ကားတိုက်မှု !!
ခွမ်း !!
ကျွန်တော့်လက်ထဲကကော်ဖီခွက်လေးသည် ကြမ်းပြင်
ပေါ်ကို လွှတ်ကျသွားတော့သည် ။
ကျွန်တော့်ဆီကိုဆက်သွယ်လာခြင်းမရှိပေမဲ့TV
မျက်နှာပြင်ပေါ်က လာနေသည့် သတင်း ။ သူ !
သူ ကားတိုက်ခံရသည်တဲ့ ။ ကျောက်ရုပ်တရုပ်လို
မတ်တပ်ရပ်လျက်နှင့်ပင် အသက်မဲ့သွားသလိုခံစား
လိုက်ရသည် ။ ကျွန်တော့်ကမ္ဘာကြီးအမှောင်ကျသွား
သလိုဖြစ်ပျက်သွားသည် ။ ရှုပ်ရှပ်ခတ်နေသောရဲကား
တွေ ၊ ဆေးရုံကားတွေ ။ ပြာယာခတ်နေကြတဲ့ရဲတွေ၊
လူတွေ ။ ကျွန်တော် သူ့ကို မမြင်လိုက်ကြ ။
ကျွန်တော် ပစ်ကျလဲသွားမိသည် ။ ခံစားချက်ကြီး
ကဆိုးရွားလွန်းသည်။ ဗလာကျင်းသွားသလို။
ကြောင်တောင်တောင်နှင့်အသိစိတ်လွတ်နေတဲ့သူလို
ကျွန်တော် ထိုင်နေမိသည် ။ ဖန်ခွက်အကွဲစတွေဘေး
သတိလက်လွတ်ငြိမ်သက်နေမိသည် ။
သူ ! ညကျရင် ကိုယ်ပြန်လာခဲ့မယ်လို့ စာပို့ထားတဲ့သူ
ကအခုတော့ကျွန်တော့်ဆီရောက်မလာဘဲ ကားတိုက်
မှုတဲ့လား ။ ငါ စောင့်နေတာလေ။ငါ မင်းပြန်လာမှာကို
စောင့်နေခဲ့တာလေ။ငါတို့မတွေ့ရတာသုံးရက်လောက်
ရှိနေပြီလေ ။ ငါမင်းကိုလွမ်းနေတာ။
" မင်ဆော့ရား ! မင်ဆော့ သတိထားဦး"
ဂျင်ဝူးက အပြေးတပိုင်းနှင့်ရောက်ချကာလာ မင်ဆော့
ကိုဆွဲထူလိုက်သည် ။ ဖန်ကွဲစတွေနဲ့ဝေးရာမှာမတ်တပ်
ရပ်စေလိုက်သည် ။ မင်ဆော့ကတော့ သူ့ဆွဲခေါ်ရာကို
ယိုင်တိယိုင်တိုင်နှင့်သာပါလာလေသည် ။ ကြောင်
တောင်တောင်ဖြစ်နေတဲ့မျက်လုံးတွေရဲ့အခြေအနေ
ကြောင့် ပုခုံးနှစ်ဖက်ကိုလှုပ်ယမ်းဆွဲခါကာသတိပေး
နေရတော့သည် ။
" ရား !! သတိထားဦး သတိထားဦးကွ
ဂင်မင်ဆော့ "
" ဂျင်လေး ! ငါ ငါ သူ့ဆီလိုက်သွားချင်တယ်
ငါ သူ့ကို တွေ့ချင်တယ် "
ကျွန်တော် အိုဆယ်ဟွန်း တွေ့ချင်သည် ။ သူ့အခြေအ
နေကိုသိချင်သည် ။ သတင်းမှာသူ့အခြေအနေနှင့်
ပတ်သတ်လို့မပြောပြသေး ။ ကားတိုက်မှုဖြစ်ရာနေ
ရာက သွေးတွေကိုသာ မြင်လိုက်ရသည်။အဲ့သည့်သွေး
တွေကကျွန်တော့်ရင်ကို ဓားနဲ့ မွှန်းနေသလိုခံစားနေရသည်။
သူ့ရဲ့သွေးတွေဆိုတဲ့ အတွေးနဲ့တင် ရင်ဘတ်တခုလုံး
ဆို့နစ်သွားသည် ။
" ငါ ငါ သူ့ကို တွေ့ချင်တယ်လို့!"
