုံးများဖြင့်
ကြည့်လာပြီးနောက် ချက်ချင်းငွေမရှင်းပေးသေးပဲ

'' ညီမလေး အဆင်ပြေရဲ့လား ''

'' ဟတ်​ဟတ်​ ; ပြောပါတယ် ပြေတာပေါ့ ဘာဖြစ်လို့အဆင်မပြေဖြစ်ရမှာလဲ ''

'' ညီမလေး သောက်မှာလား ဒါတွေက အများကြီးပဲနော် ''

'' အင်း ''

'' ဒီအရွယ်က အချစ်ကြောင့်ရူးရူးမိုက်မိုက် လုပ်တတ်တဲ့အရွယ် ; ကိုကြီးပြောချင်တာက အသဲကွဲလည်း ခဏပဲပေါ့ ညီမလေးရာ ; ကိုယ့်ကိုကိုယ်ဒုက္ခ မပေးသင့်ဘူး''

'' အဲ့က စီးကရက်တစ်ဗူးပါ ထည့်လိုက် ကိုကြီး ''

'' ဆေးလိပ်က...... ''

'' ထည့်လိုက်ပါကိုကြီးရာ ပြီးရင်ငွေမြန်မြန်ရှင်း နောက်ကလူတွေစောင့်နေတယ် ''

ငွေမရှင်းသေးပဲ ကြောင်ကြည့်နေတဲ့ ထို အကိုကြီးအား

'' ဒီမှာ ဆူး ၁၈ နှစ်ပြည့်ပြီးပြီး ဘာလုပ်လုပ် လုပ်လို့ရတယ်
ဆေးလိပ်လည်းသောက်လို့ရသလို အရက်လည်းသောက်လို့ရတယ် ကိုကြီးကြားထဲက ဝင် စိတ်ပူပေး စရာလည်းမလိုဘူး ကိုယ့်အကြောင်းကိုယ် သိတယ် ; မြန်မြန်သာရှင်း ''

ထိုကောင်လေးလည်း ဆူးအားစိတ်ပျက်သလိုသာကြည့်ပြီး ဘားမှဆက်မပြောတော့ပဲ ငွေသာရှင်းပေးလိုက်သည်။

ကျသင့်ငွေပေးပြီး ဆိုင်မှ ပြန်ထွက်လာခဲ့သည်။

တိုက်အောက်ထပ် လှေကားအောက်တွင် စက်ဘီးရပ်ပြီး သော့ခက်ကာ အပေါ်တက်လာပြီး နောက် ဆိုဖာပေါ်ရှေ့စာပွဲပေါ်တွင် Beer : Whisky : နှင့်
စီးကရက်ဗူးတို့ကို တင်လိုက်သည်။

'' မီးခြစ် မီးခြစ် ''

မီးဖိုချောင်ထဲ ဝင် ကာ လိမ္မော်သီး နှင့် မီးခြစ်ယူကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

စီးကရက်ဗူးကို ဖောက်ပြီး တစ်ချောင်းကို မီးညှိကာ

''ဟတ်ဟတ် ; ယောကျာ်းလေးတွေ စိတ်ညစ်ရင်သောက်တယ် ဆိုပဲ ; အခုတော့ ငါလဲ မင်းကိုမြည်း ကြည့်ရတော့မယ်ပေါ့ ''

ပါးစပ်ထဲ ထည့်ပြီး အငွေ့များကို စမ်းစုပ်ကြည့်လိုက်သည်။

'' အဟွတ်~ အဟွတ်~ F**K!! မွှန်လိုက်တာ ''

ပထမဦးဆုံးအကြိမ်ဆိုတော့ မသောက်တတ် သောက်တတ်ဖြင့် ဆူး ယောက်ယက်ခက်နေသည်။

သို့ပေမဲ့ သူ့အရသာလေးက လူကိုမူးစေသည်။ လူတစ်ယောက်ကိုမေ့ဖို့အတွက် အထောက်အကူဖြစ်ကောင်းဖြစ် နိုင်ပါရဲ့ နောက်တစ်ချက် ထပ်စုပ်ပြီး အငွေ့တွေကို ဖြည်းဖြည်းလေး နှာခေါင်းထဲက ထုတ်လိုက်သည်။ ဒီတစ်ကြိမ်တော့ နည်းနည်း အဆင်ပြေသွားပြီဖြစ်သောကြောင့် ဆေးလိပ်ခွက်လည်းမရှိတဲ့ အတွက် ခြင်ဆေးခွေ ထွန်းတဲ့ ခွက်ထဲ ခဏ ထောင်ထားလိုက်သည်။

Beer နဲ့ Whisky ကို တစ်ဝက်စီ ခွက်ထဲမှာရော ပြီး
တစ်ခါထဲမော့ချလိုက်သည်။

ရင်ထဲ ပူပူလောင်လောင် နဲ့ကျဆင်းသွားတဲ့ အရည်တွေရဲ့ ခါးသက်သက် အရသာကို မျက်​စိမှတ်​ကာ သေချာခံစား​နေလိုက်သည်။

F**K LOVE
You hurt me : Rose !

