ဟန်ဆောင်သတို့သမီး(Myanmar tra...

By Anniehaythar

977K 79.4K 2.8K

"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' ... More

အပိုင်း(၁) (က)
အပိုင်း(၁)(ခ)
အခန်း(၁)(ဂ)
အပိုင်း-၁(ဃ)
အပိုင်း(၁)(င)
အခန်း(၂) (က)
အခန်း(၂)(ခ)
အခန်း(၂)(ဂ)
အပိုင်း(၃)(က)
အခန်း(၃)(ခ)
အခန်း(၃)(ဂ)
အခန်း(၄)(က)
အခန်း(၄)(ခ)
အခန်း(၄)(ဂ)
အခန်း(၅)(က)
အခန်း(၅)(ခ)
အခန်း(၅)(ဂ)
အခန်း(၆)(က)
အခန်း(၆)(ခ)
အခန်း(၆)(ဂ)
အခန်း(၇)(က)
အခန်း(၇)(ဂ)
အခန်း(၈)(က)
No update
အခန်း(၈)(ခ)
အခန်း(၈)(ဂ)
အခန်း(၈)(ဃ)
အခန်း(၉)(က)
အခန်း(၉)(ခ)
အခန်း(၉)(ဂ)
အခန်း(၁၀)(က)
အခန်း(၁၀)(ခ)
အခန်း(၁၀)(ဂ)
ဇာတ်သိမ်း (၁)
ဇာတ်သိမ်း (၂)
ဇာတ်သိမ်း(၃)(Completed)

အခန်း(၇)(ခ)

22.9K 2.2K 152
By Anniehaythar



"ယီ....!!''

ထျန်းယျန်ဟာ စိုးရိမ်တကြီး အော်ခေါ်လိုက်တယ် ။
ယီဟာ သူ့အပေါ်မှာ ဒေါသတော့ မထွက်လောက်ပါဘူး ။
မဟုတ်ရင် တူတူပုန်းတမ်းများကစားနေတာလား! !??
အရူးတစ်ယောက်လို အတွေးတွေနဲ့ အခန်းလေးထဲမှာ
ပုန်းနိုင်တဲ့နေရာလေးတွေကို ပြူးပြဲကာ လှည့်ပတ်ရှာနေမိတယ် ။
အိမ်ထဲမှာ မရှိရင် အပြင်မှာရော......
စိတ်က အိမ်အပြင်ဖက်ကို ရောက်သွားတာနဲ့
အိမ်ထဲက ကမူးရှူးထိုး ပြေးထွက်လိုက်တယ် ။

မှိန်ဖျော့ဖျော့လရောင်အောက်မှာ ပျောက်သောသူတစ်ယောက်ကို
ဟိုဟိုဒီဒီ လိုက်ရှာရတာ မောနေခဲ့ပြီ....။
ဒါပေမယ့် အရိပ်အယောင်လေးတောင် မတွေ့ရပါလား...!!!

သူဟာ ဖြစ်နိုင်ခြေရှိတာတွေကို စဉ်းစားရင်း
သံသယစိတ်ဝင်လာတာကြောင့် အိမ်ထဲကို
ကမန်းကတန်း ပြန်ဝင်လာခဲ့ပြီး အဝတ်ဗီရိုကို ဆွဲဖွင့်လိုက်တယ် ။
သူလုပ်ပေးထားတဲ့ အဝတ်ဗီရိုထဲမှာ တွေ့လိုက်ရတာက
သူ့ရဲ့ အဝတ်အစားတွေနဲ့ ယီရဲ့မိန်းမဝတ်တွေသာ.....။
သူဘယ်တုန်းကမှ ကြည့်ခွင့်မရခဲ့တဲ့ ယီရဲ့ အဝတ်ထုတ်ကတော့
ပျောက်နေခဲ့ပြီ ။

"ဘာကြောင့်လဲ? "

ထျန်းယျန်ဟာ အားအင်ကုန်ခမ်းစွာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ် ။

တကယ့်ကို ဘာကြောင့်လဲ! ?!

