2 moons Season3

By Zaw27MoonChild

246K 13.9K 983

Credit ရပြီး ရေးသားထားပါတယ်။ Moonerတွေ ကြိုက်နှစ်သက်အောင် sentenceတွေ မရိုင်းရအောင်ပြင်ဆင် ထားပါတယ်။ 18+ Matu... More

Guilty as charged!
Sorry! I already had my wife... Part-1
Sorry ...! I already had my wife ... Part-2
Sorry ... I already had my wife! Part-3
Every cloud has a silver lining ... Part-1
Every cloud has a silver lining Part-2
It is not love but jealousy ... Part-1
It is not not love but jealousy ... Part-2
My beautiful nightmare ... Part-1
My beautiful nightmare Part-2
For July Spoiler
It hurts until it does not anymore ... Part-1
It hurts until it does not anymore ... Part-2
It hurts until it does not anymore ... Part-3
No storm can last forever... Part-1
No storm can last forever... Part-2
No storm can last forever ... Part-3
Love in competition ... Part-1
Love in competition ... Part-3
Baby's Breath aka filler flower... Part-1
Baby's breath aka filler flower... Part-2
Ex- Boyfriend on the beach... Part-1
Ex - Boyfriend on the beach ... Part-2
Ex- Boyfriend on the beach... Part-3
Family in you... Part-1
Family in you...Part-2
Family in you...Part_3
Family in you. .Part-4
Sweet Revenge 😏 Part-1
Sweet Revenge. .Part 2
Moon courting another Moon (2Moons)

Love in competition... Part-2

6.4K 433 31
By Zaw27MoonChild

Love in competition Part-2

Wayo- POV












Yo--ဘာလဲ??



အဝေးကနေလှမ်းမြင်နေရတာက ကောင်မလေး သုံးယောက်က ကျွန်တော့်ရဲ့ ချစ်သူကို စကားပြောနေကြတယ်... ဒါပေမယ့် တဖြေးဖြေး နီးလာတော့ ကျွန်တော်ထင်တာ မှားသွားပါတယ်... ကျွန်တော်တို့ယောကျာင်္းလေး 6ယောက်တောင် ရှိနေရဲ့နဲ့ ဘာလို့ P'Phaနဲ့ P'Forth ကိုမှ အကူညီတောင်းရတာလဲ... ကျွန်တော်တို့ နှစ်ဖွဲ့ဆုံတော့ ကျွန်တော် P'Phaကို လုံးဝ မကြည့်ချင်ပါဘူး ... ဒါပေမယ့် P'Phaက ကျွန်တော့်ကို မျက်လုံးကမခွာတမ်း ငေးကြည့်နေတယ်၊ တကယ်တော့ P'Forth တစ်ယောက်ကပဲ ကောင်မလေးတွေနဲ့ စကားပြောရတာပေါ့... အင်းလေ... ဒီလိုနတ်သမီးတစ်သိုက်က တက္ကသိုလ် တစ်ခုလုံးရဲ့ အချောဆုံးMoonနဲ့ အတန်းခေါင်းဆောင်ရဲ့ တည်ကြည်ချောမောမှုကို ကြည့်ပြီး မဝန်းရံရင် ဦးနှောက်မရှိတဲ့သူတွေဖြစ်ကုန်မှာပေါ့...


"ဟုတ်တယ် P'...!"





Pha--OK ! ကိစ္စမရှိပါဘူး...!















"သေစမ်း!!"







" စိတ်မရှိပါနဲ့နော်..."


Yo-- ဘာကိစ္စလဲ...?









" ကျွန်မတို့ရောပဲ...!!"







Yo--ဘာလဲ?






Kit-- Nong Yo... စိတ်ထိန်း...






Yo-- သဘောတူပါတယ်...




In the minivan


Forth--Hey Beam...!!!




Forth-- Beam...!!!


Beam--ဘာလဲကွာ...!!








Forth--ဟမ်...??
Beam-- ခွေးကောင်...!









To be continued ...

Zaw Zaw🐸💓🐸 (Moon child)


Love in competition Part-2

Wayo- POV

Ming ကပြောနေရင်းနဲ့ သူ့မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် အရောင်တောက်သွားတာ တွေ့ရတယ်၊ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကြီး အရင်က ဒီလောက် တစ်စုံတစ်ယောက် ပေါ်ကို အရမ်းချစ်နေတာ မမြင်ခဲ့ဖူးပါဘူး၊ သူ P'Kitကို ငေးကြည့်တဲ့ အကြည့်တွေကိုလဲ အံ့သြမိတယ်၊ မြင်ဖူးသမျှ ကြားဖူးသမျှထဲက အကောင်းဆုံးနဲ့ အလှပဆုံးသောအရာကို ငေးကြည့်နေသလိုမျိုး... သူ့နှလုံးသားနဲ့ အပြည့် ခံစားနေရသလိုမျိုး... နောက်ဆုံးတော့ Mingလဲ အချစ်မှာ နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေပြီပဲ...

