True Star (Myanmar Translatio...
By JuNoXiang
1.4M 140K 4.4K
လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More
Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)
Ch.64 : True Star Training Class
13K 1.4K 59
By JuNoXiang
True Star Training Class ကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး နောက်တစ်ရက်မှာ တရားဝင် စတင် ဖွင့်လှစ်ခဲ့လေတယ် ။ ကုမ္ပဏီတွေ ဘက်ကနေ ကြိုတင်ရွေးချယ်ထားတဲ့ လူတွေအပြင် တိုင်းပြည်အနှံ့မှာ ကျင်းပခဲ့တဲ့ လူရွေးပွဲစဉ်တွေကို ဖြတ်ကျော်အောင်မြင်ခဲ့သူများပါ သင်တန်းသားများအဖြစ် တက်ရောက်လာကြလေတယ် ။ ဒီလူတွေထဲမှာ Tang Feng ကဲ့သို့ အနုပညာလောကထဲ အချိန်တစ်ခု ကျင်လည်ခဲ့ပြီးပေမယ့် အရည်အချင်းအပြည့်အဝ ထုတ်ဖော်ပြခွင့် မရရှိကြသေးတဲ့ မျက်နှာသစ် သရုပ်ဆောင်များလည်း ပါဝင်နေလေတယ် ။ Tang Feng ဟာ ရူတင်အတွက် ပြင်ဆင်ထားတဲ့ နေရာမှာ မမျှော်လင့်ထားတဲ့ ရင်းနှီးသိကျွမ်းခဲ့ပြီးသား မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရတယ် ။ အဲ့ဒီလူကတော့ သူနဲ့အတူတူ မကြာမီကမှ ဒရမ်မာဇာတ်လမ်းတွဲ အတူရိုက်ကူးခဲ့တဲ့ Tang Tian Tian ဖြစ်လေတယ် ။
Tang Tian Tian ဟာ သူ့ကို တွေ့လိုက်တာနဲ့ အပြေးတစ်ပိုင်း ရောက်လို့လာပြီး ပြုံးချိုစွာ နူတ်ခွန်းဆက်ခဲ့လေတယ် ။ လွန်ခဲ့တဲ့ရက်က ရိုက်ကွင်းမှာ မမျှော်လင့်ပဲ ရရှိသွားခဲ့တဲ့ ဒဏ်ရာတွေ ကောင်းကောင်း သက်သာသွားပြီးလားလည်း မေးရင်း နောက်ကွယ်က အဓိက ကြိုးကိုင်တဲ့ အမည်မသိပုဂ္ဂိုလ်ကိုလည်း ကျိန်ဆဲလို့နေလေတယ် ။ အဲ့ဒီလူ ဘယ်တော့မှ မအောင်မြင်ပါစေနဲ့ ၊ နိုင်ငံတကာ အဆင့်ကို မရောက်နိုင်ပါစေနဲ့ ၊ ဘာလုပ်လုပ် အဆင်မပြေပါစေနဲ့ ဆိုပြီး တတွတ်တွတ် ကျိန်ဆဲလို့ နေလေတယ် ။
" ဒီလိုမျိုး နောက်ကွယ် ချောင်ထဲမှာ ပုန်းနေပြီး ယုတ်မာတဲ့ လုပ်ရပ်လုပ်တဲ့ လူမျိုးတွေဆိုတာလေ လောကကြီးကို အမြင်ကျယ်ကျယ် မကြည့်နိုင်တဲ့ လူစားမျိုးတွေပဲ သိလား ။ သူတို့ဘဝက ရေတွင်းထဲက ဖားသူငယ်လိုပဲ ။ ပင်လယ်က သူတို့နေတဲ့ ရေတွင်းထက် ဘယ်လောက်ကျယ်ပြောတယ်ဆိုတာ ဒီတစ်သက် သိလာမှာ မဟုတ်ဘူး ။ "
အခုလိုမျိုး ပြောရင်း Tang Tian Tian ဟာ လေထဲမှာ လက်ချောင်းနဲ့ စက်ဝန်းပုံ ရေးဆွဲပြီး သူမပြောချင်တဲ့ အဓိပ္ပာယ်ကို ပိုပြီး ပေါ်လွင်သွားအောင် ပြုလုပ်လို့ နေလေတယ် ။
သူတို့ နှစ်ယောက် စကားစမြည် ခေတ္တခဏပဲ ပြောခဲ့လိုက်ရတယ် ။ မကြာခင်မှာ staff members တွေ ဗြုန်းစားကြီး ရောက်ချလာပြီး သင်တန်းသား တစ်ယောက်ချင်းစီကို ဝန်းရံလိုက်ကြပြီး ကြီးမားတဲ့ လူစုလူဝေးကြီး တစ်ခု ဖြစ်သွားခဲ့လေတယ် ။ ဒီလူစုလူဝေးထဲမှာ သင်တန်းသူ ၊ သင်တန်းသား ၊ သင်ကြားပို့ချမယ့် ဆရာတွေ အပြင် ဒီသင်တန်းရဲ့ ထုတ်လုပ်ရေးအဖွဲ့မှ ဝန်ထမ်းများပါ ပါဝင်နေတာကို Tang Feng သတိထားမိလိုက်တယ် ။ အဲ့ဒီနောက် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဟာ အခုလို ကြေငြာချက်တစ်ရပ် ထုတ်ပြန်လေတယ် ။
