True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )

13.3K 1.4K 46
By JuNoXiang

Internet Water Army ဆိုတဲ့ အဖွဲ့အကြောင်း ကြားသိမိရချိန်မှာ Tang Feng တစ်ယောက် အဲ့ဒီအဖွဲ့က ဘာလုပ်တဲ့အဖွဲ့လဲဆိုပြီး စူးစမ်းသိချင်စိတ် ဖြစ်ပေါ်မိခဲ့ပေမယ့် Xiao Yu က သူနဲ့ပတ်သတ်တဲ့ အွန်လိုင်းပေါ် တက်လာတဲ့ ဘယ်သတင်းတွေကိုမှ ဖတ်လို့မရအောင် တားမြစ်ကန့်သတ်ထားလေတယ် ။ သို့ပေငြားလည်း Tang Feng ဟာ မဆုတ်မနစ် ဇွဲထက်သန်တဲ့သူ တစ်ယောက်ဖြစ်ပြီး နဂိုကတည်းက ခေါင်းမာတဲ့လူတစ်ယောက် ဖြစ်နေလေတော့ Xiao Yu စကားကို ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ပြန်ထုတ်ပစ်လိုက်တယ် ။ သိချင်စိတ် တစ်ဝက်နဲ့ လူသိများတဲ့ သတင်းအချက်အလက် နှီးနှောဖလှယ်ရာ web page တစ်ခုကို ဖွင့်ကြည့်ကြည့်လိုက်တယ် ။ တော်တော်များများဟာ သူနဲ့ပတ်သက်လို့ ပြောဆိုဝေဖန် ဆွေးနွေးနေကြပြီး အားလုံးနီးပါးဟာ သူ့ကို ပြစ်တင်ဝေဖန်ရူံ့ချတဲ့ စကားတွေပဲ ဖြစ်နေလေတယ် ။

ရေးသားထားတဲ့ comments တချို့ကို ဖတ်မိပြီး ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်မိတယ် ။

" ငါထင်နေတာက မင်း အဲ့ဒီ comments တွေဖတ်ပြီးရင် အကြီးအကျယ် ပေါက်ကွဲသွားမယ် ထင်တာ ။ အရင်တုန်းကဆို တစ်ယောက်ယောက်က မင်းမကောင်းသတင်း တစ်ခုလောက် ပြောမိတာနဲ့  ကြက်ခေါင်းဆိတ်မခံ မပြီးနိုင်မစီးနိုင် ပြန်ရန်တွေ့နေတော့တာပဲ ။ "

သာယာကြည်နူးဖွယ်ရာ မနက်ခင်းအချိန်အခါလေးမှာ Lu Tian Chen ဟာ အိမ်နေရင်း အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး သတင်းစာကို ဖတ်ရူနေရင်းနဲ့ အခုလို မှတ်ချက်ပြုလိုက်တယ် ။ ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ သတင်းခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ နူတ်ခမ်းထောင့်စွန်းထက်မှာ အေးစက်စက်အပြုံးတစ်ခု ခေတ္တခဏ ပေါ်ပေါက်လာခဲ့လေတယ် ။

" ဒီလိုဆိုရင် အဲ့ဒီအချိန်တုန်းက ခင်ဗျား ကျွန်တော်နဲ့ ပတ်သက်ပြီး တော်တော်လေးကိုမှ မျက်စိစပါးမွှေးစူးခဲ့မှာပဲ ထင်တယ် ။ "

Tang Feng ဟာ စားပွဲထက်မှာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မနက်စာထဲက နို့ဖန်ခွက်ကို ကောက်ယူလိုက်ပြီး ခေါင်းငုံ့ကာ တစ်ငုံသောက်လိုက်တယ် ။

