တစ္ခါမွ ဒီလိုမျဖစ္ဘူးပါ။ ဒီလို တရႈိက္မက္မက္
ေပါ့။
ရုပ္ရွင္ေတြထဲမွာဆို ျပႀကသည္။ အရာအားလံုး
ရပ္တန္႕သြားတာမ်ိဳး။ သို႕မဟုတ္ ပတ္ဝန္းက်င္
က အရာအားလံုး မွိန္က်သြားႀကတာမ်ိဳး။ ဒါမွ
မဟုတ္ ခ်ာခ်ာလည္ေနတာမ်ိဳး။
မဟုတ္ဘူး။ ဒါေတြ တစ္ခုမွ မျဖစ္ေနပါ။ ႏူးညံ့
ျခင္းမ်ားစြာႀကားမွ ခံစားမိေနေသာ ေယာက်ာ္း
ဆန္မႈ တစ္ခ်ိဳ႕။ ေနာက္ျပီး ခႏၶာေဗဒအား ပိုင္ႏိုင္
ကြ်မ္းက်င္မႈ။ ပူေႏြးမႈနဲ႔ ႏူးအိေနမႈႀကား ကြ်န္ေတာ္
လိုက္ပါမိေနရင္း ေျပာင္းလဲျဖစ္တည္လာမႈ
အာရံုသည္ ဒီ စကၠန္႔အပိုင္းအျခားအတြင္း တစ္ေန
ရာတည္းမွာသာ မဟုတ္ေတာ့။ မုန္းပါသည္ဆို
ေသာ နာက်င္မႈအစိတ္အပိုင္းေတြကို လ်စ္လ်ဴရႈ
ေသာ္ငွား မရ။ ပို၍ ပို၍ စူးေအာင့္လာသည္သာ
ရွိ၏။မ်က္ရည္တို႕က လိုက္ဖက္လြန္းစြာ တပ္ကူျဖည့္ေလႀကျပီ။ ထိန္းထားသည့္ႀကားမွ...
"ကေလး! ကေလး!"
အလန္႔တႀကားျဖင့္ မ်က္ႏွာကို အုပ္ကိုင္ကာ စိုး
ရိမ္တႀကီး ျပန္ႀကည့္သည္။ ထိတ္လန္႔ေနေသာ
သူ႔ကိုျမင္ရေတာ့ ပို၍ ဝမ္းနည္းမႈေတြ...
"ဆက္ပါ...ရပါတယ္ က်...ကြ်န္ေတာ္"
"မ...မဟုတ္ပါဘူး ကေလးရာ။ အဲ့လို မဟုတ္"
ဘယ္ေလာက္မ်ားဆိုးလိုက္ပါသလဲ? တကယ္ဆို
ကြ်န္ေတာ္တို႕က အခုဆို ခ်စ္သူအတြဲဆိုသည့္
အဆင့္တစ္ခုထက္ပိုေနျပီမလား။
"နာေနတာလား...ဟုတ္လား ႏိုးေဝ။"
ေတာင့္ခံရင္း မသိမသာ ဖိထားမိေသာ ဗိုက္ေနရာ
သို႔ ခပ္ဖြဖြထိရင္း ေမးေတာ့ ကြ်န္ေတာ္မ်က္ရည္
မႏိုင္ေတာ့ပါ။
"ေတာင္းပန္ပါတယ္...ကြ်န္ေတာ္ ေတာင္းပန္ပါ
တယ္။ ဘယ္လိုမွ...ဘယ္လိုမွ"
အသံထပ္မထြက္ႏိုင္ေတာ့။ အားနာတယ္။ သူလည္း လူသားပဲေလ။ သူနဲ႔ ေဝးေနခ်ိန္ ကြ်န္
ေတာ္ ဘယ္ေလာက္ပဲ ဒီကိစၥကိုရင္ဆိုင္ႏိုင္ေအာင္
အားေမြးခဲ့ပါေစ တကယ့္ လက္ေတြ႔တြင္ ေသ
မေလာက္ေႀကာက္ေနေသာ ေႀကာက္စိတ္က အားနာႏွင့္ မဟာမိတ္ဖြဲ႕၍ ကြ်န္ေတာ့္ကို
ထပ္ဖိစီးသည္။
ရွက္ျခင္း ေႀကာက္ျခင္း ႏွင့္ အားနာျခင္းတို႕သည္
သူ႔ကို မ်က္ႏွာခ်င္းမဆိုင္ရဲေအာင္ ျဖစ္ေစသည္။
သို႕ေပမယ့္ ဒီလူရင္ခြင္မွတစ္ပါး ကြ်န္ေတာ္ခိုနား
ရာမရွိမို႕ သူ႕ခါးကိုတင္းတင္းဖက္၍သာ ငိုမိသည့္
အျဖစ္သို႕သာ ဆိုက္ေရာက္ရေတာ့သည္။ ေယာက်ာ္းမာနေတြမ်က္ရည္ေတြနဲ႔ပဲေဖ်ာ္ခ်လိုက္ရေတာ့သည့္ အျဖစ္။
"အားနာတယ္ ။ Bro ကို အားနာတယ္။ ကြ်န္ေတာ္ ဘာပဲ ျဖစ္ျဖစ္...ေရွ႕ဆက္ခ်င္ရင္
ဆက္ပါ။"
"ေတာ္ပါေတာ့ ႏိုးေဝရယ္...ဒီမွာႀကည့္ ကို႕ကို
ႀကည့္"
မ်က္ရည္စီးေႀကာင္းကို လက္ေခ်ာင္းႏုႏုမ်ားႏွင့္
တိုက္ဖ်က္စားျပီး
"ကို...ကို ဘာမွ မျဖစ္ဘူး။ ကို ေျပာတာ ႏိုးေဝ
သိတယ္ မလား...ကို ဒီအတုိင္း ဒီအတိုင္း ႏိုးေဝ
ကို နမ္းခ်င္သြားရံုပဲ။ ကို...ဘာမွမျဖစ္လို႕ ကို႕ကို