" အခုအချိန်က စပြီး မင်းတို့ ပြောသမျှ စကားလုံးတိုင်း ၊ လူပ်ရှားမူတိုင်းကို ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီးတော့ တီဗီမှာ ထုတ်လွှင့်ပြသမှာပဲ ဖြစ်တယ် ။ ဒီ ဗီဒီယိုဖိုင်တွေကို အင်တာနက်ပေါ်မှာလည်း တင်မှာဖြစ်ပြီး အဲ့ဒီမှာ ပရိသတ်တွေက ဝင်ရောက်ကြည့်ရူပြီး မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမကောင်း ထင်မြင်သုံးသပ်ချက်တွေ ပေးသွားကြမှာပဲ ဖြစ်တယ် ။ အရည်အချင်းရှိတဲ့ မင်းသား ၊ မင်းသမီးတွေ ဖြစ်လာဖို့ ပထမဆုံးအနေနဲ့ မင်းတို့တွေဟာ ဒီကင်မရာတွေနဲ့ အကျွမ်းဝင်မူရှိနေဖို့ရာ လိုအပ်တယ် ။ "
ခေါင်းဆောင်ဟာ အနီးအနားမှာရှိတဲ့ မီးစလိုက် တစ်ခုကို လက်ညိုးထိုးပြပြီး အခုလို ဆက်လက် ပြောကြားတယ် ။
" ဒီမီးရောင်တွေအောက်မှာ အမြဲနေနေရမယ့် ဘဝကိုလည်း ကျင့်သားရအောင် နေနိုင်ဖို့လည်း လိုအပ်တယ် ။ များပြားလှတဲ့ အာရုံစိုက်ထားခြင်းတွေကို အခုအချိန်ကစပြီး မင်းတို့တွေ ခံထားရတော့မှာဖြစ်လို့ မင်းတို့တွေရဲ့ ကိုယ်ပိုင်ဘဝတွေဆိုတာ မရှိတော့ဘူးလို့ သတ်မှတ်ထားလိုက်ကြတော့ ။ "
Tang Feng ဟာ Lu Tian Chen ရဲ့ အမြတ်အစွန်းရရှိလာအောင် တီထွင်ဖန်တီး ဆန်းသစ်နိုင်မူ စွမ်းအားအပေါ် စိတ်ထဲကနေ လက်ဖျားခါ ချီးကျူးလိုက်မိတယ် ။ အနာဂတ်မှာ မည်သို့မည်ပုံ ဖြစ်လာမယ်ဆိုတာ သေချာမသိနိုင်တဲ့ အနုပညာရှင် လူသစ်တွေကို လက်သပ်မွေးမြူရတယ်ဆိုတာဟာ တော်တော်လေးကို အန္တရာယ်ကြီးလှတဲ့ ရင်းနှီးမြုတ်နှံမူ တစ်ခုရယ်ပါ ။ အစပိုင်းမှာကတည်းက ငွေကြေးအလုံးအရင်းထည့်ပြီး မြုတ်နှံထားထားရတာ ။ အနာဂတ်ကာလမှာ မျှော်လင့်ထားသလို ရလဒ်ရလာမလာဆိုတာ ဘယ်လိုမှ ကြိုတင်မသိနိုင်တဲ့ ကိစ္စတစ်ခုပဲ ။ မျှော်မှန်းထားတာထက် ပိုမိုတဲ့ အောင်မြင်မူတွေလည်း ရလာနိုင်သလို ၊ မျှော်လင့်ထားတဲ့ အခြေအနေကို ဘယ်လိုမှ မချည်းကပ်နိုင်ပဲ ကုမ္ပဏီအတွက် ကြီးမားလှတဲ့ ဆုံးရူံးနစ်နာမူကြီးလည်း ဖြစ်ချင်ဖြစ်သွားနိုင်လေတယ် ။
ဒီလို ဆုံးရူံးနိုင်ခြေရှိမူတွေကို မျှခြေတစ်ခု ဖြစ်သွားဖို့အတွက် ကြည့်ရတာ Lu Tian Chen တစ်ယောက် သင်တန်းသားတွေကို ပရိသတ်တွေဆီ ချပြမယ့် အစီအစဉ်ကို ပိုပြီး အဆင့်မြင့်တင်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံစံပဲ ။ သင်တန်းတစ်ခုလုံးကို reality TV show ပုံစံ ပြောင်းပစ်လိုက်ပြီး တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပြသဖို့ စီမံခဲ့လိုက်တာပဲ ။ TV show အတွက် မူပိုင်ခွင့်ကနေ အကျိုးအမြတ် အမြောက်အများ ရရှိလာမယ့်အပြင် ၊ training class နဲ့ Lu Tian Chen Group ရဲ့ ကြော်ကြားမူကိုပါ ပြည်သူတွေကြား တစ်လက်စတည်း ကြော်ငြာလိုက်သလို ဖြစ်သွားစေတယ် ။ အကယ်လို့များ show အစီအစဉ်သာ ထင်ထားသလို အောင်မြင်သွားခဲ့လို့ရှိရင် Lu Tian Chen ရဲ့ လက်ထဲမှာ နောက်ထပ် နိုင်ဖဲတစ်ချပ် ထပ်ရသွားတဲ့ သဘောအလားပဲ ။