ဖတ်ရူနေတဲ့ သတင်းစာကို အောက်ကို ပြန်ချလိုက်ပြီး Lu Tian Chen ဟာ Tang Feng ကို တစ်ချက် ကြည့်လိုက်တော့ အဲ့ဒီအမျိုးသားလေးရဲ့ နူတ်ခမ်းတစ်ဝိုက်မှာ အဖြူရောင် ခရင်မ်တွေဟာ ပေကျံလို့နေတာ တွေ့လိုက်ရတယ် ။ Tang Feng ဟာ လျှာနဲ့ နူတ်ခမ်းတစ်ဝိုက်ကို ပေါ့ပေါ့ပါးပါးပဲ လျှက်လိုက်ပေမယ့်လည်း လုံးဝပြောင်မသွားပဲ အနည်းငယ် ကျန်နေသေးသလို စိတ်ထဲ ခံစားမိတယ် ။ လက်သုတ်ပဝါတစ်ထည်ကို ကောက်ယူလိုက်ပြီး နူတ်ခမ်းတစ်ဝိုက်ကို သုတ်ပစ်လိုက်လေတယ် ။

" အတိတ်ဆိုတာ အတိတ်မှာပဲ ပြီးသွားပြီ ။ အခု မင်းရဲ့ လက်ရှိပုံစံ အနေအထားက အားလုံး အဆင်ပြေနေပြီပဲ ။ ဒါနဲ့ online မှာ မင်းကို ရူတ်ချထားတဲ့ အရေးအသားတွေနဲ့ ပတ်သက်ပြီး မင်းစိတ်ထဲ ဘယ်လိုနေလဲ ? "

Tang Feng ရဲ့ နူတ်ခမ်းကို ငေးစိုက်ကြည့်နေတဲ့ အကြည့်ကို ပြန်လည် သိမ်းယူလိုက်ပြီး သတင်းစာကို ဒုတိယအကြိမ် ပြန်လည်ကောက်ကိုင်လိုက်ကာ Lu Tian Chen အခုလို ပေါ့ပေါ့ပါးပါးပဲ အမေးထုတ်လိုက်တယ် ။

" စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တာပဲ ။ အဲ့ဒီပြောဆိုနေတဲ့အထဲ တချို့က ကျွန်တော်နဲ့ အပြင်မှာ ရင်းရင်းနှီးနှီး သိကျွမ်းနေသလိုလို ပုံစံမျိုး ဖမ်းထားကြတယ် ။ တချို့ကျတော့ ကျွန်တော်က Ge Chen ကို ဘယ်လိုတွေ အနိုင်ကျင့်ခဲ့တာပါဆိုပြီး သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိနေသယောင်ယောင် ရေးထားကြပြန်တယ် ။ တချို့ကျပြန်တော့လည်း ကျွန်တော့်အကြောင်းကို တရားလွန် ချီးမွမ်းခန်း ဖွဲ့နေကြပြန်တယ်လေ ။ ဒီလူတွေအားလုံးက သူတို့ရဲ့စိတ်ထဲက ထင်မြင်ခန့်မှန်းချက်တွေကို အခြေခံပြီးတော့ သူတို့ကိုယ်ပိုင် " Tang Feng " တစ်ယောက်ကို ဖန်တီးနေကြတာ ။ "

Lu Tian Chen နဲ့ အတူတူ အမိုးတစ်ခုအောက်မှာ အတူနေထိုင်ရတဲ့ အချိန်ကစပြီး မနက်ခင်းတိုင်းမှာ အခုလိုမျိုး မနက်စာကို အတူတူ သုံးဆောင်ခဲ့ကြပေမယ့် အချိန်တိုင်းနီးပါးဟာ တစ်ယောက်နဲ့ တစ်ယောက်ကြား နေရထိုင်ရခက်နေပြီး အမြဲလိုလို စကားသံကင်းမဲ့နေခဲ့ရတယ် ။ အဲ့ဒီအတွက်မို့ Tang Feng ဟာ အားအနည်းငယ် စိုက်ထုတ်ပြီး သူ့ရဲ့ သူဌေးဖြစ်သူနဲ့ စကားစမြည် ပြောဆိုဖို့ ဆုံးဖြတ်ချက် ချလိုက်တယ် ။

