အပိုင်း(၁၂)

74.8K 7K 117
                                    

shareပေးထားသော pageတွေ။ လှည်းတန်း
တစ်ဝိုက်က သင်တန်းပေါင်းစုံ။ သွားအပ်လို့ရမည့်
အချိန်တွေက အစ သွားရမည့် ကားနံပါတ်က
အဆုံး အကုန်အောက်ခြေသိမ်း လုပ်ပေးထားတာ

ကျတော်နဲ့ အဆင်ပြေပြီး ဟိုနှစ်ယောက်ပါလိုက်
တက်လို့ အဆင်ပြေမည့် သင်တန်းကို ရွေးလိုက်
ရုံပင်။ သူတို့ က Englishပဲတက်တော့ Jက
ကျတော်တစ်ယောက်တည်း တက်ဖြစ်သည်။

ညစဉ် စကားပြောဖြစ်ကြပေမယ့် အပြင်မှာတစ်
ခေါက်မှ မတွေ့ဖြစ်သေးဘူး။ Englishစာချိန်က
ွှရုံးချိန်မို့ လာမတွေ့တာရယ်လားလို့ မှန်းဆလို့
ရပေမယ့် ညနေပိုင်းJapanစာ သင်တန်းပြီးလို့
အိမ်ပြန်ချိန်နေဝင်ချိန်ကြီးက တစ်ယောက်တည်း
ပျင်းခြောက်ခြောက်နဲ့။
ပန်းခင်းကြီးဟု ထင်ခဲ့ပေမယ့် ပန်းခင်းထဲတဝီဝီ
နဲ့ အလုပ်ရှုပ်နေသော ပျားအုံကြီးနဲ့ ပိုတူသည်။
တိုးမပေါက်ပဲ တစ်ဘီးချင်းလှိမ့်နေသော YBS
တွေ။ ကျဉ်းမြောင်းတဲ့ ပလက်ဖောင်းပေါ် ကိုယ်စီ
နေရာယူထားကြသော ပျံကျဈေးသည်များသည်
လည်း သူတို့ ၃ပေမပြည့်တပြည့် ဆိုင်ခန်းရှေ့
အူလည်လည် လုပ်မိတာ ကြာပါက ဆိုင်ရှေ့ပိတ်
ရပ်သည်ဟူသော ပုဒ်မှတ်ဖြင့် မျက်စောင်းထိုးခံရ
သေး။ Junction Squareထဲပတ်မယ်စိတ်
ကူးသော်လည်း တစ်ယောက်တည်းဖြစ်နေတော့
မပတ်မိ။ စံရိပ်ငြိမ်ဖက်သွားတော့လည်း Cinema complexရှိနေသည်မို့ အတွဲတွေ
ကိုယ်စီနဲ့ မျက်စိရှုပ်တယ်။ မြေနီကုန်းက  Coffee Circle ဆိုင်လေးဖက်ပဲ ခြေဦးလှည့်ဖြစ်သည်။ အပေါ်ထပ်မို့ တိတ်
တိတ်ဆိတ်ဆိတ်။ အိမ်စောမပြန်ချင်တဲ့နေ့တွေဆို
အပေါ်ထက် coffee shopလေးတွင် ထိုင်ငေး
ရင်း sketch bookထုတ်ကာတောင်ခြစ်
်မြောက်ခြစ်လုပ်ရတာကို သဘောကျတယ်။
အသက်ရလာလို့လားမသိ နောက်ပိုင်း expression ဆန်ဆန်တွေပါ ဆွဲတတ်လာ
တယ်။
အခုလည်းကြည့် ဆွဲတုန်းကတော့ ဒီအတိုင်းဆွဲ
နေတာ လက်စသတ်ပြီး သတိပြန်ဝင်လာမှ
ကြည့်လိုက်တော့ ရေခဲပြင်အလွှာပါးအောက်
ရောက်နေသော Phone တစ်လုံး။ လင်းနေဟန်ရှိသော မျက်နှာပြင်ပေါ်တွင် အပြန်
အလှန်ပို့ထားသောMessageတွေ။

Messageနေရာတွင် စာလုံးပုံစံ အတွန့်အကောက်တွေကလွဲ၍ ကျတော်ဘာတွေရေးမိ လိုက်လည်း မသိတော့။

NO Where stories live. Discover now