Tang Feng ဟာ Lu Tian Chen ရဲ့ စီးပွားရေးအပေါ် အမြင်စူးရှမူရှိခြင်းကို စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးလိုက်မိတယ် ။ အဲ့ဒီအချိန်မှာပဲ staff members တွေဟာ training class ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားလုံးသိအောင် ကြေငြာလေတယ် ။ သင်တန်းကာလအတွင်း သင်တန်းသားအားလုံးဟာ အိပ်ဆောင်တစ်ခုထဲမှာပဲ အတူနေထိုင်ကြရမယ် ။ သင်တန်းအချိန်ဇယားကတော့ သာမန်သင်တန်းတစ်ခုမှာ မြင်တွေ့နိုင်တဲ့ အချိန်ဇယားမျိုးပါပဲ ။ တစ်နေ့တာ သင်တန်းအချိန် ပြီးဆုံးရင်တော့ သင်တန်းသားတွေဟာ မိမိဆန္ဒရှိသလို ရှပ်ရှင်ရိုက်ကူးတာဖြစ်ဖြစ် ၊ ကြော်ငြာရိုက်ကူးတာဖြစ်ဖြစ် ၊ show ပွဲတွေမှာ ပါဝင် ရိုက်ကူးတာဖြစ်ဖြစ် လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြတယ် ။
သင်တန်းကာလ ပြီးဆုံးတဲ့ အချိန်မှာတော့ စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေမှ အကြီးအကဲတွေဟာ သင်တန်းသားတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေ ၊ ထူးချွန်စွာ လုပ်ဆောင်ချက်တွေ အပေါ် အခြေခံပြီး ဆုတံဆိပ်တွေ ချီးမြင့်ကြမှာ ဖြစ်လေတယ် ။ တစ်ဦးတစ်ယောက်တည်းသာလျှင် ခမ်းနားကြီးကျယ်လှတဲ့ " True Star " title ဆုကို ရရှိမှာပဲ ဖြစ်လေတယ် ။ ဆုကြေးငွေ ယွမ်တစ်သန်း ရရှိမယ့်အပြင် တရုတ်ပြည်တွင်း အောင်မြင်ထင်ရှားတဲ့ ဒါရိုက်တာတွေ ဖန်တီးပုံဖော်မယ့် ရုပ်ရှင်ကားများမှာလည်း ပါဝင် သရုပ်ဆောင်ခွင့် ရရှိမှာ ဖြစ်လေတယ် ။ နောက်ထပ်လည်း ယွမ်ငွေတစ်သန်း တန်ဖိုးရှိတဲ့ စီးပွားရေးကြော်ငြာ ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခွင့် ရရှိဦးမှာပါ ။ ဒါ့အပြင် နာမည်ကြီး မဂ္ဂဇင်း လေးခုရဲ့ မျက်နှာဖုံး မော်ဒယ် အဖြစ်လည်း ရိုက်ကူးခွင့် ရရှိဦးမှာပဲ ဖြစ်တယ် ။
ဒီလို များပြားလှတဲ့ အကျိုးအမြတ် အခွင့်အလမ်းတွေ ရရှိစေမယ့် title ဆုဟာ သင်တန်းသား အားလုံးရဲ့ စိတ်ဝင်စားမူကို ပိုမို မြင့်တက်လာစေခဲ့လေတယ် ။ လက်ရှိအချိန် အားလုံးဟာ မိတ်ဆွေသူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြသလို ၊ တစ်ချိန်တည်းမှာပဲ အားလုံးဟာ ကိုယ့်ရဲ့ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်သွားကြလေတယ် ။ Tang Feng စိတ်ထဲ တွေးလိုက်မိတာက ဒါဟာ Lu Tian Chen ဘက်ကနေ တိုက်ရိုက်မပြောပဲ မြုတ်ကွယ်ထားတဲ့ သင်တန်းသားတွေရဲ့ လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူဆိုင်ရာ အရည်အချင်းကို စမ်းသပ်ချက်ချက်တစ်ခုပဲ ဖြစ်ရမယ်လို့လေ ။
ထက်မြက်တဲ့ လူဆိုရင်တော့ သင်တန်းသား အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းမှာ ဖြစ်ပေမယ့် ၊ စိတ်သဘောထား ကျဉ်းမြောင်း သေးသိမ်တဲ့ လူစားမျိုးဆိုရင်တော့ တခြားသူတွေရဲ့ လမ်းကြောင်းကို တားဆီးပိတ်ပင်ဖို့ ကြိုးစားမှာပဲ ။
ဒါဟာ သာမန် သင်တန်းတစ်ခုရယ်ပါ ။ ရှေ့ဆက်လျှောက်လမ်းရမယ့် သရုပ်ဆောင်လမ်းခရီးရှည်ကြီးနဲ့ နိုင်းစာရင် သမုဒ္ဓရာထဲက ရေစက်တစ်စက် သာသာပါ ။ သင်တန်းကာလ ပြီးဆုံးတဲ့ အချိန်ရောက်ရင် တစ်ယောက်ရဲ့ ရန်သူတော်ဟာ သူ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သွားနိုင်တယ် ။ ရုပ်ရှင်ဇာတ်ကားတစ်ခုတည်းမှာ အတူတွဲဖက် သရုပ်ဆောင်ရတဲ့ လူတွေလည်း ဖြစ်သွားနိုင်လေတယ် ။
မိတ်ဆွေတစ်ယောက် ရလာတယ်ဆိုတာ ရန်သူတစ်ယောက် တိုးပွားလာတဲ့ အခြေအနေထက် အစစအရာရာ အများကြီး ပိုမိုကောင်းမွန်လေတယ်လေ ။
................
