2 moons Season3

By Zaw27MoonChild

246K 13.9K 983

Credit ရၿပီး ေရးသားထားပါတယ္။ Moonerေတြ ႀကိဳက္ႏွစ္သက္ေအာင္ sentenceေတြ မ႐ိုင္းရေအာင္ျပင္ဆင္ ထားပါတယ္။ 18+ Matu... More

Guilty as charged!
Sorry! I already had my wife... Part-1
Sorry ...! I already had my wife ... Part-2
Sorry ... I already had my wife! Part-3
Every cloud has a silver lining ... Part-1
Every cloud has a silver lining Part-2
It is not love but jealousy ... Part-1
It is not not love but jealousy ... Part-2
My beautiful nightmare ... Part-1
My beautiful nightmare Part-2
It hurts until it does not anymore ... Part-1
It hurts until it does not anymore ... Part-2
It hurts until it does not anymore ... Part-3
No storm can last forever... Part-1
No storm can last forever... Part-2
No storm can last forever ... Part-3
Love in competition ... Part-1
Love in competition... Part-2
Love in competition ... Part-3
Baby's Breath aka filler flower... Part-1
Baby's breath aka filler flower... Part-2
Ex- Boyfriend on the beach... Part-1
Ex - Boyfriend on the beach ... Part-2
Ex- Boyfriend on the beach... Part-3
Family in you... Part-1
Family in you...Part-2
Family in you...Part_3
Family in you. .Part-4
Sweet Revenge 😏 Part-1
Sweet Revenge. .Part 2
Moon courting another Moon (2Moons)

For July Spoiler

7.4K 461 22
By Zaw27MoonChild

It hurts until it does not anymore! Spoiler

Pha-POV

႐ုတ္တရတ္ တန္ဖိုးႀကီးကားအခ်ိဳ႕ ေရာက္လာၿပီး အေဆာင္ေရွ႕မွာ လာရပ္ၾကတယ္… ေနာက္ေတာ့ အနက္ေရာင္ Suit ကို ဝတ္ထားတဲ့ အသက္အလတ္ပိုင္းအရြယ္ ေယာက်ာၤးတစ္ေယာက္ ကားေပၚကေန ဆင္းလာတယ္… မ်က္ႏွာထားက တည္ၾကည္ၿပီး ေလးနက္တဲ့ မ်က္ႏွာနဲ႔ Wayo ဆီ ေလွ်ာက္လာၿပီး Wayo ကို တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္တယ္…

“ စိတ္မပူပါနဲ႔ သားရယ္…!အခု ေဖေဖ
ေရာက္လာၿပီ!”

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကြ်န္ေတာ္ ေန႔လည္ပိုင္း အတန္းခ်ိန္နဲ႔ စာေမးပြဲကိုပါ မသြားဘဲ Yo အိမ္ကို လိုက္လာခဲ့တယ္… Yo ရဲ႕ သူငယ္ခ်င္း Ming လဲ သူ႔အတန္းခ်ိန္ေတြ မတက္ေတာ့ဘဲ ကြ်န္ေတာ္တို႔နဲ႔အတူ လိုက္လာတယ္…Yo ဘက္က ဘာအဆက္အသြယ္မွ မရေတာ့ဘဲ အရမ္း အံ့ၾသဖို႔ေကာင္းေအာင္ တိတ္ဆိတ္ေနတဲ့အတြက္ ကြ်န္ေတာ္ အရမ္း စိတ္ပူ မိပါတယ္၊ ကြ်န္ေတာ္ သူ႔ကို အႀကိမ္ႀကိမ္ ဆက္သြယ္ေပမယ့္ အက်ိဳးမရွိခဲ့ပါဘူး၊

Kitကကြ်န္ေတာ့္ေဘးထိုင္ခံုမွာထိုင္ရင္း အေနာက္မွာ ထိုင္ေနတဲ့Mingကို မ်က္စပစ္လိုက္တယ္… ကားထဲက အေျခအေနက ဘာစကားမွေျပာဖို႔ အဆင္မေျပ ျဖစ္ေနတာကိုး…

ေနာက္ဆံုးေတာ့ Kitက တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္ၿပီး စကားစလိုက္တယ္…

Kit-- ငါလဲ Nong Yoအတြက္ စိတ္မေကာင္းပါဘူး!

