2 moons Season3

By Zaw27MoonChild

246K 13.9K 983

Credit ရၿပီး ေရးသားထားပါတယ္။ Moonerေတြ ႀကိဳက္ႏွစ္သက္ေအာင္ sentenceေတြ မ႐ိုင္းရေအာင္ျပင္ဆင္ ထားပါတယ္။ 18+ Matu... More

Guilty as charged!
Sorry! I already had my wife... Part-1
Sorry ...! I already had my wife ... Part-2
Sorry ... I already had my wife! Part-3
Every cloud has a silver lining ... Part-1
Every cloud has a silver lining Part-2
It is not love but jealousy ... Part-1
It is not not love but jealousy ... Part-2
My beautiful nightmare ... Part-1
For July Spoiler
It hurts until it does not anymore ... Part-1
It hurts until it does not anymore ... Part-2
It hurts until it does not anymore ... Part-3
No storm can last forever... Part-1
No storm can last forever... Part-2
No storm can last forever ... Part-3
Love in competition ... Part-1
Love in competition... Part-2
Love in competition ... Part-3
Baby's Breath aka filler flower... Part-1
Baby's breath aka filler flower... Part-2
Ex- Boyfriend on the beach... Part-1
Ex - Boyfriend on the beach ... Part-2
Ex- Boyfriend on the beach... Part-3
Family in you... Part-1
Family in you...Part-2
Family in you...Part_3
Family in you. .Part-4
Sweet Revenge 😏 Part-1
Sweet Revenge. .Part 2
Moon courting another Moon (2Moons)

My beautiful nightmare Part-2

7.9K 477 31
By Zaw27MoonChild

My beautiful nightmare Part-2

Phana-POV

Yo ရဲ႕ အခန္းတံခါးကလဲ အသာဟေနတာကို စဥ္းစားမိေတာ့… … ကြ်န္ေတာ္ အေသအခ်ာကို မွတ္မိပါတယ္ ကြ်န္ေတာ္ အျပင္ကိုထြက္ေတာ့ တံခါးကို ေသခ်ာ ပိတ္သြားတယ္ဆိုတာ… အခ်ိန္မဆိုင္းဘဲ Yo ရဲ႕ ခႏၶာကိုယ္တစ္ေလွ်ာက္ ဘာမူမမွန္တာမ်ား ရွိမလဲဆိုၿပီးေတာ့ ရွာလိုက္မိတယ္… ဒါေပမယ့္လဲ ဘာမွ အလြယ္တကူရွာလို႔မရေလာက္ေအာင္ကို Yoရဲ႕အသားေရက ျဖဴေဖြးလြန္းေနတယ္…

ကြ်န္ေတာ္ သူ႔လည္တိုင္နားက အနီကြက္ေလးေတြ ကိုပဲေတြ႕မိတယ္… ဒါေပမယ့္ … ခန္႔မွန္းၾကည့္ေလ… အဲဒါေတြက ေစာေစာအခ်ိန္တုန္းက ကြ်န္ေတာ္တို႔ ၾကည္ႏူးေနတဲ့အခ်ိန္မွာ ထင္က်န္ခဲ့တဲ့ အခ်စ္အမွတ္အသားေတြေလ… ဒါေၾကာင့္ Wayo အတြက္ စိတ္ပူတာေတြေလ်ာ့ၿပီး ဘာမွမျဖစ္ေလာက္ဘူး ထင္ခဲ့ေပမယ့္ တကယ္တမ္း Wayo ဘဝအတြက္ အဆိုးရြားဆံုးအျဖစ္တစ္ခု ျဖစ္လာခဲ့မယ္လို႔ မထင္ခဲ့တဲ့ ကြ်န္ေတာ့္ အမွားပါ…
ဘာမွမထူးျခားသလို ကေလးတစ္ေယာက္လို ျဖဴစင္စြာ အိပ္ေပ်ာ္ေနတဲ့ Wayo နားမွာ ကြ်န္ေတာ္ ကိုယ့္စာကို ျပန္ဖတ္ေနလိုက္မိတယ္…

ေနာက္တစ္ေန႔ …

THE STORM IS COMING… 🌩🌩🌩🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ဒီေန႔ ကြ်န္ေတာ္ စာေမးပြဲ ႏွစ္ခ်ိန္ေတာင္ ရွိပါတယ္… စာေမးပြဲ မေျဖခင္ Lecture ခ်ိန္တစ္ခ်ိန္ တက္ရေသးတယ္… အေၾကာင္းရင္း တစ္ခ်ိဳ႕ေၾကာင့္ အတန္းထဲမွာ ထိုင္ေနရင္း ကြ်န္ေတာ့္စိတ္ေတြ ေလးလံေနမိတယ္… whiteboard ကစာေတြကို အာရံုမစိုက္ႏိုင္ဘဲနဲ႔ နာရီကိုပဲ ငံု႔ၾကည့္ရင္း အခ်ိန္ေတြကို ျမန္ျမန္ကုန္ေစခ်င္မိတယ္… Yo တစ္ေယာက္ ကြ်န္ေတာ့္စာေရာ Line ကိုပါ Reply ျပန္မလုပ္ထားတဲ့အတြက္ အရမ္းကို စိတ္ပူမိေနၿပီ… ကြ်န္ေတာ္ စိတ္ပူလို႔ စာေတြပို႔ထားေပမယ့္ Wayo က တစ္ေစာင္တစ္ေလေတာင္ ျပန္မပို႔ထားပါဘူး… ကြ်န္ေတာ္ သူ႔ဖုန္းကို ေခၚၾကည့္ေပမယ့္လဲ မကိုင္ပါဘူး… တစ္ခုခုေတာ့ဆိုးဆိုးဝါးဝါး မွားေနၿပီလို႔ ကြ်န္ေတာ္ ခံစားမိလာတယ္… ကြ်န္ေတာ္ တစ္ခ်ိန္တည္းမွာပဲ စိုးရိမ္လာမိသလို အရမ္းလဲ စိုးေၾကာက္လာမိတယ္… ကြ်န္ေတာ့္ေဘးနားမွာ ထိုင္ေနတဲ့ သူငယ္ခ်င္းေတြက ပါ အလြယ္တကူ သတိထားမိရေလာက္ေအာင္ ကြ်န္ေတာ့္ပံုစံက မူပ်က္ေနပါတယ္…

ဆရာမဆီက ေန႔လည္စာအခ်ိန္နားမယ္ဆိုတဲ့ စကား ၾကားလိုက္ကတည္းက ကြ်န္ေတာ့္ ႏွလံုးသားက အခုန္ျမန္လာၿပီး ရပ္တန္႔သြားမတတ္ ျဖစ္မိတယ္… ဒါေၾကာင့္ ကြ်န္ေတာ္ အခန္းထဲကေန အျမန္ဆံုး အလ်င္စလိုနဲ႔ထြက္လိုက္ၿပီး ကြ်န္ေတာ့္ ေျခေထာက္ကေျပးႏိုင္သေလာက္ အျမန္ဆံုးနႈန္းနဲ႔ သိပၸံအေဆာင္ကို တန္းၿပီးေျပးသြားလိုက္တယ္… ကြ်န္ေတာ့္သူငယ္ခ်င္းေတြေတာင္ ကြ်န္ေတာ့္ေနာက္ကို မီေအာင္ မလိုက္လာႏိုင္ပါဘူး၊ အဲဒီ့ကို ေျပးသြားတဲ့ တစ္လမ္းလံုး ကြ်န္ေတာ္ ကိုယ့္ကိုကိုယ္ေတာင္ စိတ္နဲ႔ကိုယ္မကပ္မိပါဘူး… ဘာမွေရေရရာရာ မရွိေတာ့ဘဲ အားလံုးက ဟာတာတာႀကီးလို႔ ထင္မိတယ္… ကြ်န္ေတာ့္ ေခါင္းထဲမွာ Wayo တစ္ေယာက္ထဲရွိၿပီး အကယ္၍မ်ား … ဒါမွမဟုတ္ … တစ္ခုခုမ်ား ျဖစ္ေနသလား… ဆိုတဲ့ အေတြးေတြနဲ႔ ျပည့္ၾကပ္ေနတယ္… စိုးရိမ္ ပူပန္ေနမိတယ္ ဆိုတာထက္ ေၾကာက္ရြံ႔ေနမိသလို ထူးဆန္းတဲ့ ခံစားခ်က္ႀကီးကို ခံစားမိတယ္… တစ္ခုခုမ်ား ဆိုးရြားတဲ့အျဖစ္ တစ္ခု ျဖစ္ေနမလားဆိုတဲ့ အေတြးက ကြ်န္ေတာ့္ႏွလံုးခုန္သံကို ျမန္ဆန္ေစပါတယ္…