အသက်ရှူကြပ်နေတဲ့ ရင်ဘတ်ကိုလက်သီးဆုပ်နဲ့
အထိန်းအကွက်မဲ့စွာအားပြင်းပြင်းပင်ထုရိုက်ကာအော်
ဟစ်လိုက်သည် ။ အား !! အသက်ရှူကြပ်တယ် ။
ဆို့်နစ်နေသည် ။
"မင်ဆော့ရား ! သတိထားဦးလေ
မင်းသွားတွေ့လို့ရမယ်မထင်ဘူး
အခုလောက်ဆိုဆေးရုံမှာရှုပ်ရှက်ခတ်နေလောက်
မှာ ! "
အိုဆယ်ဟွန်းတည်းသော လူသားသည် ကြီးကျယ်လိုက်
တာ။အမြင့်မှာရှိနေသောသူ၏ ချမ်းသာကြွယ်ဝမူကြီးက
ကျွန်တော့်တို့နှစ်ယောက်ကြားအတားအဆီးကြီးဖြစ်လို့
နေသည် ။ ရှုပ်ရုတ်ခတ်နေသောဆေးရုံအတွင်းကိုသာ
မင်ဆော့ရောက်သွားခဲ့ရင် သတင်းထောက်တွေကြား
ပိုဆိုးပေလိမ့်မည် ။
"ငါ ငါ ____ !!"
မသိတော့ပါ ။ ကျွန်တော်ဘာမှမတတ်သာတော့ ။
သူ့အတွက်ကျွန်တော်ဘာမှမလုပ်ပေးနိုင်။ယုတ်စွအဆုံး
သူ့နားလေးမှာတောင်ရှိနေမနေနိုင် ။ အရင်တုန်းက
ကျွန်တော်အရိုက်ခံရလို့ ဆေးရုံရောက်တုန်းက သူ့ဘက်
ကအသည်းအသန်ဖြစ်ကာ ကျွန်တော့်အနားမှာရှိနေပေး
ခဲ့ပေမဲ့ကျွန်တော်ကတော့ သူ့အနားမှာရှိနေခွင့်မပေးနိုင်
ငါ့လိုလူမျိုးကို မင်းဘာကြောင့်ချစ်ခဲ့တာလဲကွာ ။
"ငါ ငါ သူ့အခြေအနေကိုတော့သိချင်တယ်"
တလိမ့်လိမ့်ကျလာနေသောမျက်ရည်ပေါက်ကြီးငယ်
တို့အား ကျွန်တော်ဖယ်ရှားမပစ်နိုင် ။ ကိုယ့်ရင်ဘတ်
ကိုသာဖိထားရင်း အသက်ကိုလုရှုနေရသည် ။
ပူလောင်နေပြန်သည် ။ အတွေးပေါင်းများစွာနှင့်ခြောက်
ခြားနေပြန်သည် ။ ဟင့်အင်း ! ငါ ယုံတယ် ။မင်းငါ့ကို
ထားမသွားဘူးဆိုတာကိုငါယုံတယ်။
" အင်းအင်း ! ငါ ငါ စုံစမ်းကြည့်ပေး __"
" ဒုန်း !!"