ယီဟာ အခုလိုမျိုး ထွက်သွားမယ်ဆိုတာကို
တစ်ခါမှ ယောင်လို့တောင် မပြောမိပါဘူး ။
အခန်းလေးဟာ ခြေရာလက်ရာမပျက်ရှိနေဆဲ.....
သူစားဖို့အတွက် ယီပြင်ပေးထားတဲ့ စားပွဲပေါ်က
အစားအစာတွေကလည်း အရာ မယွင်းဘူး ။
နှစ်ယောက်စာ ပြင်ဆင်ထားပုံက လက်ရာမပျက်.....။
တစ်ယောက်သောသူ ပျောက်နေတာကလွဲရင်
အရာအားလုံးဟာ အရင်အတိုင်းသာ...... ။

ဒီအချိန်လေးမှာ ထျန်းယျန်ဟာ နည်းနည်းတော့
တွေဝေမိတယ် ။
ဖြစ်နိုင်ရင် နောက်ထပ် အချိန် နည်းနည်းလောက်
ထပ်စောင့်ကြည့်ချင်တယ် ။
ယီများ တံခါးဖွင့်ပြီး ဝင်လာလေမလား.....
သူ့ရဲ့ အပြုံးချိုချိုတွေနဲ့များ ထပ်ပြီး ပြုံးပြအုံးမလား.....

ဟုတ်တယ်......!!
ယီဟာ ဒီနေရာကို သိပ်ချစ်တာ....
ဘာမှ မပြောဘဲတော့ ထွက်သွားမှာ မဟုတ်ဘူး.... ။

သူတို့တွေ အချိန်အကြာကြီး အတူနေလာခဲ့တာ ။
ရက်ပေါင်းတစ်ဆယ်ကျော် မခွဲအတူ နေလာကြတာ
ယီအတွက် ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး ။
သူ့အတွက် တွယ်တာစိတ်နည်းနည်းလေးဖြစ်ဖြစ်
ယီ ခံစားရမှာပါ....
ဒါကိုတော့ ထျန်းယျန် အခိုင်အမာ ယုံကြည်မိတယ် ။

သူ့ခံစားချက်တွေကို သတိမထားမိတဲ့
အရင်အချိန်တွေတုန်းကဆိုရင် သူဟာ ယီကို
ထွက်သွားဖို့ အကြောင်းတွေချည်းပဲ ပြောနေခဲ့တာ ။
ဒီအကြောင်းတွေကို မေ့ပစ်လိုက်ချင်တယ် ။
သူ့ကို ဂရုတစိုက် ရှိနေခဲ့တဲ့လူတစ်ယောက်ကို
အဝေးကို မောင်းထုတ်ခဲ့တဲ့သူဟာ
ရူးနေလို့များလားဆိုပြီး ကိုယ့်ဟာကိုယ် သံသယဝင်မိတယ် ။

မုန်းနေတဲ့လူတစ်ယောက်ကို ချစ်မိသွားတာဟာ
အရမ်းဆိုးဝါးတဲ့ ကိစ္စ ပဲလို့ လူတွေ ပြောကြပေမယ့်
ဒီလို အခြေအနေမျိုးကို ကိုယ်တွေကြုံနေရပြီ ။
အထူးသဖြင့် သူချစ်မိသွားတဲ့သူဟာ
အစကတည်းက သူ မုန်းနေတဲ့သူ ဖြစ်တဲ့အပြင်
မချစ်အပ်တဲ့သူလို့ အများက တားမြစ်ထားတဲ့
အချစ်မျိုး ဖြစ်တာကြောင့် သူ့မှာ မလူးသာ မလွန့်သာတဲ့
အဖြစ်မျိုး....။

