အခန်း(၆)(ခ)

24.9K 2.1K 92
                                    


Warning ပေးပါတယ်နော်......
ဒီလိုမျိုး တစ်ခါမှ မရေးဖူးတော့ ရေးရတာ လက်က ခပ်တွန့်တွန့်ရယ်...
အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆီလျော်အောင် ပြန်ထားပါတယ်...
ထောက်နေတဲ့နေရာလေးတွေကိုလည်း အဆင်ချောအောင်
မူရင်းလည်း မပျက်ရအောင် ရေးထားပါတယ်လို့.....
တကယ်လို့ လိုအပ်ချက်ရှိရင်လည်း တောင်းပန်ပါတယ်နော်....♥♥♥♥♥♥






"မငိုနဲ့.....တိတ်စမ်း.!!''

ထျန်းယျန်ဟာ ခပ်ကြမ်းကြမ်း ဟောက်လိုက်တယ် ။
သူ့မျက်ရည်တွေကို မြင်ရတဲ့အခါ နာကျင်ခံစားရတဲ့
ကိုယ့်ကိုယ်ကို မုန်းတယ်.....
သူ့ကို ခေါင်းကိုက်စေလောက်အောင် ငိုနေတဲ့
သူ့ကိုလည်း မုန်းတယ်......

"ကျွန်တော်...... ''

ဂျီယီဟာ ထျန်းယျန်ကိုငေးကြည့်နေရင်း
မျက်ရည်တွေကလည်း အဆက်မပြတ် စီးကျလို့နေတယ် ။

"ကျွန်တော် အစ်ကို့ကို လိမ်ချင်လို့ မဟုတ်ပါဘူး....

တကယ်တော့..... ''

ဂျီယီဟာ စကားပြောရင်းနဲ့ မွန်းကျပ်လာလို့
စကားကို တစ်ဝက်တပျက်နဲ့ ရပ်တန့်ပစ်လိုက်တယ် ။

"ကျွန်တော် အစ်ကို့ကို ဖွင့်ပြောမယ်လို့

စဉ်းစားနေတာ ရက်တော်တော်ကြာနေပြီ.....

တမင်တကာကြီး အစ်ကို့ကို လိမ်တာ မဟုတ်ရပါဘူး ''

ထျန်းယျန်ဟာ သူ့ကို ယုံချင်ပါတယ် ။
အစကတည်းက ယောက်ျား တစ်ယောက်လို့
သိခဲ့ရင်တောင် သူဟာ သူ့ဘဝတလျှောက်လုံး
အတူနေမယ်လို့ အလေးအနက် တွေးထားခဲ့တာကို
ပြန်အမှတ်ရဖြစ်တယ် ။
ဒါပေမယ့်... အခုအချိန်မှာတော့ သူ့ရဲ့ ထိန်းမနိုင်
သိမ်းမရ ဒေါသတွေဟာ သူ့စိတ်ကိုသူ ဘယ်လိုမှ
လျှော့ချလို့မရနိုင်လောက်အောင်ဖြစ်နေတယ် ။

သူဟာ ရိုးရိုးလေးသာ ပြင်ဆင်ထားကတည်းက
ထျန်းယျန်ဟာ သံသယ ဝင်ခဲ့ပြီးသားပါ ။
အခုလည်း လင်ရှောင်ယျန် မဟုတ်ပြန်ဘူး ။
သူ့မှာ လိမ်လည်ဖို့ ဘာအတွေးမှ မရှိခဲ့ဘူး ဆိုရင်တောင်
ယီဟာ အမှန်တကယ်ကို ယောက်ျားတစ်ယောက်ပါ.....
ဒါပေမယ့် သူခံစားခဲ့ရတဲ့ အစစ်အမှန်ခံစားချက်တွေကို
ဘယ်လို မျိုး ပြန်ဖျက်ရမလဲ?

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now