2 moons Season3

By Zaw27MoonChild

246K 13.9K 983

Credit ရၿပီး ေရးသားထားပါတယ္။ Moonerေတြ ႀကိဳက္ႏွစ္သက္ေအာင္ sentenceေတြ မ႐ိုင္းရေအာင္ျပင္ဆင္ ထားပါတယ္။ 18+ Matu... More

Guilty as charged!
Sorry! I already had my wife... Part-1
Sorry ...! I already had my wife ... Part-2
Sorry ... I already had my wife! Part-3
Every cloud has a silver lining ... Part-1
Every cloud has a silver lining Part-2
It is not love but jealousy ... Part-1
It is not not love but jealousy ... Part-2
My beautiful nightmare ... Part-1
My beautiful nightmare Part-2
For July Spoiler
It hurts until it does not anymore ... Part-1
It hurts until it does not anymore ... Part-3
No storm can last forever... Part-1
No storm can last forever... Part-2
No storm can last forever ... Part-3
Love in competition ... Part-1
Love in competition... Part-2
Love in competition ... Part-3
Baby's Breath aka filler flower... Part-1
Baby's breath aka filler flower... Part-2
Ex- Boyfriend on the beach... Part-1
Ex - Boyfriend on the beach ... Part-2
Ex- Boyfriend on the beach... Part-3
Family in you... Part-1
Family in you...Part-2
Family in you...Part_3
Family in you. .Part-4
Sweet Revenge 😏 Part-1
Sweet Revenge. .Part 2
Moon courting another Moon (2Moons)

It hurts until it does not anymore ... Part-2

6.2K 454 29
By Zaw27MoonChild

It hurts until it does not anymore… Part-2

Pha-POV

Ming နဲ႔ Kitထြက္သြားေတာ့ ကြ်န္ေတာ္တစ္ေယာက္တည္း ႀကီးမားတဲ့ အေဆာက္အအံုေရွ႕မွာ ကြ်န္ေတာ္ တစ္ေယာက္တည္း အထီးက်န္စြာ ရပ္ေစာင့္ေနမိတယ္…

ကိုယ္ခ်စ္ရတဲ့သူကို ေစာင့္ဆိုင္းေနရျခင္းက ဘဝမွာ အခက္ခဲဆံုးအရာပဲဆိုတာ သိခဲ့ရတယ္… ကြ်န္ေတာ္ ဒီခက္ခဲတဲ့ဒုကၡေတြဆီကေန လြတ္ေျမာက္ခ်င္ပါၿပီ! Wayo က ကြ်န္ေတာ့္မ်က္ႏွာကို မေတြ႕ခ်င္လို႔ သူ႔အနားကို သြားခြင့္မရခဲ့ပါဘူး… ဒါေပမယ့္ ကြ်န္ေတာ္ ေသရင္ေတာင္ ဒီေနရာကေနမေရြ႕ဘဲ ဘယ္ေလာက္ပဲၾကာၾကာ သူ႔ကိုေစာင့္ေနမယ္ဆိုတာ သူသိေစခ်င္ပါတယ္… ေနာက္ဆို သူရဲ႕ေန႔စဥ္ဘဝ ဆိုတာဘယ္လိုမ်ိဳးလဲ…ဘယ္လိုကိစၥမ်ိဳးေတြက သူ႔ကို ပင္ပန္းေစခဲ့လဲဆိုတာကို ကြ်န္ေတာ္ သူ႔နဲ႔ ေနာက္တစ္ခါျပန္ဆံုၿပီး စကားေျပာခြင့္ရရင္ ကြ်န္ေတာ္တို႔ေဆြးေႏြးျဖစ္ေအာင္ လုပ္ရမယ္…

ပူျပင္းတဲ့ေနေရာင္ျခည္က ကြ်န္ေတာ္ တစ္ေယာက္တည္းေစာင့္ေနရင္းနဲ႔ ကြ်န္ေတာ့္ကို အရွင္လတ္လတ္ မီးကင္းတိုက္ေနသလိုပါပဲ… ခဏၾကာေတာ့ ကြ်န္ေတာ္ ခဏခဏ လွမ္းေမွ်ာ္ၾကည့္ေနရတဲ့ ျပတင္းေပါက္ေနရာေလး ဆီကေန စာေရးျပၿပီး ကြ်န္ေတာ့္ကို ျမင္ေအာင္ ျပထားတယ္ …

စာကို ဖတ္ၾကည့္ေတာ့…

“ထြက္သြားပါ!!”

ကြ်န္ေတာ့္ပါးျပင္ဆီကေန မ်က္ရည္ေတြ စီးက်လာမိတယ္… အခုခ်ိန္ထိ သူ ကြ်န္ေတာ့္ရဲ႕ မ်က္ႏွာကို မျမင္ခ်င္ေလာက္တဲ့အထိ မုန္းေနၿပီလား… ကြ်န္ေတာ္ ဖုန္းကိုထုတ္ၿပီး သူ႔ဆီစာပို႔လိုက္တယ္…

Pha--ကိုယ္မသြားဘူး… ေက်းဇူးျပဳၿပီး ကိုယ့္ကို စကားေျပာခြင့္ေပးပါ…

ကြ်န္ေတာ္ ခဏေလာက္ေစာင့္ေနေပမယ့္ ဘာစာမွ ျပန္မပို႔ပါဘူး… ျပတင္းေပါက္နားက စာလဲ မရွိေတာ့ပါဘူး၊

