အခန်း(၁၀)(က)

24K 2.1K 86
                                    





"ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲဟင်? "

မြင်းကျောကုန်းပေါ်မှာ ထိုင်လိုက်နေရင်းက ဂျီယီက
လှည့်မေးလိုက်တယ် ။
မြင်းပေါ်က လိမ့်ကျခဲ့တဲ့အချိန်ကစလို့ ထျန်းယျန်ဟာ
ဂျီယီကို မြင်းစီးသင်ခွင့် လုံးဝမပေးတော့ဘူး ။
ထျန်းယျန်ဟာ ယွန်အိမ်ကြီးနဲ့ပတ်သက်လို့ ထိမ်ချန်ထားခဲ့ခြင်းအပေါ်
စိတ်မသန့်သလို ခံစားနေရပုံပေါ်နေတယ် ။
ဒါကြောင့် အားတဲ့ အချိန်လေးတွေမှာ ပတ်ဝန်းကျင်
အခြေအနေလေးတွေကို ပြဖို့အတွက် ဂျီယီကို ခေါ်လာခဲ့တာပဲ ။

မြင်းကို အချိန်အတော်ကြာ ဒုန်းစိုင်းခဲ့ပြီးနောက်
တောင်ထိပ်တစ်ခုပေါ်တွင် ရပ်တန့်လိုက်တယ် ။
တောင်အောက်ဖက်ကို ငုံ့ကြည့်လိုက်ရင်
မြေပြင်ပေါ်ရှိ မြက်ခင်းပြင်ကျယ်ကြီးဟာ ရှုမဆုံးနိုင်လောက်အောင်
တမျှော်တခေါ်ကြီး....။
ထျန်းယျန်ဟာ ဒီမြက်ခင်းပြင်ကြီးကို ကြည့်ရင်း
ဂုဏ်ယူမဆုံးဘူး ။

"ယီ...!! အခု မင်းမြင်နေရတဲ့နေရာကနေ ဟိုးအဝေးကြီးထိ

အားလုံးဟာ ယွန်မိသားစု ပိုင်တာတွေချည်းပဲ ....!''

ဂျီယီဟာ အရမ်းကို အံသြသွားတယ် ။

"ဒီလောက်တောင် အကျယ်ကြီး....ဟုတ်လား....!!!!''

ဂွမ်ဝေးရဲ့ အချမ်းသာဆုံးမိသားစု လို့ ခေါ်ရတဲ့ မိသားစုရဲ့
သားကြီးဖြစ်တဲ့သူ့မှာ ဒီလိုမျိုး ပိုင်ဆိုင်မှု ကို ပြရတဲ့
အကြောင်းရင်းကတော့ ရှိနေပါတယ် ။

"တကယ့်ကို ကျယ်တယ်နော်.....ဒါပေမယ့်....... ''

ထျန်းယျန်ဟာ မျက်ခုံးတွေကို အနည်းငယ် တွန့်ချိုးလိုက်ပြီး
ဆက်ပြောတယ်။

"ဒီဒေသမှာတော့ ယွန်မိသားစုသာမက ဒီမှာ

နေတဲ့လူတွေအားလုံးဟာ ရာသီဥတုကိုပဲ မှီခိုနေရတာ....

လေပြင်းတွေတိုက်တယ်.....ဆီးနှင်းတွေ မတရားကျတယ်...

မဟုတ်ရင် ရေအလုံအလောက်မရဘူး....

တိရိစ္ဆာန်တွေဟာလည်း အေးခဲပီးသေရင်သေ မဟုတ်ရင်

ရေငတ်ပီး သေမယ်....

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now