သိပၸံေဆာင္က ကြ်န္ေတာ္တို႔ေဆးေက်ာင္းနဲ႔ အေတာ္ေလးကို ေဝးပါတယ္… ကြ်န္ေတာ္ အဲဒီ့ကိုေရာက္တာနဲ႔ Cafeteria ဘက္ကို ေျပးသြားလိုက္တယ္… ေန႔လည္စာ စားခ်ိန္မို႔ ေက်ာင္းသားေတြ အဲဒီမွာပဲ ရွိၾကမွာပါ… အထဲ ေရာက္ေတာ့ ကြ်န္ေတာ့္ သူငယ္ခ်င္းႏွစ္ေယာက္ကို ခဏေစာင့္လိုက္တယ္… သူတို႔ႏွစ္ေယာက္ ေရာက္လာေတာ့မွ Canteen မွာ ျပန္႔ကဲ်ေနတဲ့ စာရြက္ေတြကို ျမင္မိတယ္…ၿပီးေတာ့ အဲဒီ့စာရြက္ေတြက စားပြဲ တစ္ခ်ိဳ႕မွာလဲ တင္လွ်က္ ရွိေနၾကတယ္…

Kit-- ေသစမ္း!!! Pha!!

Kit က ကြ်န္ေတာ္ … ဒါမွမဟုတ္ ကြ်န္ေတာ့္ရဲ႕ အသဲတစ္ျခမ္းဆီမွာ တစ္ခုခု ဆိုးဆိုးရြားရြား ျဖစ္သြားတဲ့အသံနဲ႔… ကြ်န္ေတာ့္နာမည္ကို အလန္႔တၾကား ေခၚလိုက္တယ္… Beam နဲ႔ Kit တို႔က ၾကမ္းျပင္မွာ ျပန္က်ဲေနတဲ့ ေၾကာ္ျငာစာရြက္ေတြ ေကာက္ေနတုန္း ကြ်န္ေတာ္က Canteen တစ္ခုလံုးကို Wayo နဲ႔ သူ႔ Angel Gang မ်ား ဘယ္မွာရွိေနမလဲဆိုၿပီး အသည္းအသန္ ရွာေနမိတယ္.

Beamေရာ Kit ေရာ တၿပိဳင္တည္း ကြ်န္ေတာ့္ကို စိုးရိမ္သလိုၾကည့္ၿပီး…

Beam-- Pha! မင္းအရင္ဆံုး စိတ္ကို ၿငိမ္ေအာင္ ထိန္းပါ့မယ္လို႔ ကတိေပးစမ္းပါကြာ!

Beamနဲ႔ Kit ရဲ႕ စိတ္ရႈပ္ေနတဲ့ မ်က္ႏွာေတြနဲ႔ ပေဟဠိ ျဖစ္ေနတဲ့ အမူအယာေတြနဲ႔ ကြ်န္ေတာ့္ကို ၾကည့္ေနၾကတယ္… ကြ်န္ေတာ့္ရဲ႕ အဆိုးရြားဆံုး အိမ္မက္ေတြက တကယ္ ျဖစ္လာခဲ့ၿပီး ကြ်န္ေတာ္ အရမ္းအသိ ေနာက္က်ခဲ့ပါတယ္… အရမ္းကို ေနာက္က်သြားၿပီ… တကယ္ကို ေနာက္က်ခဲ့ၿပီ…! ကြ်န္ေတာ့္ႏွလံုးသားေတြ အဆက္မျပတ္ တုန္ခါေနသလို ကြ်န္ေတာ့္ေခါင္းတခုလံုးလဲ ခ်ာခ်ာလည္ေအာင္ မူးေဝလာတယ္… ကြ်န္ေတာ္ သက္ျပင္းရွည္ကို မသက္မသာ ခ်လိုက္ရင္း ေမးလိုက္တယ္…

Pha-- ဘာျဖစ္လို႔လဲ? ငါ့ကိုေျပာစမ္းပါ!!!

သူတို႔ ကြ်န္ေတာ့္ကို ျပန္မေျပာခင္ ကြ်န္ေတာ္ Kit လက္ထဲက စာရြက္ကို ဆြဲယူၾကည့္လိုက္တယ္…

ကြ်န္ေတာ့္ရဲ႕ လွပတဲ့အခ်စ္ညေလးက အခုေတာ့ ကြ်န္ေတာ့္အတြက္ အိမ္မက္ဆိုးတစ္ခုအေနနဲ႔ ေျပာင္းလဲသြားတယ္…

ကြ်န္ေတာ့္Wayo အေပၚမွာ အေပၚအကႌ် မပါတဲ့ ေယာက်ာၤးတစ္ေယာက္နဲ႔ တြဲ႐ိုက္ထားတဲ့ပံုပါ… Wayo ရဲ႕ မ်က္လံုးေတြက ပိတ္ေနၿပီး သူ႔ပံုစံက ေဆးခတ္ခံထားရသလို … သတိလစ္ေမ့ေမ်ာေနတဲ့ ပံုစံမ်ိဳး ျဖစ္ေနတယ္… ဒီပံုက Video clip တစ္ခုကေန screenshot လုပ္ထားတဲ့ပံုမွန္း သိသာပါတယ္… ကြ်န္ေတာ္ အလန္႔တၾကား ရင္ေခါင္းကြဲမတတ္ ေအာ္မိမလိုျဖစ္သြားေပမယ့္ ကြ်န္ေတာ့္လည္ပင္းဆီကေန ဘာအသံမွထြက္မလာႏိုင္ေလာက္ေအာင္ စိတ္ေတြေျခာက္ျခားမိတယ္… အေျခအေနေတြကို ကြ်န္ေတာ္ သေဘာေပါက္သြားမိတယ္… ကြ်န္ေတာ့္ရင္ကို ဓါးနဲ႔ အခ်က္ေပါင္းမ်ားစြာ အထိုးခံေနရသလို ခံစားရတယ္…

ကြ်န္ေတာ့္သူငယ္ခ်င္းေတြရဲ႕ စိတ္ရႈပ္စြာနဲ႔ ကြ်န္ေတာ့္ကို သနားတဲ့အၾကည့္ေတြကို ၾကည့္ေနတာကို ျမင္ရတယ္… အခု ကြ်န္ေတာ့္ေရွ႕မွာျမင္ေနရတဲ့ ပံုအရ Wayo က ဒီကိစၥနဲ႔ လံုးဝကို မပတ္သတ္ေနပါဘူးဆိုတာပါပဲ … သူက ျဖဴစင္တဲ့ သူတစ္ေယာက္ျဖစ္တယ္ ဆိုတာ ဘာသံသယမွ ရွိစရာ မလိုေအာင္ သိသာပါတယ္… တရားခံကို ကြ်န္ေတာ္ ေတြ႕ေအာင္ရွာမွျဖစ္မယ္ ဘာလို႔လဲဆိုေတာ့ ကြ်န္ေတာ္တို႔ရဲ႕ အတူေနခ်ိန္တိုင္းကို ဘယ္တုန္းကမွ Recordလုပ္ထားေလ့ မရွိခဲ့ပါဘူး…