ခ်န္ထားခဲ့တဲ့သူအတြက္ေရာ… ေစာင့္ေနရတဲ့သူ အတြက္ေရာ… စိတ္ပင္ပန္းဆင္းရဲေစပါတယ္… ရွိသမွ်ခြန္အားေတြနဲ႔ ေမွ်ာ္လင့္ခ်က္ အနည္းငယ္ ေပါင္းၿပီး ပူျပင္းတဲ့ေနေရာင္ေအာက္မွာ Wayoတို႔ အိမ္ရဲ႕ျခံတံခါးေရွ႕မွာ ရပ္ေစာင့္ၿမဲ ေစာင့္ေနမိတယ္… ေန႔လည္ေစာင္းေတာ့ ကြ်န္ေတာ့္အသားေရလဲ ေတာ္ေတာ္ေလး ညစ္ႏြမ္းၿပီး ေနေလာင္ေနပါၿပီ… ကြ်န္ေတာ့္မ်က္ႏွာက ေခၽြးေတြကို လက္နဲ႔သုတ္ရင္း Wayo ကိုေစာင့္ေနမိေပမယ့္ ကြ်န္ေတာ့္ကို အထဲဝင္ခြင့္ မေပးေသးပါဘူး! ကြ်န္ေတာ္ သူ႔ကို ေဖ်ာင္းဖ်ဖို႔ စာေပါင္းမ်ားစြာပို႔ေနမိေသးတယ္…

Pha--Yo… ကိုယ္တို႔ စကားေျပာရေအာင္ေနာ္…
Pha--Wayo!! Yo ဘာမွ အမွားမလုပ္ခဲ့ဘူးဆိုတာ ကိုယ္သိပါတယ္ ေက်းဇူးျပဳၿပီး ထြက္လာပါ… ကိုယ္နဲ႔ ခဏေလာက္စကားေျပာရေအာင္!

Pha--ကိုယ္ဒီေနေရာင္ေအာက္မွာ ေသေလာက္ေအာင္ ပူေနၿပီ Yo! 😢😢

Pha--ကိုယ့္ကို ခ်စ္ေသးရဲ႕လား? Yoရယ္…

ဘာစာမွျပန္မပို႔ထားတဲ့အတြက္ ကြ်န္ေတာ့္ဖုန္းဆီက တိတ္ဆိတ္ေနမႈကို ေတြ႕ရတယ္ ၊ ကြ်န္ေတာ့္မ်က္ႏွာ ကေနေခၽြးကို ထပ္သုတ္လိုက္တယ္၊ ကြ်န္ေတာ့္ တကိုယ္လံုး ေခၽြးေတြရႊဲနစ္ေနေအာင္ ထြက္ေနပါတယ္၊ ကြ်န္ေတာ့္လည္ေခ်ာင္းေတြလဲ ေျခာက္လာၿပီး ေရအရမ္းဆာလာမိတယ္၊ ဒီလိုပံုမ်ိဳးနဲ႔ဆို အခ်ိန္မေရြး ကြ်န္ေတာ္ မူးေမ့ သတိလစ္သြားႏိုင္ေပမယ့္ စိတ္ကိုတင္းရင္း ရပ္ေနမိတယ္… သူ႔ရဲ႕ သနားၫွာတာမႈကို မရႏိုင္ေသးပါဘူး… ကြ်န္ေတာ့္ပံုက တကယ့္ကို သနားဖို႔ေကာင္းေလာက္ေအာင္ ျမင္ရံုနဲ႔ ရင္ကြဲမတတ္ စာနာေပးႏိုင္ၾကလို႔ Bodyguard တစ္ေယာက္က ကြ်န္ေတာ့္ကိုလွမ္းေအာ္ေျပာလိုက္ တယ္…

“ ဒီအတိုင္း အိမ္သာျပန္ပါေတာ့ မနက္ျဖန္မွ ျပန္လာခဲ့!”

တျခား Guardေတြကလဲ မေနႏိုင္ေတာ့ဘဲ ဝင္ေျပာၾကတယ္…

“ အိမ္ျပန္ပါေတာ့ခဗ်!!”

တခါတခါ ကြ်န္ေတာ့္ကို သူတို႔က စိုးရိမ္လာၾကၿပီး ေမးၾကတယ္…

“မင္း ေရဆာေသးလား…”
“တစ္ခုခု စားခ်င္ေသးလား…”

ကြ်န္ေတာ္ ဗိုက္ဆာၿပီး ေရအရမ္းဆာေပမယ့္ အရံႈးေပးတဲ့ လကၡဏာ လံုးဝမျပပါဘူး၊ ဒါေၾကာင့္ ေခါင္းကိုသာ အခါခါရမ္းၿပီး ဘာမွမလိုဘူးဆိုၿပီး ေပရပ္ေနမိတယ္… အခုခ်ိန္မွာ ကြ်န္ေတာ္ လိုအပ္ေနတာ တစ္ခုထဲပါပဲ… Wayoနဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာခ်င္မိတာပါပဲ… သူျပန္ ျပံဳးေပ်ာ္လာတာကို ကြ်န္ေတာ္ ျမင္ခ်င္မိတယ္… ကြ်န္ေတာ္ သူ႔ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားခ်င္မိတယ္… ၿပီးေတာ့ ဘာေတြပဲျဖစ္ခဲ့ ျဖစ္ခဲ့ ကြ်န္ေတာ္ သူ႔ကို ခ်စ္ေနတုန္းပဲဆိုတာ ေျပာျပခ်င္ပါတယ္… ဒါေပမယ့္ ကြ်န္ေတာ့္မွာ သူ႔ျခံ ေရွ႕ကေန ေခါက္တုံ႔ေခါက္ျပန္ ေလွ်ာက္ေနရံုကလြဲၿပီး ဘာမွမတတ္ႏိုင္ပါဘူး… အကယ္၍ Yo သာ ကြ်န္ေတာ္နဲ႔ ၿပိဳင္ၿပီး တင္းခံေနတာဆိုရင္ေတာ့ ကြ်န္ေတာ္ သူ႔ကို ဘယ္ေတာ့မွမရံႈးေစရပါဘူး…

