အခန်း(၆)(ဂ)

25K 2.2K 119
                                    

ဂျီယီဟာ ခဏကြာ အော်ငိုပြီးနောက်
ကိုယ့်ကိုယ်ကို အားတင်းကာ အဝတ်အစားတွေကို
ဝတ်လိုက်တယ်။
သူ့တစ်ကိုယ်လုံးဟာ နာကျင်နေပေမယ့်
အဝေးကို လွင့်ရအုံးမယ် ။
ထျန်းယျန်ဟာ သူ့ကို မမြင်ချင်တော့ဘူးတဲ့.....။
ယွန်မိသားစုနဲ့လည်း ဘာမှမဆိုင်တော့သလို
ဇနီးတစ်ယောက်လည်း မဖြစ်နိုင်ခဲ့ပါဘူး ။
ထျန်းယျန်က သူ့ကို ချက်ချင်း ထွက်သွားခိုင်းနေတယ် ။
သူပြန်မလာခင် ထွက်သွားရမယ်.....
မဟုတ်ရင်... သူ့ကိုမြင်ရင် ထျန်းယျန် ပိုပြီး
ဒေါသထွက်နေရအုံးမယ်........ ။

ကောင်းကင်ကြီးကလည်း မှောင်မိုက်နေပြီ ။
ဒီပုံအတိုင်းဆို ထျန်းယျန်ဟာ အိမ်ကို ပြန်မလာလောက်ဘူး ။
ဒီလိုဆိုရင်လည်း ပိုကောင်းပါတယ်လေ.....
မဟုတ်ရင် ထျန်းယျန်ဆီမှာ ထပ်ပြီးတော့ နှင်ထုတ်ခံရရင်
သူ ဘယ်လိုမှ ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး ။
အခုလိုမျိုး ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားဖို့အတွက်
အချိန်ပေးတာလည်း ကောင်းပါတယ်လေ ။

ဂျီယီဟာ သူ့ခရီးဆောင်အိတ်သေးသေးလေးကို
ယူလိုက်ပြီး သူ့ရဲ့ နဂိုအဝတ်အစားတွေနဲ့
လဲလှယ်ဝတ်ဆင်လိုက်တယ် ။
လင်ရှောင်ယျန်ရဲ့ ပိုးထည်တွေ ဖဲထည်တွေကတော့.......
သူဟာ နောက်ထပ် မိန်းကလေးလို ဝတ်စရာ
မလိုတော့ဘူးလေ ။
ဒါကြောင့် သူမရဲ့ အဝတ်တွေကို မတို့မထိဘဲ
ထားခဲ့လိုက်တော့တယ် ။

ဘယ်နေရာကိုပဲကြည့်ကြည့် အမှတ်ရစရာ
မြင်ကွင်းတွေကတော့ မမေ့နိုင်စရာပါဘဲ...... ။

ဒီနေရာဟာ ဟောင်းနွမ်းပြီး ပျက်စီးလုမတတ်ဖြစ်နေပေမယ့်
သူ့အတွက်တော့ မိသားစုဆိုတဲ့ ခံစားချက်ကို
ပေးခဲ့တဲ့နေရာလေးပါ ။

လင်ရှောင်ယျန်လို ဟန်ဆောင်ဖို့အတွက်
အတင်းတိုက်တွန်းခံခဲ့ရတဲ့ ပထမဆုံးအချိန်တွေကို
စဉ်းစားကြည့်ရင် သူဟာ သိပ်ကို သနားစရာကောင်းတာပဲ ။

သူအလေးအနက် တွေးတောနေခဲ့ဖူးတဲ့
'မိသားစုဝင်' ဆိုတာ သူ့အတွက်တော့
ဘယ်သူမှ မဟုတ်ခဲ့ဘူးပဲ.....။

ဒါပေမယ့် ဒါဟာလည်း တစ်မျိုးကောင်းပါတယ်။
မဟုတ်ရင် အခုလိုမျိုး ခွဲခွာရတဲ့အခါ
သူနောက်ဆံတင်းနေမှာပေါ့ ။

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now