ကျွန်တော် သူ့ကို နည်းနည်း စနောက်လိုက်တယ်...

Yo-- ဒီခရီးက romanticဖြစ်မဖြစ်တော့ မသိဘူး ဒါပေမယ့် မင်း အဆင်ပြေရဲ့လား?

ခရီးကို စဉ်းစားလိုက်ရင် ကျွန်တော် နှလုံးခုန်သံတွေ ရပ်တန့်တော့မတတ် ဖြစ်နေပါတယ်၊

Ming က ကျွန်တော့်ကို ပဟေဠိအကြည့်နဲ့ ကြည့်လိုက်ပြီး...

Ming--မင်း ဘာဖြစ်နေတာလဲ?

သူက ကျွန်တော့်ကို ပြန်စနောက်တဲ့ အထာမျိုးနဲ့ ကြည့်ပြီး မဲ့ပြုံး တစ်ချက်ပြုံးလိုက်တယ်... ဒါပေမယ့် ကျွန်တော် တစ်ဖက်လှည့်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်...

Yo-- Holy Shit!!! ဟိုမှာ အလန်းစားဆော်လေးတွေ ကြည့်စမ်း!!!

ကျွန်တော့်ပါးစပ်က အဲလိုပြောလိုက်တာ နည်းနည်းတော့ ကျင့်သားမရဖြစ်နေမှန်း သိသာပါတယ်... မိန်းကလေးတစ်ချို့ပါ ... အမှန်တိုင်း ပြောရရင်တော့ ချောမောလှပတဲ့ ကောင်မလေး တစ်သိုက်ပေါ့... ကောင်မလေးတွေ များသောအားဖြင့် ချောမောတဲ့ မျက်နှာတွေ ၊
S shape ကိုယ်ခန္ဓာလေးတွေ ၊ ဖြူဖွေးနေတဲ့ အသားရေတွေ နဲ့ပါ... အရမ်း ချောမောနေတာတော့ မဟုတ်ပေမယ့် ကြည့်လိုက်တာနဲ့ ပိုက်ဆံရှိသားသမီး တွေမှန်းသိသာပါတယ်... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က ဘာရယ်မဟုတ်ဘဲ ပြောလိုက်မိတာပါ ဒါကြောင့် နောက်ထပ် စိတ်ဝင်စားမှု မရှိတော့ဘဲ Mingဘက်ကိုပဲ ပြန်လှည့်နေလိုက်တယ်...

P'Phaနဲ့ P'Forth က အခုတော့ အဲဒီ့မိန်းကလေး တစ်သိုက်နဲ့ စကားဖောင်ဖွဲ့နေပါတယ်၊ သူတို့ရဲ့ ဆွဲဆောင်မှုအားကို ကြည့်ပြီး Ming က ကျွန်တော့်ကို လှည့်ပြီး မျက်စိမှိတ်ပြရင်း ပြုံးပြလိုက်တယ်... ဒီခွေးကောင် Ming ကတော့ ကျွန်တော့်ရဲ့ ပျော့ကွက်ကို သိတော့ ကျွန်တော့်ကို လာစနောက်နေတော့တာပဲ...

ကျွန်တော်လဲ စိတ်တိုတိုနဲ့ တစ်ခွန်းထဲ တိုတိုတုတ်တုတ် ပြန်မေးလိုက်တယ်...

Yo--ဘာလဲ??

သိပ်မကြာခင်အချိန်မှာပဲ P'Beamလဲ ကားထဲက ထွက်လာပြီး ကျွန်တော်တို့နား လာထိုင်တယ်... Ming နဲ့ P'Beamနဲ့ အချင်းချင်း ကြည့်လိုက် ပြီးတော့အခုချိန်ထိ စကားစ မပြတ်သေးတဲ့ P'Phaနဲ့ P'Forth တို့ဆီ ဘုကြည့် လှမ်းကြည့် လိုက်တယ်.

နောက်တော့ P'Phaနဲ့ P'Forth တို့က စိတ်မကောင်း တဲ့ပုံစံနဲ့ ခေါင်းခါနေကြတာကို လှမ်းတွေ့ရတယ်... P'Beamကတော့ P'Forth ကို တော်တော်လေး စိတ်တိုနေတာလား ဒါမှမဟုတ် သဝန်တို နေတာလားပဲ...ဘာဖြစ်လို့လဲဆိုတော့ P'Forth ကို လှမ်းပြီး စူးစူးရဲရဲ စိုက်ကြည့်နေလို့ပါ၊ အင်းလေ... ကျွန်တော်လဲ သဝန်တိုသင့်တာပေါ့... ကျွန်တော်တို့က ချစ်သူတွေ ဖြစ်နေကြပြီပဲ ... နောက်တော့ အဲဒီ့မိန်းကလေးတွေက ကျွန်တော်တို့ဆီ လျှောက်လာတာ မြင်တော့ ကျွန်တော်တို့လဲ ဖြေးဖြေးချင်းထပြီး သူတို့ဆီလျှောက်သွားလိုက်တယ်၊

