My beautiful nightmare ... Part-1
Phana-POV
အာ့.........!!!!!
ကျွန်တော့်ရဲ့ Wayo...
ကျွန်တော့်ရဲ့...
Yo--တော်တော့!!
Pha-- နာနေသေးလား?
Pha--Hello...!
Pring-- Pha! ဘယ်မှာလဲ?
Pring-- ငါ့ဆီ လာခဲ့ပါ!!
Pha-- Hello...!!
Kit--ဟေးး Pha!
To be continued ...
Zaw Zaw
🐸❤🐸
Phana-POV
Wayoကို ကျွန်တော့်ချစ်သူအဖြစ် ပိုင်ဆိုင်ရတဲ့အဖြစ် ကို ဘယ်သူမှ နားမလည်နိုင်ပါဘူး! ကျွန်တော့် အတွက် သူ့ကို တစ်ကြိမ် တစ်ခါထဲ ပိုင်ဆိုင်ရဖို့နဲ့ မလုံလောက်ပါဘူး...!
တကယ့်စွဲလန်းမှုမျိုးပါပဲ... ကျွန်တော်သာ ဆေးစွဲတဲ့သူဆိုရင် ဆေးခြောက်ကိုရှာလို့ ရသေးတယ်... ဒါပေမယ့် ကျွန်တော်က Yoအပေါ်ကို စွဲလန်းလွန်းနေမယ်ဆိုရင်တော့ သူ့ကို အသည်းနစ်အောင် ချစ်တဲ့ ကျွန်တော့်အချစ်တွေနဲ့ တဏှာစိတ်တွေ နိုးကြွနေတဲ့ ဒုက္ခကနေ မနည်းရုန်းကန်နေရတဲ့ ကျွန်တော့်အဖြစ်ကို သိနိုင်မှာ မဟုတ်ပါဘူး...!
အချစ်ဆိုတာ ရုန်းထွက်လို့မရအောင် နက်နဲလွန်းပါတယ်... ဆေးစွဲတာထက် ပိုအသက်အန္တရာယ်များပြီး အရက်ထက်ပိုပြီး စွဲလန်းစေတတ်ပါတယ်...
ကျွန်တော် တကယ်ပဲ သေရမလောက် ခံစားရပါတယ်... ကျွန်တော် သူ့ကို ရူးရမလောက် စွဲလန်းနေမိတယ် ပြီးတော့ အမြဲတမ်းလဲ စိုးရိမ်မိတယ်... ကျွန်တော် သူ့ကို အမြဲလိုအပ်နေမိ ပါတယ်... သူ့ဆီကရုန်းမထွက်နိုင်တော့ဘူး လို့ထင်တယ်...
ကျွန်တော် သူ့နားမှာပဲ အမြဲတမ်း တွယ်ကပ်နေချင်မိ တယ်လို့ ထင်မိပါတယ် ၊
အရူးတစ်ယောက်လို သူ့ကို စွဲလန်းနေမိတယ်...
ရယ်စရာပါပဲ... ကျွန်တော် အမြဲတမ်း သူလုပ်တတ်တဲ့အရာတိုင်းကို ချစ်မြတ်နိုးမိတယ် ဆိုတာကို ဝန်ခံပါတယ်...
ကျွန်တော်က သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအယာတိုင်း... အပြုအမူတိုင်း... ပြီးတော့ ကျွန်တော်နဲ့အတူရှိနေတဲ့ အချိန်တိုင်း လုပ်တတ်တဲ့ လှပသိမ်မွေ့လွန်းတဲ့ မျက်နှာထားလေးတွေရဲ့ ပရိတ်သတ်တစ်ယောက်ပါ... အမြဲတမ်း ငေးကြည့်နေချင်တဲ့ အချိန်တွေလဲ ရှိခဲ့ရတယ်...
ဘုရားရေ...!! ကျွန်တော် တကယ်ဘဲ သူမရှိရင် မဖြစ်တော့ဘူးလို့ ထင်မိပါတယ်...
