Extra

74.1K 6.6K 160
                                    

တစ်ယောက်အိပ်ကုတင်ကျဉ်းထက်မှ ပြည့်စုံလွန်း
သော နွေးထွေးမှု။ ရင်ခွင်ထဲ ခေါင်းတိုးဝင်ဖို့
ကျွန်တော် မရှက်တတ် တော့ပါဘူး။

အမြဲတစေ မဟုတ်ခဲ့သော်လည်း ထိတွေ့ခြင်း
မရှိပေမယ့် ဒီရင်ခွင်က ကျွန်တော့်အတွက်
မစိမ်းတော့ပြီ။
ချစ်သူသက်တမ်း ၃ နှစ်မှာ ကျွန်တော်တို့
နှစ်ယောက် ထွက်ခဲ့သော ခရီးစဉ်သည် ပြည်တွင်း
မှာပင် ၁၂ခုတိတိရှိ၏။ ဟိုး မြန်မာပြည် မြောက်
ဖျားပိုင်းကနေ အမြှီးပိုင်းထိ ကျွန်တော်တို့ အတူတူ ရောက်ခဲ့ဖူးပြီးပြီ။ ထိုခရီးတွေမှာ ကျွန်တော် ယုံကြည်စွာ မှေးစက်နိုင်တာက သူ့
ရင်ခွင်တစ်ခုတည်း။ တစ်စိမ်းတရံ နယ်ပယ်
်ရောက်တိုင်း သူရှိမှ အိပ်လို့ပျော်အောင် သူ
အကျင့်ပေးခဲ့ပြီ။

Bro နဲ့ အတူရှိနေသော သော်တာနိုးဝေသည်
ရန်ကုန်နှင့် မနီးမဝေးက သန်လျင်မြို့ကိုတောင်
အံ့သြတကြီးငေးမောယူနေရသော ကောင်လေး
တစ်ယောက်မဟုတ်တော့...
ကျောပိုးအိတ်တစ်ယောက်တစ်လုံးလွယ်ပြီး
မြေပုံတစ်ချပ်ကိုင်ပြီး ခရီးသွားရဲခဲ့သော ကောင်လေးတစ်ယောက်အဖြစ် ခန့်သော်ဇင်က
ပြောင်းလဲပေးခဲ့သည်။ အစိုးရဝန်ထမ်းဖြစ်ခဲ့သော
ကျွန်တော်တို့နှစ်ယောက်လုံး လုပ်ငန်းခွင်မှာ
ရှိုးမထုတ်ခဲ့ရသမျှ ခရီးများထွက်ပြီဆိုလျှင်ပုံးဖာ
မှောက်စင် ပင်။ Broက လူပုံကြည့်တော့သာ
တည်တည်ငြိမ်ငြိမ် စာကြမ်းပိုးပုံစံပေမယ့် တကယ်တကယ့်ဆို ကျွန်တော့်ကိုပင် ကြည့်
ကောင်းအောင် ဆင်ပေးတတ်သည်။

လှပခဲ့သောအတိတ်များကို တွေးရင်း သူ့ကိုပို၍
တိုးဖက်မိသည်။ ဘယ်လိုပဲ အပူပေးစက်တပ်
ထားပါစေ England ဆောင်းညကို ကျွန်တော်
အာရှသား တောင့်မခံနိုင်။

"အရမ်းအေးနေလား?"

"အင်း...အပူပိုင်းကနေ ဒီနေ့မှ ရောက်လာတဲ့လူ
လေဗျာ။ မအေးဘူးလား Broက"

ပြန်မဖြေပဲ ခပ်တိုးတိုးရယ်ရင်း ဆံပင်တွေကို နမ်း
ရှိုက်နေသေး၏။ ဒီလူပျော်နေရင် အဲ့လိုပဲ။ စကား
ပင် မပြောနိုင်။ ဖြီး၍သာ နေနေတာ။ အေးနေ
သော ခြေဖျားနဲ့ သူ့ခြေထောက်တွေကို
ကပ်ထားလိုက်သည်။ အေးစမ်း Bro

NO Where stories live. Discover now