အဲဒီ့ ဓါတ္ပံုက သိပၸံေဆာင္မွာ ေတာ္ေတာ္ နာမည္ႀကီးေနပံုရတယ္…ဒါေၾကာင့္ တကၠသိုလ္ တစ္ခုလံုးဆီ ဒီဓါတ္ပံုေတြျပန္႔သြားမွာ ကြ်န္ေတာ္ စိုးရိမ္မိပါတယ္… ကြ်န္ေတာ့္လက္ေတြနဲ႔ ခႏၶာကိုယ္တစ္ခုလံုး ထိန္းမရေအာင္ တုန္ရင္ေနမိတယ္… အဲဒီ့ စာရြက္ေတြကိုလဲ အစိတ္စိတ္ အမႊာမႊာၿဖဲပစ္ၿပီး အမိႈက္ပံုးထဲကို လႊင့္ပစ္လိုက္တယ္… ရင္ထဲက ေဒါသေတြနဲ႔ စိုးရိမ္ပူပန္မႈေတြေပါင္းၿပီး ေဒါသတႀကီး ကြ်န္ေတာ့္ သူငယ္ခ်င္းေတြကို ေအာ္ေျပာလိုက္တယ္…

Pha-- အဲဒီ့ $က်တ္သေရမရွိတဲ့ စာရြက္ေတြ အားလံုးကို ရွာၿပီး အကုန္မီးရိႈ႔ပစ္လိုက္စမ္း!!!

Kit-- ဒါ ဘယ္သူလုပ္တာလဲဆိုတာ မင္းသိလား?

ကြ်န္ေတာ္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး အံကိုႀကိတ္ရင္းMontri ကို ရွာဖို႔ ေျပးထြက္သြားလိုက္တယ္… အကယ္၍ Wayo အေၾကာင္းကို ေသေသခ်ာခ်ာ သိခ်င္ရင္ ေမးဖို႔အသင့္ဆံုးသူတစ္ေယာက္ကို ရွာပါဆိုရင္ Montriပါပဲ…

ကြ်န္ေတာ္ ကိုယ့္ကိုကိုယ္ အႀကိမ္ႀကိမ္ သတိေပးေနမိတယ္… အေရးအႀကီးဆံုးက Wayo ေဘးကင္းလံုျခံဳဖို႔ပါပဲ… အဲဒီ $က်တ္သတံုး ေကာင္ကို ရွာဖို႔က ဒုတိယအေရးႀကီးဆံုးပါ…!!

ကြ်န္ေတာ္ Montri ကို ေတြ႕တာနဲ႔ ခ်က္ခ်င္း ေမးလိုက္တယ္…

Pha-- Wayoကို ျမင္မိေသးလား?

Montri-- ေတာင္းပန္ပါတယ္. ငါလဲ မသိဘူး… ဒါေပမယ့္ သူ မနက္ကတည္းက ဒီစာရြက္ေတြျမင္ၿပီး ဒီအတိုင္းေျပးထြက္သြားတယ္… ငါတို႔လဲ စိတ္ပူၿပီး ရွာေပမယ့္ ခုထိ ရွာမေတြ႕ေသးဘူး!!

ဒါကလဲ Wayoကိုရွာဖို႔ အကူအညီ မျဖစ္ပါဘူး… ကြ်န္ေတာ့္ကိုပိုၿပီး ႐ူးခ်င္လာေအာင္ လုပ္ေနတာပဲ အဖတ္တင္ပါတယ္…

Pha-- မင္းတို႔ Yo ကိုရွာေတြ႕တာနဲ႔ ငါ့ကို ဖုန္းေခၚလိုက္ပါ!

ကြ်န္ေတာ္ ေအးစက္စက္အသံနဲ႔ေျပာၿပီး ခ်က္ခ်င္း လွည့္ထြက္လာခဲ့တယ္…

Kit က စိုးရိမ္စြာနဲ႔ ကြ်န္ေတာ့္ကို ေမးလိုက္တယ္.

Kit-- မင္းဘယ္သြားမလို႔လဲ? Pha!

Pha-- ငါ အဲဒီ့သူေတာင္းစားကို သြားရွာၿပီး အေသသတ္ပစ္မယ္…

ကြ်န္ေတာ္ စိတ္တိုတိုနဲ႔ က်ယ္ေလာင္စြာ ေဒါသတႀကီး ေအာ္လိုက္မိတယ္…

သိပၸံေဆာင္ ကေန Physicsေဆာင္ကို ဘယ္လိုသြား ရတာလဲဆိုတာကို လမ္းမွာေတြ႕တဲ့ ေက်ာင္းသားတစ္ေယာက္ကို ကြ်န္ေတာ္ ေမးလိုက္တယ္… သူက ထုထည္ႀကီးမားတဲ့ အေဆာက္အအံုရဲ႕ ေနရာကို လမ္းၫႊန္လိုက္တယ္၊
စာသင္ေဆာင္ေတြကို လိုက္ရွာရင္း တစ္ေနရာမွာ Freshman ေတြနဲ႔ က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေနတဲ့ စိတ္မႏွ႕ံတဲ့ေကာင္ကို ကြ်န္ေတာ္ ေတြ႕လိုက္ရတယ္… ကြ်န္ေတာ္ သူ႔ဆီ တည့္တည့္ေလွ်ာက္သြားၿပီး ဘာစကား တစ္ခြန္းမွမဟဘဲ သူ႔ေခါင္းကို ကိုင္ကာ စားပြဲနဲ႔ အားကုန္လႊဲေဆာင့္ခ် လိုက္တယ္… ဘုရားေရ… ကြ်န္ေတာ္ သူ႔ကို မ်က္ေတာင္တစ္ခ်က္ အတြင္း အခုခ်က္ခ်င္း ဒီေနရာမွာ သတ္ပစ္လိုက္လို႔ ရေလာက္ေအာင္ အရမ္းကို ေဒါသထြက္ ေနမိပါတယ္… ကြ်န္ေတာ္ သူ႔ကို လံုးဝ သနားၫွာတာျခင္းမရွိဘဲ အားကုန္ လြဲ႐ိုက္လိုက္တယ္… အခန္းထဲမွာရွိတဲ့လူတိုင္းက ကြ်န္ေတာ့္ေဒါသနဲ႔ အျပဳအမူကို ေၾကာက္ရြံ႔ေနၾကသလို အလန္႔တၾကား ျဖစ္ေနၾကတယ္… မိန္းကေလးအခ်ိဳ႕ရဲ႕ ေၾကာက္လန္႔တၾကား ေအာ္သံေတြကိုလဲ ကြ်န္ေတာ္ ၾကားလိုက္ရတယ္… ဒါေပမယ့္ ကြ်န္ေတာ္ ဘာကိုမွ ဂ႐ုမစိုက္ပါဘူး… ကြ်န္ေတာ့္ရဲ႕ ေဒါသနဲ႔ ေဆာင့္ခ်လိုက္တဲ့ အရွိန္က Park ရဲ႕ မာေက်ာတဲ့ ဦးေခါင္းခြံကိုေတာင္ ကြဲႏိုင္ေလာက္တဲ့အထိ ေတာ္ေတာ္ျပင္းပါတယ္… သူ႔ေခါင္းကေန ေသြးေတြစီးက်လာတာကို ျမင္လိုက္ရတယ္… ေနာက္ထပ္ ထိုးႏွက္ဖို႔ျပင္လိုက္ေပမယ့္ ကြ်န္ေတာ့္သူငယ္ခ်င္းေတြ အလ်င္စလိုနဲ႔ ကြ်န္ေတာ့္ကို ဝင္ဆြဲၾကတယ္… ကြ်န္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္က အခန္းတံခါးကို ဆြဲပိတ္လိုက္တယ္ ဒီျမင္ကြင္းကို ဆရာ၊ဆရာမေတြ ျမင္သြားမွာစိုးလို႔ပါ…

Park-- ခဗ်ား အဲေလာက္ေတာင္ Wayo ကိုခ်စ္လား?