ပြီးတော့... ကျွန်တော့်မှာ လျို့ဝှက်ချက်လေးတစ်ခု ရှိခဲ့ဖူးပါတယ်... မိုးဖွဲဖွဲလေးရွာတဲ့နေ့တုန်းက သူ ကျွန်တော့်ကို ထီးလေးလာမိုးပေးတဲ့ အချိန်တုန်းကပေါ့ သူ့ရဲ့ စိုနေတဲ့ အင်္ကျီကနေ ရုတ်တရတ် မြင်လိုက်ရတဲ့သူ့ရဲ့ အတွင်း ခန္ဓာကိုယ်လေးကို တွေ့ပြီး ...
သေစမ်း!! တကယ်ပဲ ဆွဲမက်စေတယ်...
သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်လို့ ထင်ခဲ့တယ်...
သူ့အသားရေက နှင်းစက်လို ဖြူဖွေးနေပြီး အရမ်းနူးညံ့ချောမွေ့ပြီး ပြည့်စုံနေတယ်...
အာ့.........!!!!!
ကျွန်တော် အဲဒီ့ညကတည်းက သူ့ကို ထိတွေ့ချင်တယ်၊ နမ်းရှုပ်ပြီး အရသာမြည်းကြည့် ချင်ခဲ့တာ...
ကျွန်တော် သူ့ကို အရမ်းချစ်မိနေပြီ ... ကျွန်တော် သူ့ကိုချစ်တယ် ပြီးတော့ သူတစ်ယောက်ထဲကိုပဲ ချစ်တာ...
ကျွန်တော့်ရဲ့ Wayo...
ကျွန်တော့်ရဲ့...
ကျွန်တော် ဒီခံစားမှုမျိုးကနေ မလွတ်မြောက်နိုင်ဘူး ဆိုတာ ကိုယ့်ကိုကိုယ် သိပါတယ်...
ကျွန်တော်က တဏှာကြီးတဲ့သူလို့ ပြောရင်လဲ... မှန်ချင်မှန်ပါလိမ့်မယ်...
Yo--တော်တော့!!
Yoက နူးညံ့ညင်သာတဲ့အသံနဲ့ တားလိုက်ပြီး ကျွန်တော့်ကိုယ်ကို တွန်းလိုက်တယ်... ဘုရားသခင်!! ကျွန်တော် သူ့ကို ချစ်မဝနိုင်ပါ...! ကျွန်တော် နောက်တစ်ခါသူနဲ့ ထပ်နေချင်သေး ပေမယ့် သူမခံနိုင်တော့ပါဘူး... ကျွန်တော် သူ့ကို အပြင်ပန်းကြည့်ရင်တော့ ဖြူဖြူဖွေးဖွေး သေးသေး သွယ်သွယ်လေးလို့ ထင်ရပေမယ့် ကျွန်တော့်နားမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးလှဲလှောင်းနေတာ
မြင်မိတော့မှ တကယ် ပြည့်စုံတဲ့ အစိတ်အပိုင်းတွေနဲ့ ဘယ်နေရာကြည့်ကြည့် ကျွန်တော့်စိတ်ကို ထိန်းချုပ်မရအောင် အချစ်စိတ်တွေဖြစ်မိတယ်...
ကျွန်တော် သူ့မျက်နှာကို ညင်သာစွာထိကိုင်လိုက်ပြီး နက်ရှိုင်းစွာ နမ်းလိုက်တယ်...
Pha-- OK ! ကိုယ်ရပ်လိုက်တော့မယ်နော်...
ကျွန်တော့်ရဲ့ အချိုသာဆုံးအသံနဲ့ သက်သာအောင် ပြောလိုက်တယ်...
ကျွန်တော်တို့ ဒီအကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် ဖြစ်ပေမယ့် ကျွန်တော် သူ့ကို ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ ... သူ့အနားမှာရှိနေရင် ကျွန်တော် ဘယ်လိုမှ ချစ်မဝနိုင်ပါ...! သူ့ခန္ဓာကိုယ်ကို ချစ်မဝနိုင်ပါ... ကျွန်တော် သူ့ကို အမြဲတမ်းတွေ့လို့ တောင်မဝနိုင်သေးပါ... သူ့ရဲ့ ကိုယ်သင်းနံ့လေးက ကျွန်တော့်ကျောရိုးတစ်လျှောက် စိမ့်ကနဲ ခံစားမိစေ ပါတယ်...
