အပိုင်း(၁)(ခ)

41.1K 2.3K 14
                                    


"သခင်မလေး.....ကျွန်တော့်ကိုခေါ်ပါသလား..?''

ရှီဂျီယီ ရို့ကျိုးစွာမေးလိုက်တယ်။
လမ်းခရီးတစ်လျှောက် ယူဆောင်သွားမယ့် ဗုံတွေ၊မောင်းတွေကို ပို့ရင်းနဲ့
အပြန်လမ်းမှာ သူမအဖေနဲ့အမေကို နှုတ်ဆက်နေတဲ့ လင်ရှောင်ယျန်ကို
ကြော့ကြော့မော့မော့လေး တွေ့လိုက်ရတယ်။အခုအချိန်မှာ မင်္ဂလာဝေါယာဉ်ကလည်း လမ်းတစ်ဝက်လောက်မှာ ရောက်နေလောက်ပြီ။

လင် မိသားစုရဲ့ အစေခံတစ်ယောက်အနေနဲ့ ပြောရရင် ရှီဂျီယီဟာ ဒီသခင်မလေးကို နည်းနည်းတော့သနားမိတယ်။ငယ်ငယ်ကတည်းက အလိုလိုက်ထားတာကြောင့် နည်းနည်းဆိုးသွမ်းတဲ့ သူမဟာ ရုတ်တရက်ကြီး နေရာဒေသစိမ်းကလူနဲ့ လက်ထပ်ရမယ်ဆိုတော့ အဆင်မပြေဖြစ်ပြီး ခံနိုင်ရည်မရှိဘဲ နည်းနည်းတော့ ဝမ်းနည်းနေမှာပဲ။

ဒါပေမယ့် သခင်မလေးကြည့်ရတာ အဖေကိုဆန့်ကျင်ချင်တဲ့စိတ်သာ အားကြီးနေတာ တွေ့ရသလိုပဲ။ဒီလောက် အစေခံတွေအများကြီးထဲမှာမှ ထူးဆန်းစွာ သူ့တစ်ယောက်ကိုပဲ သူမနဲ့ လိုက်ပါမယ့်သူအဖြစ် ရွေးထားတယ်။တကယ့်ကို ယောက်ျားလေးအစေခံဆိုလို့ သူတစ်ယောက်တည်းရယ်။ရှီဂျီယီဟာလည်း ဒါဟာ ကောင်းလား...ဆိုးလား..မသိတော့ဘူး။တကယ်လို့ သူမယောက်ျားမိသားစုနဲ့ အဆင်မပြေဖြစ်ရင် သူလည်း သူမကို ကာကွယ်နိုင်မှာမဟုတ်ဘူး။

ဆွေမျိုးအသစ်တွေကလည်း သူမကို ကောင်းကောင်းဆက်ဆံချင်ပုံ မပေါ်ဘူး။
မင်္ဂလာဆောင်အခမ်းအနားကို ဘယ်သူ့မှ  မလာပုံထောက်ရင်လေ...။
မင်္ဂလာဝေါယာဉ်ကိုပဲ အခေါ်လွှတ်လိုက်တာကိုကြည့်။သတို့သားက ဒီမင်္ဂလာပွဲကို သိပ်အလေးထားပုံ မရဘူး။တကယ်လို့ အဲဒီနေရာမှာ သူသာဆိုရင် ဒီလိုမင်္ဂလာပွဲမျိုးကို ဘယ်လိုနည်းနဲ့မှ ပျက်ကွက်မှာမဟုတ်ဘူး။ရှီဂျီယီဟာ စိတ်ထဲကနေ တစ်ယောက်တည်း ရေရွတ်နေမိတယ်..။

"ချောင်စီဇီ.. ..ငါ နင့်ကို ကောင်းကောင်းဆက်ဆံလား...
မဆက်ဆံဘူးလားပြော..?''

သူမအနားက အစေခံတွေ အဝေးကို ရောက်သွားတာနဲ့ လင်ရှောင်ယျန်က ရှီဂျီယီကို နူးနူးညံ့ညံလေးမေးလိုက်တယ်။

ဟန်ဆောင်သတို့သမီး(Myanmar translation)Where stories live. Discover now