တံခါးကိုဆွဲဆောင့်ပစ်လိုက်တဲ့ အသံကြီးကြောင့်
မင်ဆော့ရောဂျင်ဝူးကအလန့်တကြားလှည့်ကြည့်လိုက်
သည် ။ တံခါးအဝမှာ ရပ်နေသူသည် အစ်မဂျီဟွန်း။
"မင်ဆော့ ! အစ်မနဲ့ဆေးရုံကိုလိုက်ခဲ့"
အစ်မဂျီဟွန်းကအမောတကော လေသံနှင့်ပြောလာ
သည်။ထို့နောက်ကျွန်တော်သည်လဲဆတ်ခနဲကောက်ထကာခေါင်းညိတ်လိုက်သည် ။ ဒူးနေရာက စပ်ဖျင်းဖျင်း
ခံစားချက်တွေကိုလစ်လျူရှူပစ်လိုက်သည် ။
"ကျွန်တော်လိုက်ခဲ့မယ် "
အစ်မဂျီဟွန်းက သူ့ကိုယ်တိုင်ကားမောင်းကာဆေးရုံ
ကိုပို့ပေးသည် ။ သူမတယောက်ထဲ ထွက်လာခဲ့ပုံရ
သည်။သွေးတွေ။သူမ အင်္ကျီလက်ရှည်အစွန်းမှာပေနေ
တဲ့သွေးတွေကိုမြင်လိုက်တော့ သွေးပျက်မတတ်
ကြောက်ရွံနေမိသည် ။ ကျွန်တော်သူ့သွေးတွေကို
မမြင်ချင်ဘူး ။ ကားကို ပုံမှန်ထက်အရှိန်တင်ကာ
အစ်မဂျီဟွန်းကအလောတကြီးမောင်းနေသည် ။
သူမမျက်နှာထက် စိုးရိမ်မူတွေ၊ထိတ်လန့်မူတွေ
ပေါ်လွင်နေသည် ။
"သူ့ သူ့အခြေအနေကရော ?"
ကျွန်တော်အရဲစွန့်ကာမေးလိုက်သည်။ပြန်ဖြေလာ
မည့်အဖြေကြားရမည်ကိုကြောက်ရွံသည် ။
"ခွဲစိတ်ခန်းထဲမှာ ! အခုထိအခြေအနေ
မသိရသေးဘူး "
လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
အသက်ရှူဖို့မေ့လျော့နေသည့်အခါတွေလဲရှိသည် ။
ချွေးတွေ ကျွန်တော့်တကိုယ်လုံးနစ်ရွဲနေတော့သည်။
ကျွန်တော် တိုင်တည်၍ သစ္စာတွေဆိုကာ သူ့အားကယ်
်ခိုင်းနေမိသည်။
ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့ !
ကယ်တင်ပေးပါ !ကျေးဇူးပြုပြီးသူ့ကိုကယ်တင်ပေးပါ။
ထိုစကားလုံးတွေကိုသာထပ်ကာထပ်ကာရေရွတ်နေမိ
သည် ။ လက်ဖဝါးနှစ်ဖက်ကို အကြိမ်ကြိမ်ပွတ်တိုက်
ရင်းပါးစပ်ကလဲတရစပ်ရေရွတ်နေမိသည် ။
အစ်မဂျီဟွန်းရဲ့နောက်ကို အပြေးတပိုင်းနဲ့လိုက်ရသည်။
ထင်သလောက် သတင်းသမားတွေရှိမနေ။ ရဲတချို့သာ
တွေ့နေရသည်။နောက်ပြီး အနက်ရောင်ဝတ်စုံပြည့်နဲ့
လူတွေက ဆေးရုံအတွင်း အယောက်နှစ်ဆယ်လောက်
ရှိနေသည်။လူအင်အားသုံး၍သတင်းသမားတွေကို
တားမြစ်နေသည်ထင်သည် ။
ခွဲစိတ်ခန်းရှေ့ !!
