Ch.23 Truly Angelic

15.7K 1.6K 70
                                    

" မင်း အရင်နဲ့မတူဘဲ လုံးဝ ပြောင်းလဲသွားတယ် ။ ရှေ့လျောက် Ge Chen ကို ထိခိုက်စေမယ့် အရာတွေ ဆက်မလုပ်ဘူးဆိုရင် ၊ Lu Tian Chen က မင်းအပေါ် အရမ်းတင်းမာနေမှာ မဟုတ်တော့ဘူး ။ "

နောက်ဆုံးတော့လည်း Su Qi Cheng သူ့ကို လာစကားပြောရတဲ့ အကြောင်းရင်းက Ge Chen ကြောင့်ပဲ ။ အရင် Tang Feng တစ်ယောက်ဟာ Ge Chen ကို အကြိမ်ပေါင်းများစွာ အနိုင့်ကျင့်ခဲ့တယ်ထင်တယ် ။ ဒါပေမယ့် Su Qi Cheng စိတ်ပူပေးနေဖို့ မလိုအပ်လှပါဘူး ။ မြင့်မားတဲ့ နေရာတစ်ခုမှာ အောင်မြင်ကျော်ကြား နေတဲ့ အနုပညာရှင်ကို ၊ နာမည်ကျ အောက်ခြေရောက်နေတဲ့ သူက အနိုင်ကျင့်တဲ့ ဖြစ်ရပ်ဆိုတာ မရှိသလောက် ရှားပါးတယ် ။ Su Qi Cheng ရဲ့ အကြံပေးချက်အဆုံးမှာ Tang Feng ဟာ စိတ်ကို တည်ငြိမ်အောင် ပြင်ဆင်လိုက်တယ် ။

" ဒီအတိုင်းဆို အရင်အချိန်တုန်းက Ge Chen နဲ့ ကျွန်တော့ကြားထဲမှာ နားလည်မူလွဲတဲ့ ပြသနာလေးတချို့ ရှိနေခဲ့တယ်ထင်တယ် ။ Ge Chen ဟာ ပြည့်စုံတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ ။ ကျွန်တော် သူ့အပေါ်မှာ မနာလိုဝန်တိုစိတ် နည်းနည်းမှ မရှိနေပါဘူး ။ ကျွန်တော့်လို အောင်မြင်မူနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖို့ ရှေ့ဆက်လျှောက်ရမယ့် ဘဝလမ်းဟာ ကြမ်းတမ်းလွန်းပါတယ် ။ အဲ့ဒါကြောင့်မို့ President Su အနေနဲ့ အရင်အချိန်က ကျွန်တော်လုပ်မိခဲ့တဲ့ အမှားတွေကို နားလည်ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ။ "

အခြေအနေက ဘယ်လိုပဲ ဖြစ်နေနေ ကိုယ့်ဘက်ကနေစပြီး တောင်းပန်စကား အရင်ပြောလိုက်တာ အသင့်တော်ဆုံး လုပ်ရပ်ပဲ ။

Tang Feng ရဲ့ စကားသံထဲမှာ ရိုးသားခြင်း အပြည့်အဝ ပါဝင်နေတယ် ။ အားငယ်ဟန် အငွေ့အသက်ပါဝင်နေတဲ့ သူ့ရဲ့စကားလုံးတွေဟာ နားထောင်လိုက်ရသူ ရင်ထဲမှာ ဂရုဏာသက်စိတ် ဖြစ်ပေါ်သွားစေတယ် ။

Su Qi Cheng အနည်းငယ် အံသြမိသွားတယ် ။ သူ့လေသံကို အရင်ထက် အနည်းငယ် ပျော့ပြောင်းလိုက်ပြီး.......

" အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါတော့ ။ Ge Chen ဘက်ကလည်း စိတ်ထဲ ဘာမှ မထားတော့ဘူးဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ် ။ ပြောရမယ်ဆိုရင် သူ မင်းကို တစ်ခါလေးမှ အပြစ်တင်မနေခဲ့ဘူး ။ သူဟာ အရမ်းကို ကြင်နာတက်ပြီး မြတ်နိုးစရာကောင်းတဲ့ သူတစ်ယောက်ပါ ။ "

True Star (Myanmar Translation )Where stories live. Discover now