Yo-- ကျွန်တော် ပင်ပန်းနေပြီ ဗျာ...
Pha-- နာနေသေးလား?
သေစမ်း!!! ကျွန်တော် အခုထိ မပင်ပန်းနိုင်သေးပါ... Yoက ကျွန်တော့်ကို လှည့်ကြည့်လိုက်တယ်... အိုး... ဘုရားရေ... ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးလဲ... Yo က ပြုံးပြီး ကျွန်တော့်ကို တိုးတိုးလေးလှည့်ပြောလိုက်တယ်...
Yo-- ကျွန်တော် ကျင့်သားသိပ်မရသေးလို့ပါ...!
ကျွန်တော် သက်ပြင်းကို ချလိုက်ပြီး အခုတော့ ဘာမှဆက်လုပ်ဖို့ မကြိုးစားတော့ပါဘူး... ကျွန်တော် အိပ်ရာပေါ်က မထခင် Yoရဲ့ ပါးကို နူးညံ့စွာ နမ်းလိုက်တယ်... အိပ်ရာပေါ်က ထတာနဲ့ တစ်ရှုးနဲ့ ကိုယ့်ကိုကိုယ်အရင်သုတ်လိုက်ပြီး Yoကိုလဲ တစ်ဖက်လှည့်ပေးလိုက်ပြီး သူ့ တင်ပါးကိုလဲ သုတ်ပေးလိုက်တယ်... ကျွန်တော့်ကို ကျွန်တော် နှာဘူးမှန်းလဲသိပါတယ်... သူ့ရဲ့ ပြည့်ဖောင်းအိနေတဲ့ တင်ပါးဖောင်းဖောင်းလေးကိုလဲ မြင်ရော ဒီအတိုင်း ကြည့်နေရုံလေးနဲ့တင် ကျောထဲစိမ့်လာမိတယ်... ဒါကြောင့် ကျွန်တော် သူ့တင်ပါးကို ချစ်စနိုးနဲ့ တစ်ချက် ရိုက်လိုက်တယ်... ပွဲကြီးပွဲကောင်းက ပြီးသွားခဲ့တာ တော်တော်ဆိုးပါတယ်... Wayo က ကျွန်တော့် အင်္ကျီနဲ့ boxer ကို လှမ်းပေးလိုက်တယ်၊ အခုချိန်ထိ ကျွန်တော် သွေးပူနေသေးတာနဲ့ ဘာမှမဝတ်ဘဲ ကျွန်တော့်ရဲ့ Sleeping Beauty ဘေးနားမှာ လှဲလိုက်တယ်...
နောက်တော့ မနက်ဖြန် စာမေးပွဲရှိတဲ့အတွက် ကျွန်တော် စာကြည့်ဖို့လိုပါသေးတယ်... ကျွန်တော် အိပ်ရာကဖြေးဖြေးထလိုက်ပြီး စာအုပ်ကိုယူကာ Yoဘေးနားမှာ ဝင်ထိုင်နေလိုက်တယ်...Yoကို ကြည့်ရတာ ပင်ပန်းသွားတယ်နဲ့တူတယ် ခဏလေးနဲ့ အိပ်မောကျသွားတယ်... ကျွန်တော့်ဖုန်းဆီကနေ Vibrate အဆက်မပြတ် တုန်ခါနေတယ်... ကျွန်တော် Yo ကိုလှမ်းကြည့်လိုက်တော့ အိပ်ပျော်သွားပုံပဲ... ကျွန်တော် ဖုန်းပြောလိုက်လို့ သူနိုးသွားမှာ စိုးရိမ်မိပါတယ်...ဖုန်း Screenပေါ်ကနေ Pring ရဲ့ နာမည်ကိုတွေ့လိုက်ရတယ်... သူမက Yo ရဲ့မကောင်းကြောင်းတွေကို စဖြန့်နေတယ်လို့ သိရကတည်းက သူ့ဖုန်းကို ကိုင်သင့်မကိုင်သင့် ချင့်ချိန်နေရတယ်...
နောက်တော့ ကျွန်တော် သူ့ဖုန်းကိုကိုင်လိုက်တယ်
Pha--Hello...!
Pring-- Pha! ဘယ်မှာလဲ?