အဝေးကနေလှမ်းမြင်နေရတာက ကောင်မလေး သုံးယောက်က ကျွန်တော့်ရဲ့ ချစ်သူကို စကားပြောနေကြတယ်... ဒါပေမယ့် တဖြေးဖြေး နီးလာတော့ ကျွန်တော်ထင်တာ မှားသွားပါတယ်... ကျွန်တော်တို့ယောကျာၤးလေး 6ယောက်တောင် ရှိနေရဲ့နဲ့ ဘာလို့ P'Phaနဲ့ P'Forth ကိုမှ အကူညီတောင်းရတာလဲ... ကျွန်တော်တို့ နှစ်ဖွဲ့ဆုံတော့ ကျွန်တော် P'Phaကို လုံးဝ မကြည့်ချင်ပါဘူး ... ဒါပေမယ့် P'Phaက ကျွန်တော့်ကို မျက်လုံးကမခွာတမ်း ငေးကြည့်နေတယ်၊ တကယ်တော့ P'Forth တစ်ယောက်ကပဲ ကောင်မလေးတွေနဲ့ စကားပြောရတာပေါ့... အင်းလေ... ဒီလိုနတ်သမီးတစ်သိုက်က တက္ကသိုလ် တစ်ခုလုံးရဲ့ အချောဆုံးMoonနဲ့ အတန်းခေါင်းဆောင်ရဲ့ တည်ကြည်ချောမောမှုကို ကြည့်ပြီး မဝန်းရံရင် ဦးနှောက်မရှိတဲ့သူတွေဖြစ်ကုန်မှာပေါ့...

P'Forthနဲ့ စကားပြောနေတဲ့ ကောင်မလေး တစ်ယောက်က အသံချိုချိုနဲ့နွဲ့နွဲ့လေး ပြောလိုက်တယ်...

"ဟုတ်တယ် P'...!"

Forth-- မင်းတို့ကားဘီးက လုံးဝကို ပြားနေတာ! ဘီးအပိုပါရင် ကိုယ်တို့လဲပေးလို့ ရပါတယ်...! ကြည့်ရအောင် ဘာလိုလဲရမလဲဆိုတာ...

P'Forthကတော့ ဘာရယ်မဟုတ် P'Phaဆီလှည့်ပြီး ပြောလိုက်တယ်...

Forth-- Hey.... Pha! ငါ့ကားထဲက ကားပြင် သေတ္တာယူပေးပါဦးကွ ... မင်းအကူအညီလဲ လိုတယ်...

P'Phaက အေးအေးဆေးဆေး ပြုံးလိုက်ရင်း ...

Pha--OK ! ကိစ္စမရှိပါဘူး...!

P'Phaတစ်ယောက် ကားဆီကို အသဲအသန်ပြေးရင်း ကားပြင်သေတ္တာသွားယူတယ်၊ နောက်တော့ P'Forthနားပြန်ပြေးလာတယ်၊ ကျွန်တော်လဲ နေရောင်က မျက်လုံးကို စူးနေတာနဲ့ ခေါင်းကို အပေါ်မမော့ဘဲ အောက်ငုံ့ထားလိုက်တယ်၊ နောက်တော့ ရုတ်တရတ် ကျွန်တော့်နဖူးနားပေါ်ကို အေးနေတဲ့ အစိုင်အခဲတစ်ခု လာကပ်ပေးတာ သိတော့ မော့ကြည့်မိတယ်၊ P'Phaက ရေခဲရေဘူးကို ကျွန်တော့်နဖူးနား ကပ်ပေးနေတာပါ...

Pha-- ဒီမှာ အရမ်းပူတယ်Yo... အရိပ်ထဲ သွားထိုင်နေပါလား...

ရေခဲဘူးကို လှမ်းပေးပြီး အရိပ်ရတဲ့ ခုံတန်းရှည်ကို လက်ညိုးထိုးပြရင်း ကျွန်တော့်ကို သွားထိုင်ခိုင်းနေ ပါတယ်၊

Pha--အချိန်ခဏပဲပေးပြီးစောင့်နေနော် Forthကို နည်းနည်းလောက် ဝိုင်းကူညီပြီး တာယာလဲပေးပြီးရင် ပြီးပါပြီ...