အားနာစရာမလိုဘူးေနာ္။ သိလား ကေလး
ကို အခု ဘာမွ မျဖစ္ဘူး။တိတ္ တိတ္ မငိုနဲ႔ေတာ့"
မ်က္ရည္ဝိုင္းေနေသာ မ်က္လံုးမ်ားျဖင့္သာ စိုက္
ႀကည့္သည္။ နာက်င္မႈေႀကာင့္ အားေဖ်ာ့ေနေသာ္
လည္း ထိုမ်က္ဝန္းႀကည္ႀကည္မ်ားက လိမ္ညာ
ျခင္း ေငါမထြက္ေစရန္ဖိႏွိပ္ႏိုင္သည္။
"ကြ်န္ေတာ္ထင္တာ Bro ကို ရရင္ စိတ္ခ်ရမယ္
လို႕ထင္ခဲ့တယ္။ အခု...Broဆီ လိုက္လာျပီး
Broနဲ႔ေနရေတာ့ အရင္ကထက္ ပိုျပီးေႀကာက္
လာတယ္။ ကြ်န္ေတာ့္ကို Bro ထားခဲ့မွာ အရင္
ကထက္ ပိုျပီးေႀကာက္လာတယ္...ကြ်န္ေတာ့္
ကို Bro ထားခဲ့မွာ ေႀကာက္တယ္။ ဘာမွမေပး
ႏိုင္တဲ့ ကြ်န္ေတာ့္ကို..."
ဘယ္သူေတြေရွ႕ ဘယ္လိုပဲ ေယာက်ာ္းတစ္
ေယာက္အေနျဖင့္ ရပ္တည္ခဲ့ပါေစ။ သူ႕ေရွ႕တြင္
ေတာ့ ကြ်န္ေတာ္သည္ စေတြ႔စအရြယ္က ကဲ့သို႕
သူ႔အေပၚ မွီတီအားကိုးေနရဆဲ။
ထိုသူ၏ ေမတၱာႏွင့္ အႏြံတာခံမႈကို ကြ်န္ေတာ့္၏
အားနည္းမႈ တစ္ပိုင္းတစျဖင့္ ေတာင္းခံရျမဲ
"ထားခဲ့စရာလား ႏိုးေဝရယ္။ ႏိုးေဝနဲ႔ အခုလိုေန
ႏိုင္ဖို႕ ဘယ္ေလာက္ေစာင့္ခဲ့ရလဲ ႏိုးေဝ အသိ
ဆံုးကို ကေလးရာ"
ျပန္ေမာ့ႀကည့္ေသာ မ်က္ႏွာ ငယ္ငယ္။ စိုေနေသာ
မ်က္ေတာင္ဖ်ားေတြကို ခပ္ဖြဖြ ငံု႔နမ္းေတာ့ မ်က္
ရည္ႀကည္တို႔ စိမ့္ထြက္လာျပန္ေသးေတာ့၏။
ဘယ္ေလာက္ေတာင္ ဝမ္းနည္းသြားတာလဲကြာ
"ကို နဲ႔ ႏိုးေဝ အတူတူရိွေနႀကဖို႔ပဲ လိုတယ္။ ကို
ႏိုးႏိုးခ်င္း ႏိုးေဝကို ေတြ႔ရမယ္။ အိပ္ရာဝင္ခ်ိန္
ႏိုးေဝ ကို႔ အနားမွာရွိေနမယ္ ဒါဆို ကို႔အတြက္
ျပည့္စံုလြန္းမက ျပည့္စံုလြန္းေနျပီ"
"Broက အာႆေဝါကုန္ခမ္းေနတာ မွမဟုတ္
ပဲ..."
ကြ်န္ေတာ့္အေျဖကို မေထာက္ခံေႀကာင္း မႀကား
တႀကားေျပာေသး၏။ ေျပာသာေျပာတာ ရွက္ေန
သည္ထင္ နားရြက္ဖ်ားေတြ ရဲေနေသး၏။ ကိုက္
ခ်င္လိုက္တာ ကြာ။ အသည္းယားလို႕ ဖ်စ္ညွစ္မိ
ေတာ့ ျငိမ္ေနသည္။ ဒီေတာ့ သနားပိုရတာက ဒီလူပင္။
"ဟုတ္ပါတယ္။ ကို က သာမာန္သူပါပဲ။ မရွိဘူး
မဟုတ္ဘူး ရွိတယ္။ ေယာက်ာ္းပဲေလ။ ဒါေပမယ့္
ႏိုးေဝ နဲ႔ ယွဥ္လာရင္ အဲ့ခံစားခ်က္ေတြက အဓိက
မဟုတ္ေတာ့ဘူး။ ႏိုးေဝနာက်င္မွာ ေႀကာက္တဲ့
စိတ္က အရာရာကို အႏိုင္ယူႏိုင္တယ္။"
ေငးႀကည့္ျပန္သည္။ မ်က္ဆံအိမ္ေတြထဲက သူ႔
မ်က္ႏွာေသးေသးေလးကို ျမင္ရသည္အထိ ကြ်န္
ေတာ့္ကို စူးစိုက္ႀကည့္သည္။
"Platonic Love ဆိုတာႀကားဖူးလား ကေလး"
ေခါင္းခါျပသည္။
"ကိုယ္က ႏိုးေဝကို အဲ့လို အခ်စ္နဲ႔ ခ်စ္တာ။ယံုခ်င္မွ ယံုလိမ့္မယ္။ ဒါေပမယ့္ ကို ႏိုးေဝကို
စေတြ႕တဲ့ ေန႔ကစျပီး အဲ့လိုအခ်စ္ေတြ ရွိေနႏိုင္ပါ
လားဆိုျပီး ယံုႀကည္လာတယ္"
"ဘယ္လိုမ်ိဳးလဲ Bromanceလား?Bro နဲ႔
ကြ်န္ေတာ္က Bromance ထက္လြန္ပါတယ္။
အခုေတာင္ နမ္း..."
