True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch.65 : Calling a True Star ( Part.1 )

11.2K 1.3K 34
By JuNoXiang

Training class မှာ တစ်နေ့ကို အနည်းဆုံး သင်ခန်းစာချိန် နှစ်ချိန်လောက် ပါဝင်လေတယ် ။ သင်ခန်းစာတွေ ပြီးဆုံးသွားရင်တော့ ကျန်တဲ့အချိန်တွေအားလုံးဟာ သင်တန်းသားတွေအတွက် အားလပ်ချိန်တွေ ဖြစ်သွားလေတယ် ။ ဒီနေ့မှာတော့ Tang Feng ဟာ ရုပ်သံလွှင့်ဌာနကို ရောက်ရှိနေပြီး Chen Ming Xu ရဲ့ ပရိုဂရမ်မှာ သူပါဝင်ရမယ့် နောက်ဆုံးအပိုင်းကို ရိုက်ကူးဖို့ စောင့်ဆိုင်းလို့နေလေတယ် ။

စင်မြင့်ထက်က ထိုင်ခုံတွေဆီမှာ ဧည့်သည်တွေ အသီးသီး နေရာယူလိုက်ကြပြီးနောက်မှာ ပရိုဂရမ်ကို စတင်ရိုက်ကူးကြလေတယ် ။ Chen Ming Xu စင်မြင့်ပေါ်ကို တက်လာပြီး ဂါရဝပြု နူတ်ခွန်းဆက်ချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးချီးမြင့်သံတွေ ဆူညံသွားလေတော့တယ် ။ အခုလိုမျိုး ပရိသတ်တွေရဲ့ လက်ခုပ်သြဘာသံတွေကို အမြဲတမ်းရရှိနေပြီး လူထုကြားမှာလည်း ထင်ရှားကြော်ကြားလေတဲ့အတွက်မို့ Chen Ming Xu ဟာ နိုင်ငံအတွင်းရှိ အရည်အချင်းအရှိဆုံး အစီအစဉ်တင်ဆက်သူတွေထဲမှ တစ်ယောက်အဖြစ် သက်မှတ်ထားခြင်း ခံထားရလေတယ် ။

" မယုံကြည်နိုင်လောက်အောင်ပဲ Xiao Wan ။ မင်း တကယ်ကိုပဲ သူမဆီ ဖုန်းဆက်လို့ရသွားတယ်နော် ။ "

ခုချိန်ထိတော့ အစီအစဉ် ရိုက်ကူးနေတာ ချောချောမွေ့မွေ့ ရှိလို့နေတုန်းပဲ ။ အစီအစဉ်တင်ဆက်သူဟာ စင်မြင့်ထက်က ဧည့်သည်တော်တွေနဲ့ အပေးအယူမျှစွာ အချိတ်အဆက်မိမိ စကားလမ်းကြောင်း တည့်နေတုန်းပဲ ။ သို့ပေမယ့်လည်း Xiao Yu ကတော့ ကင်မရာတွေ နောက်ကွယ်မှာ စိုးရိမ်ပူပန်ကြောင့်ကြစွာ ရှိလို့နေတယ် ။ အချိန်မရွေး စကားမြားဦးဟာ Tang Feng ဘက်ကို လှည့်သွားပြီး အနုပညာလောကရဲ့ big star ကြီးဆီ ဖုန်းဆက်သွယ်ခိုင်းဖို့ လုပ်ခိုင်းလာနိုင်လို့လေ ။