P'Beamနဲ့ P'Kitလဲ ကျွန်တော့်ကို ဝိုင်းဆွဲပြီး အရိပ်ထဲ ရောက်အောင် တွန်းခေါ်နေကြတယ်၊ တကယ်ဆိုရင် ကျွန်တော့်ကို အတင်းအကြပ် ဝိုင်းဖျောင်းဖျပြီး လုပ်ခိုင်းရင် ကျွန်တော် မလုပ်ချင်ပါဘူး... ဒါပေမယ့် P'Phaက ကျွန်တော့်ပေါ်ကို အကောင်းဆုံးပြုမူပြီး ချော့ပြော တဲ့အတွက်ကြောင့်သာ ခွင့်လွှတ်လိုက်တာ... ဒီလိုဆိုရင်တော့ ခွင့်လွှတ်သင့်တဲ့ အပြစ်သားလေးပဲ... ကျွန်တော့်အကြောင်းကို အရိပ်တကြည့် သိတဲ့ P'Phaရဲ့ ဂရုစိုက်မှုက ကျွန်တော့်စိတ်ကို ပျော့ပျောင်းသွားစေပါတယ်၊

ကျွန်တော် နောက်လှည့်ကြည့်နေရင်း P'Phaနဲ့ P'Forthတို့ ကောင်မလေးတစ်သိုက်ဝန်းရံပြီး ကားတာယာလဲနေတာကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတယ်

P'Kit-- Nong Yo!! P'တို့နဲ့ နေရိပ်ထဲ သွားရအောင်လေ... !

နေရိပ်ထဲ မဝင်သေးဘဲ လည်ပြန်ကြည့်ရင်း တင်းခံနေတဲ့ ကျွန်တော့်ကို မြင်လို့ အတင်းဆွဲခေါ်ပြီး ဖျောင်းဖျနေရှာတယ်...

Yo-- စိတ်မပူပါနဲ့ P'တို့ !! ကျွန်တော့်ဘာသာပဲ သွားပါ့မယ်...!

ကျွန်တော့်ရဲ့ မသာမယာ စူပုတ်နေတဲ့ မျက်နှာကို အတင်း ချုပ်ထိန်းပြီး ပြန်ပြောလိုက်တယ်၊ တကယ်တော့ ကျွန်တော့်ရဲ့ ခံစားချက်တွေ ပေါက်ကွဲ မထွက်လာဖို့ကို မနည်းထိန်းထားရတယ်၊ ကျွန်တော့်စိတ်တွေကို သေတ္တာထဲထည့်ပိတ်ပြီး သော့ခတ်ထားလို့ရရင်ကောင်းမယ်...

Beam-- Awww ဒီခွေးကောင်ကတော့ တော်ကြောင်းတတ်ကြောင်း ပြနေပြီ... ...!

P'Beam ကလဲ P'Forthကို စူးစူးရဲရဲစိုက်ကြည့်ပြီး ချီးမွမ်းတာလား ကျိန်းနေတာလားတော့မသိ...

P'Beamပုံစံက နည်းနည်းတော့ ကြောက်စရာကောင်းနေပေမယ့် စိတ်ဆိုးပြီး နှုတ်ခမ်းစူနေပုံက နည်းနည်းတော့ ချစ်စရာကောင်း နေပြန်တယ်၊ ဒေါသတကြီး P'Forth ကို စိုက်ကြည့်နေပုံအရ P'Forthတော့ မကြာခင် သေလောက်အောင် အထုအထောင်းခံရတော့မှာပဲ ဆိုတာ သံသယဖြစ်ဖွယ်မရှိတော့...

ဒီကားကိုပြင်နေတာ မကြာခင်ပြီးနိုင်မယ်လို့တော့ ကျွန်တော် မထင်မိဘူး... ဘာလို့လဲဆိုတော့ အဲဒီ့ကောင်မလေးတွေက P'တို့နှစ်ယောက်ရှေ့မှာ အာရုံစားနေကြလို့ပါ... အဲဒါက အကူအညီမဖြစ်စေပါဘူး... P'Phaကတော့ P'Forthဘေးနားမှာရပ်ရင်း ကားပြင်ကိရိယာတွေ ယူပေးလိုက်ကူညီပေးလိုက်နဲ့ ချွေးတွေ အများကြီး ထွက်နေပါတယ်၊ သူ့ရေဘူးကို လှမ်းကြည့်တော့ ရေကုန်ခံနီးနေတာကို သတိထားမိပြီး ကျွန်တော် ရေဘူးကို လှည့်ယူနေတုန်း...

"သေစမ်း!!"

မိန်းကလေးတစ်ယောက်က ကျွန်တော့်ထက် ပိုမြန်ပြီး P'Phaနားကပ်ကာ ရေဘူးကို လက်သွယ်သွယ်နဲ့ လှမ်းပေးလိုက်တယ်၊ သူမပုံစံက Idol Star တစ်ယောက် စင်ပေါ်က ဆင်းလာတော့ ရေဘူးလှမ်းပေးရင်း ဂရုစိုက်ပေးတဲ့ ပုံစံနဲ့...