သင်တန်းရဲ့ ပထမဆုံးနေ့ကို အကသင်တန်းနဲ့ စတင်ဖွင့်လှစ်ခဲ့လေတယ် ။ သင်တန်းသားအားလုံးကို ကြီးမားကျယ်ပြောလှတဲ့ အကခန်းမထဲမှာ စုဝေးစေပြီး ၊ အညိုရင့်ရောင် ဆံကေသာရှိတဲ့ ဥရောပလူမျိုး သင်တန်းဆရာတစ်ယောက်ဟာ သူတို့အားလုံးရဲ့ ရှေ့ကို ရောက်ရှိလာခဲ့လေတယ် ။ သူ့ရဲ့ပုံပန်းသွင်ပြင်ဟာ အနောက်တိုင်း ဆီဆေးပန်းချီကားတွေထဲကအတိုင်း ထပ်တူထပ်မျှ ရှိနေသော်လည်းပဲ ၊ သင်တန်းဆရာဟာ သူတို့အားလုံး လုံးဝမျှော်လင့်မထားတဲ့ တရုတ်ဘာသာစကားနဲ့ ပြေပြေပြစ်ပြစ် ပြောဆိုခဲ့လေတယ် ။ သင်တန်းဆရာဆီကနေ ရည်မွန်ကျော့ရှင်းပြီး တင့်တယ်တဲ့ ကိုယ်ရောင်ဝါတွေ ထွန်းလင်းလို့နေလေတယ် ။ လူပ်ရှားမူတိုင်းဟာ ပြေပြစ်ကျော့ရှင်းလို့နေလေတယ် ။
သို့ပေမယ့်လည်း သင်တန်းဆရာရဲ့ စကားလေသံဟာ တည်ကြည်ခိုင်မာပြီး လေးလေးနက်နက် ရှိလို့နေလေတယ် ။ ချက်ချင်းဆိုသလို အားလုံးဟာ အခု ဒီအကသင်ခန်းစာမှာ ပျင်းရိလေးကန်တဲ့ လူစားမျိုးအတွက် နေစရာနေရာ တစ်ခုတောင် ရှိမနေဘူးဆိုတာ တန်းပြီး သဘောပေါက်သွားခဲ့တယ် ။
" မင်းတို့အားလုံး ငါ့ကို Pacino လို့ ခေါ်ဆိုနိုင်တယ် ။ Tango ဆိုတာဟာ မီးတောက်မီးလျှံလို အရှိန်အဟုန်ပြင်းထန်တဲ့ အကတစ်မျိုးပဲ ဖြစ်တယ် ။ အထူးသဖြင့် Argentine Tango အကကတော့ ကကွက်တွေထဲမှာ romance ဆန်တဲ့ အချစ်ရဲ့ရနံ့တွေ ရောယှက်လို့နေတယ် ။ "
Tang Feng ရဲ့ နံဘေးမှာ ရှိနေတဲ့ Tang Tian Tian ဟာ သင်တန်းဆရာရဲ့ ပြောစကား အဆုံးမှာ စိတ်ပူပန်မူတွေနဲ့ ညည်းတွားလိုက်မိလေတယ် ။
" ဒုက္ခပါပဲ ။ ကျွန်မ လုံးဝ မကတတ်ဘူး ။ ကတာကလွဲရင် ကျန်တာအားလုံး ကျွန်မ ကောင်းကောင်း လုပ်နိုင်တယ် ။ Tang Feng... ကျွန်မ ဘာဆက်လုပ်ရမလဲဟင် ? "
Tang Feng ရယ်ချင်စိတ်ကို မထိန်းနိုင် ဖြစ်သွားခဲ့တယ် ။
" ငတုံးမလေး ။ မကတက်ဘူးဆိုလည်း ဘာဖြစ်လဲ ? အခု ဆရာသင်တဲ့အခါ သေချာလိုက်လုပ်ပေါ့ ။ "
" ဘယ်လိုဖြစ်ဖြစ်လေ ။ ရှင်က ကောင်းကောင်း ကတက်တော့ ကျွန်မတော့ အားရှိသွားပြီ ။ အခုကစပြီးတော့ ရှင် ကျွန်မကို ဘယ်လို ကရမယ်ဆိုတာ သင်ပေးရမယ်နော် ။ အကသင်တန်းချိန်တွေ အားလုံး ကျွန်မကို လက်တွဲခေါ်ပေးရမယ်နော် ။ ကျွန်မက ရှင်ရဲ့ dance partner အဖြစ် နေရာကြိုဦးထားလိုက်ပြီ ။ "
Tang Tian Tian ဟာ ပြောနေရင်းနဲ့ပဲ ရယ်လိုက်မိတယ် ။ Tang Feng ကို လှမ်းကြည့်လိုက်တော့ သူမရဲ့ တောင်းဆိုမူကို သဘောတူလက်ခံတဲ့ အနေနဲ့ ခေါင်းညိမ့်ပြနေတာကို တွေ့လိုက်ရတယ် ။ ရုတ်ခြင်းပဲ သူမရဲ့ နှလုံးသားထဲမှာ အမည်ဖော်ရခက်တဲ့ ယားယံမူတစ်မျိုး ဖြစ်ပေါ်လာတယ် ။ Tang Feng ဟာ တင့်တယ်ပြီး ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဆီမှာ classical ဖြစ်တဲ့ အငွေ့အသက်တွေ တွေ့မြင်ရတယ် ။ Tang Feng ကလိုက်တဲ့အခါ ဘယ်လိုတွေများ ကြည့်လို့ ကောင်းလေမလဲလို့ သူမ စိတ်ကူးကြည့်နေမိတယ် ။
.............
