Ch.55 : Applying Medicine ( Part.1 )

12.4K 1.6K 76
                                    

Tang Feng ဟာ ဝီတိုရီယခေတ်ပုံစံ ပြင်ဆင်ဖွဲ့စည်းထားတဲ့ အထက်တန်းကျတဲ့ အိပ်ခန်းထဲ ဝင်ရောက်လိုက်တယ် ။ နူးညံ့ပျော့ပြောင်းတဲ့ အိပ်ရာထက် ထိုင်နေရင်း စိတ်ထဲမှာ ချမ်းချမ်းသာသာနေရတဲ့ဘဝဟာ တကယ်ကောင်းတာပဲလို့ ထပ်ပြီးတွေးမိလိုက်တယ် ။ Charles ရဲ့စံအိမ်ကနေ အခု Lu Tian Chen ရဲ့ အိမ်တော်ဆီကို ရောက်ခဲ့ရပြန်ပြီ ။ ဆေးရုံပေါ် သတိပြန်လည်လာပြီး နောက်ပိုင်းတောက်လျှောက် အထက်တန်းကျတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို တစ်အိမ်ပြီးတစ်အိမ် ပြောင်းနေနေရတော့ သူ့ရဲ့ ကံဇာတာ တော်တော်တက်နေပြီလား မပြောတက်ဘူး ။

" ရေအရင်ချိုးမယ် ။ အဲ့တာမှ လန်းသွားမှာ ။ "

Tang Feng ရေချိုးခန်းတံခါးကို ဖွင့်လိုက်ပြီး အထဲကို ကြည့်လိုက်ချိန်မှာ တင်္ဒဂခဏ ငေးငိုင်သွားလေတယ် ။

" ဝိုး.... အဲ့ဒါကြောင့် ချမ်းချမ်းသာသာနေရတဲ့ ဘဝက ဇိမ်ကျတယ်လို့ ငါပြောတာ ။ ကိုယ့်အချစ်ဆုံး ရေချိုးကန်လေးရေ ။ ကိုယ်လာပြီဟေ့ ။ "

ရေချိုးကန်မှာ အလိုအလျောက် ရေဖြည့်စနစ်နဲ့ အပူချိန်ထိန်းညှိစနစ်ကို တပ်ဆင်ပေးထားတဲ့အတွက် Tang Feng တော်တော်လေးကို စိတ်တိုင်းကျ ကျေနပ်မိတယ် ။ သို့ပေမယ့်လည်း Charles အိမ်ကလိုမျိုး နံရံမှာ တီဗီကို တပ်မပေးထားတာတော့ သိပ်ဘဝင်မကျမိဘူး ။ ခုနတုန်းက အိပ်ခန်းထဲမှာ laptop တစ်လုံးမြင်လိုက်မိတယ် ။ သွားပြန်ယူပြီး ရေချိုးခန်းထဲ ပြန်ဝင်လာချိန်မှာပဲ ရေချိုးကန်ထဲမှာ ရေကပြည့်သွားခဲ့ပြီ ။ အဲ့ဒီနောက် အဝတ်အစားတွေချွတ် ၊ ရေချိုးကန်ထဲဝင်လှဲ ၊ ဇာတ်ကားတစ်ကား ဖွင့်ကြည့်ပြီး အေးဆေးဇိမ်ယူနေလိုက်တော့တယ် ။

အဲ့ဒီလို ကောင်းကောင်းကြီး ဇိမ်ကျနေတဲ့အချိန်မှာ Lu Tian Chen တစ်ယောက်ကို သူလုံးဝ သတိမရတော့ဘူး ။

Lu Tian Chen ကတော့ Tang Feng ရဲ့နာမည်ကို ဘယ်နှကြိမ်မြောက်တောင် ခေါ်နေမိမှန်းတောင် မရေတွက်နိုင်တော့ဘူး ။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ အရင်အချိန်က အေးစက်မာကြောခဲ့တဲ့ ဆက်ဆံရေး အခြေအနေကို စတင်ပြောင်းလဲစေတဲ့ အနေအထားတစ်ခုလို့ ယူဆချင်ယူဆကြပေါ့ ။

True Star (Myanmar Translation )Where stories live. Discover now