နိုးထလာရတဲ့ မနက်ခင်းဟာ သူ့အတွက် သဘောကျဖို့
ကောင်းသည်။ ကျေနပ်သည် ၊ နောက်ထပ် ပျော်သည်။
ဆိုဖာပေါ်မှာ ထိုင်ကာ အခန်းလေးထဲကထွက်လာတဲ့
မင်ဆော့ကို ငေးကြည့်မိတော့ အကြည့်ချင်းဆုံသွား
လျက် မသိမသာပြန်လွှဲသွားသည့်မို့ပြုံးလိုက်မိသည်။နေ့တနေ့ရဲ့အစ မျက်လုံးနှစ်ဖက်ပွင့်တာနဲ့ ပထမဦးဆုံး
မြင်ချင်မိသူကလဲ မင်ဆော့ကိုပဲ ။ နေ့တနေ့ရဲ့အစမှာ
ပထမဦးဆုံး စကားပြောချင်မိသူကလဲ မင်ဆော့ကိုပဲ။
ထပ်ပြီး တနေ့တာရဲ့အဆုံး မျက်လုံးမပိတ်ချင် မြင်ချင်
မိတာကလဲ မင်ဆော့ကိုပဲ ။ဒါကြောင့် တိုက်ခန်းကို ပြန်ဝယ်ခဲ့ပြီး သူ့နဘေးမှာ
အတူရှိနိုင်ဖို့ဖန်တီးခဲ့မိသည် ။ ဒါပေမဲ့ တိုက်ခန်းကိစ္စ
ကြောင့်သူအရမ်းစိတ်ဆိုးသွားခဲ့တုန်းက အရမ်းကြောက်မိခဲ့သည်။ ကိုယ့်လုပ်ရက်ကသူ့အတွက်
စိတ်ညစ်စေတာလား။ဝမ်းနည်းစေမိပြီလားဆိုတဲ့
အတွေးနဲ့ကိုယ့်ကိုကိုယ် အတွေးတွေနဲ့နှိပ်စက်ခဲ့ဖူး
သည် ။တယောက်ထဲ နေတတ်တဲ့အကျင့်တွေက မင်ဆော့နဲ့
တွေ့မှပျောက်ရှကုန်သည် ။ အေးစက်တဲ့အခန်းသေး
သေးလေးထဲမှာ အိပ်တတ်လာခဲ့သည်။ သက်တောင့်
သင်သာမရှိလှတဲ့ဆိုဖာပေါ်မှာလဲ ကျဉ်းကျဉ်းကြပ်
ကြပ်အိပ်ခဲ့သည် ။ ဒါပေမဲ့လဲ အဲ့သညိ့အရာတွေက ပျော်ရွှင်မူတွေဖြစ်လာခဲ့သည် ။ မနက်မိုးလင်းတာနဲ့
သူ့မျက်နှာကို အရင်ဆုံးမြင်ရတာကို သဘောကျသည်။
ည မအိပ်ခင်လဲ သူ့မျက်နှာကို မြင်ရတာကို သဘော
ကျသည်။ ဘာတွေလဲဖြစ်ဖြစ် ဘယ်လိုအဆင်မပြေမု
တွေပဲရှိရှိ ကိုယ့်ဘေးမှာ သူရှိနေပေးရုံနှင့် ဖြတ်ကျော်
နိုင်သည်။မင်ဆော့နဲ့ပိုပိုနီးကပ်လာလေ မင်ဆော့ကြောင့်လိုလို
ချင်ချင်ပြုံးလာမိတဲ့အပြုံးတွေကို ပိုပိုလိုချင်လာမိသည်။
တအားများ လောဘတွေကြီးလာမိပြီလား ။