နောက်ဆုံးမှာတော့ Tang Feng ဟာ အစောပိုင်း အချိန်တုန်းက Tang Tian Tian ဘာလို့ စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်လာရတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားလေတယ် ။ ဒီကောင်မလေးဟာ လုံးဝကို မကတက်ဘူးဘဲ ။
သူမရဲ့ မရရအောင် ကြိုးပမ်းနေတဲ့ ပုံကိုကြည့်နေရင်း Tang Feng အလိုလို ရယ်ချင်လာမိတယ် ။ တကယ့်လက်တွေ သင်တန်းကို အစမပြုခင် Pacino ဟာ သင်တန်းသားအားလုံးကို သူနဲ့ အတူတူ တစ်ယောက်ချင်းစီ တွဲကကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ် ။ ဘာမှ ထွေထွေထူးထူး ကကွက်ဆန်းတွေ လူပ်ရှားဖို့ မလိုအပ်ပါဘူး ။ ဂီတသံကို ခံစားပြီး Pacino ရဲ့ ဦးဆောင်မူနောက်ကို အသာလိုက်ကာ Argentina Tango ရဲ့ နူးညံ့သိမ်မွေ့မူနဲ့ ပြင်းရှတဲ့အရသာကို စီးမျောခံစားကြည့်ယုံပါပဲ ။
စိုးရိမ်ပူပန်သောကရောက်နေတဲ့ Tang Tian Tian ဟာ Pacino နှင့် အတူတွဲကဖို့ ပထမဆုံး ကံစမ်းမဲ ပေါက်သွားခဲ့လေတယ် ။ Romantic ဆန်လှတဲ့ လက်တင်တေးဂီတသံဟာ ခန်းမအတွင်း ပျံ့လွင့်လာပြီး အားလုံးရဲ့ ခြေထောက်တွေကြားထဲကို ဖြတ်သန်း စီးဆင်းသွားလေတယ် ။ Pacino ရဲ့ လူပ်ရှားမူတိုင်းဟာ လွတ်လပ်ပေါ့ပါးပြီး နှစ်သက်ကြည်နူးဖွယ်အပြည့်ရှိနေလေတယ် ။ Tang Tian Tian ကတော့ သူနဲ့ လုံးဝကို ဆန့်ကျင်ဘက် အနေအထား ဖြစ်လို့နေလေတယ် ။
တေးဂီတသံစဉ်ဟာ သိသိသာသာကို အေးဆေးနူးညံ့ ချိုသာသိမ့်မွေ့ပြီး စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေလေတယ် ။ Tango အကမှာ ဆရာတစ်ဆူ ဖြစ်တဲ့ Pacino ရဲ့ ဦးဆောင်မူနောက်မှာ အလိုက်သင့်လေး လိုက်ကရတာဆိုပေမယ့်လည်း Tang Tian Tian ရဲ့ လူပ်ရှားမူတွေဟာ စက်ရုပ်တစ်ရုပ်လိုမျိုး ဖြစ်လို့နေလေတယ် ။ Tango အကအမျိုးအစား များစွာ အထဲကမှ Argentina Tango အကဟာဆိုရင် ကနေတဲ့သူ နှစ်ယောက်ကို မမြင်ရတဲ့ နှောင်ကြိုးနဲ့ ချည်နှောင်ထားသလို ဆက်နွယ်နေပြီး စိတ်တွင်းခံစားချက်ကို အလုံးစုံ ဖော်ထုတ်ပြသနိုင်တဲ့ အကတစ်မျိုးပဲ ဖြစ်လေတယ် ။ တစ်ယောက်နဲ့ တစ်ယောက်ကြား နွယ်ကြိုးတွေလို ရစ်ပတ်နှောင်တွယ်ထားပြီး ၊ dancers တွေရဲ့ ကိုယ်ခန္ဓာရော ၊ စိတ်နှလုံးကိုပါ တစ်သားတည်းကျသွားအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့ အကပဲ ဖြစ်လေတယ် ။
သို့ပေမယ့်လည်း Pacino နဲ့ Tang Tian Tian တို့ကြားမှာတော့ ကြည့်ရူနေတဲ့ ပရိသတ်ရဲ့ စိတ်နှလုံးကို ဆွဲညို့ယူနိုင်လောက်တဲ့ မီးပွားစလေး တစ်စလောက်တောင် ထွက်ပေါ်မလာခဲ့ပေဘူး ။ ကနေတဲ့သူတွေဟာ စိတ်ပင်ပန်းကြီးစွာ ကနေကြရတဲ့ ပုံဟန်ပေါ်နေသလို ၊ ကြည့်နေရတဲ့ ပရိသတ်တွေရဲ့ စိတ်မှာလည်း ပျင်းရိငြီးငွေ့စိတ်တွေ ဖြစ်ပေါ်လို့ လာခဲ့လေတယ် ။
" No...no...အဲ့ဒီလို ကရတာ မဟုတ်ဘူးလေ ။ "
Pacino ဟာ ခေါင်းကို မသက်မသာ ခါယမ်းလိုက်ပြီး တေးဂီတသံကို ပိတ်ပစ်လိုက်လေတယ် ။
" ကျွန်မမှ ဘယ်လို ကရမှန်း မသိတဲ့ဟာကို ။ "