ကျွန်တော်လဲ Mingရယ် P'Beamနဲ့ P'Kitတို့ ထိုင်ခုံမှာ မကျေမနပ်ပြန်ထိုင်နေလိုက်တယ်၊ အခုချိန်မှာ ကျွန်တော် ကမ္ဘာ့အပြင်ဘက်ကို ပျောက်ကွယ်သွားရင် ကောင်းမှာပဲလို့ စဉ်းစားနေမိတယ်၊အရမ်း စိတ်တိုဖို့ ကောင်းတာပဲ... တကယ်လဲ ဒေါသထွက်လာတယ်...

Kit-- Nong...! P'ကို တခုခုပြောချင်တာများရှိလား?

P'Kit က ကျွန်တော့်ကိုပြုံးရင်း မေးလိုက်တယ်၊ P'Kit က ကျွန်တော့်ကို အာရုံလွှဲလာအောင်လုပ်ပြီး သူ့ဆီမှာပဲ အာရုံရောက်အောင်မေးလိုက်တယ်၊ ကြည့်ရတာ သူ ကျွန်တော်စိတ်ပူလို့နဲ့တူတယ်၊ ဒါမှ P'Phaကို စိုက်ကြည့်နေတာ ရပ်သွားမှာလေ... ကျွန်တော် ပခုံးတွန့်ပြရင်း ဟန်ဆောင် ပြုံးပြလိုက်တယ်၊ နောက်ထပ်လဲ ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတဲ့သူ တစ်ယောက်လဲ ရှိပါသေးတယ်... P'Beamလေ... သူ့ပုံစံက အရမ်းကို စိတ်အနှောက်အယှက်ဖြစ်နေ သလိုလို မျက်နှာက တည်လွန်းပြီး ငြိမ်သက်နေတယ်၊ ကျွန်တော် တစ်ယောက်ထဲ မှောင်မဲနေတဲ့ အရှိန်အဝါတွေ ထွက်နေတာ မဟုတ်ပါဘူး၊ P'Beamတစ်ယောက်လဲ အဲလိုပဲထင်တယ်၊ သူ့ပုံစံက တိတ်ဆိတ်နေတယ်... ဒါပေမယ့် သူ့မျက်တောင်တစ်ချက်ခတ်တိုင်း ဒေါသရိပ် တွေ တစ်ငွေ့ငွေ့ တက်နေတာကို တွေ့ရတယ်၊ သူ့မျက်လုံးတွေထဲမှာ ခံစားချက်တစ်ချို့လဲ ဖော်ပြနေသလိုပါပဲ နာကျင်နေတဲ့ ခံစားချက်တွေလိုမျိုး...
ထပ်ပြီး ကားပြင်နေတဲ့ အဲဒီ့နှစ်ယောက်ကို ကျွန်တော် စိုက်ကြည့်မိတော့ P'Beam မျက်နှာဆီက ဒေါသလှိုင်းတွေက P'Forth ကြောင့်ပဲဆိုတာ မလွဲမသွေ ဆိုတာ အသေအချာပါပဲ ဆိုတာ ရိပ်မိသွားတယ်၊

P'Forthက လူတတ်ကြီးလုပ်ချင်နေတယ်ဆိုတဲ့ P'Beamစကားကို ကျွန်တော် ထောက်ခံတယ်၊ P'Forthကအဓိက ကားပြင်ပေးနေတဲ့သူ တစ်ယောက်ဖြစ်ပြီး ကားပြင်ကိရိယာတွေနဲ့ မမောနိုင် ပြင်ပေး နေသလို မိန်းကလေးတွေကလဲ သူတို့နားမှာ ဝန်းရံရင်း လက်ခုတ်တီးပြီး အားပေးနေကြတယ်၊ ကျွန်တော့်ချစ်သူကတော့ ကူညီပေးရုံသက်သက်ပါပဲ P'Forthကမှ အားလုံးကို လုပ်ပေးနေတာ...

အခုဆို အပူရှိန်က မြင့်လာတာနဲ့အမျှ P'Phaလဲ အဲဒီ့ကောင်မလေးတွေနဲ့ ရောရောထွေးထွေး ရှိနေတာကို မြင်ရတာ ရူးချင်လာပြီ....

" စိတ်မရှိပါနဲ့နော်..."

ကျွန်တော့်အနောက်ကနေ နူးညံတဲ့ အသံကြားလိုက်မိတယ်၊ နောက်လှည့်ကြည့်မိလိုက် တော့ နည်းနည်းလေးလန့်ဖျတ်သွားမိတယ်၊ ခုနက P'Phaက ရေဘူးလှမ်းပေးတဲ့ကောင်မလေးပါ... ကောင်းရော... တကယ့်ကို ကောင်းရော... ဘာကိစ္စ ရောက်လာတာလဲမသိပါဘူး... ကျွန်တော် သူမရှေ့မှာ အရူးတစ်ယောက်လို မပြုမူမိဖို့ကို ထိန်းချုပ်ထားချင်လဲ မရပါဘူး...

