အပိုင်း(၂၄)

71.3K 7.2K 344
                                    

ညက အဆင်သင့်ထုတ်ထားသော T-shirtနဲ့
ဘောင်းဘီကို ဝတ်ကြည့်ပြီးမှ မကြိုက်သလိုဖြစ်
နေ၍ ပြန်ချွတ်။ အိပ်ရာနိုးနေတာ မနက်၅နာရီ
တည်းက။ ညကလည်း ပြည့်ပြည့်ဝဝအိပ်ပျော်
တာမျိုးလည်း မဟုတ်။ ဘယ်လှိမ့်ညာလှိမ့်နဲ့။
အောင်စာရင်းထွက်တုန်းကထက် ပိုပြီးစိတ်လှုပ်
ရှားနေသလိုပဲ။

မနက်အစောကြီးထပြီး ရေမိုးချိုးပြီးတာလည်း
ကြာပြီ။ မိန်းကလေးဆိုလည်း အလှတွေ
မှုန်နေအောင်ပြင်ရမယ့် အချိန်လိုတာမှန်ပေမယ့် ခု ကျွန်တော့်အတွက်က ရေချိုးပြီးရင်ပဲ ပြီးနေပြီ။
ဟိုတစ်လောက မေမေဝယ်လာပေးတဲ့ ယောကျာ်းလေးသုံး Serumဆိုလား?ဝယ်ပြီးတည်းက လိမ်းကိုမလိမ်းဖြစ်တဲ့ အဲ့ဗူးကြီးကောက်ကိုင် လိမ်းကြည့်
ပြီးမှ မှန်ထဲပေါ်နေတဲ့ ကိုယ့်မျက်နှာပြောင်ဖွေးဖွေး
ကို ကြည့်ရင်း ရှက်လာလို့ မျက်နှာပြန်သွားသစ်နဲ့
တစ်ယောက်တည်း အလုပ်တွေရှုပ်နေရော။
ရေချိုးခန်းထဲ သွားလိုက် အခန်းထဲပြန်
ဲဝင်လာလိုက်။ မေမေပြောသလို ဖင်လှည့်ခေါင်း
လှည့်နဲ့ လာခေါ်မယ့် အချိန်က နီးနေပြီ။
နောက်ဆုံး heartbeat ပြ ဂရပ်ပါတဲ့ Tshirt
မီးခိုးရောင်မှိုင်းမှိုင်းအပေါ်ကနေ ဟိုနှစ်ကောင်
မြှောက်ပေးလိုက်လို့ ဝယ်မိလိုက်တဲ့ Over size
Shirt အဖြူအနက်စင်းထပ်ဝတ်။ ရုပ်ရှင်ရုံထဲ
အေးမှာနဲ့ဆို ဒီshirt နဲ့ ကွက်တိပဲ။ဒူးဆစ်နားကြောင်ခြစ်သလောက်လေးဖြဲထား
သောဂျင်းဘောင်းဘီကို ငုံ့ကြည့်ပြီး ခွိခနဲ တစ်ချက်ရယ်မိ၏။

ကျွန်တော့်ပုံက လန်းနေပြီ။ ဟိုဘိုးတော်ကို
ိုဆေးထိုးထားတယ်။ ဘုရားမှာအောင်မြေသွားနင်း
မယ် ဆိုပြီး အိပ်ခါနီး message ထပ်ပို့ထား
လိုက်တယ်။ သေချာတယ်။ ဘုရားသွားမယ်
ဆိုပြီး လည်ကတုံး ယောပုဆိုး ဝါးတီးCoat ဒီဇိုင်း နဲ့ ရှိုးထုတ်လာမှာသေချာတယ်။ ဘုရားဖူးပြီးတာနဲ့ JC ဘာညာသလကာ လျှောက်လိမ့်မှာ။ Junction Squareမှာ ရုပ်ရှင်သွားကြည့်ဖို့ bookingလည်း လုပ်ထားပြီးသား။ လူငယ်တွေ
ပျော်ရာ ရပ်ဝန်းထဲ  လည်ကတုံးနဲ့
ရုပ်ရှင်ဝင်ကြည့်ရမယ့် ဘိုးတော်အဖြစ်။
ခွိ...ပုံစံတွေးမိပြီးရယ်ချင်လာတယ်။

မေလေးနဲ့ ဖြိုးကြီးတို့ရဲ့ ဆေးထိုးတာပဲ ခံခဲ့ရလို့
လား မသိ Bro ကို ဆေးထိုးရမှာကို ပျော်နေမိ
တယ်။ လူကလွင့်နေတာ။ ကျောပိုးအိတ်ကောက်
လွယ် ကိုင်နေကျ ထီးကောက်ကိုင်ပြီးအိမ်က ထွက်တော့ ခုတလော သင်တန်း၊ ဆေးရုံ
တစ်ခြား Workshop,Motivation
အခမ်းအနား တွေနဲ့ လမ်းများနေသော ကျွန်တော့်
အား ဘယ်လဲဘာလဲ  မမေးတော့။ ဘွဲ့ရပြီးတာကလည်း လူကြီးဖြစ်ပြီဆိုတဲ့ လက်မှတ်ရသွားတာပဲ ထင်ရဲ့။

NO Where stories live. Discover now