အပိုင်း(၈)

83.3K 7.5K 246
                                    

"နိုးနိုး ပြန်မလာသေးဘူးလား"

ညနေစောင်းနေသည့်တိုင် စကားအမျှင်မပြတ်
တန်းနေသော်လည်း မျှော်တော်ယောင်ကိုသာ
စောင့်ဆိုင်းရန် စေစားသူက... ဆူညံနေသော
နောက်ခံသံတွေကြားမှ

"မေမေ သားတို့ Music Boxရောက်နေလို့
နောက်ကျမယ်လို့" ဟူ၍ ချွဲသံမပါသော်လည်း
နွဲ့ဆိုးဆိုးနေခြင်းကို ကိန်းသေထားထားဟန်ရှိ၏

One Direction ၏ Up all night သီချင်း
က Speaker အပြင်ဖက်ကို လျှံကျလာသည်။

"နိုးနိုး အိမ်မှာ မင်း ကိုကြီးသူငယ်ချင်းလာလည်
နေတယ်"

"ကိုကြီး သူငယ်ချင်းက သားဧည့်သည်မှမဟုတ်
တာ။မေမေ ဒီတစ်ရက်တော့ Passပေးပါဗျာနော်
ဇင်ကြီး မွေးနေ့အကြိုမို့လို့ပါ။ ကျောင်းတက်ရတဲ့
နေ့ဆိုရင် မေမေက သွားခိုင်းမှာမဟုတ်ဘူး"

"အတွန့်တွေ တက်နေတာ။ ပြန်လာမယ့်အချိန်
ဖုန်းဆက် ဖေကြီးကို လာကြိုခိုင်းလိုက်မယ်"

"ရတယ်။ သားဘာသာ သား"

"သားဘာသာတွေ ဘာတွေလုပ်မနေနဲ့
ပြန်လာခါနီးရင် ဖုန်းဆက်နော်။ အိမ်ပြန်ချိန်ကျော်
ရင် တံခါးမဖွင့်ပေးဘူး"

"ကလေးလည်း မဟုတ်တော့ပဲ"

ကလေးမဟုတ်ဘူးဆိုပေမယ့် မြင်ယောင်ပါတယ်
ကလေးတစ်ယောက်လို
ခြေဆောင့်စိတ်ကောက်နေလိမ့်မည့် ပုံစံလေးကို
ကလေးဆန်တာလည်း မပြောနဲ့။ ခုချိန်ထိ အဖေအမေတွေ အစ်ကို တွေက ဖူးဖူးမှုတ်ဂရုစိုက်
ထားကြတာကိုး။

"နိုးနိုး က ခုထိ ကလေးစိတ်မပျောက်သေးတာ
သားရေ။ သူများသားတွေ ခုရွယ်ဆို လူကြီးတစ်
ယောက်လို ဖြစ်နေပြီ။ ခုကဆယ်တန်းအောင်ပြီးစ အရွယ်လေးလို သူ့ကိုယ်သူထင်နေပုံရတယ်"

"ကလေးလိုနေတော့ ဖြူစင်တာပေါ့"

"ဆိုးချင်တယ်။ အန်တီက ငယ်ငယ်ကအလိုတွေ လိုက်ထားလို့။ တခြား ဆေးလိပ် အရက် ဘာညာ
တွေ တစ်ခုမှ မလုပ်တတ်လို့ အန်တီက သဘော
ကျပေမယ့် သူ့အဖေကတော့ တွေ့တိုင်းဆူနေ
တယ်။ အန်တီက တားရတယ်။ ပြောရင်းနဲ့ ကလေးစိတ်ထဲ အငုံ့စိတ်ဝင်သွားမှာဆိုးလို့။
သူ့ဘာသာသူ နုနုနည်နည်လေးနေတာပဲလေ
အန်တီတို့ကို သိက္ခာကျအောင် ဆိုးပေနေတာမှ
မဟုတ်ပဲ"

NO Where stories live. Discover now