အဲဒီ့သူေတာင္းစားက ကြ်န္ေတာ့္ကို ေအာ္ေမးလိုက္တယ္… ေနာက္ေတာ့ ကြ်န္ေတာ္လဲ ျပန္ေအာ္ၿပီး ေျဖလိုက္တယ္…

Pha-- ေအး…!!! ငါသူ႔ကို သိပ္ခ်စ္လြန္းလို႔ မင္းလို ေခြးသူေတာင္းစားေကာင္လိုလူမ်ိဳးကို တခါတည္း သတ္ပစ္လို႔ရတယ္…

ကြ်န္ေတာ္ ဒီေခြးေကာင္ကို သူလာခဲ့တဲ့ ငရဲကို ျပန္ပို႔ေပးခ်င္ေလာက္ေအာင္ သတ္လိုက္ခ်င္ေပမယ့္ ကြ်န္ေတာ့္သူငယ္ခ်င္းေတြကို တင္းၾကပ္ေနေအာင္ ဖက္ထားၿပီး ဆြဲထားၾကတယ္…

Forth-- မင္း႐ူးေနလား?Pha!!!

႐ုတ္တရတ္ ဝင္လာၿပီး ေျပာလိုက္တဲ့အသံကေတာ့ ဘယ္သူမွမဟုတ္ပါဘူး… Forth ပါပဲ…

Forth-- Yo က ငါတို႔အတြက္လဲ ညီေလး တစ္ေယာက္လိုပါပဲကြ!!

Forth ေျပာေနတာကို ကြ်န္ေတာ္ လွည့္ၾကည့္ေနတုန္း… Park က ကြ်န္ေတာ့္ ညာဘက္ပါးကို အလစ္ျဖတ္ထိုးလိုက္တယ္… အရွိန္ျပင္းေပမယ့္ ကြ်န္ေတာ္ နာက်င္မႈကို မခံစား လိုက္ရပါဘူး ၾကည့္ရတာ Wayo အတြက္ စိုးရိမ္ေနတဲ့ ကြ်န္ေတာ့္စိတ္ေတြက ဘာနာက်င္မႈကိုမွ မမႈေတာ့သလို ထူပူေနမိတယ္… ကိုယ္ဟန္နည္းနည္းယိုင္သြားေပမယ့္ ျပန္ထိန္းရင္း Parkကို အႀကိမ္ႀကိမ္အခါခါ ထိုးရင္း ေအာ္ေျပာလိုက္တယ္…

Pha-- မင္းက ဘာေကာင္မို႔လို႔ ဒီလိုယုတ္မာတဲ့ အလုပ္ကို လုပ္ရတာလဲ?!!

ေနာက္ေတာ့ ကြ်န္ေတာ္ ထပ္ခါထပ္ခါ စိတ္ရွိလက္ရွိ Park ကို ထိုးႏွက္ေနမိတယ္… အဲဒီ့အခ်ိန္မွာ ဘယ္သူကမွ ကြ်န္ေတာ့္ကို ဝင္မတားရဲပါဘူး… အဲဒီ့ေကာင္ရဲ႕ မ်က္ႏွာတစ္ခုလံုး ေသြးေတြနဲ႔ ျဖစ္ေနေအာင္ စိတ္ရွိလက္ရွိ ထိုးမိတယ္၊ ေနာက္ သူ႔ကို ကန္လိုက္ေတာ့ ၾကမ္းျပင္မွာ ပံုလ်က္သား က်သြားတယ္… ကြ်န္ေတာ္က အားလံုးသိထားၾကတဲ့ Gentleman Phaတစ္ေယာက္ မဟုတ္ေတာ့ပါဘူး… ကြ်န္ေတာ့္ Wayo ကို လာထိပါးမယ့္သူဆိုရင္ ဘယ္သူ႔ကိုမဆို ဖ်က္ဆီးပစ္ဖို႔ ဝန္မေလးပါဘူး၊ Wayo အတြက္ အားလံုးကို လုပ္ရဲတယ္… တကယ္ အကုန္လုပ္ရဲပါတယ္… ကြ်န္ေတာ္ အတည္ေျပာတာပါ…

႐ုတ္တရတ္ Beamက ကြ်န္ေတာ့္ကို ကပ်ာကယာ လာဆြဲတယ္…

Beam-- Hey…! Pha!! ဆရာေတြလာေနၿပီ! သူ႔ကို ထားလိုက္ေတာ့ ငါတို႔ ထြက္သြားသင့္ၿပီ!

လာဆြဲတဲ့ Beam ကို ႐ုန္းၿပီး ကြ်န္ေတာ္ ေအာ္ေျပာလိုက္တယ္…

Pha-- လႊတ္စမ္းပါကြာ!

ကြ်န္ေတာ္ Parkဆိုတဲ့ အေကာင္ကို ဒီထက္ပိုၿပီး ပညာေပးခ်င္ေသးပါတယ္…

ဒါေပမယ့္ Beamက ကြ်န္ေတာ့္ကို အံႀကိတ္လွ်က္ တိုးတိုးေျပာလိုက္တယ္…

Beam-- သြားရေအာင္ ေဟ့ေရာင္!! ေနာက္မွ ဒီေကာင့္ကို သတ္ဖို႔အခ်ိန္ေတြလဲ ရွိပါေသးတယ္…

Pha-- ဒါေပမယ့္ ငါ့သူ႔ကို အခု သတ္ခ်င္တာ! အခုခ်က္ခ်င္းကို သတ္မွာ!!

ကြ်န္ေတာ္ စိတ္ရွိလက္ရွိေအာ္လိုက္မိတယ္…

Forth-- Pha! ေတာ္ေတာ့ !! အဲဒီ့ေကာင္က ဒီလိုလုပ္ဖို႔ေတာင္မတန္ပါဘူး…! သြားရေအာင္! ေဟ့ေရာင္!

Forthက Beamကို ကူညီၿပီး ကြ်န္ေတာ့္ကို ဝင္ဆြဲ ၿပီး အဲ့ဒီအခန္းကေန ဆြဲထုတ္လာၾကတယ္… ကြ်န္ေတာ္ အျပင္ကို ထြက္လာတာနဲ႔ လူတစ္ခ်ိဳ႕က ကြ်န္ေတာ္နဲ႔ Wayo အေၾကာင္းကို တိုးတိုးေျပာေနၾကတာကို သတိထားမိတယ္… အခုခ်ိန္ ကြ်န္ေတာ္ အသိခ်င္ဆံုးက Wayo ဘယ္လို ခံစားေနရမလဲ…?

လူေတြ သိပၸံေဆာင္ေရွ႕နားမွာ စုရံုးစုရံုး ျဖစ္ေနၾကတယ္… အဲဒီ့ လူအုပ္ႀကီးကို ေက်ာ္ၿပီး ကြ်န္ေတာ္ တစ္ေန႔လံုးရွာေနတဲ့ မ်က္ႏွာေလးကို ေတြ႕လိုက္မိတယ္… တစ္ခ်ိန္လံုး ကြ်န္ေတာ့္အေတြးထဲမွာ ေတြးေနမိတဲ့ မ်က္ႏွာေလးပါ… ကြ်န္ေတာ့္ကို အခုလို ႐ူးရေလာက္ မတတ္ျဖစ္ေနတဲ့ အေၾကာင္းကလဲ အဲဒီ့မ်က္ႏွာေလးေၾကာင့္ပါပဲ… ကြ်န္ေတာ္ သူ႔ကို ေတြ႕တာနဲ႔ခ်က္ခ်င္း အသဲေပါက္မတတ္ လွမ္းေအာ္ေခၚလိုက္တယ္…

Pha-- Wayo!!!!!!!!

