အခန်း(၄)(ဂ)

22.1K 2K 84
                                    

ဒီနေ့မှ ဂျီယီဟာ ထျန်းယျန်ကို အကြိမ်များစွာ
ခိုးကြည့်မိတော့တယ် ။
ထျန်းယျန်ဟာ သူ့မျက်ခုံးတွေကို
မတွန့်ချိုးထားတဲ့အချိန်.....
ဒေါသမထွက်တဲ့အချိန်....
သူ့ကို ထွက်သွားဖို့ နှင်ထုတ်တဲ့စကား မပြောတဲ့အချိန်.....
ဒီအချိန်တွေမှာ သူဟာ တကယ့်ကို
ချောမောခန့်ညားနေတယ်။
အထူးသဖြင့် သူ့မျက်လုံးတွေ....
နက်ရှိုင်းပြီး ရိုးသားတဲ့ အချစ်တွေနဲ့
ပြည့်နေတဲ့ သူ့မျက်လုံးတွေ.....

ဒါပေမယ့် ဒါဟာ သူ့ရဲ့ အထင်မှားမှုလေးပဲ ။
တကယ်လို့ ထျန်းယျန်က ဂျီယီဟာ လင်ရှုယျန် မဟုတ်မှန်း
သိသွားရင်.....
မိန်းကလေး တစ်ယောက် မဟုတ်တာကိုလည်း
သိသွားခဲ့ရင်.....
သူဟာ ဂျီယီကို ယွန်မိသားစုကနေ မောင်းထုတ်ဖို့
မြန်မြန်ဆန်ဆန် ပြုလုပ်လိမ့်မယ် ။
ဂျီယီဟာ အကာအကွယ်မဲ့သွားသလို
တွေးမိရုံနဲ့ တုန်လှုပ်မိပါတယ် ။

ဒါကို စဉ်းစားရင်း ဂျီယီဟာ သူ့လက်က
ပုလဲ လက်ကောက်လေးကို စိတ်လှုပ်ရှားစွာနဲ့
အကြိမ်ကြိမ် ပွတ်နေမိတယ် ။
သူ့မှာ ငွေဆိုလို့ တစ်ပြားမှ မရှိတာကိုလည်း
ထည့်စဉ်းစားမိသေးတယ် ။

"ဘာကြောင့် အဲဒီလက်ကောက်ကို

အမြဲ ပွတ်နေရတာလဲ? "

ထျန်းယျန်ဟာ သိချင်စိတ်နဲ့ မေးလိုက်တယ်။

"ဒါက မင်းအတွက် အရေးကြီးလို့လား?''

"ဟင်'' အဲဒီခဏလေးမှာ ယီဟာ ဘာကိုမှ
သတိမထားမိဘဲ အမှန်တကယ် ရိုးရိုးသားသား ပြောလိုက်ပါတယ် ။

"ဒါက ကျွန်မရဲ့ တစ်ခုတည်းသော အဖိုးတန် ပစ္စည်းပါ ။

တကယ်လို့ ရှင်နှင်ထုတ်ရင်တောင်

ကျွန်မအားထားရာက ဒါတစ်ခုတည်းပါ ''

"ဒါက မင်းရဲ့ အဖိုးတန် ပစ္စည်း... ဟုတ်လား..!!!??"

ထျန်းယျန်ဟာ အံ့သြလွန်းလို့ သူ့မျက်လုံးတွေဟာ
ကျဉ်းမြောင်းသွားတယ် ။

Ling မိသားစုဟာ အရမ်း ချမ်းသာတယ် မဟုတ်လား?
ယောက္ခမကြီးကလည်း ကပ်စီးနှဲလိုက်တာ လွန်ရော...
သူ့သမီးအရင်းကိုတောင် အသွင်းပစ္စည်း
နည်းနည်းလေးမှ မပေးလိုက်ဘူးလား....??
ဒီပုလဲလက်ကောက်ဟာ တကယ်တော့ လှပါတယ် ။
ဒါပေမယ့် အဖိုးသိပ်မတန်ဘူး ။
အတုလည်း ဖြစ်နိုင်တာပဲ ။
သူမရဲ့ ပိုင်ဆိုင်မှုဟာ ဒါလေးပဲလား?

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now