Yo-- ဘာကိစ္စလဲ...?

သူမကပြုံးရင်းဆက်ပြောတယ်...

" ရှင်တို့က တစ်ယောက်ယောက်ဆီ သွားလည်ကြမလို့လား?"

P'Kitနဲ့ Ming က ကျွန်တော်နဲ့ ဒီကောင်မလေး စကားပြောနေပုံကို ကြည့်နေတယ်၊ သူတို့တွေ ကျွန်တော့်ကို စိတ်ပူနေပုံရတယ်၊

Yo-- မဟုတ်ပါဘူး... ခရီးသွားကြမလို့...

" ဟုတ်လား! ကျွန်မတို့လဲ ခရီးထွက်ကြတာ!"

စိတ်လှုပ်ရှားသွားတဲ့ပုံစံနဲ့ သူမက ပြန်ဖြေတယ်၊ ဟုတ်တော့ဟုတ်နေပါပြီ... ကျွန်တော်တော့ အခြေအနေတစ်ခုကို စတင်စိုးရိမ်လာမိတယ်၊ ဒီကောင်မလေးတွေ ဘယ်သွားကြဖို့လဲ မသိဘူး...

Yo-- ဟုတ်လား...! ခဗျားလေးတို့လဲ Khon Lanကို သွားကြမှာတော့ မဟုတ်လောက်ပါဘူးနော်...

တကယ်တော့ ကျွန်တော် နည်းနည်းတော့ စိတ်ဓါတ်ကျမိပါတယ်၊ ထင်တဲ့အတိုင်းဖြစ်မလာတာ တွေက တော်တော်ကို ဆိုးလွန်းပါတယ်၊

" ကျွန်မတို့ရောပဲ...!!"

သူမကတော့ အားကျမခံ ပြန်ဖြေနေပုံရတယ်၊

Yo-- စိတ်မရှိပါနဲ့... ခဗျားခုနက ကျွန်မတို့ရောပဲလို့ ပြောလိုက်တာလား?

ကျွန်တော် စိတ်မနှံ့တဲ့ အရူးတစ်ယောက်လို သူမကို ပြန်မေးလိုက်မိတယ်၊

" ဟုတ်တယ်လေ... ပြောလိုက်တယ်! ကျွန်မနဲ့ သူငယ်ချင်းတွေက Khon Lanကို သွားကြမလို့!"

သူမက ကျွန်တော့်ကိုပြုံးပြရင်း အထပ်ထပ်အခါခါ ဒီအကြောင်းအရာကို ပြောတယ်၊ ကျွန်တော် နားကန်းနေတာတော့မဟုတ်ပါဘူး... ဒါပေမယ့် အရမ်း အံ့သြနေမိလွန်းလို့ ထိုင်ခုံကနေ နောက်ပြန်တောင် လှန်ပြီးလဲကျမလို ဖြစ်မိတယ်၊ သေလိုက်စမ်း!! သူမ နောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်...

" အင်း... တစ်ခုလောက်မေးလို့ရမလား?"

Yo--ဘာလဲ?

သူမက ကားနောက်မှန်ကနေ ကျွန်တော်တို့ နှစ်ယောက်ကို လှမ်းကြည့်နေတဲ့ P'Phaကို လက်ညိုးထိုးပြရင်း...

" ကျွန်မက Phana ဆီက ဖုန်းနံပါတ်တောင်းတာကို သူက ရှင့်ဆီက ခွင့်တောင်းလို့ ပြောလို့... "

နောက်တော့ မလိုအပ်တာတွေပါ ထပ်ပြောတယ်၊

" ကျွန်မက အခုမှ second semesterပဲရှိသေးတာ ဆိုတော့ သူ့ကို Dr. Phaလို့ပဲ ခေါ်ရမလား ဒါမှမဟုတ် ဒီအတိုင်း P'Phaလို့ပဲ ခေါ်ရင်ကောင်းမလားပဲ"

ကောင်းပြီလေ... တကယ်ကိုကောင်းရောပဲ... ဘာလို့ ကျွန်တော့်ကျမှ ဒီလိုဖြစ်ရတာလဲ... သူ P'Phaနာမည်လဲ သိပြီးပြီလေ... သူ့ဘာသာ ဖုန်းနံပါတ်တောင်းလို့လဲ ရရဲ့သားနဲ့... ကျွန်တော် P'Phaကို တချက် အကဲခတ်ကြည့်လိုက်တယ်၊ P'Phaမျက်နှာပေါ်မှာ မဲ့ပြုံးလိုလို အပြုံးတစ်ခု တွေ့လိုက်ရတယ်... သူ ကျွန်တော့်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာလား...? အခုတော့ ဒီခရီးအတွက် အရမ်းကို စိတ်တင်းကြပ်နေမိတယ်၊ ဒါ စိန်ခေါ်မှုလား... လှည့်ကွက်တွေလား... သူ ကျွန်တော့်ကို ကစားချင်နေတာလား...? ဘယ်လို လူယုတ်မာလဲ... ဟွန့်...

