အပိုင်း(၃၀)

69K 6.3K 395
                                    

မန္တလေးမဝင်ဖြစ်။ မဝင်ချင်တာဆို ပိုမှန်မည်။
မေမေတို့က ကိုကြီးကို ပြောမည်ဟုဆိုသော
အခါ မပြောနဲ့ သား Surprise လုပ်ချင်လို့
ဟူ၍သာ ပြောပြီး တစ်ဖက်ပိတ်ထားခဲ့သည်။
တကယ်လည်း မန္တလေးမြေပေါ်ခြေချတော့ တစ်
နာရီ တစ်မိနစ်တောင် မနေချင်။
ကိုကြီးသိမှာကြောက်နေတာလား? မဟုတ်ဘူး။
Bro ကို အပြစ်ပြောမှာကြောက်တာ။ Broနဲ့
ကျွန်တော် အခု နှစ်ယောက်လုံးပျော်နေရတယ်။
ဒါကို တစ်စုံတစ်ယောက်က ဖျက်ဆီးမှာ တစ်စုံ
တစ်ယောက်ကြောင့် ပျက်စီးမှာကြောက်တယ်။
Bro ကို မချစ်ရတော့မှာ Bro က ကျွန်တော့်ကို
မချစ်ပေးရတော့မှာမျိုး ကျွန်တော်မလိုလားဘူး။

ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်
ချစ်ဖို့ ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘူးလို့
ယူဆထားသလို တစ်ဖက်ကလည်း တစ်စုံတစ်
ယောက်က တားဆီးပိတ်ပင် ရှုတ်ချတာလည်း
လက်မခံနိုင်ဘူး။
ကျွန်တော် သူ့ကို ချစ်တယ်။ သူ ကျွန်တော့်ကို
ချစ်တယ် ဒါဆို ပြီးပြီပဲ...

"တောင်ပေါ် မြွေလိမ်မြွေကောက်လမ်းတွေတက်
မှာ...နိုးဝေ ကားမူးမှာစိုးတယ်"

ပြောလည်းပြော ကျောပိုးအိတ်ကို လွှဲပြောင်းယူ
ပြီး အပေါ်ဝတ် Hoddieကို ချွတ်ခိုင်းသည်။
အထုပ်တစ်ထုပ်ဆွဲထားရင်းမှ ကျွန်တော်ချွတ်ပေး
လိုက်သော Hoddieကိုဆွဲယူပေးသည်။
ထိုအခါမှ အောက်တွင်ထပ်ဝတ်ထားသော ရှပ်
အကွက် ကို သေသေသပ်သပ်ဖြစ်အောင် ပြန်ဆွဲ
ချ။ Maskကို ဖြုတ်ပြီးမှ လေအဝရှုရသည်။
နေရောင် နွေးနွေးနဲ့ ကြိုဆိုသော မန္တလေးကြောင့်
ပိုးတုံးလုံးဘဝမှ လွတ်မြောက်ကာ လိပ်ပြာ
ဘဝ ရတော့သည်။ အဲ ဒါဆို ကျွန်တော်က လိပ်ပြာ အင်း ဒါဆို မိန်းမဆန်သွားမလား?
ပိတုန်းဆိုရင်ကော?

"နိုးဝေ ဒီနားတိုး"

ပေါက်ကရအတွေးတွေနဲ့ ချာလပတ်ရမ်းနေတဲ့
ကျွန်တော့်ကို ဆွဲခေါ်ရင်း လက်ထဲယူကိုင်ပေး
ထားသော ကျွန်တော့် Hoddie ကို ခါးတွင်ပတ်
ကာချည်ပေးသည်။ ရုတ်တရက်မို့ ငြင်းလည်း
မငြင်းဖြစ်လိုက်။

"ဒီလိုမှ ပိုလန်းတာ...လွယ်အိတ်လွယ်ထား။ ကား
ဝင်လာတော့မယ်"

NO Where stories live. Discover now