Lu Tian Chen နဲ့ ပထမဆုံးအကြိမ် စဆုံခဲ့တဲ့အချိန်မှာ Tang Feng ရဲ့စိတ်ထဲ သိပ်ပြီး သဘောမတွေ့ခဲ့မိပေမယ့်လည်း ဒီလောက်လေးနဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူအကဲမဖြတ်လိုက်ပါဘူး ။ လူတစ်ယောက်ရဲ့ အကြောင်းကို သေချာနားလည်ဖို့ဆိုရင် အဲ့ဒီလူနဲ့ အတူ အချိန်တချို့ ကုန်ဆုံးပြီး စကားစမြည် ပြောဆိုဖို့ရာ လိုအပ်သေးတယ် ။

အားလုံးကို အနှစ်ချုပ်လိုက်တဲ့ အခါမှာ Lu Tian Chen ရဲ့ ပြစ်ချက်လေးတွေဟာ သူ့အောင်မြင်မူတွေရဲ့ အဓိကသော့ချက် ဖြစ်လို့နေတာကို တွေ့လိုက်ရတယ် ။ Lu Tian Chen ဟာ တိကျပြတ်သားတယ် ၊ သနားကြင်နာခြင်း ကင်းမဲ့တယ် ၊ အရေးမပါတဲ့ အရာတွေကို ဥပေက္ခာပြုတက်တဲ့ အကျင့်ရှိတယ် ။ လူတစ်ယောက်ကို သူ နှစ်သက်ရင် ဖြစ်ဖြစ် ၊ မုန်းတီးရင် ဖြစ်ဖြစ် စိတ်ထဲမှာ ဟန်ဆောင်ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်း ဗြောင်ပြောဆိုတက်တယ် ။

" အဲ့ဒီ သူစိမ်းတရံတွေရဲ့ ထင်မြင်ချက်တွေက မင်းအတွက် အရေးပါလို့လား ? "

Lu Tian Chen ဟာ Tang Feng ကို တစ်ချက်ကြည့်လိုက်တယ် ။

" လူတွေက မင်းကို အထင်လွဲပြီး အပြစ်တင်ရူံ့ချနေကြတယ် ။ မင်းဘာလို့ သရုပ်ဆောင်အလုပ်ကို လုပ်နေရလဲဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ မသိပဲ မင်း ထိခိုက်နာကြဉ်အောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတယ် ။ အခြေအနေက ဒီလိုမျိုး ဖြစ်နေတာတောင် မင်းအခုလို ဘယ်လိုများ သွေးအေးအေး နေနေနိုင်ရတာလဲ ? "

Tang Feng ခေါင်းကို ခါလိုက်ပြီး အဖြေပြန်ပေးလိုက်တယ် ။

" ကျွန်တော်လည်း သူတော်စင် တစ်ယောက်မှ မဟုတ်တာ ။ သေချာပေါက် စိတ်ထဲမှာ ထိခိုက်မိတာပေါ့ ။ တစ်နေ့ကတင် online မှာ မှတ်သားဖို့ကောင်းတဲ့ စကားတစ်ခွန်း ဖတ်ခဲ့ရတယ် ။ " မင်း ငြိမ်ငြိမ်သက်သက်လေး နေမနေဘူးဆိုရင် မင်းရဲ့ balls တွေပဲ နာကြဉ်ရလိမ့်မယ် " တဲ့ ။ အခု ရေးသားထားကြတာတွေဟာ လူတစ်ဖက်သားအပေါ် ကိုယ်ချင်းမစာပဲ လက်လွတ်စပယ် ပြောဆိုနေကြတာဆိုပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးမယ့်လူ တစ်ယောက်မှမရှိဘူးဆိုတာ လုံးဝမယုံကြည်ဘူး ။ ကျွန်တော့်ကို နားလည်နိုင်တဲ့သူ ၊ ယုံကြည်ပေးတဲ့သူ ၊ စိတ်ပူပေးတဲ့သူ ၊ ဘေးနားကနေ ရပ်တည်ပေးမယ့်သူ ဆိုတာ တစ်ယောက်ယောက်တော့ ရှိနေဦးမှာပဲ ။ ကျွန်တော် ဘာတွေ လုပ်ခဲ့တယ် ၊ မလုပ်ခဲ့တယ်ဆိုတာ အချိန်တစ်ခုရောက်လာရင် အားလုံး သိသွားကြမှာပဲ ။ "

