သတိရချင်းချင်း မျက်လုံးနှစ်ဖက်စဖွင့်လိုက်သည်နှင့်
နာကျင်မူကို ခံစားလိုက်ရသည်မို့ မျက်လုံးတွေကို
ပြန်မှိတ်ပစ်လိုက်ကာ အသံထွက်အောင် ညည်းတွား
လိုက်မိသည် ။ နာကျင်နေသည့်ခေါင်းတစ်နေရာကို
လက်နဲ့ဖိကာ သူ မျက်လုံးတွေကိုအားယူကာပြန်ဖွင့်
လိုက်တော့ တစ်စုံတယောက်၏အသံက နားထဲ
တိုးဝင်လာသည် ။"မင်ဆော့ သတိရလာပြီလား ဟမ် !
မင်ဆော့ "အသံကို ပြတ်ပြတ်သားသား သတိထားကြားမိလိုက်
တော့ နဘေးမှာ သူ့ကိုစိုးရိမ်တကြီးမေးနေသူက
ဆိုအာ ။ သူ့ကိုငုံ့မိုးကာ ဆိုအာက စိုးရိမ်နေတဲ့အရိပ်
အယောင်တွေပြည့်နေတဲ့မျက်ဝန်းတွေနှင့်။"တော်သေးတာပေါ့ဟာ ! တော်သေးတာပေါ့
ဟူး __ စိတ်ပူလိုက်ရတာဟာ "ဆိုအာက ရင်ဘတ်ကိုဖိကာ သက်ပြင်းတွေ ချသည်။
သူ့ကုတင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်
ကာ စိတ်တည်ငြိမ်အောင်ကြိုးစားယူနေပုံရသည် ။
လက်ဖဝါးနှစ်ဖက်ကိုအချင်းချင်းပွတ်ကာ ပါးစပ်ကလဲ
တော်သေးတာပေါ့ ဆိုတဲ့စကားလုံးတွေက မနားတမ်း
ထွက်လာသည်။ ဖြူဖွေးနေသောမျက်နှာကျက် ကြောင့်
အခန်းတခုလုံးကိုဝေ့ကြည့်လိုက်မိမှ ဆေးခန်းရောက်
နေမှန်းသိရသည် ။ ဒါဆိုရင် သူကော။ အိုဆယ်ဟွန်း
သူကောအဆင်ပြေရဲ့လား ကျွန်တော်တွေးမိသွားသည်
ကျွန်တော်မမေ့မြောခင်အထိ တွေ့လိုက်ရတဲ့သူ့ပုံစံ။
သူ့မှာလဲဒဏ်ရာတွေရှိနေခဲ့သည်။"အို အိုဆယ်ဟွန်းကော အဆင်ပြေရဲ့လား "
"ပြေတယ် ပြေတယ် နည်းနည်းလေးဒဏ်ရာလေး
ရသွားရုံပါ ၊နင့်ကိုယ်နင်သာဂရုစိုက် "အခန်းထဲ အထုပ်တွေဆွဲကာဝင်လာလိုက်ဂျင်ဝူးက
သူ့ကိုမြင်တော့ ဟင်းခနဲအသံထွက်အောင်သင်ပြင်းချ
သည် ။