ေရွ႕ဆက္မေျပာေတာ့ ကြ်န္ေတာ့္ကို အႀကည့္လႊဲ
သည္။ ေတာ္ေသးသည္။ သူကပင္ စနမ္း
လိုက္လို႕။ ကြ်န္ေတာ္ကပင္ အစခ်ီပါက...
"Platonic Love ဆိုတာ ပေလတို က ထုတ္
ေဖာ္ခဲ့တာ။ ကမၻာေပၚမွ ခုထိ အဲ့လိုအခ်စ္မိ်ဳး
ရွိႏိုင္၏ မရွိႏိုင္၏ အျငင္းပြါးေနတုန္းပဲ။"
မ်က္ေမွာင္က်ံဳသည္။ တကယ္ႀကီးစိတ္ဝင္စား
လာဟန္ျဖင့္ ရင္ခြင္ထဲမွ ထြက္ကာ ေသခ်ာ
နားေထာင္သည္။ Phobia Signေတြလည္း
ေပ်ာက္သြားပံုပင္
"ပေလတိုက ေျပာခဲ့တယ္။ လူတစ္ေယာက္န႔ဲ
တစ္ေယာက္ႀကားမွာ တဏွာရာဂကင္းတဲ့
အခ်စ္ေတြလည္းရွိႏိုင္တယ္တဲ့။ တစ္ခ်ိဳ႕က မိတ္ေဆြခ်စ္လို႕ ဘာသာျပန္တတ္ႀကေပမယ့္
တကယ့္ မူရင္းက အဲ့လိုမဟုတ္ဘူး။ ခ်စ္သူ
တစ္ေယာက္နဲ႔ တစ္ေယာက္ႀကားမွာ အဲ့လိုစိတ္ေတြမျဖစ္ေပၚပဲ ခ်စ္ေနတဲ့ အခ်စ္မ်ိဳးကို
ေျပာတာ"
"ရွိႏိုင္လို႕လား?"
"ေတြ႔ျပန္ျပီကြာ မယံုတဲ့လူကို"
Bro ခပ္ျပံဳးျပံဳးေျပာရင္း ကြ်န္ေတာ့္ကို ျပန္ႀကည့္
လာသည္။ ထို႕ေနာက္ ေခါင္းကို ခပ္ဖြဖြပုတ္ရင္း
"ကိုယ္က ႏိုးေဝကို အဲ့လိုခ်စ္တာ။ ဒီအတိုင္းေလး
ဒီအတိုင္း ႀကည့္ေနရရံု။ ေထြးပိုက္ထားရရံုနဲ႔တင္
ကိုယ္ ေက်နပ္တယ္။ ဒါ ယံုဖို႕ခက္မွန္းသိတယ္
ဒါေပမယ့္ ႏိုးေဝ အဲ့လိုအခ်စ္မ်ိဳးေတြ ရွိေနတယ္
ဆိုတာ ႀကာေလႀကာေလ ပိုယံုႀကည္လာရမယ္"
"စိတ္သက္သာေအာင္ မေျပာပါနဲ႔ Broရာ..."
"ေရာ္ ခက္ျပီ။ ကို တို႕ တြဲခဲ့တဲ့ႏွစ္ေတြကိုလည္း ျပန္ႀကည့္ပါဦး။ အြန္...ကို ႏိုးေဝ ကို ဘယ္ႏွစ္ခါ
ေတာင္းဆိုဖူးလဲ?"
ေခါင္းငံု႔ရင္း ေခါင္းခါျပသည္။
"ကြ်န္ေတာ့္ Phobiaေႀကာင့္..."