အရင်တုန်းကစိတ်နဲ့သာဆိုရင် သူဟာ အထင်သေးအမြင်သေးနဲ့
လှောင်ပြောင်သရော်မိအုံးမယ် ။
ဒါပေမယ့် အခုတော့ ယီသာ သူ့ရှေ့မှာ ပေါ်လာရင်
ခခယယနဲ့ကို သူတောင်းပန်လိုက်အုံးမှာ....။
သူ့ဘေးမှာပဲနေဖို့အကြောင်းတွေ.....
ဘယ်မှထွက်မသွားဖို့ဆိုတဲ့အကြောင်းတွေကိုလေ.....။

ယီသာ သူ့ဘေးမှာ နေဖို့ ဆန္ဒ ရှိရင်
အမှန်တကယ်ကို ဒီလိုမျိုးသူလုပ်မှာပါ......။
ဒါပေမယ့် အခုတော့ ယီဟာ ဘယ်ကိုသွားတာလဲ??
ပြန်စရာအိမ်မရှိတဲ့ ယီရဲ့ အဖြစ်ကို
သတိရမိတော့ သူ့စိတ်တွေဟာ အထိတ်တလန့်နဲ့
ဆောက်တည်ရာမရ..... ။
ခိုနားစရာနေရာပျောက်သွားတဲ့ ယီအဖို့
ဘယ်တွေကို သွားနိုင်သေးသလဲ! ?!

ကြည့်လေရာနေရာတိုင်းကလည်း အဆုံးအစမရှိတဲ့
ကွင်းပြင်ကျယ်ကြီးပဲ.....
သူ ဘယ်နေရာကို သွားရှာရမှာပါလိမ့်.....???

ဟိုဟိုဒီဒီ ခဏတာ စဉ်းစားပြီးနောက်
ထျန်းယျန်ဟာ ဘယ်လိုမှ ငြိမ်ငြိမ်ထိုင်နေလို့ မရတော့ဘူး ။
ယီကို သွားရှာရမယ်ဆိုတဲ့ အတွေးနဲ့အတူ
အိမ်အပြင်ဖက်ကို ဝုန်းဒိုင်းကျဲထွက်သွားကာ
ရှန်ဒီယန်ရဲ့ကျောပေါ်ကို လွှားခနဲ ခုန်တက်လိုက်ပြီး
လေကဲ့သို့ အလျင်နဲ့အတူ ယီကို ရှာရန် မြင်းကို
ဒုန်းစိုင်းထွက်ခွာသွားတော့တယ် ။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::


တစ်ညလုံး ရှာပေမယ့် ယီရဲ့ အရိပ်အယောင်လေးတောင်
မတွေ့ရသေးဘူး ။
ထျန်းယျန်ဟာ စိတ်ဓာတ်ကျစွာနဲ့ သူတို့နှစ်ယောက်ရဲ့တဲလေးဆီ
ပြန်လာခဲ့တယ် ။
ဒီလိုအချိန်မျိုးမှာ တဲလေးဆီ သွားရတဲ့ခရီးဟာလည်း
မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသလိုပဲ ။
တဲရှေ့မှာ သူ့ကို အပြုံးလေးနဲ့ စောင့်ကြိုနေတဲ့
ယီကို အခုနေများ အဆင်သင့်လေးတွေ့ရရင်
သိပ်ကောင်းမှာပဲ ....။

ဒါပေမယ့် သူ့ဆုတောင်း မပြည့်ခဲ့ဘူး ။
သူ အိမ်ကို ပြန်လာတဲ့အချိန်မှာ သူ တွေ့လိုက်ရတာက
သူ ဘယ်လိုမှ မမျှော်လင့်ထားတဲ့သူ......
သူ့ရဲ့ ညီတော်မောင် ထျန်းဟောင်.....
သူ့ရဲ့ မျက်နှာပေါ်မှာတော့ စိုးရိမ်မှုတွေက အထင်းသား ။

"အစ်ကိုကြီး...''

ထျန်းဟောင်ဟာ သူ့ကို မြင်တာနဲ့ ချက်ချင်းလှမ်းနှုတ်ဆက်တယ် ။

"ဘာဖြစ်ကြတာလဲဟင်...!!''

