အခန်း(၉)(ဂ)

23.3K 2.1K 183
                                    

"မလို...မလိုပါဘူး....ရပါတယ်! !''

ဂျီယီဟာ ယွန်ရှစ်ဇူရဲ့ မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတာကြောင့်
လိပ်ပြာမလုံသလိုလည်း ခံစားနေရတယ်။

"အစ်ကိုကြီး ထျန်းယီက ကျွန်တော့်ကို

သူ့ရဲ့ ရှုယောင်ခြံမှာ နေပါလို့ ပြောပါတယ်....

ပစ္စည်းတွေကို ပို့ရမယ့်လမ်းကြောင်းတွေကိုလည်း

ကျွန်တော့်ကို ရှင်းပြထားပါပြီ.....

စားဝတ်နေရေးအတွက် ပူစရာ မလိုတော့ပါဘူး....''

"မင်း ဘာလုပ်နိုင်မှာလဲ.....?''

ထျန်းဟောင်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။

ယီကို ကြည့်ပြီး ထျန်းဟောင်တစ်ယောက် အတွေးပွားနေမိတယ် ။
ဒီလို နူးညံ့သိမ်မွေ့တဲ့ ယောက်ျားမျိုး အရင်က
သူ တစ်ခါမှ မမြင်ဖူးဘူး ။
ဒီပိန်ပိန်ပါးပါး ကောင်လေးဟာ မိန်းကလေးနဲ့ သိပ်တူတာပဲ ။
အစ်ကိုကြီးဟာ သူ့ကို ယောက်ျားတစ်ယောက်လို
မသတ်မှတ်ဘူးဆိုတာကိုတော့ သူ အတပ်ပြောရဲတယ် ။

"ကျွန်တော် ထမင်းဟင်း ချက်တတ်ပါတယ်....

ပြီးတော့ အစ်ကိုကြီးထျန်းယီက ခြံနဲ့ ပတ်သက်လို့လဲ

တော်တော်များများ ကျွန်တော့်ကို သင်ထားပါပြီ....

ကျွန်တော်က အတတ်မြန်တယ်လို့တောင်

အစ်ကိုကြီးက ပြောပါသေးတယ်.....''

ယီဟာ ဂုဏ်ယူစွာ ပြောပြနေတယ် ။

"ခွင့်မပြုနိုင်ဘူး... !!''

ထျန်းယျန်ဟာ ဟောက်လိုက်တယ် ။

"သူ့အတွက် မင်းချက်ပေးစရာ မလိုဘူး....

သူနဲ့လည်း အတူနေစရာ မလိုဘူး....

မင်းချက်ကျွေးရမှာ ငါတစ်ယောက်တည်းပဲ....''

ထျန်းယျန်ဟာ လွန်ခဲ့တဲ့ ညက လရောင်အောက်မှာ
လက်ချင်းတွဲကာ ရပ်နေကြတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်ရင်း
အေးစက်စက် တုန့်ပြန်လိုက်တယ် ။
ဒင်းတို့နှစ်ယောက်အတူနေမယ့် နောက်ထပ်အခွင့်အရေးကို
ဘာကြောင့် ထပ်ပေးရမှာလဲ...???

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now