အခ်ိန္ေတြအၾကာႀကီး ေစာင့္ၿပီးတဲ့ေနာက္ ႏိုင္ငံျခားျဖစ္ တန္ဖိုးႀကီးကားတစ္စီးက Wayoတို႔ ျခံ ေရွ႕ထိုးဆိုက္လာတယ္… ကားရဲ႕ အေနာက္ထိုင္ခံု မွန္က တေျဖးေျဖးက်လာၿပီး ျမင္ဖူးသလိုလို မ်က္ႏွာမ်ိဳးကို ေတြ႕လိုက္ရတယ္… သူ႔ရဲ႕ တည္ၾကည္ေအးစက္လြန္းတဲ့ စူးရွတဲ့အၾကည့္က ကြ်န္ေတာ္ ေျခဖ်ား လက္ဖ်ားေတြ ေအးၿပီး ၾကက္သီးထသြားမိတယ္… ကြ်န္ေတာ္ အၾကာႀကီး ရပ္ေနမိလို႔ ေျခေထာက္ေတြ ထံုက်ဥ္ေနၿပီး ေတာ္ေတာ္နဲ႔ လႈပ္ရွားလို႔ မလြယ္ျဖစ္ေနမိတယ္… ကြ်န္ေတာ္ အသိျပန္ဝင္လာေတာ့ ေလးစားသမႈနဲ႔ နႈတ္ဆက္လိုက္တယ္… Wayoရဲ႕ ေခ်ာေမာတဲ့ ႐ုပ္ရည္က တည္ၾကည္ခန္႔ညားတဲ့ သူ႔အေဖနဲ႔ ေခ်ာေမာတဲ့ သူ႔အေမဆီက အေမြလက္ဆင့္ရ ထား တယ္ဆိုတာ ေသခ်ာေျပာႏိုင္ပါတယ္၊ Wayoအေဖက အရမ္းထက္ျမတ္တဲ့ပံုလဲ ေပၚပါတယ္၊ ကြ်န္ေတာ့္ကို တစ္ခ်က္ စိုက္ၾကည့္လိုက္တဲ့ အခ်ိန္မွာ ေက်ာ႐ိုးတစ္ေလွ်ာက္ စိမ့္ခနဲခံစားလိုက္မိတယ္… ဒါေပမယ့္ ကြ်န္ေတာ့္ကို ဘာထူးထူးျခားျခား အမူအယာလဲမျပသလို ဘာစကားမွလဲ မေျပာပါဘူး၊ ေနာက္ေတာ့ ကားမွန္ကို ျပန္တင္လိုက္ၿပီး အေရွ႕က ကားသမားကိုအိမ္ထဲ ဆက္ေမာင္းခိုင္းလိုက္တယ္… ကြ်န္ေတာ့္မွာေတာ့ သက္ျပင္းေလးကိုပဲ တိတ္တိတ္ေလး ခ်လိုက္မိတယ္…

ဒီေန႔က ကြ်န္ေတာ့္အတြက္ ႐ူးမတတ္ျဖစ္ရတဲ့ေန႔ ျဖစ္သလို Wayo ကြ်န္ေတာ့္ကိုေရွာင္ေနတဲ့အတြက္ ခံစားခ်က္ေပါင္းစံုကို တစ္ၿပိဳင္တည္း ခံစားရမိတယ္၊ ခုနက ကြ်န္ေတာ့္ကို Wayoအေဖ အကဲခတ္သြားတဲ့ အမူအယာကို ၾကည့္ျခင္းအားျဖင့္ ကြ်န္ေတာ့္ကို မၾကည္ဘဲ သေဘာမက်သလိုျဖစ္ေနတယ္လို႔ ထင္ပါတယ္၊ အႀကီးအက်ယ္ ကံဆိုးရတဲ့ အတြက္ေၾကာင့္ ကြ်န္ေတာ္ သက္ျပင္းကိုပဲ ေလးပင္စြာ ခ်လိုက္မိတယ္၊ တျဖည္းျဖည္းေမွာင္ လာေတာ့ ျခံထဲမွာ Bodyguardေတြ ဂ်ဴတီခ်ိန္း ေနတာေတြ႕ရတယ္ ဒါေၾကာင့္ မ်က္ႏွာသစ္ေတြ ထပ္ေတြ႕ရၿပီး ရန္သူအသစ္ေတြအေနနဲ႔ ဆံုရၿပီေပါ့! ကြ်န္ေတာ့္ရဲ႕ ရန္သူေတာ္ အသစ္ကေတာ့ ျခင္ေတြပါ! ကြ်န္ေတာ့္ရဲ႕ ဗိုက္ကေန ဆာေလာင္မႈေၾကာင့္ အႀကိမ္ႀကိမ္ ျမည္ေလာင္သထက္ ျမည္လာသလို ျခင္ေတြကလဲ ေလာဘတႀကီးနဲ႔ ကြ်န္ေတာ့္ကို ကိုက္ေနၾကတယ္… ကြ်န္ေတာ့္ရဲ႕ ဆာေလာင္မႈေတြနဲ႔ ျခင္ေတြရဲ႕ ကိုက္ခဲေနမႈက မခံရပ္ႏိုင္ေအာင္ပါပဲ၊ ဒါေပမယ့္ ကြ်န္ေတာ္ သည္းခံၿပီး Wayoနဲ႔ေတြ႕ခြင့္ရ ဖို႔အတြက္ ဘာမဆို ရင္ဆိုင္မွာပါ… ကြ်န္ေတာ္ သူတို႔ ျခံေရွ႕က CCTV ကင္မရာေရွ႕ ထိုင္ေနမိတယ္… ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆံုးလာသလို ခံစားရရင္း ဒူးေပၚ မ်က္ႏွာအပ္ၿပီး ေနာင္တမ်က္ရည္ေတြ က်လာမိတယ္… ကြ်န္ေတာ္ ျဖစ္ခ်င္ခဲ့တဲ့ အိမ္မက္ေတြ အနာဂါတ္ေတြဟာ တျဖည္းျဖည္း အေရာင္မွိန္သြားတယ္လို႔ ထင္မိတယ္၊ ေနာက္ေတာ့ ႐ုတ္တရတ္ ျခံတံခါးပြင့္သြားတယ္၊ ပထမေတာ့ Yoဖြင့္ေပးလိုက္တာလို႔ ထင္မိေသးတယ္၊ ဒါေပမယ့္ ေသခ်ာၾကည့္မိလိုက္ေတာ့ Yoထက္ လူေကာင္ႀကီး တာကို သတိထားမိတယ္၊ အဲဒါ Yoရဲ႕အေဖပဲ…