Kit-- Nong Yo... စိတ်ထိန်း...

P'Kitက တိုးတိုးလေး ဖျောင်းဖျတယ်... ရုတ်တရတ် ကျွန်တော် သတိထားမိတာက ကျွန်တော် ကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်သီးကို တင်းတင်း ဆုပ်ထားမိတယ်၊

Kit-- Phaက ဒီကောင်မလေးကို ငြင်းလွှတ်လိုက်ရင် အဲ့ကောင်မလေး စိတ်မကောင်းဖြစ်မှာစိုးလို့ Phaက သူ့ရဲ့ ပိုင်ရှင်ဆီက ခွင့်တောင်းဖို့ လွှတ်လိုက်တာ နေမှာပါ... ဒီလို စိန်ခေါ်မှု နည်းနည်းရော မလိုချင်ဘူးလား Nong...

ဘာရယ်... Gameတစ်ခုလို စိန်ခေါ်မှုလေးပေါ့ ... ဟုတ်လား... ဘယ်လို ငရဲမျိုးလဲ...

Yo-- ကောင်းပြီလေ... ပြိုင်ပွဲစကြတာပေါ့... P'Pha...ရာ...

ကျွန်တော် ကိုယ့်ဘာသာကိုယ် တိုးတိုးလေး ရေရွတ် လိုက်မိတယ်၊ သူ ကျွန်တော့်ကို ထပ်လှည့်ကြည့်တော့ လက်ခံတယ်ဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းညိတ်ပြလိုက်တယ်၊

Yo-- သဘောတူပါတယ်...

ကျွန်တော် ခဏလောက် အသက်အောင့် ထားလိုက်ပြီး သူမဘက်ကို လှည့်ပြောလိုက်တယ်၊

Yo-- သူ့ဖုန်းနံပါတ်က 098-7394847

ကျွန်တော် သူမကို P'Phaရဲ့ ဖုန်းနံပါတ်အမှန်ကို ပေးလိုက်တယ်၊ အဲဒီ့ ကောင်မလေးကတော့ P'Phaဖုန်းနံပါတ်ကို ရပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ ပြန်ထွက်သွားတယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး P'Pha ဘာပြောမလဲဆိုတာတော့ ကျွန်တော်လဲ မသိဘူး... ဒါပေမယ့် ကျွန်တော့်ဘက်က တိုက်ကွက်အရဆိုရင် တော့ ကျွန်တော် မှန်တယ်ထင်တာပဲ...ဒါမှမဟုတ် အဲဒါက ဘာပြဿနာမှ မဖြစ်စေလောက်ဘူး မှတ်လား... ကျွန်တော် ကိုယ့်အတွေးထဲ ကိုယ်ဘာသာ ခေါင်းနှစ်ရင်း စဉ်းစားနေမိတယ်၊ သေစမ်း... ဒီနေရာမှာ အရမ်းကိုပူလောင်နေသလို ခံစားရတယ်... ဒီနေရာမှာ ကျွန်တော် အရည်ပျော်ကျမတတ် ပူလောင်လာတယ်... အခုတော့ ကျွန်တော် ပိုပြီး စိတ်ညစ်လာတယ်... ကျွန်တော် လက်ကနာရီကို တချက်ကြည့်ရင်း နဖူးက ချွေးကို သုတ်လိုက်တယ်...

In the minivan

နှစ်နာရီလောက် အချိန်ကုန်တာ မြန်သွားတော့ သူတို့နှစ်ယောက် Minivan ဆီပြန်လာပြီး ကျွန်တော်တို့လဲ ခရီးဆက်ကြတယ်၊

Forth--Hey Beam...!!!

P'Forthက P'Beamကို ခေါ်လိုက်ပေမယ့် P'Beamကတော့ မကြားသလိုပုံစံနဲ့ တခွန်းမှ မဟပါဘူး... ကားအပြင်ဘက်ကိုပဲ လှမ်းကြည့်နေပြီး အပြင်က မြင်ကွင်းတွေကိုပဲ အလိုမကျသလိုလို ကြည့်နေတယ်... အဲဒါက P'Forthကို တမင်သက်သက် လျစ်လျူရှုနေမှန်းသိသာပါတယ်၊

Forth-- ဘာလို့ ဘာစကားမှမပြောတာလဲ Beam...

P'Forthက စိုးရိမ်နေတဲ့လေသံနဲ့မေးနေပါတယ်၊

Forth-- Beam...!!!