ကြ်န္ေတာ္ ေအာ္ေခၚလိုက္သလို သူ႔ဆီကို အေျပးသြားလိုက္တယ္… ဒါေပမယ့္ Wayo က ကြ်န္ေတာ့္ကို ေတြ႕ေတာ့ ထြက္ေျပးသြားတယ္… ၿပီးေတာ့အားလံုးေရွ႕မွာပဲ လွမ္းေအာ္လိုက္တယ္…

Yo-- ကြ်န္ေတာ္ ခဗ်ားနဲ႔မေတြ႕ခ်င္ဘူး P'Pha!!

Wayo ဘာအဓိပၸါယ္နဲ႔ ကြ်န္ေတာ့္ကို ဒီလိုေျပာလိုက္တာလဲဆိုတာ အံ့ၾသရင္း ကြ်န္ေတာ့္ ရဲ႕ ဘာမွမရွိတဲ့ ေခါင္းထဲမွာ ေမးခြန္းေပါင္းမ်ားစြာက ဝင္ေရာက္လာတယ္…

႐ုတ္တရတ္ တန္ဖိုးႀကီးကားအခ်ိဳ႕ ေရာက္လာၿပီး အေဆာင္ေရွ႕မွာ လာရပ္ၾကတယ္… ေနာက္ေတာ့ အနက္ေရာင္ Suit ကို ဝတ္ထားတဲ့ အသက္အလတ္ပိုင္းအရြယ္ ေယာက်ာၤးတစ္ေယာက္ ကားေပၚကေန ဆင္းလာတယ္… မ်က္ႏွာထားက တည္ၾကည္ၿပီး ေလးနက္တဲ့ မ်က္ႏွာနဲ႔ Wayo ဆီ ေလွ်ာက္လာၿပီး Wayo ကို တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္တယ္…

“ စိတ္မပူပါနဲ႔ သားရယ္…!အခု ေဖေဖ
ေရာက္လာၿပီ!”

Author's Note …

Eng Novel ဖတ္ထားတဲ့ Mooner မ်ားကို တစ္ခု ေတာင္းဆိုခ်င္တာက No spoiler ပါလို႔! ေျပာခ်င္တာက ဇာတ္လမ္းကို သိၿပီးသားဆိုရင္ မဖတ္ရေသးတဲ့ သူေတြကို Spoiler မေပးပါနဲ႔လို႔ ေျပာခ်င္တာပါ… Ficရဲ႕ အရသာကို သိေစခ်င္လို႔ပါခဗ်…! ကြ်န္ေတာ္ ေျပာတာကို တစ္မ်ိဳးမထင္ၾကပါနဲ႔… အမွားပါရင္ ေတာင္းပန္ပါတယ္…

To be continued …
Zaw Zaw
🐸❤🐸

If you enjoy reading, leave me messages and vote me . 😉

My beautiful nightmare Part-2

Phana-POV

Yo ရဲ့ အခန်းတံခါးကလဲ အသာဟနေတာကို စဉ်းစားမိတော့… … ကျွန်တော် အသေအချာကို မှတ်မိပါတယ် ကျွန်တော် အပြင်ကိုထွက်တော့ တံခါးကို သေချာ ပိတ်သွားတယ်ဆိုတာ… အချိန်မဆိုင်းဘဲ Yo ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ဘာမူမမှန်တာများ ရှိမလဲဆိုပြီးတော့ ရှာလိုက်မိတယ်… ဒါပေမယ့်လဲ ဘာမှ အလွယ်တကူရှာလို့မရလောက်အောင်ကို Yoရဲ့အသားရေက ဖြူဖွေးလွန်းနေတယ်…

ကျွန်တော် သူ့လည်တိုင်နားက အနီကွက်လေးတွေ ကိုပဲတွေ့မိတယ်… ဒါပေမယ့် … ခန့်မှန်းကြည့်လေ… အဲဒါတွေက စောစောအချိန်တုန်းက ကျွန်တော်တို့ ကြည်နူးနေတဲ့အချိန်မှာ ထင်ကျန်ခဲ့တဲ့ အချစ်အမှတ်အသားတွေလေ… ဒါကြောင့် Wayo အတွက် စိတ်ပူတာတွေလျော့ပြီး ဘာမှမဖြစ်လောက်ဘူး ထင်ခဲ့ပေမယ့် တကယ်တမ်း Wayo ဘဝအတွက် အဆိုးရွားဆုံးအဖြစ်တစ်ခု ဖြစ်လာခဲ့မယ်လို့ မထင်ခဲ့တဲ့ ကျွန်တော့် အမှားပါ…
ဘာမှမထူးခြားသလို ကလေးတစ်ယောက်လို ဖြူစင်စွာ အိပ်ပျော်နေတဲ့ Wayo နားမှာ ကျွန်တော် ကိုယ့်စာကို ပြန်ဖတ်နေလိုက်မိတယ်…

နောက်တစ်နေ့ …

THE STORM IS COMING… 🌩🌩🌩🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊

ဒီနေ့ ကျွန်တော် စာမေးပွဲ နှစ်ချိန်တောင် ရှိပါတယ်… စာမေးပွဲ မဖြေခင် Lecture ချိန်တစ်ချိန် တက်ရသေးတယ်… အကြောင်းရင်း တစ်ချို့ကြောင့် အတန်းထဲမှာ ထိုင်နေရင်း ကျွန်တော့်စိတ်တွေ လေးလံနေမိတယ်… whiteboard ကစာတွေကို အာရုံမစိုက်နိုင်ဘဲနဲ့ နာရီကိုပဲ ငုံ့ကြည့်ရင်း အချိန်တွေကို မြန်မြန်ကုန်စေချင်မိတယ်… Yo တစ်ယောက် ကျွန်တော့်စာရော Line ကိုပါ Reply ပြန်မလုပ်ထားတဲ့အတွက် အရမ်းကို စိတ်ပူမိနေပြီ… ကျွန်တော် စိတ်ပူလို့ စာတွေပို့ထားပေမယ့် Wayo က တစ်စောင်တစ်လေတောင် ပြန်မပို့ထားပါဘူး… ကျွန်တော် သူ့ဖုန်းကို ခေါ်ကြည့်ပေမယ့်လဲ မကိုင်ပါဘူး… တစ်ခုခုတော့ဆိုးဆိုးဝါးဝါး မှားနေပြီလို့ ကျွန်တော် ခံစားမိလာတယ်… ကျွန်တော် တစ်ချိန်တည်းမှာပဲ စိုးရိမ်လာမိသလို အရမ်းလဲ စိုးကြောက်လာမိတယ်… ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းတွေက ပါ အလွယ်တကူ သတိထားမိရလောက်အောင် ကျွန်တော့်ပုံစံက မူပျက်နေပါတယ်…