Pring ရဲ့အသံက အတော်မူးနေသလိုပါပဲ... သူမ ဒီလောက်သောက်နေတာ တခုခုဖြစ်မှာ မစိုးရိမ်ဘူးလား မသိပါဘူး...
Pring-- ငါ့ဆီ လာခဲ့ပါ!!
Pha-- အရမ်းနောက်ကျနေပြီ! တောင်းပန်ပါတယ်... မလာနိုင်ဘူး
နောက်တော့ ကျွန်တော်လဲ မြန်မြန် ဖုန်းချလိုက်တယ်...
ကျွန်တော်က ကြင်နာသနားတတ်တဲ့ လူတစ်ယောက်ပါပဲ... ဒါပေမယ့် ကျွန်တော့်မှာလဲ ဖုံးကွယ်ထားတဲ့ အမှောင်သဘောဆန်တဲ့ စိတ်ထား ရှိတတ်တာပဲ... ကိုယ့်ချစ်သူပေါ် မကောင်းကြံထားတဲ့ သူတစ်ယောက်ပေါ် ကြင်နာ သနားရလောက်အောင် စိတ်သဘောထား မကြီးပေး နိုင်ပါဘူး... Yo ရဲ့ မကောင်းသတင်းတွေကို သူမ လုပ်တယ်လို့ သံသဃရှိမိတယ်လေ... သူမက ဒီကိစ္စ နဲ့ပတ်သတ်ပြီး တစ်နေရာမဟုတ် တစ်နေရာတော့ ပါဝင်ပတ်သတ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်. ကျွန်တော် သူမနဲ့ ရင်းနှီးချင်ယောင်ဆောင်ထားတယ် ဆိုတာ သူမဆီက သဲလွန်စများ ရမလားလို့ပါ...! သိပ်သေချာတာပေါ့...! ဒီသတင်းကို သူမကပဲ စတာပါ...!
ကျွန်တော် သက်ပြင်းကိုချလိုက်ပြီး စိတ်မသက်မသာနဲ့ Yo ကိုကြည့်လိုက်တယ်... Yo ကတော့ အခုထိ အိပ်ပျော်နေတုန်းပါပဲ ... ဖုန်းထဲမှာတော့ Pring ပုံစံက အရမ်းမူးနေပြီး တစ်နေရာမှာ တစ်ယောက်တည်း ရှိနေပုံရတယ်၊ သူမကိုယ်ကိုသူမ ဂရုစိုက်နိုင်ပါစေလို့ပဲ မျှော်လင့် ရတော့မှာပဲ... အခုထိ... ကျွန်တော့်ဖုန်းက တုန်ခါနေတုန်းပဲ... အဲဒီ့တုန်ခါနေတဲ့အသံကြောင့် Yo က တစ်ချက်လှုပ်သွားပြီး ဟိုဘက်စောင်း အိပ်လိုက်တယ်... Pring က ကျွန်တော့်ကို ထပ်ခေါ်ပြန်တယ်...
Pha-- Hello...!!
Pring-- Pha...!! ကျေးဇူးပြုပြီး ငါ့ကို လာခေါ်ပါ...
Pring-- ကျေးဇူးပြုပြီး လာခေါ်ပေးပါ... Pha...!!
Pring တစ်ယောက် ထပ်ခါထပ်ခါ ဒီစကားပဲပြောနေပါတယ်...
Pha-- ငါ မအားဘူး... Kit နဲ့ Beam ကိုခေါ်လိုက်လေ
ကျွန်တော် သူမအပေါ် စိတ်မကောင်းဖြစ်မိပေမယ့် ရွေးချယ်စရာ နည်းလမ်းမရှိပါဘူး...
Pring--ဟင့်အင်း!! ငါ Phaကိုပဲ လိုအပ်တယ်! Phaမလာရင် ငါအိမ်မပြန်ဘူး...!
သူမရဲ့ ခေါင်းမာတဲ့ စိတ်နဲ့ ပြတ်သားတဲ့စကားကို ပြောလိုက်တယ်...
Pha-- Pring! မင်းအရမ်းလွန်နေပြီလို့ မထင်ဘူးလား? မင်း ငါ့ရဲ့ Wayo အပေါ်ကို ဘယ်လို လုပ်ထားလဲဆိုတာ မေ့သွားပြီလား?