အခုေတာ့ သူ႔ပံုစံက ေပါ့ေပါ့ပါးပါး T shirtနဲ႔ ေဘာင္းဘီအပြတစ္ထည္ပဲသာမန္လို ဝတ္ထားပါတယ္၊ အခုမွ ေရခ်ိဳးခန္းထဲက ေရခ်ိဳးၿပီး ထြက္လာသလိုမ်ိဳး လန္းဆန္းတက္ႂကြေန သလိုပါပဲ၊ Bodyguardေတြက ဒီေဘာင္းဘီပြတိုတို ဝတ္ထားတဲ့သူ႔ကို ေလးစားသမႈနဲ႔ အ႐ိုအေသေပး ေနၾကတာကိုေတြ႕ရတယ္၊ Wayo ရဲ႕အေဖက ကြ်န္ေတာ့္ဆီ တည့္တည့္ေလွ်ာက္လာတာ ေတြ႕ေတာ့ ကြ်န္ေတာ္ နည္းနည္းေတာ့အံ့အားသင့္ ေနမိတယ္… ဒါေပမယ့္ မတ္တပ္ရပ္ၿပီး နႈတ္ဆက္ဖို႔ အားေတြမရွိသလိုခံစားေနရပါတယ္၊ ကြ်န္ေတာ့္ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းတိုင္းက ထံုက်ဥ္ေနၿပီး လႈပ္ရွားရခက္ေနပါတယ္၊ ၿပီးေတာ့ ကြ်န္ေတာ့္အေတြးထဲမွာ Yo အေဖက အကယ္၍မ်ား ကြ်န္ေတာ့္ကို စိတ္ဆိုးေနၿပီးသူ႔ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္တဲ့ Wayo ျဖစ္ခဲ့တဲ့ ကိစၥေတြအတြက္ ကြ်န္ေတာ့္ကို ႐ိုက္ႏွက္ထိုးႀကိတ္ရင္ ဘယ္လိုလုပ္မလဲဆိုၿပီး ထိတ္လန္႔ေနမိပါတယ္၊ သူ ကြ်န္ေတာ့္ကို ေသတဲ့အထိ ႐ိုက္ႏွက္ထိုးႀကိတ္မယ္ ဆိုရင္ေတာင္မွ ကြ်န္ေတာ့္ဘက္က ျပန္ခုခံဖို႔ လံုးဝမလုပ္ဘူးလို႔ ဆံုးျဖတ္ထားၿပီးသားပါ… ဒီကိစၥက ကြ်န္ေတာ့္ရဲ႕ အျပစ္ေၾကာင့္ ျဖစ္ခဲ့တာ ၿပီးေတာ့ အဲဒီ့အျပစ္အားလံုးကို ကြ်န္ေတာ္ တစ္ေယာက္ ထဲကပဲ ထိုက္ထိုက္တန္တန္ ခံယူသင့္တာ!

သူ ကြ်န္ေတာ့္ေရွ႕ မတ္တပ္လာရပ္ေတာ့ ကြ်န္ေတာ္ အသက္ကိုမနည္းရႈသြင္းရင္း ကြ်န္ေတာ့္ကို ေပးလာမယ့္ အျပစ္ကိုခံယူဖို႔ အဆင္သင့္ျပင္ထား လိုက္တယ္၊ အံ့ၾသဖို႔ေကာင္းစြာနဲ႔ Yo ရဲ႕အေဖက…

“Sawaddee Krub!”

လို႔နႈတ္ဆက္ရင္း ကြ်န္ေတာ့္ကိုကူညီၿပီး ဆြဲထူေပးလိုက္တယ္၊ ကြ်န္ေတာ္လဲ မတ္တပ္ရပ္ဖို႔ ႀကိဳးစားရင္းသူ႔ကို ျပန္နႈတ္ဆက္လိုက္တယ္၊ ၿပီးေတာ့ ကြ်န္ေတာ္ ၾကားလိုက္တဲ့စကားကိုလဲ မယံုႏိုင္ျဖစ္ေနမိေသးတယ္၊ ကြ်န္ေတာ္ သူ႔ကို အျမန္ ျပန္ၿပီး နႈတ္ဆက္လိုက္တယ္…

Pha-- Sawaddee Krub!!

“ မင္းက အရမ္းၾကည့္ေကာင္းတဲ့ ေကာင္ေလး ျဖစ္လာတာပဲ…!!”