Tang Tian Tian ဟာ ပုခုံးကို တစ်ချက်တွန့်လိုက်ပြီး အားနာတဲ့ အမူအရာနဲ့ အဖြေပြန်ပေးလိုက်တယ် ။
" ဒါကို သာမန် အက တစ်ခုလို ၊ ပြီးဆုံးအောင် ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရား တစ်ခုလို သဘောမထားနဲ့ ။ မင်းရဲ့ နှလုံးသားကို အသုံးပြုပြီး ဂီတရဲ့ နူးညံ့မူကို ရှာဖွေရမယ် ။ ကိုယ့်တွဲဖက်ရဲ့ လူပ်ရှားမူ ၊ အသက်ရူသံ ၊ ခြေလှမ်း အားလုံးကို ထပ်တူထပ်မျှ ခံစားနိုင်ရမယ် ။ "
Pacino ဟာ Tang Feng ရှိရာဆီကို လျှောက်လှမ်းလာနေပေမယ့် Tang Tian Tian ကို အခုလို ဆက်လက် ပြောဆိုလေတယ် ။
" ဂီတဆိုတာ နက်ရိုင်းတဲ့ တောအုပ်အတွင်းက သေးငယ် ကျဉ်းမြောင်းတဲ့ လူသွားလမ်းလေး တစ်ခုလိုပဲ ။ မင်းရဲ့ ယာယီချစ်သူဖြစ်တဲ့ တွဲကဖော်နဲ့ အတူ ဒီလူသွားလမ်းလေးကို အတူ လျှောက်လှမ်းပြီး တောအုပ်အတွင်းက ငြိမ်းချမ်းမူကို ဖွေရှာတာဟာ Tango ရဲ့ အနှစ်သာရပဲ ။ "
" ကဲ...မင်းကော ဘယ်လိုလဲ ? ငါနဲ့ တစ်ခေါက်လောက် တွဲက ကြည့်မလား ? "
Pacino ဟာ Tang Feng ရှေ့မှာ ရပ်တန့်လိုက်ပြီး အပြုံးနဲ့ လက်တစ်ဖက်ကို ဆန့်တန်းလိုက်လေတယ် ။
Tang Tian Tian ဟာ လက်နှစ်ဖက်ကိုပိုက် ၊ မျက်မှောင်ကို ကြုံ့ထားပြီး နံရံကို မှီကာ ရပ်လို့နေလေတယ် ။ ဒါဟာ သာမန် ရိုးရိုး အကတစ်ခုပဲ မဟုတ်ဘူးလား ? ဘာလို့ အဲ့ဒီလောက် နားလည်ရခက်တဲ့ အဓိပ္ပာယ်တွေရှိနေရတာလဲ ? Pacino က သူမ စိတ်ရူပ်အောင် တမင်ပြောလိုက်တာပဲနေမှာ ။ ဒီအချိန်မှာ Tang Feng နှင့် Pacino အတူတွဲကဖို့ ခန်းမအလယ်မှာ ရပ်တန့်လိုက်ကြတာကို မြင်လိုက်ရတော့ သူမရဲ့ အတွေးတွေ ချက်ချင်း ပျောက်ကွယ်ကုန်တယ် ။ တခြား အမျိုးသား သင်တန်းသားတွေနဲ့ Pacino ယှဉ်တွဲကတာကို မြင်ဖူးပြီးပေမယ့်လည်း ၊ ဘာရယ်ကြောင့်မှန်းမသိ ဒီတစ်ခေါက်ကို သူမ ပိုပြီး ရင်ခုန် စိတ်လူပ်ရှားနေမိတယ် ။
Tang Feng နဲ့ Pacino ကို ကြည့်နေရင်း သူမရဲ့ မျက်ဝန်းထောင့်မှာ ဖျတ်ခနဲ အရိပ်တစ်ခုကို တွေ့လိုက်မိတယ် ။ ဘာများပါလိမ့်ဆိုပြီး လိုက်ကြည့်မိတော့ စတူဒီယိုခန်းမရဲ့ တံခါးဝမနားမှာ လူစိမ်းတစ်ယောက် ရပ်တန့်နေတာကို တွေ့လိုက်ရတယ် ။
" ဟိုတစ်ယောက်က President Lu မဟုတ်ဘူးလား ? သူ ဒီကို ဘာလာလုပ်တာပါလိမ့် ? "
ဂီတသံဟာ နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာလေတယ် ။
တေးဂီတသံရဲ့ စည်းချက်သံဟာ ခန်းမအတွင်း တိတ်ဆိတ်ငြင်သာစွာ စီးဆင်းသွားလေတယ် ။ ဂီတသံနဲ့အတူ Tang Feng နဲ့ Pacino တို့ရဲ့ ခြေလှမ်းတွေဟာ ကြမ်းပြင်ထက်မှာ ပေါ့ပါးစွာ ရွေ့လျားသွားလေတယ် ။