Mingကလဲ ကြ်န္ေတာ့္ ပခံုးကို အသာပုတ္လိုက္ၿပီး…

Ming--စိတ္မပူပါနဲ႔ P'Pha ! Yo ရဲ႕အေဖက အဲဒီ့ကိစၥကို တာဝန္ယူ ေျဖရွင္းေနပါၿပီ! ဟို ေခြးေကာင္ အခုဆို တစ္ေနရာမွာေတာင္ ပုန္းေနရေလာက္ၿပီ!

Kitက သက္ျပင္းကို အရွည္ႀကီးခ်လိုက္ၿပီး…

Kit-- စာေမးပြဲေတြ နီးလာကာမွ ဘာလို႔ အခုလိုေတြ ျဖစ္ေနရတာလဲ မသိပါဘူး…!

Ming-- ကြ်န္ေတာ္လဲ အဲဒါကိုေျပာတာေပါ့! အဲလိုေတြ ျဖစ္လာလိမ့္မယ္လို႔ မထင္ခဲ့ဘူး…!

Kit--ငါေရာဘဲ!

Kitကအၿမဲတမ္း ၿငိမ္းခ်မ္းေရးကိုလိုခ်င္တဲ့ ႏူးညံ့တဲ့ႏွလံုးသား ရွိတာကို အားလံုးသိတဲ့ အတိုင္းပါပဲ!ဒါေပမယ့္ Kit ဆီက ၿငိမ္းခ်မ္းမႈေတြကို အၿမဲတမ္း ေႏွာက္ယွက္ေနတတ္တဲ့ Ming တစ္ေယာက္ ရွိေနတာကိုလဲ သိတယ္မဟုတ္လား!

Ming-- Hey!! အဘြားႀကီးလို ငိုမေနနဲ႔ေလ…!
Kit--မင္းဘာေျပာတယ္!. ငါဘယ္မွာ ငိုလို႔လဲ?
Ming--ဒါဆိုလဲ… ကြ်န္ေတာ့္ကို နမ္းပါလား?

Ming နႈတ္ခမ္းစူရင္း ေရွ႕တိုးလာတယ္… ၾကည့္ရတာ ေနာက္ေနတဲ့ပံုေတာ့ မဟုတ္ပါဘူး… သူ႔ကို တကယ္နမ္းဖို႔ Kitကိုေတာင္းဆိုေနသလိုပါပဲ…
Kitက မ်က္ႏွာရဲတက္လာၿပီး…

Kit-- တိတ္စမ္း!!😒😒

ေနာက္ေတာ့ အေျခအေနက ျပန္တိတ္ဆိတ္သြားတယ္… သူတို႔ႏွစ္ေယာက္လံုး ကြ်န္ေတာ့္ကို စိတ္သက္သာရာရေအာင္ လုပ္ေပးေနမွန္းလဲ ကြ်န္ေတာ္ သိပါတယ္… အဲ… ကြ်န္ေတာ့္ကို ေျဖာင္းဖ်ရင္း ႏွစ္ေယာက္သား လာၾကည္ႏူးျပေနတာကိုလဲ ကြ်န္ေတာ္ သိပါတယ္… Yo ေရာ ကြ်န္ေတာ္ေရာ Ming ,Kit, Beamနဲ႔ Forthလို သူငယ္ခ်င္းေကာင္းေတြ ရွိေနတာ တကယ္ ကံေကာင္းပါတယ္၊ အထူးသျဖင့္ Angel အဖြဲလဲ ပါတာေပါ့! Mingနဲ႔ Kitတို႔က ကားေပၚမွာ အဘိုးႀကီးအဘြားႀကီး စံုတြဲက်ေနတာပဲ တလမ္းလံုး တစ္ေယာက္က စေနာက္လိုက္ တစ္ေယာက္က ဆူပြပြနဲ႔ စိတ္ဆိုးလိုက္နဲ႔ပါ… ဒါေပမယ့္လဲ သူတို႔ေတြ တကယ္လဲ လိုက္ဖက္ပါတယ္…