"ဟုတ္တယ္ အဲ့ဒါလည္းအေႀကာင္းတရားတစ္ခု
ဆိုတာမွန္တယ္။ အဲ့လိုမ်ိဳး Phobiaရွိေနတာ
တစ္ခုတည္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္
ေလာက္ႀကာႀကာ ေနႏိုင္မွာလဲ?သနားစိတ္တစ္ခု
တည္းနဲ႔ Realtionship တစ္ခုကိုတည
္ေဆာက္လို႔မရဘူး ကေလးရ။ လူဆိုတာ ကိုယ့္ကို
ကိုယ္ သနားတတ္ဆံုး သတၲဝါပဲ။ ဒါေပမယ့္ ကိုယ္
က ႏိုးေဝကို ခ်စ္တာေလ။ သနားလားဆိုေတာ့
ႏိုးေဝရဲ႕ ေယာက်ာ္းတစ္ေယာက္ ဆိုတဲ့ မာနကို
ေလးစားလို႕ သနားတယ္ဆိုတာ မရွိေတာ့ဘူး။
ကိုယ္က သီးသီးသန္႔သန္႔ တျခားဘာခံစားခ်က္မွ
မေရာတဲ့ အခ်စ္မ်ိဳးနဲ႔ တျဖည္းျဖည္းခ်င္း ပိုပို
ခ်စ္လာရတာ။ အဲ့ အခ်စ္ကလည္း ကိုယ္ေတာင္
မသိလိုက္ခင္မွာ ပေလတို ယံုႀကည္ခဲ့တဲ့ အခ်စ္
ပံုစံမ်ိဳးျဖစ္ေနခဲ့တယ္။"
စိတ္လႈပ္ရွားစရာ ပံုျပင္အသစ္တစ္ပုဒ္ကို နားေထာင္ေနရေသာ ကေလးတစ္ေယာက္လို
ေမာ့ႀကည့္ေနေတာ့၏။ မီးလင္းဖိုမွမီးေတာက္
္ေရာင္ ေျပးယွက္ေနေသာ ပါးျပင္က Grace
တစ္ခုကိန္းေအာင္းေနသေယာင္။
"P Loveကို မရွိႏိုင္ဘူးလို႕ ျငင္းဆို
တာေတြရွိတယ္။ အျမဳေတေတြဆိုတာ လြယ္လြယ္မေတြ႔ႏိုင္ဘူးေလ။ ကမၻာေပၚမွာ အဲ့
လိုအခ်စ္နဲ႔ အတူတူေသတဲ့အထိ ေနသြားတဲ့
စံုတြဲေတြရွိတယ္။ ကိုယ္လည္း အဲ့လိုပဲ ႏိုးေဝကို
ခ်စ္သြားမယ္။ ကို ေႀကာက္တယ္။ ကို႔ေႀကာင့္
ႏိုးေဝ တစ္ခုခုျဖစ္မွာ။ ေနာက္ျပီး ကိုယ္အေႀကာက္ဆံုးက ႏိုးေဝ ကို႕ ကိုေႀကာက္
သြားမွာပဲ။ဒါမ်ိဳး ကုိ လံုးဝ မျဖစ္မခံႏိုင္ဘူး။ ဒီကေလးကို အေဝးကေန တစ္မ်ိဳး။ ခု ကို႔နားေရာက္လာေတာ့လည္း တစ္မ်ိဳးနဲ႔ ကို႔မွာ အရိပ္တႀကည့္ႀကည့္ေနခဲ့ရတာ။ အဲ့လို ကိုယ္တန္ဖိုးထားရတဲ့ လူသားေလးက ကို႔ကို
ေႀကာက္ျပီး ကို႔နားကေနထြက္သြားမွာကို ေတြးမိ
တိုင္း ေႀကာက္ေနတာ ဒါ ကိုယ့္ Phobiaပဲ"
"ကြ်န္ေတာ္လား Bro ကို ထားခဲ့ႏိုင္မွာ...အဲ့ဒါ
ကိုယ့္ကိုကိုယ္ တျဖည္းျဖည္းညွင္းသတ္ေနတာ
နဲ႔ အတူတူပဲ။ ကြ်န္ေတာ္ ႀကိဳးစားေပးမွာပါ။ Bro
ကို အိမ္ေထာင္ေရးသုခ ဆုိတာေတြ ျပည့္စံုေအာင္
ေပးႏိုင္ဖို႔အတြက္ ကြ်န္ေတာ္ႀကိဳးစားမွာ။ Bro
နာက်င္ခဲ့ရတာေတြအတြက္ ကြ်န္ေတာ္အစားထိုး
ေပးမွာ။ ကြ်န္ေတာ္ႀကိဳးစားေပးမွာမို႕ အခ်ိန္တစ္
ခုေတာ့ ေစာင့္ေပးပါ..."
"ေရာ္...အတင္းႀကီးကို ႀကိဳးစားမယ္ဆိုတာႀကီးပဲ
ကိုေသာ္တာႏိုးေဝရာ။ ဒီအတုိင္းပဲ ေန ခင္ဗ်ားေလး။ ဘာမွႀကိဳးစားေပးစရာမလိုဘူး။
စိတ္ကူးယဥ္ဆန္တယ္ပဲ ေျပာေျပာ။ ဒီေကာင္ လိမ္ေနတယ္ပဲထင္ထင္ကို ေတာ့ ႏိုးေဝကို ဒီအတိုင္းေလးပဲ ဆက္ခ်စ္သြားမွာ။ ေနာက္ဆံုး ႏိုးေဝ ကိုယ့္ကို ႏႈတ္ဆက္ျပီး ေနာင္ဘဝကူးတဲ့ အခ်ိန္ထိ ႏိုးေဝ သက္သက္သာသာ နဲ႔ ျငိမ္းျငိမ္း
ခ်မ္းခ်မ္းႏႈတ္ဆက္ႏိုင္ေအာင္ထိ ကို ေစာင့္ေရွာက္
ေပးမွာ။ ေနာင္ဘဝက်ရင္ေတာ့ လူအရင္ဝင္
စားမယ့္ ႏိုးေဝက ကိုယ့္ကို ျပန္ေစာင့္ေရွာက္
ေပးေပါ့"
"ခင္ဗ်ား မေကာင္းဘူးဗ်ာ..."