ကျွန်တော့်ချစ်သူအပေါ်ကို မကောင်းသတင်းတွေ ဖြန့်ထားပြီး Yoအပေါ် နာကျင်အောင် လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး တွေးမိတာနဲ့ စိတ်တိုလာမိတယ်... အမှန်တော့ သူမ ဘယ်လိုဆက်ပြီး Wayo အပေါ် မကောင်းကြံမလဲဆိုတာကို စိုးရိမ်မိပါတယ်... အခုအခြေအနေထက်ဆိုးမယ့် ပြဿနာတွေထပ်ပြီး မရှာဖို့ မျှော်လင့်မိပါတယ်... သူမက ဘယ်လိုအရာမျိုးကိုမဆို လုပ်နိုင်စွမ်းရှိနေတာ ကျွန်တော် သိပါတယ်... အရင်တုန်းကတော့ ကျွန်တော် သူမကို အရမ်းကြင်နာတတ်ပြီး တော်တယ်လို့ ထင်ခဲ့မိတာ... တခါတလေ ချစ်ဖို့ကောင်းတယ်လို့လဲ စဉ်းစားမိခဲ့တဲ့ အချိန်တွေ ရှိပါတယ်... အခုတော့ သူမရဲ့ မူရင်းပုံစံကို ပြပြီပေါ့ သူမလိုလူမျိုးက ဒီလို ညဘက် လူနေမှုပုံစံမှာ ကောင်းကောင်းလိုက်လျောညီထွေမှု ရှိနိုင်မှာပါ ဒါပေမယ့် ကျွန်တော့်ကို လာတိုင်ပါတ်ပြီး စိတ်ရှုပ်စေရတာ မသိပါဘူး... သူမ ဘာဖြစ်နေတာလဲ? ဘာပဲဖြစ်ဖြစ် သူမက ကျွန်တော့်ရဲ့ သူငယ်ချင်းဖြစ်နေတုန်းပါပဲ...
Pha--အဲဒီ့ Bar နာမည်ကိုပြော... ငါ Kit နဲ့ Beam ကို ဖုန်းဆက်ပြီးမင်းကို လာခေါ်ခိုင်းလိုက်မယ်!
Pring-- Pha...! ငါ့အပေါ်ကို အဲလို မရက်စက်ပါနဲ့!
Pha-- ကျေးဇူးပြုပြီး အဲဒီ့Bar နာမည်ကိုပဲပြောပါ Pring
Pring-- နင် ငါ့ကို စိတ်ဆိုးနေပြီလား?
Pring က စိတ်ဆိုးဝမ်းနည်းစွာ ကျွန်တော့်ကို အော်မေးလိုက်တယ်...
ကျွန်တော် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုတ်လိုက်တယ်... သေစမ်း!! မူးနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောရတာ နားမလည်တဲ့ ဘာသာစကားကို သင်နေရသလိုပဲ...မသိရင် ကျွန်တော်ကပဲ မကောင်းတဲ့သူ၊ စိတ်ထားမပြည့်ဝတဲ့သူလို့ ထင်ကြလိမ့်မယ်... ဒါပေမယ့် ကျွန်တော့်မှာလဲ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ဒေါသရှိပါတယ်...
Pha-- ဒါဆိုလဲ Taxi သာခေါ်ပြီး ပြန်တော့!
ကျွန်တော် စိတ်တိုတိုနဲ့ အော်လိုက်တယ်...
Yo--P'Pha!! သူမကို သွားခေါ်သင့်တယ်လို့ ကျွန်တော် ထင်တယ်!
ကျွန်တော်ပြောတဲ့စကားသံ ကျယ်သွားလို့နဲ့တူတယ် Wayoနိုးလာတယ် ... ပြီးတော့ အိပ်ချင်မူးတူး ထလာပြီး...
Pha-- ဘယ်လိုပြောလိုက်တာလဲ Yo! ကိုယ်အတည်ပြောနေတာ... ကိုယ်သူနဲ့ ရှုပ်ရှုပ်ယှက်ယှက် မပတ်သတ်ချင်တော့ဘူး!