သူမတို့ ဖုန်းဆက်ခေါ်ဆိုဖို့ လျာထားတဲ့ ပုဂ္ဂိုလ်ကတော့ လတ်တလောမှာ အောင်မြင်မူလမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့ Zhang Rui Cheng လို့ အမည်ရှိတဲ့ ကုမ္ပဏီမှ သရုပ်ဆောင်သစ်တစ်ယောက်ပဲဖြစ်လေတယ် ။ သို့သော်လည်း သူ့ကို big star တစ်ယောက်လို့တော့ ညွှန်းဆိုလို့မရချေဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလောကမှာ လူသစ်သရုပ်ဆောင်တွေဆိုတာ ဝင်လာမစဲ တသဲသဲပဲ ။ ဒီသရုပ်ဆောင်သစ်တွေဟာ နက်ပြာရောင် အနုပညာမိုးကောင်းကင်ထက်မှာ ပြိုးပြိုးပြက်ပြက် တောက်ပနေတဲ့ ကြယ်တံခွန်သဖွယ် ရှိနေခဲ့ရင်တောင် ၊ သူတို့ရဲ့ အောင်မြင်ကျော်ကြားမူ အချိန်သက်တမ်းဟာ ကာလရှည် မတည်မြဲနိုင်လေဘူး ။ ကြယ်ပွင့်တွေလို အချိန်ကြာရှည်စွာ ဆက်လက်ထွန်းလင်း တောက်ပနိုင်တဲ့ အနုပညာရှင်တွေဆိုတာ အင်မတန်မှ နည်းပါးလွန်းလှတယ် ။

" Buzz.. "

ရုတ်တရက် Xiao Yu ရဲ့ ဖုန်းဟာ တုန်ခါသွားတယ် ။

လက်ကိုင်အိတ်ထဲကနေ ထုတ်လိုက်ပြီး ဖုန်းရဲ့ screen ကို ကြည့်လိုက်လေတယ် ။ ခေါ်ဆိုတဲ့ ဖုန်းနံပါတ်ကို တွေ့မြင်လိုက်တာနဲ့ ချက်ချင်း ရုပ်သံရိုက်ကူးနေတဲ့ အခန်းထဲကနေ အပြင်ဘက်ကို ထွက်ပြီး ဖုန်းကိုကိုင်ခဲ့လိုက်တယ် ။

" Hello ? "

" Hello... အခု ဖုန်းက Mr.Geno ရဲ့ ဖုန်း မဟုတ်ဘူးလားရှင် ? သြော်..ရှင်က သူ့ရဲ့ မန်နေဂျာလား ။ ဟုတ်ကဲ့ ။ ဟုတ်ပါတယ်ရှင် ။ အခု Tang Feng က recording လုပ်နေတုန်းပါ ။ "

" တကယ်ပြောတာလား ? ခုလို ကူညီလို့ အဆင်ကောပြေရဲ့လားရှင် ? ဟုတ်ကဲ့ ။ ကျွန်မ နားလည်ပါတယ် ။ ကျေးဇူးပါရှင် ။ Mr.Li ရယ်... ကျွန်မ အရမ်း အရမ်းကိုပဲ ကျေးဇူးတင်ပါတယ် ။ "

ဖုန်းချ ပြီးပြီးချင်းပဲ Xiao Yu ဟာ အခန်းထဲကို အပြေးတစ်ပိုင်း ပြန်ဝင်လာခဲ့တယ် ။

ထိုအချိန်မှာ control room အတွင်းမှာရှိနေတဲ့ ဝန်ထမ်းအချို့ဟာ သူတို့ရှေ့မှာ ရှိနေတဲ့ တီဗီဖန်သားပြင်ကို ကြည့်နေရင်း စကားစမြည် ပြောဆိုလို့နေကြတယ် ။

" Ming Xu က Tang Feng လို့ခေါ်တဲ့ တစ်ယောက်အပေါ် ရန်ငြိုးအာဃာတတွေများ ရှိနေတာများလား ? အဲ့တစ်ယောက် အခုပရိုဂရမ်မှာ recording လုပ်ဖို့ လာတဲ့အချိန်တိုင်း Ming Xu က သူ့ကို ဘေးကျပ်နံကျပ် ဖြစ်အောင် အမြဲလုပ်နေတော့တာပဲ ။ "

Editor ဟာ ကင်မရာအသီးသီးက ရိုက်ကူးထားကြတဲ့ Tang Feng ရဲ့ ရုပ်ပုံများကို တည်းဖြတ်ပြီး close-up ပုံများကို ရွေးထုတ်နေလေတယ် ။ ဒီအချိန် စင်မြင့်ထက်မှာတော့ Chen Ming Xu ဟာ Tang Feng ကို အခုတစ်ခါ ဖုန်းဆက်ရမယ့်လူဟာ သူဖြစ်ကြောင်း ပြောဆိုလို့နေတယ် ။ Tang Feng ဟာ ဖုန်းခွက်ကိုကိုင်ပြီး ခလုတ်ကို နှိပ်မလို့ ပြင်နေတုန်းပဲ ရှိနေသေးတယ် ၊ စင်မြင့်ပေါ်မှာတော့ ရယ်မောသံတွေ လွှင့်ပျံထွက်ပေါ်လို့ နေလေပြီ ။