ဒါေပမယ့္လဲ Wayo အေၾကာင္းကို ျပန္စဥ္းစားလိုက္ရင္ စိတ္ေတြ ျပန္ေလးလံလာၿပီး သက္ျပင္းကို အခါခါ ခ်ေနမိျပန္တယ္… ခုနတုန္းက Wayo ေျပာခဲ့တဲ့စကားေၾကာင့္ ကြ်န္ေတာ္ စိတ္ပူမိပါတယ္… သူ႔လို မေကာင္းသတင္း ထြက္ေနတဲ့ သူကို ခ်စ္သူအျဖစ္ထားရမွာ ကြ်န္ေတာ္ ရွက္လိမ့္မယ္လို႔ သူထင္ေနတာလား?

ပထမကေတာ့ Yo က အခေၾကးေငြနဲ႔ အိပ္တဲ့သူလို႔ သတင္းေတြထြက္ၿပီး အခုေတာ့ ပံုေတြကအစ သက္ေသအေနနဲ႔ ထြက္လာေအာင္ ဟို ေခြးေကာင္က လုပ္လိုက္တယ္ဆိုေတာ့ … အေျခအေနေတြ ပိုဆိုး ကုန္တာေပါ့…! ဒါမွမဟုတ္ Yo က အဲဒီ့ပံုေတြကို ကြ်န္ေတာ္႐ိုက္ၿပီး ေလွ်ာက္ျဖန္႔ခဲ့တယ္လို႔ ထင္သြားတာလား?ေသစမ္း!!! ပိုၿပီး ႐ူးခ်င္လာၿပီ! ကြ်န္ေတာ္က အၿမဲတမ္း Yo ကို ဘယ္ေလာက္ ခ်စ္တယ္ ဆိုတဲ့အေၾကာင္းကို တျခားသူေတြကို ေျပာဖို႔အၿမဲ ဂုဏ္ယူေနမိတာပါ… ေနာက္ေတာ့ ကြ်န္ေတာ္တို႔ Yo ရဲ႕အိမ္ကို ေရာက္လာပါၿပီ…

ကြ်န္ေတာ္တို႔ကို Mingကလက္ညဳိးထိုးၿပီး အလြန္တရာ ႀကီးမားအိမ္ကို ၫႊန္ျပလိုက္တယ္…

Ming--အဲဒီ့အိမ္ပဲ P'!!

Yo က ႏိုင္ငံျခားCompanyေတြနဲ႔ရင္းနွီး ဆက္သြယ္ၿပီး Tradingလုပ္ေနတဲ့ အခ်မ္းသာဆံုး စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္ရဲ႕သားဆိုတာကို ကြ်န္ေတာ္ ေမ့ေတာ့မလိုုျဖစ္ေနတာကိုးး… သူ႔ရဲ႕မိသားစုက Thailand မွာ အခ်မ္းသာဆံုး စာရင္းဝင္ေလ… သူ႔အေဖရဲ႕ အာဏာနဲ႔ ခ်မ္းသာႂကြယ္ဝမႈအကူအညီနဲ႔ဆို ဘာမွမျဖစ္ခဲ့သလို အေျခအေနထိ ေျဖရွင္းႏိုင္မွာပါ၊

ကြ်န္ေတာ္တို႔ သူတို႔ ျခံေရွ႕ေရာက္တာနဲ႔ ကြ်န္ေတာ္ ကားေပၚက ဆင္းၿပီး ျခံတံခါးေရွ႕ဆီ အလ်င္စလို ေလွ်ာက္သြားလိုက္တယ္… အေစာင့္တစ္ေယာက္က ကြ်န္ေတာ္တို႔ကိုေတြ႕ေတာ့ လာနႈတ္ဆက္ၿပီး ေမးျမန္းေတာ့ ကြ်န္ေတာ္က…

Pha--Yo ကိုေတြ႕ခ်င္လို႔!

