Ch.18

16K 1.7K 7
                                    


Tang Feng ရဲ့ အတိတ်ဘဝဟောင်း ကာလတုန်းက တရုတ်ပြည်မကြီးရဲ့ အနုပညာလောကအတွင်း တစ်ခါမှ ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ရခြင်းမျိုး မရှိခဲ့ဘူး ။ ဒါပေမယ့်လည်း လက်တွေ့ ဝင်ရောက် သရုပ်ဆောင်နေတဲ့ လူ တော်တော်များများနဲ့တော့ သိကျွမ်းရင်းနှီးခွင့် ရရှိခဲ့တယ် ။ အဲ့ဒီလူတွေနဲ့ ဆုံတွေ့ရတဲ့အချိန်မှာ သူတို့ဆီကနေ တဆင့် တရုတ်ပြည်မ အနုပညာလောကရဲ့ အတွင်းသတင်းတွေကို မျက်ခြေမပျက် သိခွင့်ရခဲ့တယ် ။ America နဲ့ ယှဉ်လိုက်ရင် တရုတ်ပြည်ရဲ့ အနုပညာလုပ်ငန်းဟာ အရမ်းကို စျေးကွက်စီးပွားရေး သဘောဆန်နေတယ် ။ Beiying ၊ Zhongxi ၊ Shangxi လိုမျိုး လက်ရွေးစင် အနုပညာကျောင်းဆင်း တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တော့ ၊ တရုတ်ပြည်မရဲ့ အနုပညာလောကထဲကို တိုးဝင်နိုင်ဖို့ရာ အလွန်ခက်ခဲနေလိမ့်မယ် ။

ဒီအကြောင်းအရာက တရုတ်ပြည်မရဲ့ အနုပညာလောကအတွင်းက လူတွေရဲ့ စိတ်ဓာတ်ကို ချည်နဲ့စေတဲ့ အဓိက အကြောင်းရာတွေထဲက တစ်ခုပဲ ။ တူညီတဲ့ အနုပညာကျောင်းက ဆင်းလာခဲ့တဲ့ လူအချင်းချင်းဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမဖို့ရာ ဝန်မလေးဘူး ။ တက္ကသိုလ် တစ်ခုတည်းက အတူပြီးလာခဲ့တဲ့ သူအချင်းချင်းဆိုတဲ့ စိတ်နဲ့ အလိုလို ရင်းနှီးကျွမ်းဝင်သွားကြတယ် ။ အချင်းချင်းတောင် နာမည်အရင်း ခေါ်ဝေါ်မသုံးစွဲကြပဲ Shijie တို့ ၊ Shige တို့ပဲ ခေါ်ဝေါ်ကြပြီး ၊ ကန့်သက်ခြားနားထားတဲ့ စည်းဘောင်တွေ နည်းပါးလှတယ် ။ ( တခြားသူတွေထက် ပိုပြီး ရင်းနှီးကျတယ်လို့ ပြောချင်တာပါ ) ဒီလို ထိပ်တန်း အနုပညာရှင်တွေဟာ ရုပ်ရှင်လောကအသိုင်းဝန်း တစ်ခုလုံးက အာရုံစူးစိုက်ခြင်းကို ခံနေရသလိုပဲ ၊ တခြားအနုပညာရှင်တွေ မရနိုင်တဲ့ အခွင့်ထူးတွေကိုပါ ရရှိနိုင်သေးတယ် ။ ဥပမာပြောရင် အစောပိုင်းပြောခဲ့တဲ့ တက္ကသိုလ်တွေဆီကနေ အထောက်အပံ့ကောင်းကောင်း ရရှိနိုင်တာမျိုးပေါ့ ။

ဒီအကြောင်းအရာ အားလုံးကို အနှစ်ချုပ်လိုက်မယ် ဆိုရင်တော့ လူတစ်ယောက်ဟာ အောင်မြင်ကျော်ကြားမူကို လွယ်လွယ်ကူကူ ရလာနိုင်မယ်လို့ ဘယ်သူကမှ အာမမခံပေးနိုင်ဘူး ။ သူတို့ရဲ့ ဘဝဟာ တန်းကျော်ပြေး ကစားသမား တစ်ယောက်နဲ့ တူတူပဲ ။ အခက်အခဲ အတားအဆီးတွေကို အမြဲကျော်ဖြတ်နိုင်အောင် ကြိုးပမ်းနေရတယ် ။ အနုပညာရှင်တစ်ယောက်ဟာ သရုပ်ဆောင်ခြင်းအတက်မှာ ကျွမ်းကျင်နေပြီဆိုရင် ၊ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပရိသတ် နဲ့ လုပ်ငန်းရှင်တွေက အနည်းငယ် အာရုံစိုက်ခံလိုက်ရတာနဲ့ ၊ အောင်မြင်မူက အချိန်တစ်ခုအတွင်း နောက်က ကပ်လိုက်ပါလာတယ် ။

True Star (Myanmar Translation )Where stories live. Discover now