>> F O U R T E E N <<

10.1K 973 7
                                    


နေ့လည်​က ကိစ္စမှာ အိုဆယ်​ဟွန်းက ရိုင်းစိုင်းလွန်း
သည်​ ။လူတဖက်​သား မစာမနာထိုးကြိတ်​​ရဲသည်​က
တော်​​တော်​​လေးကိုအသိစိတ်​မဲ့​နေပဲဖြစ်​ရမည်​ ။
သူနဲ့မင်​ဂျီ​ယောင်း အနည်းအကျဉ်း​တော့ စကားအသွား
အလာမှားပြီးပြသာနာတက်​​ကောင်းတက်​လိမ့်​မည်​။
ဆိုအာ၏ရည်းစားမင်​ဂျီ​ယောင်းကလဲ စကား​ပြော
သည်​က တဖက်​လူအ​ပေါ်နဲနဲ​တော့ စိတ်​ကသိက
အောက်​ဖြစ်​​စေတတ်​​ပေမဲ့ အိုဆယ်​ဟွန်းဘက်​က
အဲ့သည်​​လောက်​အထိထိုးကြိတ်​တာက​တော့လွန်းလွန်
သည်​မဟုတ်​လား ။

"ငါ ​တောင်းပန်​ပါတယ်​ ဆိုအာ ____
အိုဆယ်​ဟွန်းက နဲနဲ ​ကြောက်​စရာ​ကောင်းတယ်​"

"ငါ အခု​ဆေးရုံသွားကြည့်​မလို့
နင်​လဲသူနဲ့လိုက်​​တွေ့​လေ "

ဆိုအာရဲ့ပုံစံက သူ့ရည်းစားကိုလိုက်​​တောင်းပန်​​စေချင်
နေတာကျွန်​​တော်​သိသည်​ ။ အင်း​ပေါ့ ။ အိုဆယ်​ဟွန်း
လိုလူမျိုးက​တောင်းပန်​တဲ့အလုပ်​ကို ဘယ်​​တော့မှလုပ်
မှာမဟုတ်​တဲ့သူ ။သည်​အတွက်​ကျွန်​​တော်​ကပဲ​တောင်း
ပန်​ကြည့်​ရမှာ​ပေါ့ ။

"အင်း ! ငါလိုက်​ခဲ့မယ်​ "

ဒဏ်​ရာဒဏ်​ချက်​ကအ​တော်​ပြင်းထန်​သွားသည်​မို့
ဆေးရုံခဏတက်​​နေရသည်​ ။ မြင်​မ​ကောင်း​အောင်
နဖူးကွဲပြဲကာ မျက်​လုံးနှစ်​ဖက်​စလုံးက​​ဒဏ်​ရာ​တွေ
ကြောင့်​​ယောင်​ကိုင်းကာပိတ်​လုနီးပါး ။ ထိုးကြိတ်​ခံ
ရသည့်​​နေရာက​နေ မထနိုင်​လို့ ​ဆေးရုံကိုချက်​ချင်းပို့
လိုက်​ရသည့်​အဖြစ်​။ ဗိုက်​ကိုကန်​​ကျောက်​ခံထားရလို့
အောင့်​​နေတယ်​ဆိုတာ​ကြောင့်​​ဆေးရုံက မဆင်းရ​သေး၊

မင်​ဂျီ​ယောင်းရှိ​နေသည့်​အခန်း​ရှေ့​ရောက်​​တော့
ဆိုအာက တံခါးကိုအသာတွန်းဖွင့်​လိုက်​ရုံရှိ​သေးသည်​။
အထဲက မင်​ဂျီ​ယောင်း၏အသံကထွက်​​ပေါ်လာ​တော့
သည်​ ။

"​အေးဟာ !!ဝတ်​စားထားပုံ​ကြောင့်​ သူ​ဋ္ဌေးသားလို့
ထင်​ပြီး​တော့ ငါလဲသူ့​ကောင်​​လေးကိုပစ်​ပြီး နင်​လို့
အလန်း​လေးနဲ့မိတ်​ဆက်​​ပေးရမလားလို့​ပြောတုန်း
ရှိ​သေး ငါ့ကို ရုတ်​တရတ်​ကြီးဆွဲထိုး​တော့တာပဲဟာ "

Come And Find MeWhere stories live. Discover now