>> TWENTY-FIVE<<

11.1K 1K 59
                                    


"ထပ်​အိပ်​ဦးမလား "

အခန်းထဲထိတွဲပို့ဟန်​ပြင်​​နေတဲ့အိုဆယ်​ဟွန်းကိုမင်​​​ဆော့​ခေါင်းခါပြလိုက်​သည်​ ၊ ​ခြေလှမ်း​တွေကိုပါရပ်​တန့်
ပစ်​လိုက်​​တော့ အိုဆယ်​ဟွန်းက သိပ်​သ​ဘောမကျပုံ။

"ခဏအနားယူရမယ်​လို့​ပြောလိုက်​တယ်​​နော်​"

"အနားယူခိုင်းတာ​လေ တချိန်​လုံးအိပ်​ခိုင်း​နေ
တာမှမဟုတ်​တာ "

အလိုမကျသလို​လေသံ​ဘောက်​ဆတ်​ဆတ်​​ကြောင့်
အိုဆယ်​ဟွန်းက သ​ဘော လို့သာဆိုလာနိုင်​သည်​။
သက်​သာသက်​သာ ဆိုဖာ​ပေါ်မှာထိုင်​​နေလိုက်​သည်​။

အိုဆယ်​ဟွန်းက အနားမှာ​နေကာ အရိပ်​တကြည့်​ကြည့်
မျက်​စိ​ဒေါက်​​ထောက်​ကြည့်​​နေပြန်​သည်​။ အိုဆယ်​ဟွန်း
ရဲ့ဝတ်​စားထားပုံအရ ကုမ္ပဏီက​နေ​ပြေးလာသည်​လား၊
သာမန်​နဲ့မတူ ၊ လူကြီးဆန်​ဆန်​ အနက်​​ရောက်​ဆံပင်
တွေကို​နောက်​လှန်​တင်​ထားသည်​။ အ​ရောင်​မျိုးစုံ
ဆံပင်​စတိုင်​နဲ့ ခပ်​လန်းလန်းပုံစံ ၊ ​သေ​သေ သပ်​သပ်
အနက်​ရာင်​ဆံပင်​​တွေနဲ့လူကြီးဆန်​ဆန်​ပုံစံ ၊ဘယ်​လို
ပုံစံနဲ့ပဲဖြစ်​ဖြစ်​ အိုဆယ်​ဟွန်းက မနာလိုစရာ​ကောင်း
လောက်​​အောင်​ကြည့်​​ကောင်း​နေပြီးသား။

"အဝတ်​အစား​လဲလိုက်​ဦး"

"အင်း!! ကိုယ်​ ​ရေချိုးမှာ "

ပြော​ပြောဆိုဆိုနဲ့မတ်​တပ်​ထရပ်​လိုက်​တဲ့ အိုဆယ်​ဟွန်း၊
သူ့ကိုမင်​​ဆော့ ​မော့ကြည့်​လိုက်​​တော့ သူ့လက်​ဖဝါး
တွေကလျင်​လျင်​မြန်​မြန်​ပါးတဖက်​ကိုအုပ်​ကိုင်​လာ
သည်​ ။

"အဲ့ဒါ​တွေ​ကြောင့်​ မျက်​စိ​​ရှေ့မှာပဲ​နေ​စေချင်​တာ
တခုခုသာဖြစ်​သွားရင်​ ယူကြုံးမရဖြစ်​ပြီး
ကိုယ်​ရူးသွားမှာ "

တဟင်းဟင်းနဲ့ သက်​ပြင်း​တွေအကြီးအကျယ်​ချကာ
သူ့ကိုယ်​သူလဲ အပြစ်​​တွေတင်​​နေပြန်​တဲ့အိုဆယ်​ဟွန်း
ကြောင့်​မင်​​ဆော့လဲ ပင်​ပန်းရသည်​၊ ကိုယ်​ အ​သေး
အဖွဲ့​လေးတခုခုဖြစ်​တာနဲ့တင်​ပြာယာခတ်​​နေတတ်​တဲ့
အိုဆယ်​ဟွန်း​ကြောင့်​ စိတ်​မသက်​မသာဖြစ်​ရသည်​။

Come And Find MeWhere stories live. Discover now