သူ႔စကားေၾကာင့္ ကြ်န္ေတာ္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားမိပါတယ္၊ ကြ်န္ေတာ့္ကိုမ်ား သူေတြ႕ဖူးေနတာလား မသိပါဘူး၊ ျဖစ္ခဲ့တာေတြအတြက္ ကြ်န္ေတာ့္အေပၚ လံုးဝ ေဒါသထြက္ေနျခင္းမရွိတဲ့အတြက္လဲ နားမလည္ႏိုင္ေအာင္ ျဖစ္မိတယ္၊ ကြ်န္ေတာ့္အေပၚ မုန္းတီးမႈေတြ၊ ရန္လိုတဲ့ အျပဳအမူေတြလဲ အရိပ္အေယာင္ေတာင္ မရွိပါဘူး၊ သူ႔အသံက အရမ္းကို ေအးခ်မ္းေနပါတယ္၊

Pha-- ကြ်န္ေတာ္ အခုလို ျဖစ္တာေတြအတြက္ ေတာင္းပန္ပါတယ္ ဆရာ…

ကြ်န္ေတာ့္စကားမဆံုးခင္မွာပဲ သူ႔ဘက္က ျဖတ္ၿပီး ဝင္ေျပာလိုက္တယ္

“Daddy လို႔ပဲေခၚပါ… ”

ကြ်န္ေတာ္ ေရဓါတ္ေတြ ခန္းေျခာက္ၿပီး ဦးေႏွာက္မ်ား ပ်က္သြားတာလားလို႔ ထင္မိပါတယ္၊ ဒါမွမဟုတ္ ႐ူးေနတဲ့ ျခင္ေတြကိုက္မိလို႔ ကြ်န္ေတာ္မ်ား ႐ူးသြားတာလား!! ဒါမွမဟုတ္ ကြ်န္ေတာ္ နားၾကားပဲမွားသြားတာလား! ကြ်န္ေတာ္ စိတ္ကိုတည္ၿငိမ္ေအာင္ ျပန္ထိန္းရင္း ညင္သာစြာ ျပန္ေမးလိုက္မိတယ္၊

Pha-- ဆိုလိုတာက ကြ်န္ေတာ့္ကို အေဖလို႔ ေခၚခြင့္ေပးတာလား? ေနာက္ေတာ့ ကြ်န္ေတာ့္ကို အရင္တုန္းက ျမင္ဖူးလို႔လားခဗ်?

ကြ်န္ေတာ့္အသံက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ သိပ္မရွိေပမယ့္ ေျပာတဲ့စကားကို ရွင္းလင္းေအာင္ ျပန္ေမးမိတယ္၊

“ အရင္ကတည္းက ငါ့သားက မင္းတစ္ေယာက္တည္းကိုပဲ အၾကည့္ေတြ ရွိေနခဲ့တာပဲ… အခုမင္းကိုအကဲခတ္ဖို႔အတြက္ အခြင့္အေရးကို ငါဘယ္လိုလုပ္ လက္လႊတ္အဆံုးရႈံး ခံမလဲ!”

To be continued …
Zaw Zaw🐸💓🐸

It hurts until it does not anymore… Part-2

Pha-POV

Ming နဲ့ Kitထွက်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကြီးမားတဲ့ အဆောက်အအုံရှေ့မှာ ကျွန်တော် တစ်ယောက်တည်း အထီးကျန်စွာ ရပ်စောင့်နေမိတယ်…

ကိုယ်ချစ်ရတဲ့သူကို စောင့်ဆိုင်းနေရခြင်းက ဘဝမှာ အခက်ခဲဆုံးအရာပဲဆိုတာ သိခဲ့ရတယ်… ကျွန်တော် ဒီခက်ခဲတဲ့ဒုက္ခတွေဆီကနေ လွတ်မြောက်ချင်ပါပြီ! Wayo က ကျွန်တော့်မျက်နှာကို မတွေ့ချင်လို့ သူ့အနားကို သွားခွင့်မရခဲ့ပါဘူး… ဒါပေမယ့် ကျွန်တော် သေရင်တောင် ဒီနေရာကနေမရွေ့ဘဲ ဘယ်လောက်ပဲကြာကြာ သူ့ကိုစောင့်နေမယ်ဆိုတာ သူသိစေချင်ပါတယ်… နောက်ဆို သူရဲ့နေ့စဉ်ဘဝ ဆိုတာဘယ်လိုမျိုးလဲ…ဘယ်လိုကိစ္စမျိုးတွေက သူ့ကို ပင်ပန်းစေခဲ့လဲဆိုတာကို ကျွန်တော် သူ့နဲ့ နောက်တစ်ခါပြန်ဆုံပြီး စကားပြောခွင့်ရရင် ကျွန်တော်တို့ဆွေးနွေးဖြစ်အောင် လုပ်ရမယ်…

ပူပြင်းတဲ့နေရောင်ခြည်က ကျွန်တော် တစ်ယောက်တည်းစောင့်နေရင်းနဲ့ ကျွန်တော့်ကို အရှင်လတ်လတ် မီးကင်းတိုက်နေသလိုပါပဲ… ခဏကြာတော့ ကျွန်တော် ခဏခဏ လှမ်းမျှော်ကြည့်နေရတဲ့ ပြတင်းပေါက်နေရာလေး ဆီကနေ စာရေးပြပြီး ကျွန်တော့်ကို မြင်အောင် ပြထားတယ် …

စာကို ဖတ်ကြည့်တော့…

“ထွက်သွားပါ!!”