တစ်ညလုံး မအိပ်ဘဲ လိုက်ရှာနေတဲ့သူကို
မတွေ့ရတဲ့အခါ စိတ်ဓာတ်ကျကာ တော်တော်
စိတ်မကောင်းဖြစ်နေတဲ့ သူ့အစ်ကိုကို မြင်ရတဲ့အခါ
ထျန်းဟောင်ရဲ့လေသံတွေဟာ စိုးရိမ်တကြီး.....။

"မရီးကြောင့်လား...?

သူ ထွက်သွားပြီမလား....?''

ထျန်းဟောင်ဟာ သူ့အစ်ကိုမျက်နှာကို စေ့စေ့ကြည့်ရင်း
မေးလိုက်တယ်။

"မင်း...မင်း ဘယ်လို သိတာလဲ.... ''

ထျန်းယျန်ရဲ့ကိုယ်ဟာ မတ်ခနဲ ဖြစ်သွားပြီး
သူ့စိတ်ထဲကနေ လန့်သွားတယ် ။

"ငါ ဘယ်လို သိမှာလဲ? "

ထျန်းယျန်ဟာ စိတ်ဓာတ်ကျသံနဲ့ ဖြေလိုက်တယ် ။

"သူ့နောက်ကို လိုက်ဖို့အတွက် နည်းလမ်းတစ်ခုခုများ

မရှိဘူးလားကွာ...

ငါ့ကို အကြံဥာဏ်လေးများ ပေးစမ်းပါ ''

"ယီ ထွက်သွားပြီကွာ....

သူသွားတဲ့နေရာကို မင်းသိလား?

ဟုတ်လား..ဟေ့ကောင်.....မင်းသိလားလို့....?''

ထျန်းယျန်ဟာ စိတ်ပူပင်သောကတွေနဲ့ မေးလိုက်တယ်။

"သိတယ်...ကျွန်တော် သိတယ်....''

ထျန်းဟောင်ဟာ နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီး
ဖြေတယ် ။

"မရီးက အခု ကျွန်တော်တို့ အိမ်ကြီးကို ရောက်နေပြီ

အဖေကတော့ ပျော်မဆုံးတပြုံးပြုံးပဲ...''

"ဘာ...!!''

အဖြစ်အပျက်တွေဟာ မြန်လွန်းတော့
ထျန်းယျန်ဟာ ဘာပြောရမှန်းတောင်မသိဘူး ။

"အစ်ကို နားလည်အောင် ပြောရရင်

ဒီနေ့မနက်က မရီးဟာ ကျွန်တော်တို့ အိမ်ကြီးကို

ရောက်လာတယ် .....

သူ့ကိုယ်သူ အစ်ကို့ဇနီးအဖြစ်မိတ်ဆက်တယ်.....

ကျွန်တော်တို့ နည်းနည်းလန့်သွားတယ် .....

နေမကောင်းလို့ နည်းနည်းလောက် ကြာသွားတယ်တဲ့....

ကျွန်တော်က မရီးမှာ အမွှာတစ်ယောက်

ရှိတယ်လို့ ထင်တာ မဟုတ်ဘူးပဲ..

အစ်ကိုကတော့ သတို့သမီးပျောက်သွားပြီလို့

ထင်နေတာမလား? !

ဒီအမျိုးသမီးက အစ်ကို့ သတိုးသမီး ဆိုတာကို

ကျွန်တော် သေချာသိတယ်..... ''

"ယီက....ယွန်မိသားစု ခြံကြီးကို သွားခဲ့တာလား? !''

"မရီးနာမည်က လင်ရှောင်ယျန် မလား? "

ထျန်းဟောင်ဟာ သူ့အစ်ကိုကြီးပြောနေတဲ့
ယီဆိုတာကို နားမလည်တာကြောင့် လှမ်းမေးမိတယ် ။

"မဖြစ်နိုင်တာ......!!''