ပို၍ တိုးလို႕ဖက္လာကာ ငုိိျပန္သည္။ ဒီတစ္
ခါ ငိုေႀကြးျခင္းသည္ ေႀကာက္လန္႔ျခင္းအေျခခံ
မဟုတ္။ ႀကည္ႏူးျခင္းယိုဖိတ္မႈျဖစ္သည့္အတြက္
ဆံပင္ပြပြေလးေတြထဲ မ်က္ႏွာအပ္ကာ ျငိမ္
သက္ေနေပးမိသည္။
"အင္း...ေနာင္ဘဝက်ရင္လည္း ကြ်န္ေတာ္ Bro
ကို လာေတြ႔မယ္။ Bro အခု ကြ်န္ေတာ့္ကို ခ်စ္
သလို ခ်စ္ေပးမယ္ေနာ္"
"ဒါေပါ့။ ကို က ဆိုးမွာေနာ္။ ခင္ဗ်ားေလးထက္
ပိုဆိုးမွာမို႕ အခု အခြင့္ရတုန္း စိတ္ႀကိဳက္ဆိုးထား
ဟုတ္ျပီလား...အားးးး"
စကားေတာင္မဆံုးေသး ဗိုက္သားကို ဝတ္ထား
ေသာ အေႏြးထည္ထူ ေပါက္ေအာင္ကုန္းကိုက္
ေသာ ေပါက္စေလး။
ေအာက္ထပ္အခန္းမွာေတာ့ မီးလင္းဖိုေရွ႕သိုး
ေမႊးထိုးရင္း အေပၚကေန လွ်ံက်လာေသာ ရယ္သံ
ေတြေႀကာင့္ ခပ္ျပံဳးျပံဳးျဖစ္ေနေသာ တစ္ကိုယ္
္တည္း သမား အိမ္ရွင္ႀကီးလည္းရွိေလရဲ႕။
အျပင္ေလာကတစ္ခုလံုးေဖြးေနေအာင္ေဝေန
ေသာ ႏွင္းထုသည္ အိမ္ခန္းအိုေလးထဲက အခ်စ္
ေတြကို ဘယ္သူ ပိိုျဖဴစင္လဲရယ္လို႕ မယွဥ္ျပိဳင္
ေတာ့ပဲ အင္ပါယာနယ္ေျမကိုသာ စိတ္ႀကိဳက္
အျဖဴေရာင္ျခယ္ေနေတာ့၏။
The End
Thank You All
(Unicode)
/
/
/
တစ်ခါမှ ဒီလိုမဖြစ်ဘူးပါ။ ဒီလို တရှိုက်မက်မက်
ပေါ့။
ရုပ်ရှင်တွေထဲမှာဆို ပြကြသည်။ အရာအားလုံး
ရပ်တန့်သွားတာမျိုး။ သို့မဟုတ် ပတ်ဝန်းကျင်
က အရာအားလုံး မှိန်ကျသွားကြတာမျိုး။ ဒါမှ
မဟုတ် ချာချာလည်နေတာမျိုး။
မဟုတ်ဘူး။ ဒါတွေ တစ်ခုမှ မဖြစ်နေပါ။ နူးညံ့
ခြင်းများစွာကြားမှ ခံစားမိနေသော ယောကျာ်း
ဆန်မှု တစ်ချို့။ နောက်ပြီး ခန္ဓာဗေဒအား ပိုင်နိုင်
ကျွမ်းကျင်မှု။ ပူနွေးမှုနဲ့ နူးအိနေမှုကြား ကျွန်တော်
လိုက်ပါမိနေရင်း ပြောင်းလဲဖြစ်တည်လာမှု
အာရုံသည် ဒီ စက္ကန့်အပိုင်းအခြားအတွင်း တစ်နေ
ရာတည်းမှာသာ မဟုတ်တော့။ မုန်းပါသည်ဆို
သော နာကျင်မှုအစိတ်အပိုင်းတွေကို လျစ်လျူရှု
သော်ငှား မရ။ ပို၍ ပို၍ စူးအောင့်လာသည်သာ
ရှိ၏။မျက်ရည်တို့က လိုက်ဖက်လွန်းစွာ တပ်ကူဖြည့်လေကြပြီ။ ထိန်းထားသည့်ကြားမှ...
"ကလေး! ကလေး!"
အလန့်တကြားဖြင့် မျက်နှာကို အုပ်ကိုင်ကာ စိုး
ရိမ်တကြီး ပြန်ကြည့်သည်။ ထိတ်လန့်နေသော
သူ့ကိုမြင်ရတော့ ပို၍ ဝမ်းနည်းမှုတွေ...
"ဆက်ပါ...ရပါတယ် ကျ...ကျွန်တော်"
"မ...မဟုတ်ပါဘူး ကလေးရာ။ အဲ့လို မဟုတ်"
ဘယ်လောက်များဆိုးလိုက်ပါသလဲ? တကယ်ဆို
ကျွန်တော်တို့က အခုဆို ချစ်သူအတွဲဆိုသည့်
အဆင့်တစ်ခုထက်ပိုနေပြီမလား။
"နာနေတာလား...ဟုတ်လား နိုးဝေ။"
တောင့်ခံရင်း မသိမသာ ဖိထားမိသော ဗိုက်နေရာ
သို့ ခပ်ဖွဖွထိရင်း မေးတော့ ကျွန်တော်မျက်ရည်
မနိုင်တော့ပါ။
"တောင်းပန်ပါတယ်...ကျွန်တော် တောင်းပန်ပါ
တယ်။ ဘယ်လိုမှ...ဘယ်လိုမှ"
အသံထပ်မထွက်နိုင်တော့။ အားနာတယ်။ သူလည်း လူသားပဲလေ။ သူနဲ့ ဝေးနေချိန် ကျွန်
တော် ဘယ်လောက်ပဲ ဒီကိစ္စကိုရင်ဆိုင်နိုင်အောင်
အားမွေးခဲ့ပါစေ တကယ့် လက်တွေ့တွင် သေ
မလောက်ကြောက်နေသော ကြောက်စိတ်က အားနာနှင့် မဟာမိတ်ဖွဲ့၍ ကျွန်တော့်ကို
ထပ်ဖိစီးသည်။
ရှက်ခြင်း ကြောက်ခြင်း နှင့် အားနာခြင်းတို့သည်
သူ့ကို မျက်နှာချင်းမဆိုင်ရဲအောင် ဖြစ်စေသည်။
သို့ပေမယ့် ဒီလူရင်ခွင်မှတစ်ပါး ကျွန်တော်ခိုနား
ရာမရှိမို့ သူ့ခါးကိုတင်းတင်းဖက်၍သာ ငိုမိသည့်