အေစာင့္က ကြ်န္ေတာ့္ကို ေသခ်ာၾကည့္ၿပီး ျပန္ေမးလိုက္တယ္…

Guard-- မင္းနာမည္က ဘယ္သူလဲ?

Pha--Phana! …Phana Kongtannin

ကၽြန္ေတာ့္နာမည္လဲျကားေရာ…အေစာင့္က ခ်က္ခ်င္းျပန္ေျပာတယ္…

Guard--မင္းနဲ႔ မင္းသူငယ္ခ်င္းေတြကို ဝင္ခြင့္ မျပဳ ႏိုင္ပါဘူး… သခင္ေလးက ဘယ္သူ႔ကိုမွေပးမဝင္ခိုင္း ထားပါဘူး! အထူးသျဖင့္ Phana Kongtannin ဆိုတဲ့သူကို လံုးဝ မဝင္ခိုင္းပါဘူး!

ဆိုၿပီး တည္ၾကည္ၿပီး ျပတ္သားတဲ့ ပံုစံနဲ႔ အေသအခ်ာ ျပန္ေျပာတယ္…

ကြ်န္ေတာ္ တကယ္ပဲ ေမွ်ာ္လင့္ခ်က္ေတြ မဲ့ေနပါၿပီ… အဲဒီေတာ့ ကြ်န္ေတာ္ ေနႏိုင္သေလာက္ ဒီေနရာမွာ ဒူးေထာက္ၿပီး ေစာင့္ေနရံုကလြဲၿပီး အျခား မရွိေတာ့ပါ… ေနာက္ေတာ့… ကြ်န္ေတာ့္ကို အိမ္ေပၚထပ္ ျပတင္းေပါက္ဆီကေန တစ္ေယာက္ေယာက္ လွမ္းၾကည့္ေနတာကို သတိထားမိၿပီး ေမာ့ၾကည့္လိုက္ေတာ့ နက္ရႈိင္းတဲ့ ဝမ္းနည္းမႈေတြကို သူ႔မ်က္လံုးထဲမွာ ျမင္လိုက္ရတယ္… ကြ်န္ေတာ္ သူ႔ကို ေမာ့ၿပီး လွမ္းၾကည့္ေနတာကို သူသတိထားမိေတာ့ ခ်က္ခ်င္း လိုက္ကာကိုခ်ၿပီး ကာလိုက္တာကို ကြ်န္ေတာ္ ေတြ႕လိုက္ရတယ္…

အခုဆို မနက္ 3နာရီေတာင္ထိုးေနပါၿပီ… ဒါေပမယ့္ ကြ်န္ေတာ္ မအိပ္ႏိုင္ေသးဘဲ Montri ဆီ ဖုန္းလွမ္းဆက္ရင္း အကူအညီေတာင္းလိုက္တယ္…

Pha-- Montri!! တျခားသူေတြဆီ အျဖစ္မွန္ကို ျပန္ၿပီး သတင္းျဖန္႔ေပးပါ! ေတာင္းဆိုပါတယ္…

Montri--အခုေျပာေနတာ Dr.Phaလား…? စိတ္ခ်ပါ… ကူညီပါ့မယ္…

Pha-- ေက်းဇူးျပဳၿပီး ငါ့ကို ကူညီေပးပါ… ၿပီးေတာ့ ငါ့ခ်စ္သူအတြက္ေရာေပါ့!

မေကာင္းသတင္းဆိုတာ ေတာမီးလိုပဲ ပံ်႕ႏွ႕ံတာ အရမ္း ျမန္ပါတယ္… ဒါေပမယ့္ တကယ့္ ျဖစ္ရပ္အစစ္အမွန္ကိုေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ ေျပာျပမွာေပါ့! တကယ့္စစ္မွန္တဲ့ ကြ်န္ေတာ္နဲ႔ Wayo ၾကားက ဇာတ္လမ္းကိုေပါ့!

