အပိုင်း(၁၆)

68.6K 6.9K 109
                                    

တုန်ယင်နေသော ရင်တစ်စုံ။ ယိုင်ချင်နေသော
ခြေလှမ်းတွေ ထောင့်ကွယ်လေးအရောက် နံရံတွင်ကျောကပ် အသက်ရှုနှုန်းပြန်မှန်အောင်
ရင်ကိုဖိရင်းအသက် ပြန်ကြိုးစားရသည့်
အခိုက်အတန့်။

"ချစ်ဖို့ကောင်းလိုက်တာ ကလေးငယ်ရယ်..."

"ဟုတ်ကဲ့" ဆိုတဲ့ အသံလေး။ ဖြူဖွေးကြည်လင်
နေသော မျက်နှာလေး။ ဆံပင်ပျော့ပျော့လေးများ
ကို အုပ်ကိုင်ပေးလိုက်မိတဲ့လက်တွင် စိတ်ပဲထင်
လို့လားမသိ ဆာကူရာပန်းအနံ့သင်းသင်းလေး
ရနေသည်။

ဆရာကြီးက ကလေးတွေကို ဘာကျွေးရကောင်း
မလဲတိုင်ပင်တည်းက ကလေးကြိုက်တတ်တဲ့
Donutကျွေးဖို့ အကြံပေးပြီး ကိုယ်တိုင်သွား
မှာပေးခဲ့တာ ကလေးမသိလောက်ဘူး။
အချိန်ရတာနဲ့ သူရှိနေတဲ့ Unitရှေ့ မယောင်မ
လည်သွားချောင်းရတာတွေက အတန်းရှေ့လာ
ချောင်းရတဲ့ ကောင်လေးတစ်ယောက်လိုရင်ခုန်မှု
မျိုး ခံစားရစေတာလည်းနောင်များမှ ကလေးကို
ပြောပြရမည်။

                 >>>>>NO<<<<<

"နိုးနိုး ဒီနေ့CME ရှိတယ်တဲ့။ သွားနားထောင်
ရအောင်"

ဟိုနေ့က သူပြောတဲ့ CME။ မနေ့ညကလည်း
လိုင်းမတက်ဘူး။ ဟက် ခုတော့ အောင်မြင်စွာ
ဆုတ်ခွာပြီပေါ့။

"ငါမလိုက်ချင်ဘူး။ orthoကို ငါမကြိုက်ဘူး"

"ဟာ နိုးရာ လိုက်ခဲ့ပါ။ သူတို့ CMEခန်းကမိုက်
တယ်ဟ။ Korea Medical Dramaတွေ
တည်းကလိုပဲ သိလား"

"ဟုတ်တယ်။ ပြီးတော့နော် ဆေးရုံက ဒိတ်ဒိတ်ကြဲ တွေအများကြီးစုဝေးပြီးအပြန်အလှန်
ဆွေးနွေးကြမှာ...ပညာရတယ်။ မဟုတ်တောင်
English လိုတွေပဲ ပြောကြတာဆိုတော့
ထိုင်နားထောင်နေရတာတင် အမြတ်ပဲ"

မေလေးနဲ့ဖြိုးကြီး၏ တက်ကြွမှုကို ကျတော်လက်
လျော့လိုက်ရတော့သည်။
မတွေ့လောက်ပါဘူး။ ဒိတ်ဒိတ်ကြဲထဲ သူမပါ
လောက်ဘူး။ပါလာရင်ရော? ဘာဖြစ်လဲ?
သူ ကျတော့်ကို ဂရုစိုက်မှာတောင်မဟုတ်ဘူး။
ဒီအတိုင်း ကျတော်က Onlineပေါ်က အပျင်း
ပြေလေးပဲ။ သူနဲ့ကျတော်က အကွာကြီးကွာနေ
တာပဲ ပညာရေး။ လက်ရှိအခြေအနေ။ အသက်
မွေးဝမ်းကျောင်းရောပဲ...

NO Where stories live. Discover now