အဖြစ်သို့သာ ဆိုက်ရောက်ရတော့သည်။ ယောကျာ်းမာနတွေမျက်ရည်တွေနဲ့ပဲဖျော်ချလိုက်ရတော့သည့် အဖြစ်။
"အားနာတယ် ။ Bro ကို အားနာတယ်။ ကျွန်တော် ဘာပဲ ဖြစ်ဖြစ်...ရှေ့ဆက်ချင်ရင်
ဆက်ပါ။"
"တော်ပါတော့ နိုးဝေရယ်...ဒီမှာကြည့် ကို့ကို
ကြည့်"
မျက်ရည်စီးကြောင်းကို လက်ချောင်းနုနုများနှင့်
တိုက်ဖျက်စားပြီး
"ကို...ကို ဘာမှ မဖြစ်ဘူး။ ကို ပြောတာ နိုးဝေ
သိတယ် မလား...ကို ဒီအတိုင်း ဒီအတိုင်း နိုးဝေ
ကို နမ်းချင်သွားရုံပဲ။ ကို...ဘာမှမဖြစ်လို့ ကို့ကို
အားနာစရာမလိုဘူးနော်။ သိလား ကလေး
ကို အခု ဘာမှ မဖြစ်ဘူး။တိတ် တိတ် မငိုနဲ့တော့"
မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့်သာ စိုက်
ကြည့်သည်။ နာကျင်မှုကြောင့် အားဖျော့နေသော်
လည်း ထိုမျက်ဝန်းကြည်ကြည်များက လိမ်ညာ
ခြင်း ငေါမထွက်စေရန်ဖိနှိပ်နိုင်သည်။
"ကျွန်တော်ထင်တာ Bro ကို ရရင် စိတ်ချရမယ်
လို့ထင်ခဲ့တယ်။ အခု...Broဆီ လိုက်လာပြီး
Broနဲ့နေရတော့ အရင်ကထက် ပိုပြီးကြောက်
လာတယ်။ ကျွန်တော့်ကို Bro ထားခဲ့မှာ အရင်
ကထက် ပိုပြီးကြောက်လာတယ်...ကျွန်တော့်
ကို Bro ထားခဲ့မှာ ကြောက်တယ်။ ဘာမှမပေး
နိုင်တဲ့ ကျွန်တော့်ကို..."
ဘယ်သူတွေရှေ့ ဘယ်လိုပဲ ယောကျာ်းတစ်
ယောက်အနေဖြင့် ရပ်တည်ခဲ့ပါစေ။ သူ့ရှေ့တွင်
တော့ ကျွန်တော်သည် စတွေ့စအရွယ်က ကဲ့သို့
သူ့အပေါ် မှီတီအားကိုးနေရဆဲ။
ထိုသူ၏ မေတ္တာနှင့် အနွံတာခံမှုကို ကျွန်တော့်၏
အားနည်းမှု တစ်ပိုင်းတစဖြင့် တောင်းခံရမြဲ
"ထားခဲ့စရာလား နိုးဝေရယ်။ နိုးဝေနဲ့ အခုလိုနေ
နိုင်ဖို့ ဘယ်လောက်စောင့်ခဲ့ရလဲ နိုးဝေ အသိ
ဆုံးကို ကလေးရာ"
ပြန်မော့ကြည့်သော မျက်နှာ ငယ်ငယ်။ စိုနေသော
မျက်တောင်ဖျားတွေကို ခပ်ဖွဖွ ငုံ့နမ်းတော့ မျက်
ရည်ကြည်တို့ စိမ့်ထွက်လာပြန်သေးတော့၏။
ဘယ်လောက်တောင် ဝမ်းနည်းသွားတာလဲကွာ
"ကို နဲ့ နိုးဝေ အတူတူရှိနေကြဖို့ပဲ လိုတယ်။ ကို
နိုးနိုးချင်း နိုးဝေကို တွေ့ရမယ်။ အိပ်ရာဝင်ချိန်
နိုးဝေ ကို့ အနားမှာရှိနေမယ် ဒါဆို ကို့အတွက်
ပြည့်စုံလွန်းမက ပြည့်စုံလွန်းနေပြီ"
"Broက အာဿဝေါကုန်ခမ်းနေတာ မှမဟုတ်
ပဲ..."
ကျွန်တော့်အဖြေကို မထောက်ခံကြောင်း မကြား
တကြားပြောသေး၏။ ပြောသာပြောတာ ရှက်နေ
သည်ထင် နားရွက်ဖျားတွေ ရဲနေသေး၏။ ကိုက်
ချင်လိုက်တာ ကွာ။ အသည်းယားလို့ ဖျစ်ညှစ်မိ
တော့ ငြိမ်နေသည်။ ဒီတော့ သနားပိုရတာက ဒီလူပင်။
"ဟုတ်ပါတယ်။ ကို က သာမာန်သူပါပဲ။ မရှိဘူး
မဟုတ်ဘူး ရှိတယ်။ ယောကျာ်းပဲလေ။ ဒါပေမယ့်
နိုးဝေ နဲ့ ယှဉ်လာရင် အဲ့ခံစားချက်တွေက အဓိက
မဟုတ်တော့ဘူး။ နိုးဝေနာကျင်မှာ ကြောက်တဲ့
စိတ်က အရာရာကို အနိုင်ယူနိုင်တယ်။"
ငေးကြည့်ပြန်သည်။ မျက်ဆံအိမ်တွေထဲက သူ့
မျက်နှာသေးသေးလေးကို မြင်ရသည်အထိ ကျွန်
တော့်ကို စူးစိုက်ကြည့်သည်။
"Platonic Love ဆိုတာကြားဖူးလား ကလေး"
ခေါင်းခါပြသည်။
"ကိုယ်က နိုးဝေကို အဲ့လို အချစ်နဲ့ ချစ်တာ။ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ကို နိုးဝေကို
စတွေ့တဲ့ နေ့ကစပြီး အဲ့လိုအချစ်တွေ ရှိနေနိုင်ပါ
လားဆိုပြီး ယုံကြည်လာတယ်"
"ဘယ်လိုမျိုးလဲ Bromanceလား?Bro နဲ့
ကျွန်တော်က Bromance ထက်လွန်ပါတယ်။
အခုတောင် နမ်း..."