ကျွန်တော် ယိုင်လဲကျသွားချင်မိသည် ။ ဘယ်တော့မှ
မထင်မှတ်ထားတဲ့ခွဲစိတ်ခန်းထဲမှာသူရှိနေသည်တဲ့လား၊
ခွဲစိတ်ခန်းရှေ့က ထိုင်ခုံမှာခေါင်းငိုက်စိုက်ကျကာထိုင်
နေသူသည် ခေါင်းမှာသွေးစွန်းနေသောပတ်တီးနှင့်။
ထိုသူကသူဋ္ဌေးကြီးအိုသာ ။ ခေါက်တုန့်ခေါက်ပြန်လမ်း
လျှောက်ကာငိုနေသော သူက အိုဆယ်ဟွန်း၏မာမီ။
ကျွန်တော်ရော ?ကျွန်တော်ရောငိုရမည်လား။
ဟင့်အင်း။အိုဆယ်ဟွန်းက ကျွန်တော့်မျက်ရည်တွေ
ကိုမကြိုက်ဘူးတဲ့။ကျွန်တော်မျက်ရည်ကျရင်းသူနာကျင်ရသည်တဲ့။ငါမငိုဘူးဆယ်ဟွန်း ။ မင်း နာကျင်ရမှာ
စိုးလို့ ငါမငိုဘူး။
ခွဲစိတ်ခန်းထဲနေ Nurseတယောက်ပြေးထွက်လာ
တာမို့အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့သည်
Nurseကတော့ဘယ်သူ့ကိုမှဂရုမစိုက်ဘဲတနေရာရာ
ကိုဦးတည်ကာပြေးထွက်သွားသည်။ ကျွန်တော်နံရံကို
လက်ထောက်ကာအားပြုထားရသည် ။
အိုဆယ်ဟွန်း ! အရူးကောင်။ ကြံ့ကြံ့ခံပြီးကျော်ဖြတ်
ပစ်လိုက်စမ်းပါ။ငါသိတယ် ။မင်းလုပ်နိုင်မှာကိုငါသိ
တယ်။မင်း ငါ့ဆီပြန်လာမှာကိုငါသိတယ်။
" သွေး လိုတယ် ! သွေးအမျိုးအစား[_]
ဘယ်သူရှိလဲ !"
စောနက Nurseကမိသားစုဝင်တွေရှေ့အပြေးတပိုင်း
နှင့်ရောက်ချလာပြီးအလောတကြီးမေးသည် ။သူ့သွေး
အမျိုးအစားကိုကြားပြီးကျွန်တော် မျက်ရည်တွေက
အတားအဆီးမရှိကျလာသည်။ဘာလို့လဲ ။ ငါမင်းကို
နည်းနည်းလေးတောင်ကူညီရာမရဘူးတဲ့လား ။
" သွေး အမျိုးအစား တူတယ် !
သားနဲ့ သွေးအမျိုးအစားတူတယ် "
သူဋ္ဌေးကြီးအိုက ခေါင်းငိုက်စိုက်ကျကာထိုင်နေရာကနေ
မတ်တပ်ထရပ်လိုက်သည် ။ ကတုန်ကယင်အသံကြီး
နဲ့ထအော်ပြောလိုက်တာမို့Nurseကခေါင်းညိတ်ပြကာ
သူ့နောက်လိုက်ခဲ့ပေးဖို့ပြောသည် ။ သူဋ္ဌေးကြီးအိုက
Nurse ရဲ့နောက်ကို အလောတကြီးပြေးလိုက်သွား
တော့သည် ။အစ်မဂျီဟွန်းက သူ့မာမီကို ချော့နေသည်။
"မာမီ ! မောင်လေးက ကြံ့ခိုင်ပါတယ်
သူဒီခွဲစိတ်မူကိုဖြတ်ကျော်နိုင်မှာပါ "
အစ်မဂျီဟွန်းပြောသလိုပါပဲ ။ သူက အရမ်းကြံ့ခိုင်
သည်လေ။သူပြန်နိုးလာမှာကျွန်တော်သိသည် ။
အရာအားလုံးကိုကျော်ဖြတ်ပြီးထွက်လာခဲ့တော့
အိုဆယ်ဟွန်း ငါမင်းကိုစောင့်နေတယ် ။
ခွဲစိတ်မှုကြီးက နှစ်နာရီလောက် ကြာမြင့်ခဲ့ပြီးနောက်
ခွဲစိတ်ခန်းထဲကနေ ဆရာဝန်ကြီးတယောက်ထွက်လာ
တော့သည် ။ အကုန်လုံးမတ်တပ်ထရပ်ကြကာ
ဆရာဝန်ကြီးနားကိုအလောတကြီးသွားရပ်လိုက်ကြ
သည် ။ အကုန်လုံးကစိတ်လှုပ်ရှားမူတွေနဲ့။
ကျွန်တော်သည်လဲရုးတော့မည်။ လက်နှစ်ဖက်ကို
တင်းကြပ်အောင်ဆုပ်ထားမိသည် ။ နားထင်တလျှောက်
စီးကျလာသောချွေးတို့သည် လည်ပင်းဆီကိုရောက်
လာချေသည်။
ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး!!!