Yoက ကျွန်တော့်ပခုံးကို ပုတ်ရင်း...
Yo-- ရပါတယ်... P'သွားမယ်ဆိုလဲ ကျွန်တော် ကိစ္စမရှိပါဘူး...
Wayo တစ်ယောက် ကျွန်တော့်ပြဿနာကို ကူပြီး အဖြေရှာပေးနေပုံပဲ...
Pha-- ဒါပေမယ့်လဲ ကိုယ်မှ သူ့ကို မတွေ့ချင်တာ
ကျွန်တော် သက်ပြင်းချလိုက်ပြီး Wayo ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်... ကြည့်ရတာ ...Yo လဲ ကျွန်တော်နဲ့ Pring ပြောနေတဲ့ စကားတွေကို ကြားပုံရတယ်...
Yo--ဘာပဲဖြစ်ဖြစ် သူမက မိန်းကလေးပဲလေ P'Pha!
Wayoပြောလိုက်တဲ့စကားက ကျွန်တော့်ကို စိတ်ရှုပ်ထွေးသွားစေပါတယ်... ပြီးတော့ သူက ကျွန်တော့်ကို သူ့ သူရဲကောင်းကြီးလို ကြည့်နေတယ်...
Pha-- ကောင်းပြီလေ! ကိုယ်သွားမယ် ... ဒါပေမယ့် ကိုယ်နဲ့အတူ Kitနဲ့ Beamကိုပါ ခေါ်သွားလိုက်မယ်...
ကျွန်တော့်ရဲ့နောက်ဆုံးစကားကြောင့် Wayo ကြောင်တောင်တောင်ဖြစ်သွားတယ်... နောက်မှ ပြုံးလိုက်ပြီး ပြန်လှဲအိပ်လိုက်တယ်... Kitနဲ့ Beam တို့လဲ အခုချိန် မအိပ်ကြသေးဖို့ မျှော်လင့်မိတယ်.၊ Kitကတော့ Mingဆီကနေလွတ်အောင် ကြိုးစားနေရသလို Beamကလဲ Forthနဲ့ သောက်လို့ ကောင်းတုန်းရှိသေးတယ်... ကျွန်တော် အပြင်ရောက်တာနဲ့ သူတို့ကို ခေါ်လိုက်တယ်... Pringကိုဖုန်းခေါ်ပြီးလဲ သူမဘယ်Barမှာ ရောက်နေတာလဲဆိုတာမေးရသေးတယ်... ကျွန်တော်တို့ အဲဒီ့Barကိုလဲရောက်ရော Pring တစ်ယောက် တော်တော် အခြေအနေ ဆိုးနေပါပြီ! သူမကို ဒီလောက်မူးနေတဲ့ပုံမျိုး မမြင်ခဲ့ဖူးသလို တော်တော်ကြီးကို မူးနေတာပါ...Beam က သူမကို တွဲပြီး ကားနောက်ခန်းထဲကို ရောက်အောင် ခေါ်လာခဲ့တယ်... Kit ကတော့ ကျွန်တော်နဲ့ ကားရှေ့ခန်းမှာထိုင်ရင်း ပြန်လာခဲ့လိုက်တယ်...
ဒီနေ့ Pringကိစ္စနဲ့ အတော် ခေါင်းရှုပ်သွားမိတယ်... ပြီးတော့ ကျွန်တော် Yo အခန်းထဲမှာဖတ်နေတဲ့စာကို လဲပြီးအောင်လုပ်ရဦးမယ်... ကျွန်တော် အဆောင်ပြန်ရောက်လာတော့ မြင်ဖူးနေတဲ့ သူတစ်ယောက် ကျွန်တော့်ကားနားကို လမ်းလျှောက်လာတယ်... သေစမ်း!! အဲဒီ့ကောင်က Parkပဲ!! အဲဒီ့ကောင် သူ့ကားဆီ သူမဝင်ခင် ကျွန်တော် သူ့နောက်ကို အမီလိုက်သွားလိုက်တယ်... ကျွန်တော် Parkနောက်ပြေးလိုက်သွားတော့ Beam နဲ့ Kit က နည်းနည်းအံ့သြသွားကြတယ်... ကျွန်တော် သူတို့ကို Pringကို သူ့အခန်း ပြန်ပို့ပေးလိုက်လို့ လှမ်းပြောပြီး Parkကို ကြည့်လိုက်တယ်...