ရှေ့ဆက်မပြောတော့ ကျွန်တော့်ကို အကြည့်လွှဲ
သည်။ တော်သေးသည်။ သူကပင် စနမ်း
လိုက်လို့။ ကျွန်တော်ကပင် အစချီပါက...
"Platonic Love ဆိုတာ ပလေတို က ထုတ်
ဖော်ခဲ့တာ။ ကမ္ဘာပေါ်မှ ခုထိ အဲ့လိုအချစ်မျိုး
ရှိနိုင်၏ မရှိနိုင်၏ အငြင်းပွါးနေတုန်းပဲ။"
မျက်မှောင်ကျုံသည်။ တကယ်ကြီးစိတ်ဝင်စား
လာဟန်ဖြင့် ရင်ခွင်ထဲမှ ထွက်ကာ သေချာ
နားထောင်သည်။ Phobia Signတွေလည်း
ပျောက်သွားပုံပင်
"ပလေတိုက ပြောခဲ့တယ်။ လူတစ်ယောက်နဲ့
တစ်ယောက်ကြားမှာ တဏှာရာဂကင်းတဲ့
အချစ်တွေလည်းရှိနိုင်တယ်တဲ့။ တစ်ချို့က မိတ်ဆွေချစ်လို့ ဘာသာပြန်တတ်ကြပေမယ့်
တကယ့် မူရင်းက အဲ့လိုမဟုတ်ဘူး။ ချစ်သူ
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အဲ့လိုစိတ်တွေမဖြစ်ပေါ်ပဲ ချစ်နေတဲ့ အချစ်မျိုးကို
ပြောတာ"
"ရှိနိုင်လို့လား?"
"တွေ့ပြန်ပြီကွာ မယုံတဲ့လူကို"
Bro ခပ်ပြုံးပြုံးပြောရင်း ကျွန်တော့်ကို ပြန်ကြည့်
လာသည်။ ထို့နောက် ခေါင်းကို ခပ်ဖွဖွပုတ်ရင်း
"ကိုယ်က နိုးဝေကို အဲ့လိုချစ်တာ။ ဒီအတိုင်းလေး
ဒီအတိုင်း ကြည့်နေရရုံ။ ထွေးပိုက်ထားရရုံနဲ့တင်
ကိုယ် ကျေနပ်တယ်။ ဒါ ယုံဖို့ခက်မှန်းသိတယ်
ဒါပေမယ့် နိုးဝေ အဲ့လိုအချစ်မျိုးတွေ ရှိနေတယ်
ဆိုတာ ကြာလေကြာလေ ပိုယုံကြည်လာရမယ်"
"စိတ်သက်သာအောင် မပြောပါနဲ့ Broရာ..."
"ရော် ခက်ပြီ။ ကို တို့ တွဲခဲ့တဲ့နှစ်တွေကိုလည်း ပြန်ကြည့်ပါဦး။ အွန်...ကို နိုးဝေ ကို ဘယ်နှစ်ခါ
တောင်းဆိုဖူးလဲ?"
ခေါင်းငုံ့ရင်း ခေါင်းခါပြသည်။
"ကျွန်တော့် Phobiaကြောင့်..."
"ဟုတ်တယ် အဲ့ဒါလည်းအကြောင်းတရားတစ်ခု
ဆိုတာမှန်တယ်။ အဲ့လိုမျိုး Phobiaရှိနေတာ
တစ်ခုတည်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်
လောက်ကြာကြာ နေနိုင်မှာလဲ?သနားစိတ်တစ်ခု
တည်းနဲ့ Realtionship တစ်ခုကိုတည
်ဆောက်လို့မရဘူး ကလေးရ။ လူဆိုတာ ကိုယ့်ကို
ကိုယ် သနားတတ်ဆုံး သတ္တဝါပဲ။ ဒါပေမယ့် ကိုယ်
က နိုးဝေကို ချစ်တာလေ။ သနားလားဆိုတော့
နိုးဝေရဲ့ ယောကျာ်းတစ်ယောက် ဆိုတဲ့ မာနကို
လေးစားလို့ သနားတယ်ဆိုတာ မရှိတော့ဘူး။
ကိုယ်က သီးသီးသန့်သန့် တခြားဘာခံစားချက်မှ
မရောတဲ့ အချစ်မျိုးနဲ့ တဖြည်းဖြည်းချင်း ပိုပို
ချစ်လာရတာ။ အဲ့ အချစ်ကလည်း ကိုယ်တောင်
မသိလိုက်ခင်မှာ ပလေတို ယုံကြည်ခဲ့တဲ့ အချစ်
ပုံစံမျိုးဖြစ်နေခဲ့တယ်။"
စိတ်လှုပ်ရှားစရာ ပုံပြင်အသစ်တစ်ပုဒ်ကို နားထောင်နေရသော ကလေးတစ်ယောက်လို
မော့ကြည့်နေတော့၏။ မီးလင်းဖိုမှမီးတောက်
်ရောင် ပြေးယှက်နေသော ပါးပြင်က Grace
တစ်ခုကိန်းအောင်းနေသယောင်။
"P Loveကို မရှိနိုင်ဘူးလို့ ငြင်းဆို
တာတွေရှိတယ်။ အမြုတေတွေဆိုတာ လွယ်လွယ်မတွေ့နိုင်ဘူးလေ။ ကမ္ဘာပေါ်မှာ အဲ့
လိုအချစ်နဲ့ အတူတူသေတဲ့အထိ နေသွားတဲ့