ကျွန်တော့်ပါးပြင်ဆီကနေ မျက်ရည်တွေ စီးကျလာမိတယ်… အခုချိန်ထိ သူ ကျွန်တော့်ရဲ့ မျက်နှာကို မမြင်ချင်လောက်တဲ့အထိ မုန်းနေပြီလား… ကျွန်တော် ဖုန်းကိုထုတ်ပြီး သူ့ဆီစာပို့လိုက်တယ်…

Pha--ကိုယ်မသွားဘူး… ကျေးဇူးပြုပြီး ကိုယ့်ကို စကားပြောခွင့်ပေးပါ…

ကျွန်တော် ခဏလောက်စောင့်နေပေမယ့် ဘာစာမှ ပြန်မပို့ပါဘူး… ပြတင်းပေါက်နားက စာလဲ မရှိတော့ပါဘူး၊

ချန်ထားခဲ့တဲ့သူအတွက်ရော… စောင့်နေရတဲ့သူ အတွက်ရော… စိတ်ပင်ပန်းဆင်းရဲစေပါတယ်… ရှိသမျှခွန်အားတွေနဲ့ မျှော်လင့်ချက် အနည်းငယ် ပေါင်းပြီး ပူပြင်းတဲ့နေရောင်အောက်မှာ Wayoတို့ အိမ်ရဲ့ခြံတံခါးရှေ့မှာ ရပ်စောင့်မြဲ စောင့်နေမိတယ်… နေ့လည်စောင်းတော့ ကျွန်တော့်အသားရေလဲ တော်တော်လေး ညစ်နွမ်းပြီး နေလောင်နေပါပြီ… ကျွန်တော့်မျက်နှာက ချွေးတွေကို လက်နဲ့သုတ်ရင်း Wayo ကိုစောင့်နေမိပေမယ့် ကျွန်တော့်ကို အထဲဝင်ခွင့် မပေးသေးပါဘူး! ကျွန်တော် သူ့ကို ဖျောင်းဖျဖို့ စာပေါင်းများစွာပို့နေမိသေးတယ်…

Pha--Yo… ကိုယ်တို့ စကားပြောရအောင်နော်…
Pha--Wayo!! Yo ဘာမှ အမှားမလုပ်ခဲ့ဘူးဆိုတာ ကိုယ်သိပါတယ် ကျေးဇူးပြုပြီး ထွက်လာပါ… ကိုယ်နဲ့ ခဏလောက်စကားပြောရအောင်!

Pha--ကိုယ်ဒီနေရောင်အောက်မှာ သေလောက်အောင် ပူနေပြီ Yo! 😢😢

Pha--ကိုယ့်ကို ချစ်သေးရဲ့လား? Yoရယ်…

ဘာစာမှပြန်မပို့ထားတဲ့အတွက် ကျွန်တော့်ဖုန်းဆီက တိတ်ဆိတ်နေမှုကို တွေ့ရတယ် ၊ ကျွန်တော့်မျက်နှာ ကနေချွေးကို ထပ်သုတ်လိုက်တယ်၊ ကျွန်တော့် တကိုယ်လုံး ချွေးတွေရွှဲနစ်နေအောင် ထွက်နေပါတယ်၊ ကျွန်တော့်လည်ချောင်းတွေလဲ ခြောက်လာပြီး ရေအရမ်းဆာလာမိတယ်၊ ဒီလိုပုံမျိုးနဲ့ဆို အချိန်မရွေး ကျွန်တော် မူးမေ့ သတိလစ်သွားနိုင်ပေမယ့် စိတ်ကိုတင်းရင်း ရပ်နေမိတယ်… သူ့ရဲ့ သနားညှာတာမှုကို မရနိုင်သေးပါဘူး… ကျွန်တော့်ပုံက တကယ့်ကို သနားဖို့ကောင်းလောက်အောင် မြင်ရုံနဲ့ ရင်ကွဲမတတ် စာနာပေးနိုင်ကြလို့ Bodyguard တစ်ယောက်က ကျွန်တော့်ကိုလှမ်းအော်ပြောလိုက် တယ်…

“ ဒီအတိုင်း အိမ်သာပြန်ပါတော့ မနက်ဖြန်မှ ပြန်လာခဲ့!”

တခြား Guardတွေကလဲ မနေနိုင်တော့ဘဲ ဝင်ပြောကြတယ်…

“ အိမ်ပြန်ပါတော့ခဗျ!!”

တခါတခါ ကျွန်တော့်ကို သူတို့က စိုးရိမ်လာကြပြီး မေးကြတယ်…

“မင်း ရေဆာသေးလား…”
“တစ်ခုခု စားချင်သေးလား…”

ကျွန်တော် ဗိုက်ဆာပြီး ရေအရမ်းဆာပေမယ့် အရှုံးပေးတဲ့ လက္ခဏာ လုံးဝမပြပါဘူး၊ ဒါကြောင့် ခေါင်းကိုသာ အခါခါရမ်းပြီး ဘာမှမလိုဘူးဆိုပြီး ပေရပ်နေမိတယ်… အခုချိန်မှာ ကျွန်တော် လိုအပ်နေတာ တစ်ခုထဲပါပဲ… Wayoနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်မိတာပါပဲ… သူပြန် ပြုံးပျော်လာတာကို ကျွန်တော် မြင်ချင်မိတယ်… ကျွန်တော် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်မိတယ်… ပြီးတော့ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျွန်တော် သူ့ကို ချစ်နေတုန်းပဲဆိုတာ ပြောပြချင်ပါတယ်… ဒါပေမယ့် ကျွန်တော့်မှာ သူ့ခြံ ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး… အကယ်၍ Yo သာ ကျွန်တော်နဲ့ ပြိုင်ပြီး တင်းခံနေတာဆိုရင်တော့ ကျွန်တော် သူ့ကို ဘယ်တော့မှမရှုံးစေရပါဘူး…