P'Forthလဲ မနေနိုင်ဘဲ ထပ်ခေါ်လိုက်တယ်... ဒီတခါတော့ P'Beamလဲ သူ့မျက်နှာကို P'Forth ဘက် လှည့်လိုက်ပြီး မကျေမနပ်နဲ့ စူးစူးရဲရဲ ကြည့်လိုက်တယ်... P'Beamရဲ့မျက်နှာက Gas stationမှာကတည်းက စူပုတ်နေတာကို ကျွန်တော် သိပါတယ်...

Beam--ဘာလဲကွာ...!!

P'Beamက ဆောင့်ကြီးအောင့်ကြီးနဲ့ ပြန်ဖြေလိုက်တယ်... သူ့ပုံစံက အခုချိန်ထိ စိတ်ဆိုးနေတုန်းပဲထင်တယ်... P'Forthကတော့ ပြုံးလိုက်ရင်း စသလို နောက်သလိုနဲ့ ရယ်လိုက်တယ်၊

Forth-- မင်းက ဒီနေ့ အရမ်းကို ချစ်ဖို့ကောင်းတာပဲ သိလား Beam...!

Beam-- မင်းပုံစံက ညစ်ပတ်နေတာပဲဆိုတာ မသိဘူးလား...!အဲဒီ့မိန်းကလေးတွေရှေ့မှာ သိပ်ကို ကြိုးစားပြနေတာ... ရုပ်ကြမ်းကြီးနဲ့ ချိုသာတဲ့ လူလိုမျိုးသရုပ်ဆောင်တာ... အရမ်းကို ရွံ့ဖို့ကောင်း လွန်းလို့ နောက်မလုပ်ပြလို့ ရမလား...တကယ် စိတ်ပျက်ဖို့ကောင်းတယ်... မင်းတခုခုမပြောချင်ဘူးလား...ပြော...!!

P'Beam ကြည့်ရတာ P'Forth ဆီက ဖြေရှင်းချက် လိုမျိုးစကားတစ်ခုခုစောင့်နေသလိုပါပဲ... P'Forthကတော့ ပြုံးရင်း...

Forth-- ဘာရယ်... ကိုယ့်ပုံစံက ရွံ့ဖို့ကောင်းနေတာလား...ဒါမှမဟုတ် အရှုပ်လုပ်မိလို့လား...နောက်တာပါကွာ...ချွေးတွေအများကြီး ထွက်နေလို့ နည်းနည်းလောက် ညစ်ပတ်နေတာပါ...အပြင်မှာကလဲ အရမ်းကိုပူနေတာကိုး...

P'Beam ကဖြတ်ပြောလိုက်တယ်...

Beam-- Hey!! စကားလမ်းကြောင်းမလွှဲနဲ့!!

Forth--ဟမ်...??
Beam-- ခွေးကောင်...!

အခုချိန်မှာ P'Beamတစ်ယောက် တကယ်စိတ်ဆိုးနေမှန်း P'Forthကို အော်နေပုံအရ သိသာပါတယ်... သေစမ်း... ကြောက်စရာကြီး...

Forth-- Hey... ဘာဖြစ်နေတာလဲ... စိတ်ကိုထိန်းပါဦးကွာ...

Beam--သူတို့သာ မချောမလှဘူးဆိုရင် မင်းသူတို့ကို မကူညီဘူးမှတ်လား...

P'Beamကတော့ ဒေါသတကြီး အော်နေတုန်းပါပဲ... ဒီစကားများခြင်းကတော့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး စတာပဲ...ကျွန်တော့်အတွက် ပထမဆုံးအနေနဲ့ စိတ်မသက်မသာဖြစ်ရသလို နည်းနည်းလဲကြောက်စရာကောင်းပါတယ်၊ ဒါပေမယ့် နောက်ဆုံးထိုင်ခုံဆီက လူနှစ်ယောက်ကတော့ ကြိတ်ပြီး အရူးတွေလို ရယ်နေကြတယ်...

Forth-- သူတို့ကို ကူညီမိတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ...?

Beam--မသိဘူး... ငါစိတ်တိုနေတာ မဟုတ်ဘူး!!
Forth--နေပါဦး...! ဒါဆို သဝန်တိုနေတာလား...

Beam--မင်းပါးစပ်ပိတ်ထားစမ်း!! ငါသဝန်တိုနေတာ မဟုတ်ဘူး...!

P'Beamက အော်ပြောလိုက်ပြီး ချက်ချင်း ကားမှန်အပြင်ဘက်ကို လှည့်လိုက်တယ်...P'Forth ကတော့ ခေါင်းတညိတ်ညိတ်နဲ့ မထီတရီပြုံးနေတယ်...

To be continued ...

Zaw Zaw🐸💓🐸 (Moon child)

If you enjoy reading, give me star😙 and leave me messages❤❤



















Continue Reading

You'll Also Like

68.2K 17.6K 60
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
21.2K 3.4K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
3.5K 677 17
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
13.1K 2.9K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~