Editor ဟာ သူ့ရဲ့ဘေးနားမှာ ထိုင်နေတဲ့ ဒါရိုက်တာကို တစ်ချက်ကြည့်ပြီး ငေါက်ငမ်းလိုက်တယ် ။

" ဒါရိုက်တာ....ဒီအခန်းထဲမှာ ဆေးလိပ်လာမသောက်ပါနဲ့ ။ "

ဒါရိုက်တာက မကြားချင်ယောင် ဆောင်နေလိုက်ပြီး နောက်ထပ် တစ်ဖွာ ထပ်ရိုက်လိုက်တယ် ။ အဲ့ဒီနောက် စိတ်အေးလက်အေးပဲ မီးခိုးငွေ့တွေကို ပြန်မူတ်ထုတ်လိုက်လေတယ် ။ အဲ့ဒီနောက် သူဟာ ဖန်သားပြင်ထက်က သိမ်မွေ့ပြီး ချောမောတည်ကြည်တဲ့ အမျိုးသားကို တစ်ချက်ကြည့်ပြီး အခုလို ပြောဆိုလိုက်တယ် ။

" အရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတာ ။ သူတို့နှစ်ယောက်ကြား ဘာတွေရှိခဲ့လဲဆိုတာ ကာယကံရှင်တွေထက် ဘေးလူတွေက ဘယ်လိုလုပ်သိနိုင်မလဲ ? "

" ဒီကိစ္စက ထူးဆန်းနေတယ် ။ Chen Ming Xu က Tang Feng ကို မနှစ်မြို့ဘူးဆိုရင် လျစ်လျူရူထားလိုက်ပေါ့ ။ ဘာလို့ မထိခလုပ် လုပ်နေရတာလဲ ? "

အကူဝန်ထမ်းတစ်ယောက်ဟာ အခုလို သံသယစိတ်ရှိနေတဲ့ လေသံနဲ့ ပြန်မေးလိုက်တယ် ။

" ဒါရိုက်တာ Zhang... Tang Feng က Chen Ming Xu ရဲ့ ပရိုဂရမ်မှာ ဟိုးအရင်ကတည်းက ပါလာခဲ့တာ မဟုတ်ဘူးလား ? Ge Chen နဲ့ Idol group တစ်ခုတည်း ရှိနေပြီး အောင်မြင်နေတဲ့ အချိန်တုန်းကတည်းကလေ ။ ကြည့်ရတာ Tang Feng နဲ့ Chen Ming Xu ကြားမှာ လူသိမခံတဲ့ ပြသနာ တစ်ခုခုများ ရှိနေတာလား မသိဘူးနော် ? "

ဒါရိုက်တာ Zhang ဟာ ပါးစပ်ထဲက စီးကရက်ကို ထုတ်လိုက်ပြီး ဆူငေါက်လိုက်တယ် ။

" အခုအချိန်က အလုပ်ချိန် ။ အရည်မရ အဖက်မရ ပေါက်ကရစကားတွေ ထပ်မပြောနဲ့ ။ "

Control room ထဲမှာ ရှိတဲ့လူတွေအားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားလေတယ် ။ ဒီအရည်မရ အဖက်မရ စကားဝိုင်းထဲကို ဒါရိုက်တာ Zhang ပဲ ဝင်ပြီး လာပြောနေတာပဲ မဟုတ်လား ။ အခုကျတော့ သူကပဲ သူတောင်းကောင်းပုံစံနဲ့ ။

" ဖုန်းဝင်သွားပါပြီ ။ "

