အခန်း(၈)(က)

23.8K 2.2K 37
                                    





မြင်းတွေ နွားတွေ စားဖို့အတွက် စည်းထားတဲ့
မြင်းစာနွားစာအစည်းလိုက်တွေကို သိုလှောင်ရုံထဲကို
ထည့်ရင်း ဂျီယီဟာ ပါးစပ်က လေပူတစ်ချက်
မှုတ်ထုတ်လိုက်ရင်း နဖူးပေါ်က ချွေးတွေကို
သုတ်လိုက်တယ် ။
ဂျီယီဟာ ထျန်းယီရဲ့ ခြံထဲကို ရောက်နေတာ
ရက်တော်တော်ကြာနေပြီ ။
သူဟာ ထျန်းယီခြံထဲမှာနေရတာ တဖြည်းဖြည်းနဲ့
နေသားကျလာပြီ ။
ထျန်းယီဟာလည်း ပြင်ပရုပ်ရည်က ကြမ်းတမ်းတဲ့ပုံ
ပေါက်ပေမယ့် စိတ်သဘောထားကောင်းပြီး
ဆက်ဆံရေး ကောင်းသူတစ်ယောက်ပါ ။

ဂျောင်နန်မှာနေခဲ့တါတွေနဲ့ယှဉ်လိုက်ရင်
ဂွမ်ဝေးမှာက လုံးဝ မတူတော့ဘူး ။
ဘယ်သူမဆို စားဝတ်နေရေးအတွက်
စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပဲ ။
ထျန်းယျန်ဟာ သူနဲ့ စတွေ့ကတည်းက ဘာကြောင့်
သူ့ကို နှင်ထုတ်ခဲ့လည်းဆိုတာကို တဖြည်းဖြည်း
သဘောပေါက်လာခဲ့တယ် ။
ရိုးရိုးသားသား ပြောရရင် သခင်မလေးဟာ
ဒီလိုမျိုး ဘာမှ ပြောင်းလဲမှုမရှိတဲ့ ခြောက်သွေ့ပြီးတော့
ပြာမှိုင်းနေတဲ့နေရာနဲ့ ဘယ်လိုမှ မသင့်တော်ဘူး ။

သူလည်း အစတုန်းက စိုးရိမ်စိတ်ဝင်မိသေးတယ် ။
ထျန်းယျန်ဆီကို လာခဲ့တုန်းက
အမှားတွေ လုပ်မိပြီး စိတ်အနှောင့်အယှက်ပေးမိတာတွေကို....
အခု ဒီမှာ ရက်တော်တော်ကြာနေလာတော့
ဒီကလူတွေအကြောင်း နည်းနည်း သိလာပြီ...။
ဂွမ်ဝေးရဲ့ နယ်မြေတွေကျယ်သလောက်
ထျန်းယျန်ဆီ သွားချင်တဲ့ သူ့စိတ်တွေဟာလည်း
တားမရဆီးမရ....
ဒါပေမယ့် တွေ့ဖို့ အခွင့်အရေးကတော့ မရှိသလောက်ပဲ ။

စေ့စေ့တွေးမိရင် ယီဟာ စိတ်ချမ်းသာရတဲ့အချိန်
နည်းနည်းလေးသာပါ ။
ရင်ထဲ အသဲထဲက နက်နက်နဲနဲ ခံစားရတဲ့အချိန်တွေကမှ
အများကြီး....။
ခံစားချက်တွေ လွန်ကဲခဲ့တဲ့ညတစ်ညကို ပြန်စဉ်းစားကြည့်ရင်
မတွေးချင်လောက်အောင်ပဲ ။
မေ့ပစ်ချင်လေလေ.....အတွေးတွေထဲ တဝဲလည်လည်
ဖြစ်လေလေ...
အခုလိုမျိုး အားနေတဲ့အချိန်တွေဆို တောင်တောင်အီအီ
စဉ်းစားလိုက်ရင် ထျန်းယျန်ရဲ့ အကြောင်းက
ထိပ်ဆုံးကပဲ....
ထျန်းယျန်အကြောင်းကို စဉ်းစားလိုက်ရင်
သူ့စိတ်တွေဟာ ထိန်းချုပ်လို့မရလောက်အောင်ပါ...။

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now