Ch.40 Emotionally Moved

16.6K 1.7K 61
                                    

ဒီနေ့ မနက်ခင်းမှာတော့ Tang Feng အိပ်ရာကနေ စောစောပဲ နိုးလာခဲ့တယ် ။ ပုံမှန် ဘာအလုပ်မှ လုပ်စရာမရှိတဲ့ နေ့မျိုးဆိုရင်တော့ တစ်နေ့လုံး အိပ်ရာထဲ လူးလိမ့်ပြီး အပျင်းကြီးကာ ပေကပ်အိပ်နေတက်ပေမယ့်လည်း ၊ အလုပ်လုပ်ရမယ့် အခုလို နေ့မျိုးဆိုရင်တော့ သူများတကာတွေထက် ပိုမို ဝီရိယ ထားပြီး အလုပ်ထဲမှာ စိတ်အာရုံ အပြညိ့အဝ နှစ်မြုတ်ထားတက်တယ် ။

ခါးကို ဖက်တွယ်ထားတဲ့ လက်တစ်ဖက်ကို ဆွဲဖယ်ပစ်လိုက်ပြီး ကုတင်ထက်ကနေ ထဖို့ လုပ်လိုက်ပေမယ့်လည်း ၊ Charles က Tang Feng ကို ပြန်လှမ်းဆွဲလိုက်ပြီး ဝက်ဝံတစ်ကောင်လို ကျယ်ပြန့်တဲ့ ရင်ခွင်ကျယ်ထဲ ပွေ့ဖက်ထားလိုက်တယ်လေ ။

" မနက်စောစောစီးစီး ဘယ်သွားဦးမလို့လဲ ? "

အိပ်မူန်စုန်မွှား ဖြစ်နေရင်းကနေ Charles မေးမြန်းလိုက်တယ် ။ မျက်လုံးတွေက ပိတ်ထားနေပေမယ့်လည်း သူ့ရဲ့ လက်တွေ ၊ နူတ်ခမ်းတွေဟာ Tang Feng ရဲ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်စူးစမ်းနေလေတယ် ။

" အလုပ်သွားမလို့ ။ နောက်နှစ်ရက်ဆိုရင် တီဗီစီးရီးက စရိုက်တော့မှာ ။ အဲ့တော့ မရိုက်ခင် အချိန်ရှိတုန်း ရိုက်ကူးရေးအဖွဲ့နဲ့ သွားတွေ့မလို့ ။ အပြန်နောက်ကျချင် နောက်ကျမယ် ။ "

Tang Feng ဟာ အဖြေပြန်ပေးရင်း ၊ သူ့ရဲ့ တင်ပါးတဝိုက်ကို လာပြီး ပွတ်သပ်ဆုပ်နယ်နေတဲ့ လက်ကို တွန်းဖယ်ပစ်လိုက်တယ် ။ ဒီအကြောင်းတွေကို လွန်ခဲ့တဲ့ရက်တွေကတည်းက Charles ကို ပြောထားပြီးပေမယ့် ၊ အဲ့ဒီဝက်ဝံတစ်ကောင်ဟာ လူစကားနားထောင်ရကောင်းမှန်း မသိဘူးထင်တယ် ။

" အာ...လာပြန်ပြီ...အဲ့ဒီ တီဗီစီးရီး ကိစ္စ ။ ငါတော့ လူတစ်ယောက် ငှါးပြီး အဲ့ရုပ်သံဌာနကို ဗုံးခွဲပစ်ဦးမှပါပဲ ။ "

Charles စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ် ။ သူ့ရဲ့ လက်တွေကို တွန်းဖယ်ခံလိုက်ရပေမယ့် ၊ လက်မလျော့ပဲ အဝတ်မဲ့ဖြစ်နေတဲ့ Tang Feng ရဲ့ ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ထွေးလိုက်တယ် ။

" အချစ်လေး ။ ကိုယ့်အချစ်ဆုံး Tang လေး ။ မင်းကိုယ့်ကို ထားသွားမယ့် အချိန်ရောက်ရင် ကိုယ်တော့ ဘယ်လို အသက်ဆက်ရှင်ရမလဲ ? စိတ်ဝိဉာဏ်မဲ့နေမယ့် ကိုယ့်ရဲ့နှလုံးသားကို ဘယ်သူကမှ အသက်သွင်းပေးနိုင်မယ် မထင်တော့ဘူး ။ "

True Star (Myanmar Translation )Where stories live. Discover now