Coming July …
Zaw Zaw😌😌

It hurts until it does not anymore! Spoiler

Pha-POV

ရုတ်တရတ် တန်ဖိုးကြီးကားအချို့ ရောက်လာပြီး အဆောင်ရှေ့မှာ လာရပ်ကြတယ်… နောက်တော့ အနက်ရောင် Suit ကို ဝတ်ထားတဲ့ အသက်အလတ်ပိုင်းအရွယ် ယောကျာၤးတစ်ယောက် ကားပေါ်ကနေ ဆင်းလာတယ်… မျက်နှာထားက တည်ကြည်ပြီး လေးနက်တဲ့ မျက်နှာနဲ့ Wayo ဆီ လျှောက်လာပြီး Wayo ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်…

“ စိတ်မပူပါနဲ့ သားရယ်…!အခု ဖေဖေ
ရောက်လာပြီ!”

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကျွန်တော် နေ့လည်ပိုင်း အတန်းချိန်နဲ့ စာမေးပွဲကိုပါ မသွားဘဲ Yo အိမ်ကို လိုက်လာခဲ့တယ်… Yo ရဲ့ သူငယ်ချင်း Ming လဲ သူ့အတန်းချိန်တွေ မတက်တော့ဘဲ ကျွန်တော်တို့နဲ့အတူ လိုက်လာတယ်…Yo ဘက်က ဘာအဆက်အသွယ်မှ မရတော့ဘဲ အရမ်း အံ့သြဖို့ကောင်းအောင် တိတ်ဆိတ်နေတဲ့အတွက် ကျွန်တော် အရမ်း စိတ်ပူ မိပါတယ်၊ ကျွန်တော် သူ့ကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အကျိုးမရှိခဲ့ပါဘူး၊

Kitကကျွန်တော့်ဘေးထိုင်ခုံမှာထိုင်ရင်း အနောက်မှာ ထိုင်နေတဲ့Mingကို မျက်စပစ်လိုက်တယ်… ကားထဲက အခြေအနေက ဘာစကားမှပြောဖို့ အဆင်မပြေ ဖြစ်နေတာကိုး…

နောက်ဆုံးတော့ Kitက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး စကားစလိုက်တယ်…

Kit-- ငါလဲ Nong Yoအတွက် စိတ်မကောင်းပါဘူး!

Mingကလဲ ကျွန်တော့် ပခုံးကို အသာပုတ်လိုက်ပြီး…

Ming--စိတ်မပူပါနဲ့ P'Pha ! Yo ရဲ့အဖေက အဲဒီ့ကိစ္စကို တာဝန်ယူ ဖြေရှင်းနေပါပြီ! ဟို ခွေးကောင် အခုဆို တစ်နေရာမှာတောင် ပုန်းနေရလောက်ပြီ!

Kitက သက်ပြင်းကို အရှည်ကြီးချလိုက်ပြီး…

Kit-- စာမေးပွဲတွေ နီးလာကာမှ ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ မသိပါဘူး…!

Ming-- ကျွန်တော်လဲ အဲဒါကိုပြောတာပေါ့! အဲလိုတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး…!

Kit--ငါရောဘဲ!

Kitကအမြဲတမ်း ငြိမ်းချမ်းရေးကိုလိုချင်တဲ့ နူးညံ့တဲ့နှလုံးသား ရှိတာကို အားလုံးသိတဲ့ အတိုင်းပါပဲ!ဒါပေမယ့် Kit ဆီက ငြိမ်းချမ်းမှုတွေကို အမြဲတမ်း နှောက်ယှက်နေတတ်တဲ့ Ming တစ်ယောက် ရှိနေတာကိုလဲ သိတယ်မဟုတ်လား!

Ming-- Hey!! အဘွားကြီးလို ငိုမနေနဲ့လေ…!
Kit--မင်းဘာပြောတယ်!. ငါဘယ်မှာ ငိုလို့လဲ?
Ming--ဒါဆိုလဲ… ကျွန်တော့်ကို နမ်းပါလား?