ထျန်းယျန်ဟာ အမှတ်မထင် ရေရွတ်မိတယ် ။
ယီဟာ အရှက်အကြောက်ကြီးတဲ့သူတစ်ယောက်ဖြစ်တာကြောင့်
ဒီစကားကို ယုံကြည်ဖို့ ခက်ခဲနေတယ် ။
သူ့ကို နှင်ထုတ်လိုက်လို့များ မျက်နှာပြောင်တိုက်ပြီး
အဖေ့ကို တွေ့ဖို့ သွားတာများလား? ?

ဒါကြောင့် သူ ဒီနားတဝိုက်မှာ ယီကို ရှာမတွေ့ခဲ့တာပဲ...
ယီဟာ အဖေ့ကို သွားတွေ့တာကြောင့်
သူ ဘယ်လိုမှ ရှာမတွေ့ခဲ့တာပေါ့ ။

ယီဟာ ယွန်မိသားစုမှာ နေချင်လို့များ
ဒီလိုမျိုး ဆုံးဖြတ်ခဲ့တာလား?

မဖြစ်နိုင်တာ .......

ယီဟာ ချမ်းသာမှုတွေ ဂုဏ်ဒြပ်တွေကို
မက်မောတဲ့လူတစ်ယောက် ဆိုတာကို
အခုတော့ သိလိုက်ရပြီ ။
ဒီလိုမျိုးဆို သူ့ဆန္ဒတွေ ပြည့်မြောက်ဖို့အတွက်
ယီကို နေခွင့်မပြုနိုင်ဘူး ။

"တခါတလေမှာ မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ် ''

ထျန်းဟောင်ဟာ ကရုဏာ သက်စွာ ပြောလိုက်တယ် ။

အစ်ကိုကြီးဟာ သူ့အကြံအစည်တွေ
မအောင်မြင်နိုင်ဘူးဆိုတာကို ဘယ်တုန်းကမှ
စဉ်းစားမိမှာ မဟုတ်ဘူး ။
မရီးကတော့ တကယ့်ကို အဓိကကျတဲ့
အဖေ့ဆီကို တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့ပြီ ။
နောက်တစ်ချိန် ဒီအမျိုးသမီးကို ပထုတ်ချင်တယ်ဆိုရင်တောင်
အချိန်တွေ အများကြီးကို စတေးရတော့မယ် ။

"အဖေက စကားမှာ လိုက်တယ်....

အိမ်ကို အခုချက်ချင်းလာပါတဲ့....

ပြီးတော့ မရီးနဲ့ အတူ ဂါရဝပြုဖို့ ပြင်ဆင်ပါတဲ့ ''

"အဖေ့စိတ်ကူးတွေကတော့ကွာ.....!!''

ထျန်းယျန်ဟာ ဒီစကားကို ကြားတာနဲ့
မြင်းကို ပြန်လှည့်ကာ ယွန်ခြံကြီးဆီသို့
ဒုန်းစိုင်းသွားတော့တယ် ။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ယွန်ရှစ်ဇူ ဟာ ခမ်းမအလယ်က ကုလားထိုင်ကြီး
တစ်လုံးမှာ ထိုင်ရင်း သူ့သားအကြီးဆုံးအလာကို
စောင့်မျှော်နေတယ် ။
သူ့ရှေ့က မိန်းကလေးကို ဂရုတစိုက်လေ့လာ
ရသလောက် အတုအယောင်တစ်ယောက်
မဟုတ်ဘူးဆိုတာကို အကဲခတ်မိပါတယ် ။
သူမမျက်ခုံးတွေ....မျက်လုံးတွေ.....
မျက်နှာပုံစံတွေဟာ သူမအဖေ သူ့သူငယ်ချင်းနဲ့ ချွတ်စွတ်ပဲ ။
စရိုက်ကတော့ အမေဖက်ကို နွယ်ပုံပဲ ။
ပြသနာ က သူမ ဘာကြောင့် အချိန်တွေ ဒီလောက်
ကြာရတာလဲ? ?
သူမ ရောက်လာတဲ့ပုံက သူမဟာ အစေခံတစ်ယောက်တည်းနဲ့
လာခဲ့တာပါ ။
ရိုးရိုးသားသား ပြောရရင် သတိုးသမီးဟာ
အချိန်တွေကို လဝက်ကျော်လောက် ဖြုန်းတီးပြီးပြီ ။
သတိုးသမီး မရောက်လာတော့ သူ့စိတ်ထဲမှာ
စဉ်းစားရပြီ ။
သူ့သူငယ်ချင်းဟာ လက်ထပ်မယ့်ကတိကို
ဖျက်လိုက်ပြီလားဆိုတာကို.......

