>> F O U R <<

10.4K 1K 9
                                    

Come_And_Find_Me

Hey Baby!!

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်းပဲ။

Only You


__________________________________
ဒီက​နေ့သည်​ ကျွန်​​တော်​၏စိတ်​ ကြည်​လင်​​နေသည်​ ။
ကြည့်​ရသည်​မှာ ညက ​ကောင်း​ကောင်းကြီးကိုအိပ်
ပျော်​ထားလို့ပင်​ဖြစ်​ရမည်​ ။ မနက်​၆နာရီထိ တ​ရေးပင်
မနိုးဘဲ အိပ်​​ပျော်​သွားခဲ့ခြင်းသည်​ ပထမဆုံးဖြစ်​သည်​။

မျက်​နှာသစ်​ ၊​ကျောင်းသွားဖို့ ​ပြင်​ဆင်​ရတာနဲ့
ဒူးက ဒဏ်​ရာက ပြန်​နာလာသည်​ ။ ​ထော့နဲ့​ထော့နဲ့
နှင့်​လမ်း​လျှောက်​ရသည်​က အ​တော်​ရုပ်​ဆိုးသည်​။

ဒဏ်​ရာကို ပလာစတာကပ်​ရင်း အမည်​မသိထိုသူ
အား​ကျေးဇူးတင်​မိသည်​ ။ တက္ကသိုလ်​ဝင်းထဲက
တစ်​စုံတ​ယောက်​က​တော့ အိုဆယ်​ဟွန်း ၏ ​လောင်း
ရိပ်​ထဲ​ရောက်​​နေရရှာသည့်​ ကျွန်​​တော့်​အား စာနာ
ပုံရသည်​ ။

ကားမှတ်​တိုင်​မှာ ပတ်​ဂျင်​ဝူးကို ထိုင်​​စောင့်​​နေရ​သေး
သည်​ ။ တ​ယောက်​တလှည့်​ ထိုင်​​စောင့်​​နေရသည်​က
အမြဲလိုလိုပင်​ ။ ၁၀မိနစ်​​လောက်​အကြာမှာ ​ဆော့​လေး
ရေ ဆို​သော​ခေါ်သံနှင့်​ လက်​နှစ်​ဖက်​စလုံး​လေထဲ
မြှောက်​ယမ်းကာ ခုန်​​ပေါက်​​ပြေးလာ​နေ​သော ဂျင်​ဝူး
ကို​တွေ့ရ​တော့သည်​ ၊

"​​ဆော့​လေး ...အိုဆယ်​ဟွန်းက ​နောက်​ခံအ​တော်
တောင့်​တာကွ ..ငါသိရသ​လောက်​ သူတို့စီးပွား​ရေးက
ကိုးရီးယားမှာတင်​မဟုတ်​ဘူး ၊ တရုတ်​ ဂျပန်​မှာပါ
ကုမ္ပဏီခွဲ​တွေရှိတာကွ လက်​ရှိမှာ သူအ​ဖေနဲ့သူ့အမ
ဦးစီး​နေတာကွ..သိပ်​မကြာခင်​ ကုမ္ပဏီခွဲတခုခုက
တော့ အိုဆယ်​ဟွန်း လက်​ထဲ​ရောက်​လာ​တော့မှာ "

ပတ်​ဂျင်​ဝူးသည်​ ကျွန်​​တော်​နှင့်​စစ​တွေ့လျှင်
အိုဆယ်​ဟွန်း အ​ကြောင်း အရင်​ပါးစပ်​ဟသည်​။

Come And Find MeWhere stories live. Discover now