အချိန်တွေအကြာကြီး စောင့်ပြီးတဲ့နောက် နိုင်ငံခြားဖြစ် တန်ဖိုးကြီးကားတစ်စီးက Wayoတို့ ခြံ ရှေ့ထိုးဆိုက်လာတယ်… ကားရဲ့ အနောက်ထိုင်ခုံ မှန်က တဖြေးဖြေးကျလာပြီး မြင်ဖူးသလိုလို မျက်နှာမျိုးကို တွေ့လိုက်ရတယ်… သူ့ရဲ့ တည်ကြည်အေးစက်လွန်းတဲ့ စူးရှတဲ့အကြည့်က ကျွန်တော် ခြေဖျား လက်ဖျားတွေ အေးပြီး ကြက်သီးထသွားမိတယ်… ကျွန်တော် အကြာကြီး ရပ်နေမိလို့ ခြေထောက်တွေ ထုံကျဉ်နေပြီး တော်တော်နဲ့ လှုပ်ရှားလို့ မလွယ်ဖြစ်နေမိတယ်… ကျွန်တော် အသိပြန်ဝင်လာတော့ လေးစားသမှုနဲ့ နှုတ်ဆက်လိုက်တယ်… Wayoရဲ့ ချောမောတဲ့ ရုပ်ရည်က တည်ကြည်ခန့်ညားတဲ့ သူ့အဖေနဲ့ ချောမောတဲ့ သူ့အမေဆီက အမွေလက်ဆင့်ရ ထား တယ်ဆိုတာ သေချာပြောနိုင်ပါတယ်၊ Wayoအဖေက အရမ်းထက်မြတ်တဲ့ပုံလဲ ပေါ်ပါတယ်၊ ကျွန်တော့်ကို တစ်ချက် စိုက်ကြည့်လိုက်တဲ့ အချိန်မှာ ကျောရိုးတစ်လျှောက် စိမ့်ခနဲခံစားလိုက်မိတယ်… ဒါပေမယ့် ကျွန်တော့်ကို ဘာထူးထူးခြားခြား အမူအယာလဲမပြသလို ဘာစကားမှလဲ မပြောပါဘူး၊ နောက်တော့ ကားမှန်ကို ပြန်တင်လိုက်ပြီး အရှေ့က ကားသမားကိုအိမ်ထဲ ဆက်မောင်းခိုင်းလိုက်တယ်… ကျွန်တော့်မှာတော့ သက်ပြင်းလေးကိုပဲ တိတ်တိတ်လေး ချလိုက်မိတယ်…

ဒီနေ့က ကျွန်တော့်အတွက် ရူးမတတ်ဖြစ်ရတဲ့နေ့ ဖြစ်သလို Wayo ကျွန်တော့်ကိုရှောင်နေတဲ့အတွက် ခံစားချက်ပေါင်းစုံကို တစ်ပြိုင်တည်း ခံစားရမိတယ်၊ ခုနက ကျွန်တော့်ကို Wayoအဖေ အကဲခတ်သွားတဲ့ အမူအယာကို ကြည့်ခြင်းအားဖြင့် ကျွန်တော့်ကို မကြည်ဘဲ သဘောမကျသလိုဖြစ်နေတယ်လို့ ထင်ပါတယ်၊ အကြီးအကျယ် ကံဆိုးရတဲ့ အတွက်ကြောင့် ကျွန်တော် သက်ပြင်းကိုပဲ လေးပင်စွာ ချလိုက်မိတယ်၊ တဖြည်းဖြည်းမှောင် လာတော့ ခြံထဲမှာ Bodyguardတွေ ဂျူတီချိန်း နေတာတွေ့ရတယ် ဒါကြောင့် မျက်နှာသစ်တွေ ထပ်တွေ့ရပြီး ရန်သူအသစ်တွေအနေနဲ့ ဆုံရပြီပေါ့! ကျွန်တော့်ရဲ့ ရန်သူတော် အသစ်ကတော့ ခြင်တွေပါ! ကျွန်တော့်ရဲ့ ဗိုက်ကနေ ဆာလောင်မှုကြောင့် အကြိမ်ကြိမ် မြည်လောင်သထက် မြည်လာသလို ခြင်တွေကလဲ လောဘတကြီးနဲ့ ကျွန်တော့်ကို ကိုက်နေကြတယ်… ကျွန်တော့်ရဲ့ ဆာလောင်မှုတွေနဲ့ ခြင်တွေရဲ့ ကိုက်ခဲနေမှုက မခံရပ်နိုင်အောင်ပါပဲ၊ ဒါပေမယ့် ကျွန်တော် သည်းခံပြီး Wayoနဲ့တွေ့ခွင့်ရ ဖို့အတွက် ဘာမဆို ရင်ဆိုင်မှာပါ… ကျွန်တော် သူတို့ ခြံရှေ့က CCTV ကင်မရာရှေ့ ထိုင်နေမိတယ်… မျှော်လင့်ချက်တွေ ပျောက်ဆုံးလာသလို ခံစားရရင်း ဒူးပေါ် မျက်နှာအပ်ပြီး နောင်တမျက်ရည်တွေ ကျလာမိတယ်… ကျွန်တော် ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တွေ အနာဂါတ်တွေဟာ တဖြည်းဖြည်း အရောင်မှိန်သွားတယ်လို့ ထင်မိတယ်၊ နောက်တော့ ရုတ်တရတ် ခြံတံခါးပွင့်သွားတယ်၊ ပထမတော့ Yoဖွင့်ပေးလိုက်တာလို့ ထင်မိသေးတယ်၊ ဒါပေမယ့် သေချာကြည့်မိလိုက်တော့ Yoထက် လူကောင်ကြီး တာကို သတိထားမိတယ်၊ အဲဒါ Yoရဲ့အဖေပဲ…