သူတို့ရဲ့ ခြေလှမ်းတိုင်းမှာ နွယ်ပင်တွေ ယှက်ဖြာဆင်းသွားသလို ကျော့ရှင်းလှတဲ့ ပုံရိပ်ဟန်တွေ ပရိသတ်တွေရဲ့ အမြင်အာရုံမှာ ထင်ဟပ်လာလေတယ် ။ စောနတုန်းက Tang Tian Tian နှင့် အတူတွဲကတုန်းကလို ကကျိုးကကြောင်နိုင်ပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အခြေအနေနဲ့ လုံးဝ တခြားစီပဲ ။ နောက်တစ်ကြိမ် သီချင်းထပ်ကျော့ချိန်မှာ ခန်းမအတွင်းက လေထုအခြေအနေ လုံးဝ ခြားနားသွားတော့တယ် ။ Tang Feng နဲ့ Pacino ရဲ့ ကကွက်တွေဟာ တင့်တယ်လှပလှသလို တစ်ဖက်ကလည်း သြဇာအရှိန်အဝါ ကြီးမားလို့နေလေတယ် ။ သူတို့ရဲ့ ခြေလှမ်းတိုင်း ၊ ကိုယ်နေဟန်ထားတိုင်းဟာ အင်အားကြီးမားပြီး ၊ တစ်ဖက်သားကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အပြည့်ရှိတယ် ။ သူတို့ရဲ့ လူပ်ရှားမူတိုင်းဟာ စစ်တိုက်နေတဲ့ အလားပဲ ။
သူတို့နှစ်ယောက်ကြား ရှိနေတဲ့ အကွာအဝေးဟာ အရမ်းကို ကျဉ်းမြောင်းလို့နေပြီး တစ်ယောက်ရဲ့ရင်ဘက်ကို တစ်ယောက်က ထိလုနီးပါးပဲ ။ အဲ့ဒီလို အခြေအနေမျိုးမှာတောင် သူတို့နှစ်ယောက်ဟာ တစ်ဖက်လူ ဒူးထောက်လဲပြိုကျသွားအောင် အချိန်မရွေး ဓားနဲ့ ထိုးနှက်ဖို့ ချိန်ရွယ်ထားကြတဲ့ ပြိုင်ဘက်တွေပုံစံ ဖြစ်လို့နေတယ် ။ သူတို့ရဲ့ အကမှာ အဖိုဓာတ်ခြင်း အပြင်းအထန် တွန်းလှန်တိုက်ခိုက်နေကြပေမယ့် ဒီဟာကပဲ သမရိုးကျနဲ့ ကွဲပြားတဲ့ အရသာသစ်တစ်ခုကို ပေးစွမ်းလို့နေလေတယ် ။ အားလုံးဟာ မှင်သပ်မိန်းမောနေပြီး Tang Feng ဆီကနေ တစ်ချက်လေးတောင် အကြည့်ကို လွဲမဖယ်နိုင်ကြလေဘူး ။
နူးညံ့ညင်သာတယ် ။ သို့သော် စိတ်လိုလက်ရမရှိပဲ လှောင်အိမ်ထဲက ကျားသစ်တစ်ကောင်လို သဏ္ဍန်ရှိတဲ့ Tang Feng ဟာ သူ့ကို ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားလို့နေလေတယ် ။ Pacino ကတော့ အလိမ္မာယ်ဆရာတစ်ယောက်နဲ့ တူလေတယ် ။ ခြေလှမ်းတိုင်းမှာ Tang Feng ကို သူ့အနား ပိုပို နီးကပ်လာအောင် ကြိုးပမ်းနေပြီး တစ်ဖက်ကလူကို သူ့နံဘေးမှာ ထာဝရ ဖမ်းဆီးထားနိုင်ဖို့ ကြိုးစားလို့နေလေတယ် ။
ဒီလို ချစ်ရမ္မက်ပြင်းထန်ပြီး ထိတ်တိုက်ရင်ဆိုင်မူတွေ ကြီးမားလှတဲ့ Tango အကဟာ ကြည့်ရူနေကြသူ အားလုံးရဲ့ စိတ်ထဲ ဘယ်တော့မှ မေ့ပျောက်မသွားနိုင်တော့ပေဘူး ။
သူတို့နှစ်ယောက်ရဲ့ အကကိုကြည့်ရင်း Tang Tian Tian ဟာ Tang Feng အခြားတစ်ဖက်ခြမ်းကို ရှာဖွေတွေ့ရှိသွားလေတယ် ။ အလွှာများစွာ ဖုံးကွယ်ကာ ကာကွယ်ထားတဲ့ Tang Feng ရဲ့ ထိခိုက်လွယ်တဲ့ နှလုံးသားကိုကော ၊ အညိုရင့်ရောင် မျက်ခုံးအောက်မှာ လျို့ဝှက်ထားတဲ့ သိမ့်မွေ့မူတွေကိုပါ သူမ ရှာဖွေတွေ့ရှိခဲ့တယ် ။ လူတွေဟာ သူတို့ရဲ့ အမြင်အာရုံကို ပိတ်ပင်တားဆီးထားတဲ့ ကြားခံ အလွှာတွေကို ခွာထုတ်ကြည့်တော့မှ တစ်ဖက်သားရဲ့ အတွင်းစိတ်ကို နက်နက်ရိုင်းရိုင်း မြင်လာရတက်တာ ဓမ္မတာပဲ ။
Tang Tian Tian ရဲ့ နူတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်ပေါက်လာတယ် ။ Tango ကို သင်ယူဖို့ရာ လိုအပ်တဲ့ အဓိက အကြောင်းရင်းကို သူမ ရှာဖွေတွေ့ရှိသွားတယ် ။ ရုပ်ရှင်ရိုက်ကူးရာမှာ အထောက်အကူပြုဖို့ ယုံတင်မက ၊ နောက်နောင်ကာလတွေမှာ သင့်တော်တဲ့ တွဲဖက်ဖော်တစ်ယောက်နဲ့ အတူ ဖယောင်းတိုင်းအလင်း ထွန်းညှိထားတဲ့ ခန်းမအလယ်မှာ ကြည်နူးဖွယ်အပြည့်နဲ့ ကနိုင်တဲ့ အနေအထားအထိ သင်ယူဖို့ စိတ်ပိုင်းဖြတ်လိုက်တယ် ။
