"မင်းနဲ့ပတ်သတ်လာရင် မိန်းမ၊ယောင်္ကျား
ခွဲခြားမနေတော့ဘူး အကုန်လုံးက
သူတို့လုပ်ရက်အတွက် ထပ်တူထပ်မျှ
ပြန်ခံကြရမှာပဲ"ကျွန်တော့်မှာ ဆက်ပြောစရာစကားလုံးမရှိတော့။
မရှိတော့အောင်လဲ အိုဆယ်ဟွန်း ပြောသွားသည်လေ။
သူ့ဘက်ကသည်လိုကြီးပြောချလာလေတော့လဲ
ကျွန်တော့်အတွက် ချေပစရာမရှိတော့ ။"ငါ မင်းရဲ့အကူညီကိုမလိုဘူး"
ကျွန်တော်က ဘုကလန့်တိုက်စွာ ပြောနေသော်လည်း
အိုဆယ်ဟွန်းကခပ်ပြုံးပြုံးလေးသာ ချေပသည် ။
သူထိုင်ကြည့်တာခံရသည်က စာကိုစိတ်ထဲမရောက်
နိုင်အောင်ဖြစ်ရသည် ။"ငါ သွားတော့မယ် ! ဆရာလဲထွက်ရောပေါ့"
သူ့ကို မကြည့်ဘဲ စာအုပ်ကိုပိတ် လက်ကကိုင်ကာ
စာကြည့်တိုက်ထဲကထွက်လာတော့ အိုဆယ်ဟွန်းက
အနောက်ကနေ လိုက်လာပြန်သည် ။ ဘောင်းဘီ
အိတ်ထဲလက်ထည့်ကာအေးအေးလူလူလိုက်ပါလာ
သည် ။ စာသင်ချိန်တွေမို့ လူရှင်းနေတာမို့တော်သေး
သည် ။မဟုတ်ရင် ဒီမြင်ကွင်းဝိုင်းကြည့်ကြပြီး ကျွန်တော့်အကြောင်းအတင်းတုတ်ကြမည့်မိန်းမ
တွေကခပ်များများ။ အိုဆယ်ဟွန်းနဲ့ပတ်သတ်ရသည့်
အချိန်ကစလို့ ကျွန်တော်တယောက်မိန်းမတော်
တော်များများ၏မေတ္တာပို့သခြင်းကိုလက်ခံနေရသည်။"ငါ့အတန်းချိန်မတက်ဘဲ ဘယ်သွားနေတာလဲ
မင်းက ___ဟမ်!!"လမ်းအကွေ့မှာ တည့်တိုးလေသော ဆရာ ။ ဆရာက
မျက်နှာခပ်တည်တည်ကြီးနှင့် အသံအောင်သည် ။
ဟိန်းထွက်လာသောအသံက လူကတုန်သွားရသည့်
အထိ။ အတန်းလစ်တဲ့ကျောင်းသား ဆရာနှင့်တည့်တိုး
လေတော့ ရုတ်တရတ်ကြီး ပါးစပ်မပါသလို အသံက
ထွက်မလာတော့။