" စိုးရိမ်ရတဲ့အခြေအနေကိုတောင်ဖြတ်ကျော်
နိုင်သွားပါပြီ ! သူသတိပြန်ရလာဖို့ကိုပဲ
စောင့်နေရတော့မှာပါ "
ဟား !! ကျေးဇူးပဲ ဆယ်ဟွန်း ။ ကျေးဇူးပဲ ။ပြန်လာ
ပေးလို့ ။ ငါ့အနားကမထွက်သွားလို့ ။ ကျေးဇူးပဲ
ပြီးတော့ ချစ်တယ် အိုဆယ်ဟွန်း ။
" တော်သေးတာပေါ့ ! ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် !"
အိုဆယ်ဟွန်း၏မာမီက ဆရာဝန်ကြီးအားအကြိမ်ကြိမ်
ကျေးဇူးတင်စကား မနားတမ်းပြောနေတော့သည် ။
ကျွန်တော်သည်လဲဆရာဝန်ကြီးအားကျေးဇူးတင်
ကြောင်းအရိုသေပေးကာပြောလိုက်သည်၊
သူ့ကို အထူးခန်းကို ရွေ့ပြောင်းလိုက်သည် ။ဆေးပိုက်
တွေကြားသူအခုလိုလဲလျောင်းနေရသည်ကိုကျွန်တော်
ယုံတောင်မယုံနိုင် ။ အခန်းအပြင်ကမှန်ပေါက်ကလေး
ကနေတဆင့်သာ ကြည့်နေရသည်။ ငါ မင်းအနားမှာ
နေချင်သည်။မင်းလက်ဖဝါးကိုဆုပ်ကိုင်ပြီးမင်းကိုအား
ပေးချင်တယ်။
ငါ ကျေနပ်ပါတယ် ။ မင်း ပြန်လာပေးတာနဲ့တင်ရနေပါ
ပြီ ။ ဒါပေမဲ့ ဆယ်ဟွန်း။အကြာကြီးမအိပ်နေနဲ့နော်။
ငါကစောင့်ရတာကြာရင်စိတ်ဆိုးတယ်ဆိုတာမင်းသိ
တယ်မဟုတ်လား၊ငါ့ကိုစိတ်မဆိုးစေချင်ရင်အကြာကြီး
မအိပ်နေပါနဲ့ ။
အခန်းတံခါးပွင့်လာသည်နောက် အိုဆယ်ဟွန်းမာမီနှင့်
အစ်မဂျီဟွန်းတို့်ထွက်လာတော့သည် ။
"စကားခဏပြောရအောင် ကလေး"
အိုဆယ်ဟွန်းမာမီက ပြောပြီးပြီးချင်းရှေ့ကကြိုထွက်
သွားသင့်သည်။အစ်မဂျီဟွန်းကတော့ကျွန်တော့်ကို
နောက်ကလိုက်သွားရန်အချက်ပြသည် ။
ဆေးရုံ၏ တနေရာ ထိုင်ခုံတန်းတွေမှာထိုင်ဖြစ်သည်။
"တွေ့မယ် တွေ့မယ် နဲ့
အခုလိုအခြေအနေကျမှပဲတွေ့ဖြစ်တော့တယ်ကွယ်"
"ဟုတ်ကဲ့ !!"
