Ch.27 Meeting an " Old Friend "

15.2K 1.7K 56
                                    


" Very Good... "

Tang Feng နဲ့ Ge Chen နှစ်ယောက်လုံးဆီက စိတ်အားထက်သန်မူတွေ မြင်လိုက်ရလို့ ဒါရိုက်တာ Liဟာ ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးလိုက်တယ် ။ အဲ့ဒီနောက် သူဟာ အရှေ့က ကောင်လေးနှစ်ယောက်လုံးကို အခုလို ပြောကြားတယ် ။

" ဒီလိုဆိုရင်  မင်းတို့နှစ်ယောက်စလုံး ငါနဲ့အတူလိုက်ခဲ့ပြီး Mr.Geno နဲ့ ဆုံတွေ့ဖို့ ဖိတ်ကြားချင်တယ် ။ "

Geno ???

Whoa whoa whoa.... ဒါရိုက်တာ Li အခုပြောလိုက်တဲ့ Geno ဆိုတာက US က သရုပ်ဆောင် Michael Gino လား ?

" Director ကြီး ပြောတဲ့ Geno ဆိုတာက ရုပ်သံအစီအစဉ် သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနဲ့ သရုပ်ဆောင်ကြေး အများဆုံးပေးရတဲ့ Michael Gino များလား ? "

အံသြမိသွားခြင်းအတူတူမှာ Ge Chen ဟာ Tang Feng လို စိတ်ရူပ်ထွေးသွားတာမျိုးမဟုတ်ပဲ အရမ်းကို စိတ်ဓာတ်တက်ကြွနေတယ် ။ Ge Chen ဟာ အခုအချိန်မှာ Tang Feng အသိချင်ဆုံး မေးခွန်းကို ဒါရိုက်တာကြီးကို မေးခဲ့လိုက်တယ် ။

ဒါရိုက်တာကြီး ရည်ညွန်းတဲ့ လူဟာ သူသိတဲ့ Geno မဟုတ်လောက်ပါဘူးနော် ။ ဘုရားသိကြားမလို့  အဲ့ဒီ ဆန်ကုန်မြေလေး Geno မဟုတ်ပါစေနဲ့ ။

" မင်း ထင်တာ အမှန်ပဲ ။ Mr.Geno ဟာ Hollywood မှာ အောင်မြင်ကျော်ကြားယုံတင် မကဘူး ။ သူဟာ အတွေ့အကြုံ ကြွယ်ဝတယ် ။ ဇွဲ့လုံလရှိတယ် ။ သရုပ်ဆောင်တဲ့နေရာ စိတ်အပြည့်အဝနှစ်ပြီး သရုပ်ဆောင်နိုင်စွမ်းရှိတယ် ။ အခုတစ်ခေါက် မင်းတို့နှစ်ယောက်စလုံး ငါ့ရဲ့စမ်းသပ်ချက်ကို အောင်မြင်ရင်ပဲ ဖြစ်ဖြစ် ၊ ရူံးနိမ့်ခဲ့ရင်ပဲဖြစ်ဖြစ် ၊ သူနဲ့ တွေ့ဆုံခွင့်ရလိုက်တာဟာ နောက်ပိုင်းဆက်လျှောက်မယ့် မင်းတို့ရဲ့ အနုပညာလမ်းအတွက် အထောက်အပံ့ကောင်း အများကြီး ရသွားစေနိုင်တယ် ။ "

Director Li ဟာ သူတို့နှစ်ယောက်လုံး စိတ်ဓာတ်တက်ကြွလာအောင် အားပေးစကားပြောပြီး နွေးထွေးတဲ့ အကြည့်နဲ့ ကြည့်နေတယ် ။

Ge Chen ဟာ စိတ်လူပ်ရှားနေတဲ့ အမူအရာကို မမြိုသိပ် မဖုံးကွယ်နိုင်သလိုပဲ ၊ Tang Feng ရဲ့ စိတ်နှလုံးထဲမှာလည်း အကြီးအကျယ် စိတ်ညစ်ညူးနေမိတယ် ။ Director Li ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ အရင်အချိန်က သူသိကျွမ်းရင်းနှီးခဲ့တဲ့ Hollywood အနုပညာရှင်တွေနဲ့ ဆုံတွေ့ခွင့်ရဖို့ Tang Feng မျှော်လင့်ခဲ့မိတယ် ။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး အဲ့ဒီ အနုပညာရှင်တွေနဲ့ ပြန်လည်ဆက်သွယ်မယ်လို့ ရည်စူးထားတယ် ။ သို့ပေမယ့်လည်း သူ့ရဲ့ အဆိုးဝါးဆုံးစိတ်ကူးထဲမှာတောင်မှ အဲ့ဒီ Michael Gino နဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ်လို့ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး ။

True Star (Myanmar Translation )Where stories live. Discover now