Pha-- မင်းဒီကို ဘာလာလုပ်တာလဲ?
Parkက ကျွန်တော့ကို မြင်တော့ အံ့သြသွားပုံရတယ်... ကျွန်တော် ဒီကောင့်ကို နည်းနည်းလေးမှ ကြည့်မရခဲ့ပါဘူး... သူ့ပုံစံက တခုခုကို လျို့ဝှက်ထားသလိုပါပဲ... သူက ကြိုးစားပြီး ပြုံးရင်း...
Park--ကျွန်တော့် သူငယ်ချင်းဆီလာတာပါ!
ကျွန်တော့်စိတ်ထဲ တခုခုထူးဆန်းနေသလိုခံစား မိလာတယ်...
Pha--မင်းရဲ့ သူငယ်ချင်းဆီ...! ဒီအချိန်ကြီး...?
Park-- ဟုတ်တယ်! သူငယ်ချင်း... P'Phaသူ့ကို မသိပါဘူး.
ကျွန်တော် သူ့ကို မသင်္ကာသလိုကြည့်ရင်း ကျွန်တော့်စိတ်ထဲ အကြောင်းရင်း ရှာကြည့်နေမိပါတယ်...
Kit--ဟေးး Pha!
Kitက ကျွန်တော့်ကို လှမ်းခေါ်လိုက်တယ်... လုပ်စရာတွေ ရှိသေးတာကြောင့် အဲဒီ့ခွေးကောင်ကို လွှတ်ပေးလိုက်ရတယ်...
ကျွန်တော်တို့ Pringကို သူ့အခန်းထဲ သွားပို့ပေးပြီး တော့ ... ကျန်တာ ကိုယ့်ကိစ္စကိုယ် ရှင်းကြတယ်... ကျွန်တော် Yoအခန်းထဲကိုရောက်တော့... တံခါးက Lock မချထားမှန်း သတိထားမိသွားတယ်... ကျွန်တော် တံခါးကို ဖြေးဖြေးချင်းဖွင့်ပြီး အိပ်ရာပေါ်တက်လိုက်တယ်... ကျွန်တော် Yo နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်ပြီး...
Pha-- Baby... ကိုယ်ပြန်လာပြီနော်...! တောင်းပန်ပါတယ်Yo ရယ်...
Yo ကျွန်တော့်ကို ဘာမှပြန်မပြောပါ... အတော်လေး ပင်ပန်းနေပုံရတယ် ကျွန်တော့်အနမ်းကတောင် သူ့ကို မနိုးစေတော့ဘူး... ကိုယ့်ဘာသာကိုယ် ရယ်ရင်း စာပြန်လုပ်နေလိုက်တယ်... အချိန်ခဏကြာတော့ ရုတ်တရတ် ကျွန်တော် စိုးရိမ်မိသွားတယ်... ကိုယ့်ကိုကိုယ် စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှုလိုက်တယ်... ကျွန်တော် Park ဆိုတဲ့အကောင်ကို ကားပါကင်မှာ တွေ့ခဲ့တာကို သတိရသွားသလို ... Yo ရဲ့ အခန်းတံခါးကလဲ အသာဟနေတာကိုစဉ်းစားမိတော့... ... ကျွန်တော် အသေအချာကို မှတ်မိပါတယ် ကျွန်တော် အပြင်ကိုထွက်တော့ တံခါးကို သေချာ ပိတ်သွားတယ်ဆိုတာ... အချိန်မဆိုင်းဘဲ Yo ရဲ့ ခန္ဓာကိုယ်တစ်လျှောက် ဘာမူမမှန်တာများ ရှိမလဲဆိုပြီးတော့ ရှာလိုက်မိတယ်... ဒါပေမယ့်လဲ ဘာမှ အလွယ်တကူရှာလို့မရလောက်အောင်ကို Yoရဲ့အသားရေက ဖြူဖွေးလွန်းနေတယ်...
To be continued ...
Zaw Zaw
🐸❤🐸
If you enjoy reading, leave me messages and vote me . 😉