စင်မြင့်ထက်က Chen Ming Xu ဟာ ပြောဆိုလိုက်တယ် ။ ဖုန်းခေါ်ဆိုနေတဲ့ အသံဟာ ဖန်သားပြင်က တစ်ဆင့် control room ထဲ ပျံ့နှံ့သွားတယ် ။ တစ်စုံတစ်ယောက်ဟာ အခုလိုထပြောလေတယ် ။

" Tang Feng ရဲ့ မန်နေဂျာဆီကနေ ကြားထားတာ တစ်ခုရှိတယ် ။ Ge Chen ဆီမဟုတ်ဘဲ သူတို့ကုမ္ပဏီက လူသစ်တန်း သရုပ်ဆောင် တစ်ယောက်ဆီ ဖုန်းဆက်သွယ်မယ်လို့ ကြားထားတယ် ။ ဒါကို အသုံးချပြီး Tang Feng ကို ကောင်းကောင်းလှောင်ဖို့ အခွင့်အရေးကို Ming Xu သေချာပေါက် လက်လွတ်မှာ မဟုတ်တာ ကျိန်းသေတယ် ။ "

Chen Ming Xu ကတော့ Tang Feng ကို အစီအစဉ်မှာ ဘလိုင်းကြီး တဲ့တိုးတိုက်ခိုက်ဖို့ စိတ်မကူးထားဘူး ။ အသင့်ရှိနေပြီးသား လောင်စာပုံထဲကို မီးပွင့်လေးတစ်စလောက်ပဲ ပစ်ထည့်လိုက်တယ် ။

" အင်း... ကြည့်ရတာ အခု Tang Feng ဖုန်းခေါ်နေတဲ့ ပုဂ္ဂိုလ်က နာမည်ကြီး အနုပညာရှင် Ge Chen ဆီကိုမှ ဟုတ်ပါရဲ့လား မသိဘူးနော် ? "

" Tang Feng...မင်း ဘာမဟုတ် ညာမဟုတ် ပါးမွှား သရုပ်ဆောင်တစ်ယောက်ဆီ ဖုန်းဆက်ပြီး ငါတို့တွေကို အရူးလုပ်မှာတော့ မဟုတ်လောက်ပါဘူးနော် ? အဟက်ဟက် ။ "

Tang Feng အရှက်တကွဲ ဖြစ်အောင် လှောင်ပြောင် ပျက်ရယ်ပြုတဲ့ စကားတွေကို စင်ပေါ်မှာ ရောက်နေတဲ့ တခြားဧည့်သည်တွေ ပြောဆိုနေကြတာနဲ့တင် လုံလောက်တယ် ။ သူ့ရဲ့လက်အစုံကို သွေးစွန်းအောင် လုပ်စရာ မလိုအပ်ချေဘူး ။

ဧည့်သည်တစ်ယောက်က အခုလို ပြောပြီးသွားတာနဲ့ ချက်ချင်းပဲ ဖုန်းလိုင်ဝင်သွားလေတယ် ။ ဘာဆက်ဖြစ်လာမလဲ ဆိုတာ မျှော်လင့်စောင့်စားရင်း စတူရီယို တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားလေတယ် ။ Tang Feng လည်း ငြိမ်သက်စွာ စောင့်ဆိုင်းလို့နေလေတယ် ။ Tang Feng ဘယ်လိုတွေ အရှက်တကွဲ ဖြစ်သွားမလဲဆိုတာ အားလုံး စောင့်ဆိုင်းနေတုန်းမှာပဲ ဖုန်းထဲကနေ ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ရဲ့ စကားသံ ထွက်ပေါ်လာလေတယ် ။

" Hello ? "

" ဒါ ဘယ်သူ့ အသံများလဲ ? တော်တော် ရင်းရင်းနှီးနှီး ကြားဖူးတဲ့ အသံပဲ ။ "

Tang Feng တစ်ယောက်တည်း အခုလိုမျိုး ခံစားနေရတာ မဟုတ်ဘူး ။ စင်မြင့်ထက်က ဧည့်သည်တွေ ၊ ပရိသတ်ကြီး ၊ ရုပ်သံဖမ်း ဝန်ထမ်းတွေ အားလုံးလည်း အခုအသံကို ရင်းရင်းနှီးနှီး ကြားနေဖူးသလိုလို ခံစားနေကြရတယ် ။