ဆရာမဆီက နေ့လည်စာအချိန်နားမယ်ဆိုတဲ့ စကား ကြားလိုက်ကတည်းက ကျွန်တော့် နှလုံးသားက အခုန်မြန်လာပြီး ရပ်တန့်သွားမတတ် ဖြစ်မိတယ်… ဒါကြောင့် ကျွန်တော် အခန်းထဲကနေ အမြန်ဆုံး အလျင်စလိုနဲ့ထွက်လိုက်ပြီး ကျွန်တော့် ခြေထောက်ကပြေးနိုင်သလောက် အမြန်ဆုံးနှုန်းနဲ့ သိပ္ပံအဆောင်ကို တန်းပြီးပြေးသွားလိုက်တယ်… ကျွန်တော့်သူငယ်ချင်းတွေတောင် ကျွန်တော့်နောက်ကို မီအောင် မလိုက်လာနိုင်ပါဘူး၊ အဲဒီ့ကို ပြေးသွားတဲ့ တစ်လမ်းလုံး ကျွန်တော် ကိုယ့်ကိုကိုယ်တောင် စိတ်နဲ့ကိုယ်မကပ်မိပါဘူး… ဘာမှရေရေရာရာ မရှိတော့ဘဲ အားလုံးက ဟာတာတာကြီးလို့ ထင်မိတယ်… ကျွန်တော့် ခေါင်းထဲမှာ Wayo တစ်ယောက်ထဲရှိပြီး အကယ်၍များ … ဒါမှမဟုတ် … တစ်ခုခုများ ဖြစ်နေသလား… ဆိုတဲ့ အတွေးတွေနဲ့ ပြည့်ကြပ်နေတယ်… စိုးရိမ် ပူပန်နေမိတယ် ဆိုတာထက် ကြောက်ရွံ့နေမိသလို ထူးဆန်းတဲ့ ခံစားချက်ကြီးကို ခံစားမိတယ်… တစ်ခုခုများ ဆိုးရွားတဲ့အဖြစ် တစ်ခု ဖြစ်နေမလားဆိုတဲ့ အတွေးက ကျွန်တော့်နှလုံးခုန်သံကို မြန်ဆန်စေပါတယ်…

သိပ္ပံဆောင်က ကျွန်တော်တို့ဆေးကျောင်းနဲ့ အတော်လေးကို ဝေးပါတယ်… ကျွန်တော် အဲဒီ့ကိုရောက်တာနဲ့ Cafeteria ဘက်ကို ပြေးသွားလိုက်တယ်… နေ့လည်စာ စားချိန်မို့ ကျောင်းသားတွေ အဲဒီမှာပဲ ရှိကြမှာပါ… အထဲ ရောက်တော့ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်ကို ခဏစောင့်လိုက်တယ်… သူတို့နှစ်ယောက် ရောက်လာတော့မှ Canteen မှာ ပြန့်ကဲျနေတဲ့ စာရွက်တွေကို မြင်မိတယ်…ပြီးတော့ အဲဒီ့စာရွက်တွေက စားပွဲ တစ်ချို့မှာလဲ တင်လျှက် ရှိနေကြတယ်…

Kit-- သေစမ်း!!! Pha!!

Kit က ကျွန်တော် … ဒါမှမဟုတ် ကျွန်တော့်ရဲ့ အသဲတစ်ခြမ်းဆီမှာ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့အသံနဲ့… ကျွန်တော့်နာမည်ကို အလန့်တကြား ခေါ်လိုက်တယ်… Beam နဲ့ Kit တို့က ကြမ်းပြင်မှာ ပြန်ကျဲနေတဲ့ ကြော်ငြာစာရွက်တွေ ကောက်နေတုန်း ကျွန်တော်က Canteen တစ်ခုလုံးကို Wayo နဲ့ သူ့ Angel Gang များ ဘယ်မှာရှိနေမလဲဆိုပြီး အသည်းအသန် ရှာနေမိတယ်.

Beamရော Kit ရော တပြိုင်တည်း ကျွန်တော့်ကို စိုးရိမ်သလိုကြည့်ပြီး…

Beam-- Pha! မင်းအရင်ဆုံး စိတ်ကို ငြိမ်အောင် ထိန်းပါ့မယ်လို့ ကတိပေးစမ်းပါကွာ!

Beamနဲ့ Kit ရဲ့ စိတ်ရှုပ်နေတဲ့ မျက်နှာတွေနဲ့ ပဟေဠိ ဖြစ်နေတဲ့ အမူအယာတွေနဲ့ ကျွန်တော့်ကို ကြည့်နေကြတယ်… ကျွန်တော့်ရဲ့ အဆိုးရွားဆုံး အိမ်မက်တွေက တကယ် ဖြစ်လာခဲ့ပြီး ကျွန်တော် အရမ်းအသိ နောက်ကျခဲ့ပါတယ်… အရမ်းကို နောက်ကျသွားပြီ… တကယ်ကို နောက်ကျခဲ့ပြီ…! ကျွန်တော့်နှလုံးသားတွေ အဆက်မပြတ် တုန်ခါနေသလို ကျွန်တော့်ခေါင်းတခုလုံးလဲ ချာချာလည်အောင် မူးဝေလာတယ်… ကျွန်တော် သက်ပြင်းရှည်ကို မသက်မသာ ချလိုက်ရင်း မေးလိုက်တယ်…

Pha-- ဘာဖြစ်လို့လဲ? ငါ့ကိုပြောစမ်းပါ!!!

သူတို့ ကျွန်တော့်ကို ပြန်မပြောခင် ကျွန်တော် Kit လက်ထဲက စာရွက်ကို ဆွဲယူကြည့်လိုက်တယ်…

ကျွန်တော့်ရဲ့ လှပတဲ့အချစ်ညလေးက အခုတော့ ကျွန်တော့်အတွက် အိမ်မက်ဆိုးတစ်ခုအနေနဲ့ ပြောင်းလဲသွားတယ်…

ကျွန်တော့်Wayo အပေါ်မှာ အပေါ်အင်္ကျီ မပါတဲ့ ယောကျာၤးတစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ပုံပါ… Wayo ရဲ့ မျက်လုံးတွေက ပိတ်နေပြီး သူ့ပုံစံက ဆေးခတ်ခံထားရသလို … သတိလစ်မေ့မျောနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်… ဒီပုံက Video clip တစ်ခုကနေ screenshot လုပ်ထားတဲ့ပုံမှန်း သိသာပါတယ်… ကျွန်တော် အလန့်တကြား ရင်ခေါင်းကွဲမတတ် အော်မိမလိုဖြစ်သွားပေမယ့် ကျွန်တော့်လည်ပင်းဆီကနေ ဘာအသံမှထွက်မလာနိုင်လောက်အောင် စိတ်တွေခြောက်ခြားမိတယ်… အခြေအနေတွေကို ကျွန်တော် သဘောပေါက်သွားမိတယ်… ကျွန်တော့်ရင်ကို ဓါးနဲ့ အချက်ပေါင်းများစွာ အထိုးခံနေရသလို ခံစားရတယ်…

ကျွန်တော့်သူငယ်ချင်းတွေရဲ့ စိတ်ရှုပ်စွာနဲ့ ကျွန်တော့်ကို သနားတဲ့အကြည့်တွေကို ကြည့်နေတာကို မြင်ရတယ်… အခု ကျွန်တော့်ရှေ့မှာမြင်နေရတဲ့ ပုံအရ Wayo က ဒီကိစ္စနဲ့ လုံးဝကို မပတ်သတ်နေပါဘူးဆိုတာပါပဲ … သူက ဖြူစင်တဲ့ သူတစ်ယောက်ဖြစ်တယ် ဆိုတာ ဘာသံသယမှ ရှိစရာ မလိုအောင် သိသာပါတယ်… တရားခံကို ကျွန်တော် တွေ့အောင်ရှာမှဖြစ်မယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အတူနေချိန်တိုင်းကို ဘယ်တုန်းကမှ Recordလုပ်ထားလေ့ မရှိခဲ့ပါဘူး…

အဲဒီ့ ဓါတ်ပုံက သိပ္ပံဆောင်မှာ တော်တော် နာမည်ကြီးနေပုံရတယ်…ဒါကြောင့် တက္ကသိုလ် တစ်ခုလုံးဆီ ဒီဓါတ်ပုံတွေပြန့်သွားမှာ ကျွန်တော် စိုးရိမ်မိပါတယ်… ကျွန်တော့်လက်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ရင်နေမိတယ်… အဲဒီ့ စာရွက်တွေကိုလဲ အစိတ်စိတ် အမွှာမွှာဖြဲပစ်ပြီး အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တယ်… ရင်ထဲက ဒေါသတွေနဲ့ စိုးရိမ်ပူပန်မှုတွေပေါင်းပြီး ဒေါသတကြီး ကျွန်တော့် သူငယ်ချင်းတွေကို အော်ပြောလိုက်တယ်…

Pha-- အဲဒီ့ $ကျတ်သရေမရှိတဲ့ စာရွက်တွေ အားလုံးကို ရှာပြီး အကုန်မီးရှို့ပစ်လိုက်စမ်း!!!