အခုတော့ သူ့ပုံစံက ပေါ့ပေါ့ပါးပါး T shirtနဲ့ ဘောင်းဘီအပွတစ်ထည်ပဲသာမန်လို ဝတ်ထားပါတယ်၊ အခုမှ ရေချိုးခန်းထဲက ရေချိုးပြီး ထွက်လာသလိုမျိုး လန်းဆန်းတက်ကြွနေ သလိုပါပဲ၊ Bodyguardတွေက ဒီဘောင်းဘီပွတိုတို ဝတ်ထားတဲ့သူ့ကို လေးစားသမှုနဲ့ အရိုအသေပေး နေကြတာကိုတွေ့ရတယ်၊ Wayo ရဲ့အဖေက ကျွန်တော့်ဆီ တည့်တည့်လျှောက်လာတာ တွေ့တော့ ကျွန်တော် နည်းနည်းတော့အံ့အားသင့် နေမိတယ်… ဒါပေမယ့် မတ်တပ်ရပ်ပြီး နှုတ်ဆက်ဖို့ အားတွေမရှိသလိုခံစားနေရပါတယ်၊ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ထုံကျဉ်နေပြီး လှုပ်ရှားရခက်နေပါတယ်၊ ပြီးတော့ ကျွန်တော့်အတွေးထဲမှာ Yo အဖေက အကယ်၍များ ကျွန်တော့်ကို စိတ်ဆိုးနေပြီးသူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ Wayo ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို ရိုက်နှက်ထိုးကြိတ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး ထိတ်လန့်နေမိပါတယ်၊ သူ ကျွန်တော့်ကို သေတဲ့အထိ ရိုက်နှက်ထိုးကြိတ်မယ် ဆိုရင်တောင်မှ ကျွန်တော့်ဘက်က ပြန်ခုခံဖို့ လုံးဝမလုပ်ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ… ဒီကိစ္စက ကျွန်တော့်ရဲ့ အပြစ်ကြောင့် ဖြစ်ခဲ့တာ ပြီးတော့ အဲဒီ့အပြစ်အားလုံးကို ကျွန်တော် တစ်ယောက် ထဲကပဲ ထိုက်ထိုက်တန်တန် ခံယူသင့်တာ!

သူ ကျွန်တော့်ရှေ့ မတ်တပ်လာရပ်တော့ ကျွန်တော် အသက်ကိုမနည်းရှုသွင်းရင်း ကျွန်တော့်ကို ပေးလာမယ့် အပြစ်ကိုခံယူဖို့ အဆင်သင့်ပြင်ထား လိုက်တယ်၊ အံ့သြဖို့ကောင်းစွာနဲ့ Yo ရဲ့အဖေက…

“Sawaddee Krub!”

လို့နှုတ်ဆက်ရင်း ကျွန်တော့်ကိုကူညီပြီး ဆွဲထူပေးလိုက်တယ်၊ ကျွန်တော်လဲ မတ်တပ်ရပ်ဖို့ ကြိုးစားရင်းသူ့ကို ပြန်နှုတ်ဆက်လိုက်တယ်၊ ပြီးတော့ ကျွန်တော် ကြားလိုက်တဲ့စကားကိုလဲ မယုံနိုင်ဖြစ်နေမိသေးတယ်၊ ကျွန်တော် သူ့ကို အမြန် ပြန်ပြီး နှုတ်ဆက်လိုက်တယ်…

Pha-- Sawaddee Krub!!

“ မင်းက အရမ်းကြည့်ကောင်းတဲ့ ကောင်လေး ဖြစ်လာတာပဲ…!!”

သူ့စကားကြောင့် ကျွန်တော် ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်၊ ကျွန်တော့်ကိုများ သူတွေ့ဖူးနေတာလား မသိပါဘူး၊ ဖြစ်ခဲ့တာတွေအတွက် ကျွန်တော့်အပေါ် လုံးဝ ဒေါသထွက်နေခြင်းမရှိတဲ့အတွက်လဲ နားမလည်နိုင်အောင် ဖြစ်မိတယ်၊ ကျွန်တော့်အပေါ် မုန်းတီးမှုတွေ၊ ရန်လိုတဲ့ အပြုအမူတွေလဲ အရိပ်အယောင်တောင် မရှိပါဘူး၊ သူ့အသံက အရမ်းကို အေးချမ်းနေပါတယ်၊

Pha-- ကျွန်တော် အခုလို ဖြစ်တာတွေအတွက် တောင်းပန်ပါတယ် ဆရာ…

ကျွန်တော့်စကားမဆုံးခင်မှာပဲ သူ့ဘက်က ဖြတ်ပြီး ဝင်ပြောလိုက်တယ်

“Daddy လို့ပဲခေါ်ပါ… ”

ကျွန်တော် ရေဓါတ်တွေ ခန်းခြောက်ပြီး ဦးနှောက်များ ပျက်သွားတာလားလို့ ထင်မိပါတယ်၊ ဒါမှမဟုတ် ရူးနေတဲ့ ခြင်တွေကိုက်မိလို့ ကျွန်တော်များ ရူးသွားတာလား!! ဒါမှမဟုတ် ကျွန်တော် နားကြားပဲမှားသွားတာလား! ကျွန်တော် စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းရင်း ညင်သာစွာ ပြန်မေးလိုက်မိတယ်၊

Pha-- ဆိုလိုတာက ကျွန်တော့်ကို အဖေလို့ ခေါ်ခွင့်ပေးတာလား? နောက်တော့ ကျွန်တော့်ကို အရင်တုန်းက မြင်ဖူးလို့လားခဗျ?

ကျွန်တော့်အသံက ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်မရှိပေမယ့် ပြောတဲ့စကားကို ရှင်းလင်းအောင် ပြန်မေးမိတယ်၊

“ အရင်ကတည်းက ငါ့သားက မင်းတစ်ယောက်တည်းကိုပဲ အကြည့်တွေ ရှိနေခဲ့တာပဲ… အခုမင်းကိုအကဲခတ်ဖို့အတွက် အခွင့်အရေးကို ငါဘယ်လိုလုပ် လက်လွှတ်အဆုံးရှုံး ခံမလဲ!”

To be continued …
Zaw Zaw🐸💓🐸

Continue Reading

You'll Also Like

81.8K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
40.6K 2.9K 72
ဖတ်ကြည့်နော်😉😉
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
57.5K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...