ဘယ်နှကြိမ်မြောက်မှန်းမသိတော့တဲ့ ခွက်ကို ခုံပေါ်ပြန်ချရင်း
ဖုန်း call တစ်ခုကိုခေါ်လိုက်သည်။ ထိုနံပါတ်ကို ဆူး သေချာမှတ်ထားပါသည်။ ဘယ်လိုမေ့မေ့ ဒီတစ်သက်မေ့ မည့်ပုံမပေါ်တော့

~~တူ~~တူ~~တူ~~တူ~~

'' ဟလို ''

အရမ်းကြားချင်နေသော ကိုယ့်ကလေးအသံလေး မင်းကို ပိုင်ဆိုင်သင့်တာ ကိုယ်ပဲဖြစ်သင့်တာ ကလေးရေ

အခုတော့ ဆိုးရွားတဲ့ ကံကြမ္မာကြီးက......

'' ဟလို ''

နောက်တစ်ကြိမ်ထွက်ပေါ်လာတဲ့ ကလေးအသံလေး

'' ဟလို ''

'' ဟုတ် ဘယ်သူလဲမသိဘူး ''

'' ......... ''

'' ဟလို ဘယ်သူလဲဆိုနေ ''

'' ကိုယ်ပါ ဆူးပါ ''

'' အော် ပြောလေ ဆူး ''

'' ပျော်နေလား ကလေး ; အဟတ် ပျော်နေမှာပေါ့နော် ကလေးချစ်တဲ့ သူနဲ့ အတူတူ လက်တွဲရတော့မှာပဲဟာ ''

'' ဆူး ဘာတွေပြောနေတာလဲ ''

'' အခုမှမသိချင်ယောင်ဆောင်မနေစမ်းပါနဲ့ ရို့ : မင်းက အဲ့မှာ ပျော်နေပေမဲ့ ဒီမှာတော့ ကမ္ဘာပျက်သလို ခံစားနေရတယ် ; ကိုယ့်ခံစားချက်တွေကို လျစ်လျှုရှု့ ထားတယ် : ကိုယ့်နေရာက ရော ဝင်ခံစားကြည်ဖူးလား : မင်းသိပ်ရက်စက်တယ်ကွာ ''

ထိန်းမရတော့ တဲ့မျက်ရည်တွေကို ပါးပြင်ပေါ် ကျဆင်းခိုင်းလိုက်သည်။

'' ငိုနေတာလား ဆူး : ဘာဖြစ်နေတာလဲ အဲ့မှာ ; ဟလို ''


ဖုန်းချလိုက်သည်။ ပထမတော့ ကလေးအသံလေး ကြားချင်လွန်းလို့ ဖုန်းခေါ်လိုက်ပေမဲ့ အခုတော့ ဆက်မကြားချင်တော့ပါ မဟုတ်ဘူး ဆက်မကြားနိုင်တော့တာဆို ပိုမှန်မည်။

ဒီညတော့ မျက်ရည်တွေနဲ့ပဲ ကလေးကို မေ့ဖို့ကြိုးစားမည်။

🌹🌹🌹🌹🌹

ROSE
by Yar_Thet_Pan
#19. Nov.2018
7:18 PM

ဒီတစ်​ခါ​တော့ update နဲနဲကြာသွားတယ်
ရာရာ လည်းဇာတ်​လမ်း​လေးကို​သေချာ စဉ်းစား​ရေးရတာမို့လို့ပါ ​နောက်​ပိုင်း ဒီထက်​ပို​ကောင်း​အောင်​ကြိုးစားပါ့မယ်​ ဖတ်​​ပေးတဲ့ reader​တွေနဲ့ vote ​ပေးကြတဲ့ သူတစ်​ဦးချင်းစီကိုလည်း ​ကျေးဇူးအထူးတင်​ရှိပါတယ်​​​ဗျ

Love u all my reader😉💛













Continue Reading

You'll Also Like

4.4M 279K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
48.9K 3.2K 60
Love. Loyalty. Sex. Family. Friends. Business. Drugs. Crime and Violence. Underworld. War. Gang. Jamaica.
3.5K 83 22
Author: No. 7 Xianyu Link; https://m.newxs.cc/book/189495/ Status; Ongoing [Apocalypse]+[Management]+[No CP]+[Not the Holy Mother] Lightning protecti...
2.6K 491 5
ငါ မင်းကို ဘယ်တော့မှ .....