စုံတွဲတွေရှိတယ်။ ကိုယ်လည်း အဲ့လိုပဲ နိုးဝေကို
ချစ်သွားမယ်။ ကို ကြောက်တယ်။ ကို့ကြောင့်
နိုးဝေ တစ်ခုခုဖြစ်မှာ။ နောက်ပြီး ကိုယ်အကြောက်ဆုံးက နိုးဝေ ကို့ ကိုကြောက်
သွားမှာပဲ။ဒါမျိုး ကို လုံးဝ မဖြစ်မခံနိုင်ဘူး။ ဒီကလေးကို အဝေးကနေ တစ်မျိုး။ ခု ကို့နားရောက်လာတော့လည်း တစ်မျိုးနဲ့ ကို့မှာ အရိပ်တကြည့်ကြည့်နေခဲ့ရတာ။ အဲ့လို ကိုယ်တန်ဖိုးထားရတဲ့ လူသားလေးက ကို့ကို
ကြောက်ပြီး ကို့နားကနေထွက်သွားမှာကို တွေးမိ
တိုင်း ကြောက်နေတာ ဒါ ကိုယ့် Phobiaပဲ"
"ကျွန်တော်လား Bro ကို ထားခဲ့နိုင်မှာ...အဲ့ဒါ
ကိုယ့်ကိုကိုယ် တဖြည်းဖြည်းညှင်းသတ်နေတာ
နဲ့ အတူတူပဲ။ ကျွန်တော် ကြိုးစားပေးမှာပါ။ Bro
ကို အိမ်ထောင်ရေးသုခ ဆိုတာတွေ ပြည့်စုံအောင်
ပေးနိုင်ဖို့အတွက် ကျွန်တော်ကြိုးစားမှာ။ Bro
နာကျင်ခဲ့ရတာတွေအတွက် ကျွန်တော်အစားထိုး
ပေးမှာ။ ကျွန်တော်ကြိုးစားပေးမှာမို့ အချိန်တစ်
ခုတော့ စောင့်ပေးပါ..."
"ရော်...အတင်းကြီးကို ကြိုးစားမယ်ဆိုတာကြီးပဲ
ကိုသော်တာနိုးဝေရာ။ ဒီအတိုင်းပဲ နေ ခင်ဗျားလေး။ ဘာမှကြိုးစားပေးစရာမလိုဘူး။
စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြော။ ဒီကောင် လိမ်နေတယ်ပဲထင်ထင်ကို တော့ နိုးဝေကို ဒီအတိုင်းလေးပဲ ဆက်ချစ်သွားမှာ။ နောက်ဆုံး နိုးဝေ ကိုယ့်ကို နှုတ်ဆက်ပြီး နောင်ဘဝကူးတဲ့ အချိန်ထိ နိုးဝေ သက်သက်သာသာ နဲ့ ငြိမ်းငြိမ်း
ချမ်းချမ်းနှုတ်ဆက်နိုင်အောင်ထိ ကို စောင့်ရှောက်
ပေးမှာ။ နောင်ဘဝကျရင်တော့ လူအရင်ဝင်
စားမယ့် နိုးဝေက ကိုယ့်ကို ပြန်စောင့်ရှောက်
ပေးပေါ့"
"ခင်ဗျား မကောင်းဘူးဗျာ..."
ပို၍ တိုးလို့ဖက်လာကာ ငိုပြန်သည်။ ဒီတစ်
ခါ ငိုကြွေးခြင်းသည် ကြောက်လန့်ခြင်းအခြေခံ
မဟုတ်။ ကြည်နူးခြင်းယိုဖိတ်မှုဖြစ်သည့်အတွက်
ဆံပင်ပွပွလေးတွေထဲ မျက်နှာအပ်ကာ ငြိမ်
သက်နေပေးမိသည်။
"အင်း...နောင်ဘဝကျရင်လည်း ကျွန်တော် Bro
ကို လာတွေ့မယ်။ Bro အခု ကျွန်တော့်ကို ချစ်
သလို ချစ်ပေးမယ်နော်"
"ဒါပေါ့။ ကို က ဆိုးမှာနော်။ ခင်ဗျားလေးထက်
ပိုဆိုးမှာမို့ အခု အခွင့်ရတုန်း စိတ်ကြိုက်ဆိုးထား
ဟုတ်ပြီလား...အားးးး"
စကားတောင်မဆုံးသေး ဗိုက်သားကို ဝတ်ထား
သော အနွေးထည်ထူ ပေါက်အောင်ကုန်းကိုက်
သော ပေါက်စလေး။
အောက်ထပ်အခန်းမှာတော့ မီးလင်းဖိုရှေ့သိုး
မွှေးထိုးရင်း အပေါ်ကနေ လျှံကျလာသော ရယ်သံ
တွေကြောင့် ခပ်ပြုံးပြုံးဖြစ်နေသော တစ်ကိုယ်
်တည်း သမား အိမ်ရှင်ကြီးလည်းရှိလေရဲ့။
အပြင်လောကတစ်ခုလုံးဖွေးနေအောင်ဝေနေ
သော နှင်းထုသည် အိမ်ခန်းအိုလေးထဲက အချစ်
တွေကို ဘယ်သူ ပိုဖြူစင်လဲရယ်လို့ မယှဉ်ပြိုင်
တော့ပဲ အင်ပါယာနယ်မြေကိုသာ စိတ်ကြိုက်
အဖြူရောင်ခြယ်နေတော့၏။
The End
Thank You All