Ch.39 Chen Ming Xu

15.9K 1.6K 40
                                    

" Ge Chen သတင်းပဲ ထပ်ပါလာပြန်ပြီ ။ အဲ့တစ်ယောက် အခုနောက်ပိုင်း အောင်မြင်လာတာ ကြောက်ဖို့တောင်ကောင်းတယ်...သိလား ။ မနှစ်ကမှ အနုပညာလောကထဲကို ခြေစုံပစ်ဝင်လာတယ် ။ အကောင်းဆုံး အနုပညာရှင်အသစ်ဆုကို တန်းရတယ် ။ ဒီနှစ်လည်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ထပ်ရပြန်တယ် ။ လူသစ်တွေဆိုတာလည်း ဝင်လာမစဲ တသဲသဲပဲ ။ အကုန်လုံးက သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ ။ "

သတင်းစာမျက်နှာတွေကို လှန်လောဖတ်ရူရင်း ရုပ်သံလွှင့် TV Channel မှ ဝန်ထမ်းအမျိုးသမီးဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ အေးအေးဆေးဆေး စကားစမြည် ပြောနေလေတယ် ။

" ကျွန်မကတော့ Ge Chen ကို အရမ်း အရမ်းကို ကြိုက်တာပဲ ။ "

လက်ထောက်ဝန်ထမ်း အမျိုးသမီးတစ်ယောက်ဟာ Ge Chen ရဲ့ နာမည်ကို တစ်စွန်းတစ်စ ကြားမိလိုက်တာနဲ့ကို စကားဝိုင်းအတွင်းကို ဝမ်းသာအားရ ဝင်ရောက်လာတော့တယ် ။

" သူကလေ ငယ်လည်းငယ် ချောလည်းချော ၊ စန်းကလည်း တက်လိုက်တာမှ အရမ်းပဲ ။ သူ့မျက်နှာလေးကို ဒီတိုင်းလေး ထိုင်ကြည့်နေယုံလေးနဲ့တင် ရင်ထဲမှာ ဘယ်လို ဘယ်လို ပျော်နေမိမှန်းကို မသိဘူး ။ ကုမ္ပဏီက နောက်ကနေ အစွမ်းကုန် ပံ့ပိုးပေးနေယုံတင်မကဘူး ၊ သူ့ရဲ့ ပရိသတ်တွေကော ၊ ရုပ်ရှင်အသိုင်းဝန်းတစ်ခုလုံးကပါ အကုန်ဝိုင်းပြီး ချစ်ခင် အားပေးနေကြတာ ။ အနာဂတ်မှာ သူက အရမ်းကို အောင်မြင်မယ့် စတားတစ်ယောက် ဖြစ်လာမယ်ဆိုတာ လောင်းတောင်လောင်းရဲတယ် သိလား ။ တစ်နှစ် တစ်နှစ်ကို ပေါ်ပေါ်လာတဲ့ အသစ်တွေဆိုတာ ထောင်ချီပြီး များပြားလွန်းပေမယ့် ၊ သူ့လို လူမျိုးကတော့ ဖီးနစ်ငှက်လို ၊ unicorn လိုမျိုး ၊ ရှားမှရှားပဲ ။ "

လက်ထောက် အမျိုးသမီးဝန်ထမ်းဟာ Ge Chen ရဲ့ ချီးမွမ်းခန်းကို မစားရဝခမန်း တခမ်းတနားကို ထိုင်ပြောနေလေတော့တယ် ။

T.S note... ရေးရင်းရေးရင်းနဲ့ မြင်ပြင်းတွေ တော်တော်ကပ်လာမိတယ် ။ ငါ့နှယ်နော်....။

" ခင်ဗျားပြောတာ အမှန်ပဲ ။ အိမ်က ကျွန်တော့် သမီးဆို Ge Chen မှ Ge Chen သည်းသည်းလူပ်ဖြစ်နေတာ ကြားထဲကနေ မနာလိုတောင် ဖြစ်လာတယ် ။ ဒီ အနုပညာလောကမှာ ခြေခိုင်ခိုင် ရပ်နေနိုင်ဖို့ဆိုတာ လွယ်တော့လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ ။ Ge Chen လို ရုတ်ချည်း စန်းတက်လာတဲ့ သရုပ်ဆောင်မျိုး အရင်တုန်းက မရှိခဲ့တာတော့ မဟုတ်ဘူး ။ တော်တော်များများက ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်လို့ ဖြစ်ဖြစ် ၊ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်ဖြစ် အောင်မြင်တံ အနေအထားကနေ ပြုတ်ကြသွားကုန်ကြတာ ။ "

True Star (Myanmar Translation )Where stories live. Discover now