Kit-- ဒါ ဘယ်သူလုပ်တာလဲဆိုတာ မင်းသိလား?

ကျွန်တော် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကိုကြိတ်ရင်းMontri ကို ရှာဖို့ ပြေးထွက်သွားလိုက်တယ်… အကယ်၍ Wayo အကြောင်းကို သေသေချာချာ သိချင်ရင် မေးဖို့အသင့်ဆုံးသူတစ်ယောက်ကို ရှာပါဆိုရင် Montriပါပဲ…

ကျွန်တော် ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သတိပေးနေမိတယ်… အရေးအကြီးဆုံးက Wayo ဘေးကင်းလုံခြုံဖို့ပါပဲ… အဲဒီ $ကျတ်သတုံး ကောင်ကို ရှာဖို့က ဒုတိယအရေးကြီးဆုံးပါ…!!

ကျွန်တော် Montri ကို တွေ့တာနဲ့ ချက်ချင်း မေးလိုက်တယ်…

Pha-- Wayoကို မြင်မိသေးလား?

Montri-- တောင်းပန်ပါတယ်. ငါလဲ မသိဘူး… ဒါပေမယ့် သူ မနက်ကတည်းက ဒီစာရွက်တွေမြင်ပြီး ဒီအတိုင်းပြေးထွက်သွားတယ်… ငါတို့လဲ စိတ်ပူပြီး ရှာပေမယ့် ခုထိ ရှာမတွေ့သေးဘူး!!

ဒါကလဲ Wayoကိုရှာဖို့ အကူအညီ မဖြစ်ပါဘူး… ကျွန်တော့်ကိုပိုပြီး ရူးချင်လာအောင် လုပ်နေတာပဲ အဖတ်တင်ပါတယ်…

Pha-- မင်းတို့ Yo ကိုရှာတွေ့တာနဲ့ ငါ့ကို ဖုန်းခေါ်လိုက်ပါ!

ကျွန်တော် အေးစက်စက်အသံနဲ့ပြောပြီး ချက်ချင်း လှည့်ထွက်လာခဲ့တယ်…

Kit က စိုးရိမ်စွာနဲ့ ကျွန်တော့်ကို မေးလိုက်တယ်.

Kit-- မင်းဘယ်သွားမလို့လဲ? Pha!

Pha-- ငါ အဲဒီ့သူတောင်းစားကို သွားရှာပြီး အသေသတ်ပစ်မယ်…

ကျွန်တော် စိတ်တိုတိုနဲ့ ကျယ်လောင်စွာ ဒေါသတကြီး အော်လိုက်မိတယ်…

သိပ္ပံဆောင် ကနေ Physicsဆောင်ကို ဘယ်လိုသွား ရတာလဲဆိုတာကို လမ်းမှာတွေ့တဲ့ ကျောင်းသားတစ်ယောက်ကို ကျွန်တော် မေးလိုက်တယ်… သူက ထုထည်ကြီးမားတဲ့ အဆောက်အအုံရဲ့ နေရာကို လမ်းညွှန်လိုက်တယ်၊
စာသင်ဆောင်တွေကို လိုက်ရှာရင်း တစ်နေရာမှာ Freshman တွေနဲ့ ကျယ်ကျယ်လောင်လောင် ရယ်နေတဲ့ စိတ်မနှံ့တဲ့ကောင်ကို ကျွန်တော် တွေ့လိုက်ရတယ်… ကျွန်တော် သူ့ဆီ တည့်တည့်လျှောက်သွားပြီး ဘာစကား တစ်ခွန်းမှမဟဘဲ သူ့ခေါင်းကို ကိုင်ကာ စားပွဲနဲ့ အားကုန်လွှဲဆောင့်ချ လိုက်တယ်… ဘုရားရေ… ကျွန်တော် သူ့ကို မျက်တောင်တစ်ချက် အတွင်း အခုချက်ချင်း ဒီနေရာမှာ သတ်ပစ်လိုက်လို့ ရလောက်အောင် အရမ်းကို ဒေါသထွက် နေမိပါတယ်… ကျွန်တော် သူ့ကို လုံးဝ သနားညှာတာခြင်းမရှိဘဲ အားကုန် လွဲရိုက်လိုက်တယ်… အခန်းထဲမှာရှိတဲ့လူတိုင်းက ကျွန်တော့်ဒေါသနဲ့ အပြုအမူကို ကြောက်ရွံ့နေကြသလို အလန့်တကြား ဖြစ်နေကြတယ်… မိန်းကလေးအချို့ရဲ့ ကြောက်လန့်တကြား အော်သံတွေကိုလဲ ကျွန်တော် ကြားလိုက်ရတယ်… ဒါပေမယ့် ကျွန်တော် ဘာကိုမှ ဂရုမစိုက်ပါဘူး… ကျွန်တော့်ရဲ့ ဒေါသနဲ့ ဆောင့်ချလိုက်တဲ့ အရှိန်က Park ရဲ့ မာကျောတဲ့ ဦးခေါင်းခွံကိုတောင် ကွဲနိုင်လောက်တဲ့အထိ တော်တော်ပြင်းပါတယ်… သူ့ခေါင်းကနေ သွေးတွေစီးကျလာတာကို မြင်လိုက်ရတယ်… နောက်ထပ် ထိုးနှက်ဖို့ပြင်လိုက်ပေမယ့် ကျွန်တော့်သူငယ်ချင်းတွေ အလျင်စလိုနဲ့ ကျွန်တော့်ကို ဝင်ဆွဲကြတယ်… ကျွန်တော့် သူငယ်ချင်း တစ်ယောက်က အခန်းတံခါးကို ဆွဲပိတ်လိုက်တယ် ဒီမြင်ကွင်းကို ဆရာ၊ဆရာမတွေ မြင်သွားမှာစိုးလို့ပါ…

Park-- ခဗျား အဲလောက်တောင် Wayo ကိုချစ်လား?

အဲဒီ့သူတောင်းစားက ကျွန်တော့်ကို အော်မေးလိုက်တယ်… နောက်တော့ ကျွန်တော်လဲ ပြန်အော်ပြီး ဖြေလိုက်တယ်…

Pha-- အေး…!!! ငါသူ့ကို သိပ်ချစ်လွန်းလို့ မင်းလို ခွေးသူတောင်းစားကောင်လိုလူမျိုးကို တခါတည်း သတ်ပစ်လို့ရတယ်…

ကျွန်တော် ဒီခွေးကောင်ကို သူလာခဲ့တဲ့ ငရဲကို ပြန်ပို့ပေးချင်လောက်အောင် သတ်လိုက်ချင်ပေမယ့် ကျွန်တော့်သူငယ်ချင်းတွေကို တင်းကြပ်နေအောင် ဖက်ထားပြီး ဆွဲထားကြတယ်…

Forth-- မင်းရူးနေလား?Pha!!!

ရုတ်တရတ် ဝင်လာပြီး ပြောလိုက်တဲ့အသံကတော့ ဘယ်သူမှမဟုတ်ပါဘူး… Forth ပါပဲ…

Forth-- Yo က ငါတို့အတွက်လဲ ညီလေး တစ်ယောက်လိုပါပဲကွ!!