ကျွန်တော် ခေါင်းညိတ်ကာအဖြေပေးမိသည်။
"လန့်သွားတယ်မဟုတ်လား "
ကျွန်တော် ခေါင်းငိုက်ချလိုက်မိသည်။လန့်သွားခဲ့တာ
ရူးမတတ်။အသက်ရှူတွေရပ်မတတ် ။ လန့်သွားခဲ့ရတာ
"ချော်လဲလာတာလား? ! "
ကျွန်တော့်ဒူးနေရာ ။ အိမ်နေရင်း ဒူးလောက်ဘောင်းဘီ
တိုလေးမို့ မြင်နေရသည်။ နာကျင်မှု။ထိုဒဏ်ရာတွေက
နာကျင်မှူက မပြောပါ့လောက်တာမို့သတိတောင်မထား
နေ။
" အများကြီး လန့်ပြီးသွေးပျက်သွားခဲ့ရတယ်
သွေးတွေနဲ့သားကိုမြင်လိုက်ရချိန်တုန်းက
သွေးပျက်သွားခဲ့ရတယ် ! သားသာ
တခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေးနဲ့
ရူးသွားချင်လောက်အောင် ၊ သားနဲ့သူ့ဒယ်ဒီ
အတိုက်အခံဖြစ်ကြတိုင်းသားဘက်ကနေ
မရပ်တည်ပေးနိုင်၊မကာကွယ်ပေးနိုင်တာတွေ
ကိုပြန်တွေးမိရင်းနောင်တရနေမိတာ "
အိုဆယ်ဟွန်းမာမီက စကားကိုရှေ့ဆက်မပြောနိုင်
တော့ဘဲ ငိုတော့သည်။နှစ်သိမ့်ပေးဖို့ရာမင်ဆော့
အရဲစွန့်ကာ ဖက်ထားပေးလိုက်မိသည် ။ လက်ကို
အုပ်ကိုင်ပေးလိုက်ကာနှစ်သိမ့်ပေးမိသည်။
"မငိုပါနဲ့. အန်တီ !
ဆယ်ဟွန်းကမကြိုက်ဘူးတဲ့
သူချစ်ရတဲ့သူတွေငိုတာကိုမကြိုက်ဘူးတဲ့
သူပါထပ်တူနာကျင်ရတယ်တဲ့
မငိုပါနဲ့တော့ အန်တီရယ် !
သူမနာကျင်ရအောင်ကျွန်တော်တို့မငိုဘဲနေကြ
ရအောင်!! သူ သတိပြန်ရလာတဲ့အခါကျရင်
သူစိတ်ချမ်းသာနေရအောင် မငိုပါနဲ့"
အိုဆယ်ဟွန်းမာမီသည် ခေါင်းကိုညိတ်ကာညိတ်ကာ
မင်ဆော့အားပြန်လည်သိုင်းဖက်လာတော့သည်။
ထို့နောက်မင်ဆော့၏လက်တွေကိုအုပ်ကိုင်လာကာ
"သားလေးအနားမှာရှိနေပေးပါ!
