Ch.9 Charles (Part 3)

18.5K 1.3K 23
                                    

Tang Fang ဟာ Charles နှင့်အတူ ကုမ္ပဏီ အထဲကို ဝင်လာခဲ့တယ် ။ ကုမ္ပဏီ ထဲက လူတွေဟာ သူ့ကို ရင်းနှီးနေသလိုမျိုး စိတ်ထဲ ခံစားမိတယ် ။ အနည်းဆုံးတော့ ဧည့်ကြိုကောင်တာက ဝန်ထမ်းအမျိုးသမီးတွေဟာ သေချာပေါက် သူ့ကို သိနေကြတယ် ။ အရှေ့ကို ရုတ်တရက် ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် လုပ်လက်စအလုပ်တွေ ရပ်သွားတယ် ။ သူ့ကို ကြည့်နေတဲ့ အကြည့်တွေမှာ ရင်းနှီးမူ ဆိုတာထက် ၊ Charles နဲ့ ဘယ်လို ပတ်သတ်နေလဲဆိုတာ သိချင်စိတ် ပိုများနေသလိုပဲ ။

Tian Chen Entertainment ရုံးခန်းဟာ ဒီအဆောက်အအုံရဲ့ တစ်နေရာမှာ ရှိတယ် ။ ဝန်ထမ်းအမျိုးထုထဲမှာ သူတို့သူဌေးကို စိတ်ကူးယဉ် မစွဲလန်းဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး ။ သူဌေးနဲ့ ပတ်သတ်တဲ့ သတင်းမှန်သမျှဟာ သူတို့အတွက် စိတ်ဝင်စားဖို့ သတင်းတွေပဲ ။ သူတို့ရဲ့ သူဌေး Lu Tian Chen ကို အသည်းအသန် လိုက်ပိုးခဲ့တဲ့ Tang Fang တစ်ယောက် ဘယ်လိုကနေဘယ်လို Charles နဲ့အတူကပ်ပါလာတာလဲ အရမ်းသိချင်နေကြတယ် ။

VIP အတွက် သီးသန့်သတ်မှတ်ထားတဲ့ ဓာတ်လှေကားထဲ ဝင်လာတဲ့ အခါမှာ Tang Fang ဟာ မနေတက်သလို ပြုံးပြီး....

" လူတွေက ကျွန်တော့်ကိုပဲ ဝိုင်းကြည့် နေကြသလိုပဲ "

Charles ဟာ Tang Fang ရဲ့ ခါးကို ညင်ညင်သာသာ ဖက်လိုက်ပြီး...

" မင်းက အရမ်းချောနေလို့ နေမှာပေါ့ ။ "

အရမ်းချောတယ် ? ရုပ်ရည် ကြည့်ကောင်းတာလောက်လေး တစ်ခုနဲ့ ဒီအနုပညာလောကထဲမှာ ရပ်တည်လို့ မရဘူး ။ မှန်လိုမျိုး အရိပ်ထင်နေတဲ့ ဓာတ်လှေကားထဲမှာ ပေါ်နေတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်ကို Tang Fang သေချာ ကြည့်လိုက်တယ် ။ သူ့မျက်နှာဟာ အရမ်းကြီး ချောမောတဲ့ အထဲမှာတော့ မပါပေမယ့် လူတွေ လွယ်လွယ်ကူကူ မှတ်မိလွယ်တဲ့ အထဲမှာတော့ ပါတယ် ။ Charles ကတော့ သူ့ထက် အဆများစွာ ပိုကြည့်ကောင်းတယ် ။ သွေးနှောထားတဲ့ လူတစ်ယောက် ဖြစ်နေလို့ Charles ရဲ့ ချောမောပုံက အရိုင်းဆန်ခြင်းနဲ့ ယဉ်ကျေးသိမ်မွေ့တာ ၊ နှစ်ခုလုံး ဒွန်တွဲနေတယ် ။

အပေါ်ဆုံး အလွှာကို ရောက်သွားတဲ့ အခါမှာ ဓာတ်လှေကားဟာ ရပ်သွားတယ် ။ လူတွေအကြည့်ကို လုံးဝ ဂရုမစိုက်ဘဲ ၊ Tang Fang ရဲ့ ခါးကို ဖက်ထားရင်းဘဲ ကြီးမားကျယ်ဝန်းတဲ့ ရုံးခန်းထဲကို ဝင်လာတယ် ။ ဧည့်ကြိုဌာနက ဝန်ထမ်းအမျိုးသမီးတွေနဲ့ Charles ရဲ့ အတွင်းရေးမူးကြား အဓိက ကွာခြားချက် တစ်ခုကတော့ ၊ အောက်ထပ်က အမျိုးသမီးတွေဟာ သူတို့ရဲ့ စိတ်လူပ်ရှားမူကို မထိန်းချုပ်နိုင်ပဲ အမူအရာတွေ အကြီးအကျယ်ပျက်နေခဲ့ပေမယ့် အတွင်းရေးမူးကတော့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာ တစ်ခုကို မြင်တွေ့ရသလို တည်ငြိမ်နေတယ် ။ အကယ်လို့ သူမစိတ်ထဲ တစ်ခုခု ဖြစ်နေတယ်ဆိုရင်တောင် ၊ Tang Fang ကိုကြည့်နေတဲ့ သူမမျက်ဝန်းထဲမှာ ဘာခံစားချက် အရိပ်အယောင်မှ မမြင်တွေ့ရဘူး ။

True Star (Myanmar Translation )Where stories live. Discover now