" အရမ်းကောင်းတယ် ။ အကယ်လို့များ ငါ့မှာသာ အစောကတည်းက ချစ်ရမယ့်သူ ရှိမနေလို့ရှိရင် သေချာပေါက် မင်းကို ကြွေဆင်းမိတော့မှာပဲ ။ "
Pacino ဟာ Tang Feng ရဲ့ လက်ကို လွှတ်ပေးလိုက်ပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ် ။ အဲ့ဒီနောက် အခုလို စကားကို တဲ့တိုးပြောဆိုလိုက်တယ် ။
" မင်းဟာ ဘာမှမလုပ်ပဲ ရပ်နေတဲ့ အချိန်တုန်းကတော့ သေနေတဲ့ သစ်တုံးတစ်တုံးလို တစ်ချက်မှ တုတ်တုတ်တောင်မလူပ်ဘူး ။ ကလိုက်တဲ့ အခါမှာတောင် မင်းဟာ ညို့အားအရမ်းပြင်းတယ်ဆိုတာ ကြည့်နေတဲ့သူတွေ ဘယ်သူမှ မငြင်းနိုင်ဘူး ။ "
ဒါ ငါ့ကို မြောက်ပင့်နေတာများလား ? Tang Feng ဟာ ပြုံးပြလိုက်ပြီး ချီးမွမ်းစကားကို လက်ခံယူလိုက်တယ် ။
" ပုံမှန်အားဖြင့် Tango ဟာ အမျိုးသားနဲ့ အမျိုးသမီး တွဲဖက်ကကြရတဲ့ အကဖြစ်တယ် ။ သို့ပေမယ့်လည်း တစ်ခါတစ်ရံ ရုပ်ရှင်တွေမှာ လိုအပ်ချက်အရ အမျိုးသားနှစ်ယောက် တွဲကရတဲ့ အခြေအနေမျိုးလည်း ဖြစ်ချင်ဖြစ်လာနိုင်တယ် ။ Tango အကမှာ အမျိုးသားနဲ့ အမျိုးသမီး ကကြရတဲ့ အပိုင်းတွေကို ခွဲခြား သတ်မှတ်ထားပြီးသားဖြစ်တယ် ။ အမျိုးသားနှစ်ယောက် တွဲကရပေမယ့်လည်း ကိုယ့်ကိုယ်ကို အမျိုးသားတစ်ယောက်ပဲ ဖြစ်တယ်ဆိုတာ မမေ့လိုက်နဲ့ ။ "
Pacino ဟာ Tang Feng ရဲ့ ပုခုံးကို တစ်ချက်ပုတ်ကာ ပြုံးရင်း အခုလို ပြောလိုက်တယ် ။ အဲ့ဒီနောက် ထပ်မံပြီးတော့...
" ဒီကောင်မလေးကို ကူသင်ပေးဖို့ မင်းကိုပဲ တာဝန်ပေးလိုက်မယ် ။ "
ချက်ချင်းပဲ Tang Tian Tian တစ်ယောက် အကြီးအကျယ် ပျော်ရွှင်သွားတယ် ။ ဘေးမှာ ရပ်နေတဲ့ သင်တန်းသားတစ်ချို့ဟာ လက်ခုပ်တီးပြီးတော့ Tang Feng ရဲ့ အထင်ကြီးစရာကောင်းလှတဲ့ performance ကို ချီးမွမ်းကြလေတယ် ။ သင်တန်းသူတချို့ရဲ့ ပါးစပ်ကနေ " မတရားဘူး " ဆိုတဲ့ အသံလည်း ထွက်ပေါ်လာတယ် ။ သူမတို့လည်း Tang Feng ကို သူမတို့ရဲ့ dance partner ဖြစ်စေချင်ကြတယ်လေ ။
သက်ဦးဆံပိုင် ဧကရီတစ်ပါးလို Tang Tian Tian ဟာ အရှေ့ကို ထွက်လာပြီး အော်ပြောလိုက်တယ် ။
" ဘယ်သူမှ Tang Feng ကို လာမလုနဲ့ ။ သူ့ကို ငါပိုင်တယ် ။ "
အဲ့ဒီလို ဟစ်ကြွေးပြီး သူမ ရုတ်တရက် Lu Tian Chen ကို သတိရမိသွားတယ် ။ တံခါးဘက်ကို နောက်ပြန်လှည့်ကြည့်လိုက်တော့ စောနက ရပ်နေတဲ့ အဲ့ဒီပုဂ္ဂိုလ်ကို လုံးဝ မတွေ့ရတော့ဘူး ။
တော်တော်ထူးဆန်းတာပဲ ။ President Lu က ဒီကို ဘာလာလုပ်တာလဲ ?
...........................................................
To be continued.... Ch.65 : Calling a True Star ( Part.1 )
Continue Reading
You'll Also Like
47K 7.9K 112
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
112K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
852K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
1.2M 63K 50