Ming နှုတ်ခမ်းစူရင်း ရှေ့တိုးလာတယ်… ကြည့်ရတာ နောက်နေတဲ့ပုံတော့ မဟုတ်ပါဘူး… သူ့ကို တကယ်နမ်းဖို့ Kitကိုတောင်းဆိုနေသလိုပါပဲ…
Kitက မျက်နှာရဲတက်လာပြီး…

Kit-- တိတ်စမ်း!!😒😒

နောက်တော့ အခြေအနေက ပြန်တိတ်ဆိတ်သွားတယ်… သူတို့နှစ်ယောက်လုံး ကျွန်တော့်ကို စိတ်သက်သာရာရအောင် လုပ်ပေးနေမှန်းလဲ ကျွန်တော် သိပါတယ်… အဲ… ကျွန်တော့်ကို ဖြောင်းဖျရင်း နှစ်ယောက်သား လာကြည်နူးပြနေတာကိုလဲ ကျွန်တော် သိပါတယ်… Yo ရော ကျွန်တော်ရော Ming ,Kit, Beamနဲ့ Forthလို သူငယ်ချင်းကောင်းတွေ ရှိနေတာ တကယ် ကံကောင်းပါတယ်၊ အထူးသဖြင့် Angel အဖွဲလဲ ပါတာပေါ့! Mingနဲ့ Kitတို့က ကားပေါ်မှာ အဘိုးကြီးအဘွားကြီး စုံတွဲကျနေတာပဲ တလမ်းလုံး တစ်ယောက်က စနောက်လိုက် တစ်ယောက်က ဆူပွပွနဲ့ စိတ်ဆိုးလိုက်နဲ့ပါ… ဒါပေမယ့်လဲ သူတို့တွေ တကယ်လဲ လိုက်ဖက်ပါတယ်…

ဒါပေမယ့်လဲ Wayo အကြောင်းကို ပြန်စဉ်းစားလိုက်ရင် စိတ်တွေ ပြန်လေးလံလာပြီး သက်ပြင်းကို အခါခါ ချနေမိပြန်တယ်… ခုနတုန်းက Wayo ပြောခဲ့တဲ့စကားကြောင့် ကျွန်တော် စိတ်ပူမိပါတယ်… သူ့လို မကောင်းသတင်း ထွက်နေတဲ့ သူကို ချစ်သူအဖြစ်ထားရမှာ ကျွန်တော် ရှက်လိမ့်မယ်လို့ သူထင်နေတာလား?

ပထမကတော့ Yo က အခကြေးငွေနဲ့ အိပ်တဲ့သူလို့ သတင်းတွေထွက်ပြီး အခုတော့ ပုံတွေကအစ သက်သေအနေနဲ့ ထွက်လာအောင် ဟို ခွေးကောင်က လုပ်လိုက်တယ်ဆိုတော့ … အခြေအနေတွေ ပိုဆိုး ကုန်တာပေါ့…! ဒါမှမဟုတ် Yo က အဲဒီ့ပုံတွေကို ကျွန်တော်ရိုက်ပြီး လျှောက်ဖြန့်ခဲ့တယ်လို့ ထင်သွားတာလား?သေစမ်း!!! ပိုပြီး ရူးချင်လာပြီ! ကျွန်တော်က အမြဲတမ်း Yo ကို ဘယ်လောက် ချစ်တယ် ဆိုတဲ့အကြောင်းကို တခြားသူတွေကို ပြောဖို့အမြဲ ဂုဏ်ယူနေမိတာပါ… နောက်တော့ ကျွန်တော်တို့ Yo ရဲ့အိမ်ကို ရောက်လာပါပြီ…

ကျွန်တော်တို့ကို Mingကလက်ညိုးထိုးပြီး အလွန်တရာ ကြီးမားအိမ်ကို ညွှန်ပြလိုက်တယ်…

Ming--အဲဒီ့အိမ်ပဲ P'!!

