>> E N E V E N<<

11K 1.1K 15
                                    


"Come And Find Me "

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ပြောပြလိုက်​ရုံနှင့်​ ကိုယ်​အားလုံး​ဖြည့်​ဆည်း​ပေးနိုင်​တယ်
ကိုယ်​လိုချင်​တာ တခုပဲ ! မင်းပဲ Baby

Only You

___________________________________


အချိန်​ပိုင်းအလုပ်​အပြီး တိုက်​ခန်းစီပြန်​အလာ အခန်း
ရှေ့ တံခါးမဖွင့်​ရ​သေးခင်​ အခန်းထဲကထွက်​လာတဲ့
လူ​တွေ​ကြောင့်​ မင်​​ဆော့ မျက်​လုံးပြူးကာထိတ်​လန့်
သွားရသည်​ ။ ဘယ်​သူ​တွေလဲ မသိရ​အောင်​မျက်​နှာ
စိမ်း​တွေကကိုယ့်​အခန်းထဲက ထွက်​လာကြတာမို့
ထိတ်​လန့်​မူ​တွေက အထွတ်​အထိပ်​ ။

" ဘာလုပ်​​နေတာလဲ ! အထဲဝင်​ဖို့​ခြေ​ထောက်
မပါဘူးလား "

ထိုလူ​တွေရဲ့​နောက်​က​နေ ကပ်​လျက်​ထွက်​လာသည့်
အိုဆယ်​ဟွန်း​ကြောင့်​ မင်​​ဆော့ အလျင်​အမြန်
အိုဆယ်​ဟွန်း​ပြေးကပ်​ကာ ထွက်​သွားတဲ့လူ​တွေကို
လက်​ညိုးထိုးကာ ကပ်​​မေးရသည်​ ။

" ဘယ်​ ဘယ်​သူ​တွေလဲ ?"

ထစ်​ထစ်​​ငေါ့​ငေါ့ စကားလုံး​တွေနဲ့ ​မေးလာသည့်
မင်​​ဆော့ကိုအိုဆယ်​ဟွန်းထူးဆန်းသလိုအကြည့်
တွေနှင့်​ကြည့်​သည်​ ။

"အခန်းထဲ ပြင်​စရာရှိလို့ ​ခေါ်လာခဲ့လူ​တွေ "

"ဘာ ___ ပြင်​ ပြင်​စရာ ဘာ​တွေလဲ "

အခန်းထဲက ပစ္စည်း​တွေကို တခုမှ​ခြေရာလက်​ရာ
မပျက်​​စေချင်​တဲ့မင်​​ဆော့က အခန်းဝက အိုဆယ်​ဟွန်း
ကို ကိုယ်​နဲ့တိုက်​ တွန်းဖယ်​ကာ ​ပြေးဝင်​သွား​တော့
သည်​ ။ အခန်းကျဉ်းကျဉ်း​လေးထဲမှာ ရှိ​နေတဲ့ပရိ
ဘောဂ ပစ္စည်းမှန်​သမျှ အ​သေးစိတ်​လိုက်​ကြည့်​စစ်
ဆေး​နေတဲ့ မင်​​ဆော့ကို ​ အိုဆယ်​ဟွန်း​နောက်​က​နေ
လက်​ပိုက်​ကာသာ ကြည့်​​နေ​တော့သည်​ ။

Come And Find MeWhere stories live. Discover now