"ကိုခန့်"
တာရာကိုမှုန်ဝါးဝါးသာ မြင်ရသည်ကို သတိပြုမိမှ
မျက်ရည်တွေကို ဖယ်ရှားဖို့ သတိရသည်။
ဘယ်လိုရောက်လာလဲ မမေးဖြစ်တော့ပါဘူး။"ထိုင်လေ တာရာ"
ကလေးထိုင်သွားခဲ့သော ထိုင်ခုံတွင်ဝင်ထိုင်ရင်း
အနားရောက်လာသော Waiterလေးကို"Expresso တစ်ခွက်" သာ ပြီးစလွယ်
မှာသည်။ရှက်ရွံခြင်းတွေ သိမ်ငယ်ခြင်း တွေက ကျွန်တော်
နှင့် မသက်ဆိုင်တော့...တစ်ခုတည်းသော
ကြွင်းကျန်နေသော ခံစားမှုက နာကျင်ခြင်း။"ငါ စိတ်မကောင်းပါဘူး ကိုခန့်။ ဒီလိုဖြစ်လာတာ
ဟာ မင်းရော ငါ့ညီ အတွက်ပါ အကောင်းဆုံး
လမ်းဖြစ်နေလို့ ငါဖောက်ခဲ့တာ။"အပြစ်တင်ဖို့လား? မတင်ချင်ပါဘူး။ ကျွန်တော်
နားလည်တယ်။ ကျွန်တော်တောင် ဒီလောက်
တန်ဖိုးထားခဲ့ရတဲ့ ရတနာလေးကို သူ့မိဘ
အသိုင်းအဝိုင်းတွေ ဘယ်လောက် နှမြောတွန့်တို
ကြမလဲ?"ကိုခန့်...ငါတို့ စိတ်ကျန်းမာရေး ဆေးရုံကိုသွား
ကြတုန်းက ရခိုင်ကနေဆေးရုံလာတက်ရတဲ့
ကောင်မလေးတစ်ယောက်ကို မှတ်မိလား?"တာရာဘာကိုဦးတည်နေတာလဲ ကျွန်တော်မသိ
သို့ပေမယ့် အကြောင်းရင်း မရှိပဲနဲ့တော့ ဒီအကြောင်းအရာကို ဆွဲခေါ်မှာတော့ မဟုတ်တာ
သိပေမယ့်...
ဘာဆို ဘာမှ အာရုံထဲမရှိတော့သော ဦးဏှောက်
ကို ခဏတာအလုပ်ပေးရသည်။ ထုံနေပြီထင်ပါရဲ့"ငါ မမှတ်မိတော့ဘူး"
"မင်္ဂလာဦးညမှာပဲ Shockရသွားတဲ့
ကောင်မလေး မင်းမှတ်မိမှာပါ။ နေ့ဆို တစ်နေကုန်အိပ်နေပြီးည အိပ်ချိန်မှ ထမင်းတွေဟင်းတွေ ထချက်၊ တစ်ညလုံးမအိပ်
တော့တာ...အိပ်ခန်းထဲမဝင်ဖြစ်အောင် အခြေအနေဆိုးလာတော့ လျှော်ပြီးသားအဝတ်
တွေပါ ထပ်လျှော်လာတာတဲ့ ထိလုပ်လာပြီး
ယောကျာ်းမြင်တာနဲ့ ထွက်ပြေးလို့ နောက်ဆုံး
ကွာရှင်းခံရပြီး ဆေးရုံရောက်လာတဲ့ တစ်ယောက်
ကို မှတ်မိတယ် မလား?"တာရာသည် သူငယ်ချင်းတွေဆုံခိုက်ရှေးဟောင်း
နှောင်းဖြစ်အကြောင်းအရာတစ်ခုကို ပေါ့ပေါ့ပါးပါး
ပြောနေသကဲ့သို့ စကားဝိုင်းကို ဖန်တီးယူထား
သည်။ ဒါသည်လည်း မင်း အထူးပြု သင်ကြား
နေတဲ့ Majorထဲက လမ်းစဉ်တွေလား?
YOU ARE READING
NO
Romance(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su Myat Yadanar