သူ့အနားမှာပဲ ကလေးကနေပေးပါကွယ်"
"ကျွန်တော် သူ့အနားမှာပဲနေပေးမှာ
ဘယ်သူနှင်ထုတ်ထုတ်ထွက်မသွားဘူးလို့
ဆုံးဖြတ်ထားပြီးသားပါ"
အိုဆယ်ဟွန်းမာမီက ပြုံးကာ လက်တွေကိုပိုတိုးကာ
တင်းကြပ်လာအောင်ဆုပ်ကိုင်ထားတော့သည် ။
အခန်းရှေ့ကို ပြန်ရောက်တော့ အိုဆယ်ဟွန်းမာမီက
ကျွန်တော့်လက်ကိုဆွဲကာအခန်းထဲဝင်စေသည် ။
အခန်းထဲမှာ သူဋ္ဌေးကြီးအို ရှိနေသည် ။
"လက်ထောက်ယူ သူ့ကို အခန်းပြင်ကိုခေါ်
ထုတ်သွား!ဘယ်သူမှမရိပ်မိခင်မြန်မြန်___"
"ကလေးတွေကိုထပ်ပြီးဒုက္ခရောက်အောင်
လုပ်နေတာလား "
ယောင်္ကျားဖြစ်သူအား သူမအော်လိုက်မိသည် ။
သူမဘက်ကထိုသို့တကြိမ်တခါမှအော်ဟစ်ပြီးမပြော
ဖူးခဲ့။ သူဋ္ဌေးကြီးမှာမျက်လုံးပြူးကာမော့ကြည့်လာ
တော့သည် ။
"ကျွန်တော် ဆယ်ဟွန်း အနားမှာနေချင်တယ်"
ကျွန်တော်သည်လဲအရဲစွန့်ကာပြောလိုက်သည်။
"ရှင့်အတ္တတွေကြောင့် ကလေးတွေကို
ထပ်ထိခိုက်စေဦးမှာလား"
သူဋ္ဌေးကြီး ငြိမ်သက်သွားတော့သည် ။ လက်ထောက်
ယူကတော့အရိပ်အကဲသိစွာအခန်းပြင်ကိုထွက်သွား
ပေးသည်။အစ်မဂျီဟွန်းက အခန်းဝမှာမတ်တပ်ရပ်နေ
သည် ။
" ရှင့်ကိုကယ်ဖို့သားကကြိုးစားခဲ့တာလေ
သူ့အသက်နဲ့လဲပြီးကယ်ခဲ့တာလေ "
သူဋ္ဌေးကြီးသည် ဘာစကားတခွန်းမှထပ်ထွက်မလာ
တော့။ရုတ်ချည်းတိတ်ဆိတ်သွားတော့သည် ။
ကျွန်တော် ကုတင်ပေါ်မှာရှိနေတဲ့အိုဆယ်ဟွန်းရဲ့
မျက်နှာကိုလှမ်းကြည့်နေမိသည်။
"ဆယ်ဟွန်း ပြောဖူးတယ် ! သူ ဒယ်ဒီကို
မမုန်းပါဘူးတဲ့ ၊ တခါတလေ ဒေါသတွေ
ကြောင့်စိတ်ဆိုးမိတာပဲရှိတာပါတဲ့ !
သူ အထင်မှားခံရတာကိုအရမ်းကြောက်နေ
ခဲ့တာ ။ အခုကိစ္စမှာလဲ ဒယ်ဒီကိုကူညီချင်
တယ်ဆိုပြီးအလုပ်တွေကိုသူတယောက်ထဲ
သိမ်းကြုံးလိုက်ခဲ့တာ၊သုံးရက်ဆက်တိုက်
သူမအိပ်ခဲ့ရဘူး
သူက ပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်
နေချင်တာပါ ။ အပေါင်းအသင်းမရှိပဲ
သူတယောက်ထဲနေခဲ့ရတဲ့အချိန်တွေကို
သူ မုန်းနေခဲ့တာ ။
လွတ်လွတ်လပ်လပ်ရယ်မောပြီး ဈေးတန်းတွေ
လျှောက်သွားရင်း တယောက်နဲ့တယောက်
စနောက်တာကို သူအရမ်းပျော်နေခဲ့တာ !
သူက သဘောလဲကောင်းတယ် ! အိမ်ငှါးခ
မပေးနိုင်တဲ့သူတွေကိုနေစရာရအောင်သူ
စီစဉ်ပေးခဲ့တာ !!
