Pay-Day Dating

27K 2.7K 756
                                    


[Bro မနက်ဖြန် ကျွန်တော်လာခေါ်မယ်
ပြန်ရင်လည်းလာကြိုမယ်]

ကိုသော်တာနိုးဝေလေးတစ်ယောက်ဟာ ကားမောင်းလိုင်စင်ရပြီးတည်းက
တက်ကြွနေတော့သည်။ သင်စဥ်အခါ
ကသာ အင်း အဲ နှင့် ပျင်းနေတာ။ တကယ်တမ်း မောင်းတတ်သွားပြီး
သည့်နောက် သူတောင်အပို့အကြိုလုပ်
စရာမလိုတော့။ အမြဲလိုလိုကိုယ့်အား
ကိုယ်ကိုးချင်သော ကလေးမို့ အခုလို
အပြုအမူအတွက် ခန့်သော်ဇင်က
မည်သို့မျှမပြောလို ။ မနက်ခင်းအလုပ်
လိုက်ပို့ချိန်လေးနှင့် နိုက်ဂျူတီမရှိသည့်
နေ့တွေမှာ သွားကြိုခဲ့ရသည့်နေ့တွေကို
လွမ်းပေမဲ့ "ကိုယ့်ကားနဲ့ပဲလိုက်စီးပါလား" ဟု မတိုက်တွန်းချင်။ နိုးဝေစိတ်ကလေးချမ်းသာနေရင် ရပြီ။ အခုလို ယုံကြည်မှုရှိရှိနှင့် သွားလာနေပုံလေးမြင်နေရရင်ကို သူကပီတိဖြစ်တတ်နေရင်လုံလောက်ပြီမဟုတ်လား။

အခုတော့ ကိုယ်တော်ချောလေးကသူ့
ကိုတောင်လာကြိုမယ်တွေဘာတွေလုပ်
နေလေပြီ။ သဘောတကျရယ်မိရင်း

[စောင့်နေပါ့မယ်ဗျာ]

ဆိုတာကတော့ နှစ်ခါမပြောနဲ့တစ်ချက်
ကလေးတောင်မစဥ်းစားဘဲအလိုလိုတုံ့ပြန်မိခြင်း။

အိမ်ရှေ့ထိဟွန်းတီးလာကြိုရဲသည့် ကိုယ်တော်နိုးဝေ ကို ကန်တော့ပွဲနေ့ကျရင် ထည့်ကန်တော့သင့်နေပြီလား။

"ခါးပတ် ပတ်ပေးဦးမလား" ဟု နောက်
တော့ စောင်းခနဲတစ်ချက်ကြည့်သေး၏။ အိုဗာတွေလုပ်နေပြန်ပြီဟူ
သော အဟန့်သဘောလေးပေါ့။

"ညနေကျရင် လာခေါ်မယ်နော် Bro...
ဒီနေ့ ကျွန်တော် Treatမယ်"

"Pay Day Date ဆိုပါတော့"

"ဒီလိုမျိုး"

ဆေးရုံရှေ့ရောက်သည့်တိုင် ရေဒီယိုကလာသည့် သီချင်းတွေကို လိုက်ဆိုရင်းတက်ကြွလန်းဆန်းနေသည့် နိုးဝေရယ်ပါ။
မခွဲခင်လေး လက်မမို့ကို ဆွဲနမ်းတော့
အပြုံးအေးလေးနှင့် ပြန်တုံ့ပြန်သည်။
အရင်လို မျက်လုံးလေးဝိုင်း ၊ ကြက်
ကြော်ဗူးကြီးယူဖို့တောင်မေ့လောက်
တဲ့ထိ စိတ်လှုပ်ရှားခဲ့သည့် ကောင်လေး
ကမရှိတော့ဘူး။ အခုက ရင့်ကျက်ပြီး
ဆက်ဆံရေးတစ်ခုကို အတည်တကျ
သတ်မှတ်ပြုမူအသားကျနေသည့်
အမျိုးသားလေးဖြစ်နေပြီ။

NO Where stories live. Discover now