Forth ပြောနေတာကို ကျွန်တော် လှည့်ကြည့်နေတုန်း… Park က ကျွန်တော့် ညာဘက်ပါးကို အလစ်ဖြတ်ထိုးလိုက်တယ်… အရှိန်ပြင်းပေမယ့် ကျွန်တော် နာကျင်မှုကို မခံစား လိုက်ရပါဘူး ကြည့်ရတာ Wayo အတွက် စိုးရိမ်နေတဲ့ ကျွန်တော့်စိတ်တွေက ဘာနာကျင်မှုကိုမှ မမှုတော့သလို ထူပူနေမိတယ်… ကိုယ်ဟန်နည်းနည်းယိုင်သွားပေမယ့် ပြန်ထိန်းရင်း Parkကို အကြိမ်ကြိမ်အခါခါ ထိုးရင်း အော်ပြောလိုက်တယ်…

Pha-- မင်းက ဘာကောင်မို့လို့ ဒီလိုယုတ်မာတဲ့ အလုပ်ကို လုပ်ရတာလဲ?!!

နောက်တော့ ကျွန်တော် ထပ်ခါထပ်ခါ စိတ်ရှိလက်ရှိ Park ကို ထိုးနှက်နေမိတယ်… အဲဒီ့အချိန်မှာ ဘယ်သူကမှ ကျွန်တော့်ကို ဝင်မတားရဲပါဘူး… အဲဒီ့ကောင်ရဲ့ မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖြစ်နေအောင် စိတ်ရှိလက်ရှိ ထိုးမိတယ်၊ နောက် သူ့ကို ကန်လိုက်တော့ ကြမ်းပြင်မှာ ပုံလျက်သား ကျသွားတယ်… ကျွန်တော်က အားလုံးသိထားကြတဲ့ Gentleman Phaတစ်ယောက် မဟုတ်တော့ပါဘူး… ကျွန်တော့် Wayo ကို လာထိပါးမယ့်သူဆိုရင် ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်ဖို့ ဝန်မလေးပါဘူး၊ Wayo အတွက် အားလုံးကို လုပ်ရဲတယ်… တကယ် အကုန်လုပ်ရဲပါတယ်… ကျွန်တော် အတည်ပြောတာပါ…

ရုတ်တရတ် Beamက ကျွန်တော့်ကို ကပျာကယာ လာဆွဲတယ်…

Beam-- Hey…! Pha!! ဆရာတွေလာနေပြီ! သူ့ကို ထားလိုက်တော့ ငါတို့ ထွက်သွားသင့်ပြီ!

လာဆွဲတဲ့ Beam ကို ရုန်းပြီး ကျွန်တော် အော်ပြောလိုက်တယ်…

Pha-- လွှတ်စမ်းပါကွာ!

ကျွန်တော် Parkဆိုတဲ့ အကောင်ကို ဒီထက်ပိုပြီး ပညာပေးချင်သေးပါတယ်…

ဒါပေမယ့် Beamက ကျွန်တော့်ကို အံကြိတ်လျှက် တိုးတိုးပြောလိုက်တယ်…

Beam-- သွားရအောင် ဟေ့ရောင်!! နောက်မှ ဒီကောင့်ကို သတ်ဖို့အချိန်တွေလဲ ရှိပါသေးတယ်…

Pha-- ဒါပေမယ့် ငါ့သူ့ကို အခု သတ်ချင်တာ! အခုချက်ချင်းကို သတ်မှာ!!

ကျွန်တော် စိတ်ရှိလက်ရှိအော်လိုက်မိတယ်…

Forth-- Pha! တော်တော့ !! အဲဒီ့ကောင်က ဒီလိုလုပ်ဖို့တောင်မတန်ပါဘူး…! သွားရအောင်! ဟေ့ရောင်!

Forthက Beamကို ကူညီပြီး ကျွန်တော့်ကို ဝင်ဆွဲ ပြီး အဲ့ဒီအခန်းကနေ ဆွဲထုတ်လာကြတယ်… ကျွန်တော် အပြင်ကို ထွက်လာတာနဲ့ လူတစ်ချို့က ကျွန်တော်နဲ့ Wayo အကြောင်းကို တိုးတိုးပြောနေကြတာကို သတိထားမိတယ်… အခုချိန် ကျွန်တော် အသိချင်ဆုံးက Wayo ဘယ်လို ခံစားနေရမလဲ…?

လူတွေ သိပ္ပံဆောင်ရှေ့နားမှာ စုရုံးစုရုံး ဖြစ်နေကြတယ်… အဲဒီ့ လူအုပ်ကြီးကို ကျော်ပြီး ကျွန်တော် တစ်နေ့လုံးရှာနေတဲ့ မျက်နှာလေးကို တွေ့လိုက်မိတယ်… တစ်ချိန်လုံး ကျွန်တော့်အတွေးထဲမှာ တွေးနေမိတဲ့ မျက်နှာလေးပါ… ကျွန်တော့်ကို အခုလို ရူးရလောက် မတတ်ဖြစ်နေတဲ့ အကြောင်းကလဲ အဲဒီ့မျက်နှာလေးကြောင့်ပါပဲ… ကျွန်တော် သူ့ကို တွေ့တာနဲ့ချက်ချင်း အသဲပေါက်မတတ် လှမ်းအော်ခေါ်လိုက်တယ်…

Pha-- Wayo!!!!!!!!

ကျွန်တော် အော်ခေါ်လိုက်သလို သူ့ဆီကို အပြေးသွားလိုက်တယ်… ဒါပေမယ့် Wayo က ကျွန်တော့်ကို တွေ့တော့ ထွက်ပြေးသွားတယ်… ပြီးတော့အားလုံးရှေ့မှာပဲ လှမ်းအော်လိုက်တယ်…

Yo-- ကျွန်တော် ခဗျားနဲ့မတွေ့ချင်ဘူး P'Pha!!

Wayo ဘာအဓိပ္ပါယ်နဲ့ ကျွန်တော့်ကို ဒီလိုပြောလိုက်တာလဲဆိုတာ အံ့သြရင်း ကျွန်တော့် ရဲ့ ဘာမှမရှိတဲ့ ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာက ဝင်ရောက်လာတယ်…

ရုတ်တရတ် တန်ဖိုးကြီးကားအချို့ ရောက်လာပြီး အဆောင်ရှေ့မှာ လာရပ်ကြတယ်… နောက်တော့ အနက်ရောင် Suit ကို ဝတ်ထားတဲ့ အသက်အလတ်ပိုင်းအရွယ် ယောကျာၤးတစ်ယောက် ကားပေါ်ကနေ ဆင်းလာတယ်… မျက်နှာထားက တည်ကြည်ပြီး လေးနက်တဲ့ မျက်နှာနဲ့ Wayo ဆီ လျှောက်လာပြီး Wayo ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်…

“ စိတ်မပူပါနဲ့ သားရယ်…!အခု ဖေဖေ
ရောက်လာပြီ!”

Author's Note …

Eng Novel ဖတ်ထားတဲ့ Mooner များကို တစ်ခု တောင်းဆိုချင်တာက No spoiler ပါလို့! ပြောချင်တာက ဇာတ်လမ်းကို သိပြီးသားဆိုရင် မဖတ်ရသေးတဲ့ သူတွေကို Spoiler မပေးပါနဲ့လို့ ပြောချင်တာပါ… Ficရဲ့ အရသာကို သိစေချင်လို့ပါခဗျ…! ကျွန်တော် ပြောတာကို တစ်မျိုးမထင်ကြပါနဲ့… အမှားပါရင် တောင်းပန်ပါတယ်…

To be continued …
Zaw Zaw
🐸❤🐸

If you enjoy reading, leave me messages and vote me . 😉
















Continue Reading

You'll Also Like

74.8K 18.9K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
31.7K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
52.4K 4.1K 58
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
348K 79.1K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...