ဘာပြဲဖစ်ဖြစ် အခု လင်ရှောင်ယျန် ရောက်လာပြီပဲ ။
သူ့သံသယတွေဟာ ပျောက်ကွယ်သွားခဲ့ပြီ ။

လင်ရှောင်ယျန်ဟာ သူမပတ်ဝန်းကျင်ကို
ဂရုတစိုက် လေ့လာရင်း စိတ်ထဲမှာ တွက်ချက်နေတယ် ။
အဖေဟာ သူမကို တကယ် မလိမ်ခဲ့ဘူးပဲ....
နောင်တတရားတွေက သူမကို တဖန် လောင်မြိုက်နေပြီ ။
ယွန်မိသားစုဟာ ဂွမ်ဝေးမှာ အချမ်းသာဆုံးမိသားစု
ဆိုတာ အမှန်ပါပဲ။
ကြည့်ရတာ အဖိုးတန် ရှေးဟောင်းလက်ရာတွေနဲ့
ပန်းအိုးကြီးတွေ.....
အနုစိတ်ခြယ်သထားတဲ့ လက်ရာတွေနဲ့ ပန်းပုထုထားတဲ့
ကုလားထိုင်တွေ.....
နံရံပေါ်က ဆေးရေးပန်းချီတွေနဲ့ ကျော်ကြားတဲ့
ကဗျာဆရာတွေရဲ့ ပြောင်မြောက်တဲ့ အရေးအသားတွေက
Ling မိသားစုတောင် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။

ဒါကိုသာ စောစောသိခဲ့ရင် အခြားတစ်ယောက်နဲ့
ရူးမိုက်တဲ့ ခိုးရာလိုက်ပြေးခြင်းကို သူ လုပ်မိမှာ မဟုတ်ဘူး ။
ဒီလိုမျိုး အရဲစွန့်ပြီး လာရတာမျိုးလည်း ဖြစ်မှာမဟုတ်ဘူး ။
လူရော ငွေရော နှစ်ခုလုံး ပျောက်ခြင်းမလှပျောက်သွားပြီ ။

ဒီကောင် ရှောင်ဘိုယူ.....!!
ရွှေတွေ ငွေတွေ လက်ဝတ်ရတနာတွေ
ကျောက်သံပတ္တမြားတွေကို ရသွားပြီဆိုတာနဲ့
ဒီကောင်မျက်လုံးထဲမှာ ဒါတွေက လွဲပြီး ဘာမှ မမြင်တော့ဘူး ။

ကောင်းကင်ဘုံက သူမကို သနားနေသေးပုံပဲ.....
သူမခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေ
အနည်းငယ် နဲ့ သူမ ယွန်မိသါးစုဆီကို အရောက်လာနိုင်ခဲ့တာပဲ ။

ပိုပြီး ကျေးဇူးတင်စရာကောင်းတာက
ဘယ်နားမှာ သွားသေနေမှန်းမသိတဲ့ ရှောင်စီဇီ
အကြောင်းကို အစကတည်းက ဖုံးကွယ်ထားလိုက်ပြီ ။
ဘယ်သူမှ ထူးကဲပြီး သူမရောက်လာတဲ့အပေါ်
သံသယမဖြစ်ကြဘူး ။
အဲဒီအစား ဝမ်းမြောက်ဝမ်းသာပဲ သူမကို ကြိုဆိုကြပါတယ် ။
ရှောင်စီဇီ ဘယ်နေရာမှာရှိနေလဲဆိုတာကို
သိတော့သိချင်သား.....
ဒါပေမယ့် သူမရဲ့ ကံကောင်းမှုနဲ့တော့ အလဲအလှယ်မလုပ်နိုင်ဘူး ။