Yo က နိုင်ငံခြားCompanyတွေနဲ့ရင်းနှီး ဆက်သွယ်ပြီး Tradingလုပ်နေတဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့သားဆိုတာကို ကျွန်တော် မေ့တော့မလိုုဖြစ်နေတာကိုးး… သူ့ရဲ့မိသားစုက Thailand မှာ အချမ်းသာဆုံး စာရင်းဝင်လေ… သူ့အဖေရဲ့ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုအကူအညီနဲ့ဆို ဘာမှမဖြစ်ခဲ့သလို အခြေအနေထိ ဖြေရှင်းနိုင်မှာပါ၊

ကျွန်တော်တို့ သူတို့ ခြံရှေ့ရောက်တာနဲ့ ကျွန်တော် ကားပေါ်က ဆင်းပြီး ခြံတံခါးရှေ့ဆီ အလျင်စလို လျှောက်သွားလိုက်တယ်… အစောင့်တစ်ယောက်က ကျွန်တော်တို့ကိုတွေ့တော့ လာနှုတ်ဆက်ပြီး မေးမြန်းတော့ ကျွန်တော်က…

Pha--Yo ကိုတွေ့ချင်လို့!

အစောင့်က ကျွန်တော့်ကို သေချာကြည့်ပြီး ပြန်မေးလိုက်တယ်…

Guard-- မင်းနာမည်က ဘယ်သူလဲ?

Pha--Phana! …Phana Kongtannin

ကျွန်တော့်နာမည်လဲကြားရော…အစောင့်က ချက်ချင်းပြန်ပြောတယ်…

Guard--မင်းနဲ့ မင်းသူငယ်ချင်းတွေကို ဝင်ခွင့် မပြု နိုင်ပါဘူး… သခင်လေးက ဘယ်သူ့ကိုမှပေးမဝင်ခိုင်း ထားပါဘူး! အထူးသဖြင့် Phana Kongtannin ဆိုတဲ့သူကို လုံးဝ မဝင်ခိုင်းပါဘူး!

ဆိုပြီး တည်ကြည်ပြီး ပြတ်သားတဲ့ ပုံစံနဲ့ အသေအချာ ပြန်ပြောတယ်…

ကျွန်တော် တကယ်ပဲ မျှော်လင့်ချက်တွေ မဲ့နေပါပြီ… အဲဒီတော့ ကျွန်တော် နေနိုင်သလောက် ဒီနေရာမှာ ဒူးထောက်ပြီး စောင့်နေရုံကလွဲပြီး အခြား မရှိတော့ပါ… နောက်တော့… ကျွန်တော့်ကို အိမ်ပေါ်ထပ် ပြတင်းပေါက်ဆီကနေ တစ်ယောက်ယောက် လှမ်းကြည့်နေတာကို သတိထားမိပြီး မော့ကြည့်လိုက်တော့ နက်ရှိုင်းတဲ့ ဝမ်းနည်းမှုတွေကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်… ကျွန်တော် သူ့ကို မော့ပြီး လှမ်းကြည့်နေတာကို သူသတိထားမိတော့ ချက်ချင်း လိုက်ကာကိုချပြီး ကာလိုက်တာကို ကျွန်တော် တွေ့လိုက်ရတယ်…

အခုဆို မနက် 3နာရီတောင်ထိုးနေပါပြီ… ဒါပေမယ့် ကျွန်တော် မအိပ်နိုင်သေးဘဲ Montri ဆီ ဖုန်းလှမ်းဆက်ရင်း အကူအညီတောင်းလိုက်တယ်…

Pha-- Montri!! တခြားသူတွေဆီ အဖြစ်မှန်ကို ပြန်ပြီး သတင်းဖြန့်ပေးပါ! တောင်းဆိုပါတယ်…

Montri--အခုပြောနေတာ Dr.Phaလား…? စိတ်ချပါ… ကူညီပါ့မယ်…

Pha-- ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ… ပြီးတော့ ငါ့ချစ်သူအတွက်ရောပေါ့!

မကောင်းသတင်းဆိုတာ တောမီးလိုပဲ ပျံ့ နှံ့တာ အရမ်း မြန်ပါတယ်… ဒါပေမယ့် တကယ့် ဖြစ်ရပ်အစစ်အမှန်ကိုတော့ ကျွန်တော်ကိုယ်တိုင် ပြောပြမှာပေါ့! တကယ့်စစ်မှန်တဲ့ ကျွန်တော်နဲ့ Wayo ကြားက ဇာတ်လမ်းကိုပေါ့!

Coming July …
Zaw Zaw😌😌

Continue Reading

You'll Also Like

31.9K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
78.4K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
944K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
582K 36.7K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...