ပရိုဂရမ် ရဲ့ အစီအစဉ်အရဆိုရင် Tang Feng ဟာ သူခေါ်ဆိုလိုက်တဲ့ တစ်ဖက်ပုဂ္ဂိုလ်ဆီကနေ အကူအညီ တစ်ခုခု တောင်းဆိုရမှာ ဖြစ်လေတယ် ။ သူ့မတိုင်ခင် အရှေ့က အရင် ဖုန်းခေါ်ဆိုရတဲ့ ဧည့်သည်တွေဟာဆိုရင် သူတို့ ဆက်သွယ်လိုက်တဲ့ အနုပညာရှင်တွေဆီက ငွေချေးတာ ဖြစ်ဖြစ် ၊ ညစာအတူစားဖို့ ဖိတ်ကြားတာ ဖြစ်ဖြစ် လုပ်သွားခဲ့ကြတယ် ။ သို့ပေငြားလည်း သူတို့ ဆက်သွယ်ခဲ့တဲ့ အနုပညာရှင်တွေမှာ တကယ့် ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်မျိုး မပါဝင်ခဲ့သေးဘူး ။

" Ehh...Hello... ကျွန်တော် Tang Feng ပါ ။ "

ဒီအသံဟာ Zhang Rui Cheng ရဲ့ အသံ သေချာပေါက် မဟုတ်ဘူး ။ အခုလို ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ အခြေအနေ အပေါ် Tang Feng ကိုယ်တိုင် အံ့အားသင့်မိခဲ့တယ် ။ ဖုန်းနံပါတ်များ မှားနှိပ်မိသွားတာများလား ? ဒါမှမဟုတ် Rui Cheng ရဲ့ သူငယ်ချင်း တစ်ယောက်ယောက် ဖုန်းကိုင်လိုက်တာများလား ?

" Ohh ... အခု ပြောနေတာ Tang Feng လား? ပြော ဘာကိစ္စရှိလို့လဲ ။ ငါ ဘာအကူအညီ ပေးရမလဲ ? "

စကားသံဟာ တရုတ်စကားသံ ပီပီသသ မရှိပဲ အနောက်တိုင်းလေသံ ဝဲနေပြီး နားထောင်ရတာ တော်တော်လေး ကိုးလိုးကန့်လန့်နိုင်လေတယ် ။ ဒီလို ဆိုရွားလှတဲ့ လေယူလေသိမ်းကို ကြားလိုက်တာနဲ့ တစ်ဖက်ကလူက ဘယ်သူဆိုတာ Tang Feng ချက်ချင်း တန်းသိသွားလေတယ် ။

" Gino ? "

Tang Feng ကြက်သေသေသွားလေတယ် ။ ကျန်တဲ့သူတွေကတော့ Tang Feng ပြောလိုက်တာကို နားမလည်နိုင် ဖြစ်သွားခဲ့လေတယ် ။ Gino ? ဘယ်က Gino လဲ ?

........................................................................

အားလုံးပဲ မင်္ဂလာပါ ။ သာသာ announce တစ်ခု လုပ်စရာ ရှိတယ် ။ ဒီလကုန်ရင် သာသာ အလုပ်စဝင်ရပြီ ။ အဲ့တာကြောင့်မို့ အပိုင်းသစ်တွေကို ပိတ်ရက်တွေမှပဲ ပုံမှန်တင်ဖြစ်ပါတော့မယ်နော် ။ အလုပ်ဆိုပေမယ့် သင်တန်းအရင်တက်ရမှာမို့ ထုံးစံအတိုင်း စာအုပ်ပုံထဲ ခေါင်းနစ်ရပါဦးမယ် ။ Grading ကောင်းမှ လစာတိုးမှာဆိုတော့ စာကို ကျောင်းတုန်းကလို one night stand လုပ်လို့ မရတော့လို့ အားလုံးပဲ သာသာ့ကို နားလည်ပေးကြပါနော် ။ Love u all... မွချိ ... ^_<

To be continued... Ch.66 : Calling a True Star ( Part.2 )

Continue Reading

You'll Also Like

2.5M 180K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
214K 6.4K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
112K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...