အခုကတော့ သူမ မမြင်ဖူးသေးတဲ့ သူမရဲ့ယောက်ျားကို
စောင့်နေရသေးတယ် ။
သူမဟာ မတ်ကလေးကို အရင်တွေ့ရတယ် ။
သူမရဲ့ မတ်ကလေးကို မြင်လိုက်တာနဲ့
သူမယောက်ျားရဲ့ ချောမောခန့်ညားမှုကို ခန့်မှန်းမိပြီးသား ။

အို....မိုးကောင်းကင်ကတော့ သူမကို အမှန်တကယ်
ကြင်နာတာပဲ ။
သူမဟာ မတ်ကလေးကို မြင်တာနဲ့တောင်
ရင်ခုန်နှုန်းတွေမြန်ရတယ်....
ဒီကလူတွေပြောတာကတော့ သူမယောက်ျားနဲ့
မတ်ကလေးနဲ့ ယှဉ်လိုက်ရင် သူမယောက်ျားဟာ
အပုံကြီး သာတယ်တဲ့ ။
သူဟာ ဘယ်လောက်တောင် ချောမောတာပါလိမ့်???

သူမဟာ ပျော်စရာအတွေးတွေထဲ နစ်မျောနေတုန်းမှာပဲ
အဝေးဆီမှ မြင်းခွာသံတွေကို ကြားလိုက်ရတယ် ။
ဟင်....ဘယ်လိုကြီးလဲ? ....!!
ဒီနေရာကတော့ လှပါတယ်.....!!
ဒါပေမယ့် စိတ်တိုင်းမကျစရာတွေကိုလည်း တွေ့နေရတယ် ။
ဒီအိမ်မွေး တိရစ္ဆာန်တွေကို ဘာကြောင့် အိမ်နားလေးမှာ
ထားရတာလဲ?
သူမသာ ဒီအိမ်အရှင်သခင်မဖြစ်လာတဲ့နေ့ကျရင်
အဝေးကို ပို့ပစ်မယ်....ကြည့်နေ.......။

လူတစ်ယောက် ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်လာပြီး
အိမ်ထဲကို ဝင်လာတယ်။
ဝင်လာတာနဲ့ချက်ချင်း သူ့မျက်လုံးတွေဟာ ဟိုဟိုဒီဒီ
လှည့်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေတယ် ။
သူ့နောက်မှာတော့ စောစောက တွေ့လိုက်ရတဲ့
သူ့မတ်ကလေး.....။

အိုးး......!!
သူမရဲ့ ခင်ပွန်းလောင်းဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပုံရပြီး
ခံ့ညားလိုက်တာ.....!!
ဘယ်သူနဲ့မှ မယှဉ်နိုင်အောင် ချောလိုက်တာ....!!
ဂျောင်နန်ရဲ့ အလှပဂေးဖြစ်တဲ့ သူမနဲ့ဆို
နေနဲ့လ ရွှေနဲ့မြပဲ.....။
သူမ ဘာမှ မလှုပ်ရှားနိုင်သေးခင်မှာပင်
သူမမျက်နှာပေါ်မှာ ကျေနပ်နေတဲ့အပြုံးတစ်စဟာ
ခိုတွယ်သွားတော့တယ် ။

Continue Reading

You'll Also Like

1.5M 202K 73
Status: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh...
44.4K 6.6K 12
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2) - Parallel world Book 1 - Link https://www.wattpad.com/myworks/265546519-%E1%80%80%E1%80%BB%E1%8...
194K 14.8K 21
💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the origina...
254K 15.3K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...