>>T H I R T Y <<

11.1K 959 40
                                    

ဒီ​နေ့က ပိတ်​ရက်​မဟုတ်​​ပေမဲ့ ​ကျောင်းမသွားဖြစ်​ကြ
တဲ့သူတို့နှစ်​​ယောက်​ ။ ဒဏ်​ရာ​တွေ​ကြောင့်​ ​ကျောင်း
မသွားပါနဲ့ဆိုကာ သူ့​ဘေးမှာရှိ​နေ​ပေးတဲ့မင်​​ဆော့.
ကြောင့်​အိုဆယ်​ဟွန်းမှာ ကြိတ်​​ပျော်​ရသည်​ ။
ကိုယ့်​န​ဘေးမှာ အချစ်​က တ​နေ့လုံးရှိ​ပေးမယ်​ဆို​တော့
သူ​တော့ တ​နေ့လုံးစိတ်​ချမ်းသာရ​တော့မည်​ ။

"ဒီစာပိုဒ်​က ______ဆိုလိုတာ
ပြောရမယ်​ဆို_____"

စာ​မေးပွဲနီးလာလို့ စာလုပ်​ရမည်​လို့ အမိန့်​ထုတ်​ထား
တဲ့မင်​​ဆော့​ကြောင့်​အိုဆယ်​ဟွန်းတ​ယောက်​စာကြည့်
စားပွဲ​ရှေ့ထိုင်​​နေရသည်​ ။ မျက်​နှာချင်းဆိုင်​ထိုင်​ကာ
မင်​​ဆော့ရှင်းပြ​နေသမျှ နား​ထောင်​ဟန်​ဖမ်း​နေရသည်​။
တကယ်​​တော့ နူတ်​ခမ်းကိုစူချွန်​ကာ လက်​ဟန်​​ခြေဟန်
တွေနဲ့အားတက်​သ​ရောရှင်းပြ​နေတဲ့မင်​​ဆော့ကိုပဲ
ခိုးခိုးကြည့်​​နေခြင်းပင်​။

"အာ____​နေပါဦး ဒီစာ​ကြောင်းက
ဘာကို____ခဏ"

စာ​ကြောင်းတ​ကြောင်းကိုလက်​ညိုး​ထောက်​ထားကာ
မင်​​ဆော့က မျက်​နှာ​လေးရှုံ့ မဲ့ကာစဉ်းစား​နေသည်​ကို
အိုဆယ်​ဟွန်း​ပေါ်တင်​ကြည့်​သည်​ ။ မျက်​ခုံးနက်​နက်
လေး​တွေကတ​ကြောင်းထဲကျသွား​အောင်​အသည်း
အသန်​စဉ်းစား​နေပုံ​ကြောင့်​ အိုဆယ်​ဟွန်း ရယ်​လိုက်
သည်​။ ​ဘော့ပင်​ကို​ကောက်​ကိုင်​ကာ စာ​ကြောင်း​လေး
ကို ​ထောက်​ကာ စဉ်းစားပြန်​သည်​ ။ပါးစပ်​ကလဲ
'ဘာပါလိမ့်​'ဆိုကာ မျက်​​တောင်​​လေးခတ်​ကာခတ်​ကာ
လုပ်​ပြန်​​လေ​တော့ အိုဆယ်​ဟွန်း​မေး​ထောက်​ကာသာ
ကြည့်​​နေလိုက်​သည်​။

"မင်းလဲစဉ်းစား​လေ__
အပါးခိုမ​နေနဲ့"

စာအုပ်​ကိုအိုဆယ်​ဟွန်း​ရှေ့ကို​ရောက်​​အောင်​တွန်းပို့
ပေးလိုက်​ကာ မ​ကျေမနပ်​ပုံစံနဲ့ကြည့်​လာ​တော့သည်​။
စာအုပ်​​ပေါ်မှာတင်​ထားတဲ့မင်​​ဆော့လက်​ကို အိုဆယ်
ဟွန်းရဲ့လက်က အုပ်​ကိုင်​လိုက်​​တော့ ဆတ်​ခနဲပြန်
ရုန်းထွက်​သွားသည်​။

Come And Find MeWhere stories live. Discover now