Ch.41 The First Scene (Part.1)

18K 1.3K 129
                                    

အခု ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းမှာ Tang Feng ပါဝင်ရမယ့် အခန်းက သနားစရာကောင်းလောက်အောင် နည်းပါးလွန်းလှတယ် ။ ဇာတ်ပို့ တတိယလူနေရာမျိုးတောင်မဟုတ်ပဲ အပိုထည့်သုံးထားတဲ့ ဇာတ်ကောင်သာသာ နေရာပါ ။ နောက်ဆုံး သတ်ခံလိုက်ရတဲ့ အချိန်ထိကိုတောင် သူပါဝင် သရုပ်ဆောင်ရမယ့် အပိုင်းက နှစ်ပိုင်း သုံးပိုင်းစာလောက်ပဲ ရှိတယ် ။ ဒါပေမယ့်လည်း အခုလို သနားစရာကောင်းစွာ ခပ်စောစော သေဆုံးသွားရတဲ့ ဇာတ်ရုပ်ကပဲ သူ့ရဲ့ ဆွဲဆောင်မူတစ်ခု ဖြစ်သွားစေနိုင်တယ်လေ ။

အမှန်ကို ဝန်ခံရရင် Tang Feng အရင်တုန်းက ဘယ်ရုပ်သံဇာတ်လမ်းတွဲမှာမှ ပါဝင် မသရုပ်ဆောင်ဖူးခဲ့ဘူး ။ ပတ်သတ်ရာပတ်သက်ကြောင်း ကိစ္စတချို့ကြောင့်တော့ တချို့သော အောင်မြင်ကျော်ကြားတဲ့ ဇာတ်လမ်းတွဲတချို့မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် တစ်ခန်း နှစ်ခန်း ပါဝင်ပေးခဲ့ဖူးတယ် ။ ဒီလောက်ပဲ ။ ဒါပေမယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်ပဲ ဖြစ်ဖြစ် ၊ အားလုံးဟာ သရုပ်ဆောင်ရတာချည်းပဲ မဟုတ်လား ။ အဲ့ဒီတော့ သူကျရာနေရာမှာ အကောင်းဆုံး လုပ်ဆောင်ရမယ် ။

ဇာတ်ညွှန်းကို Tang Feng အစောကတည်းက ကြိုတင် ဖက်ရူလေ့လာထားပြီးပြီ ။ ဒီနေ့အတွက် ရိုက်စရာ သိပ်များများစားစား မရှိပါဘူး ။ တစ်ခန်းလောက်ပဲ ရှိတယ် ။ သူဟာ တော်ဝင်နန်းမဆောင်မှ Tian Yin လို့ အမည်နာမရတဲ့ ဂီတပညာရှင် တစ်ယောက်ဖြစ်တယ် ။ စားသောက်ပွဲ အခန်းအနားတစ်ခုမှာ သူနဲ့တခြားဂီတပညာရှင်တွေ အတူတကွ တီးမူတ်သီဆိုနေကြတာကို အဓိက အမျိုးသမီးဇာတ်ဆောင် နန်းတော်မှ အပျိုတော်မိန်းမပျိုလေးဟာ နှစ်ခြိုက်စွာ အားပေးတယ် ။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း တစ်ချက် ဖလှယ်မိသွားကြတယ် ။ ဒီနေ့ရိုက်ရမှာက အဲ့ဒီလောက်ပဲ ။

Tang Feng နှင့် Xiao Yu ဟာ ဒါရိုက်တာနဲ့ စက်အဖွဲ့ တစ်ခုလုံးကို ယဉ်ကျေးချိုသာစွာ လိုက်လံနူတ်ဆက်လေတယ် ။ သူတို့ကလည်း ပွင့်ပွင့်လင်းလင်း ပြန်လည် နူတ်ဆက်တယ် ။ လက်ရှိ အနေအထားမှာ Tang Feng ဟာ သိပ်ပြီး မကျော်ကြားတော့တဲ့ ကြယ်ပွင့်ဟောင်း တစ်ယောက် ဖြစ်နေပေမယ့်လည်း လူမူဆက်ဆံရေးနယ်ပယ်မှာ ချိုသာစွာ နူတ်ခွန်းဆက်တဲ့ အခြေခံသဘောတရားကိုတောင် မသိနားမလည်တဲ့ လူမျိုးထက်တော့ လူအများရဲ့ ချစ်ခင်မူကို ပြန်လည်ရရှိနိုင်တယ်လေ ။

True Star (Myanmar Translation )Where stories live. Discover now