သူက ချစ်ရင်တောင်စိတ်ထဲမှာထားတတ်တဲ့
သူမျိုးဟုတ်လို့ပါ ၊ အဲ့ဒါကြောင့်သူ့အချစ်တွေကို
သူဋ္ဌေးကြီးကမမြင်နိုင်ခဲ့တာပါ
သူက သားလိမ္မာတယောက်ပါ "
အိုဆယ်ဟွန်းမာမီသည် တရှုံ့ ရှုံ့ နှင့်ရှိုက်ကာရှိုက်ကာ
ငိုနေခဲ့သည် ၊အစ်မဂျီဟွန်းသည်လဲခေါင်းငုံ့ထားကာ
မျက်ရည်တွေကိုသုတ်နေသည် ။ ကျွန်တော် ဆယ်ဟွန်း
အနားကိုတိုးကပ်သွားလိုက်သည်။ သူ့လက်တဖက်ကို
အုပ်ကိုင်လိုက်ကာသူ့ကိုငေးကြည့်နေမိသည်။
ထတော့ ! အကြာကြီးမအိပ်နဲ့ ! မင်းမျက်နှာကိုမြင်
နေရပေမဲ့ မင်းအသံကိုမကြားရတော့လဲလွမ်းတယ်။
သူဋ္ဌေးကြီးသည်အခန်းပြင်ကိုထွက်သွားတော့သည်။
အခန်းအပြင်မှာမတ်တပ်ရပ်စောင့်နေသူသည်
လက်ထောက်ယူ ။
" အစ်ကိုလေး ဆယ်ဟွန်း ကပြောတယ် !
ကျွန်တော်တို့ကသားအဖတွေပဲလေ
ဒယ်ဒီဒုက္ခရောက်နေချိန်မှာကျွန်တော်ကူညီ
သင့်တယ်မဟုတ်လားတဲ့ !
ရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့တုန်းက
အခက်အခဲတွေအများကြီးကြားကကြိုးစားပြီး
စည်းရုံးခဲ့တာ ၊ သူက အလားလာရှိတဲ့
OHကိုအမွေဆက်ခံမဲ့သူက သူဋ္ဌေးကြီး"
သူဋ္ဌေးကြီးသည် ထိုအခန်းရှေ့က ခြေလှမ်းကြဲကြီး
တွေနဲ့ထွက်သွားတော့သည် ။ လက်ထောက်ယူလဲ
အနောက်ကနေထပ်ကြပ်မခွာလိုက်သွားတော့သည်။
အခန်းတွင်းမှာတော့ မင်ဆော့၏အသံလေးက
ထွက်ပေါ်နေသည် ။
" ဆယ်ဟွန်းရား !! အကုန်လုံးအဆင်ပြေသွားပြီမို့
ထတော့နော်!!
ငါနဲ့မင်းနဲ့ အပြင်လျှောက်လည်ကြရဦးမယ်လေ
ငါတို့တခါမှတောင်မဒိတ်ရသေးဘူးလေ
အရမ်းချစ်တာမို့ အကြာကြီးမျက်လုံးမှိတ်မနေပါနဲ့နော်
ငါ စိတ်ဆိုးတာကိုမလိုချင်ရင် မအိပ်နေပါနဲ့"
__________________________________
တချို့တချို့က Examဖြေခါနီး ဒိတ်ပေးရင်စိတ်ဆိုး
တတ်ကြတယ်😂
အိပ်ချိန်လေးထဲကဖဲ့ရေးပေးတာ ! ညနဲ့နေ့မှားပြီး
စာကျက်တဲ့သူလေ 😂နေ့ဘက်ဆို ၁နာရီလောက်
ကနေလေးနာရီထိအိပ်တယ်၊ညဆို တညလုံးနီးပါး
စာကျက်တယ်[အထင်မကြီးနဲ့နော် ကျက်လိုက်မေ့
လိုက်နဲ့လုံးလည်ချာလပတ်ရမ်းနေတာ မရူးရုံတမယ်]
နေ့လည်အိပ်ချိန်ထဲကနေဖဲ့ရေးပေးတာမို့ အားတက်
စေမဲ့မန့်တွေလိုအပ်ပါတယ်လို့😒
Message Boxက လာမေးတာလေးတွေကို
Wattpadကြောင့်replyပြန်လို့မရဖြစ်နေလို့ပါ။
Facebook သုံးပါတယ် !Deerbaozi Xiuhan
Accပါ ။ သိချင်မေးချင်တာလေးရှိရင်cbကနေသာ
မေးပေးကြပါနော်