" သတင်းတွေ ရေးထားတာတွေကလည်း မှန်တာတွေလည်း ဖြစ်နိုင်သလို ၊ လုပ်ကြံဖန်တီးထားတာတွေလည်း ဖြစ်နိုင်တယ် ။ လူအနည်းစုလောက်ကိုတော့ သူတို့တွေ လိမ်ချင်လိမ်လို့ ရလိမ့်မယ် ။ ဒါပေမယ့် သူတို့တွေ ပြည်သူတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အရမ်းအထင်သေးလွန်းနေတယ် ။ အားလုံးကို ယုံကြည်လာအောင် လုပ်လို့မရဘူး ။ "

Tang Feng ဟာ သူ့ရဲ့ အတွေးကို ရိုးရိုးသားသားပဲ ဖွင့်ပြောပြလိုက်တယ် ။ တခြားသူတွေ သူ့ကို ဘယ်လိုတွေ ထင်မြင်သွားကြမလဲဆိုပြီး ဘဝမှာ တစ်ခါမှ ကြောက်ရွံစိတ် မရှိခဲ့ဘူး ။ သူစိုးရိမ်တဲ့ တစ်ခုတည်းသောအရာက သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ အောက်ခြေရောက်နေတဲ့ သူ့ရဲ့ ဘဝကို ပြန်မြင့်တင်နိုင်ပါ့မလား ဆိုတာကိုပဲ ။

ပရိသတ်ကို အသိဥာဏ်နိမ့်တဲ့ မျောက်တစ်ကောင်လို လှည့်ကွက်တွေသုံးပြီး လှည့်စားဖို့ ကြိုးစားတဲ့လူတွေဟာ တစ်နေ့ကျရင် တူသောအကျိုး ပြန်ခံစားရပြီး အလှောင်ပြောင်ခံကြရမှာပဲ ။

" မင်းဘက်က အခုလို စိတ်ထားမျိုး ထားတယ်ဆိုတာ ကြားရတော့ ဝမ်းသာပါတယ် ။ " True Star Training Class " ရဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန်ကျရင် လုပ်မယ် ။ အဲ့ဒီတော့ ဒီနေ့ မင်း အိမ်မှာပဲ အေးဆေးနားနေတာ ကောင်းလိမ့်မယ် ။ ငါ PR department နဲ့ တွေ့ပြီး online နဲ့ သတင်းစာတွေမှာ ပျံ့နေတဲ့ သတင်းတွေကို ဖြေရှင်းခိုင်းလိုက်မယ် ။ "

Tang Feng အနေနဲ့ အိမ်မှာ တစ်ရက်လောက် အောင်းနေဖို့က သိပ်ပြသနာကြီး တစ်ခုတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သူအနေနဲ့ ပြောဖို့ရာ တချို့ ကျန်နေသေးတယ် ။

" ကျွန်တော့်အနေနဲ့ ကုမ္ပဏီဘက်ကနေ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး ကာကွယ်ပေးမယ်လို့ ယုံကြည်တယ် ။ နောက်ပြီးတော့ ခင်ဗျားဟာ အားကိုးအားထား ပြုလောက်တဲ့ သူဌေးကောင်းတစ်ယောက် ဖြစ်တယ်လို့လည်း ယုံကြည်တယ် ။ ပရိသတ်တွေရဲ့ ဝေဖန်ထောက်ပြချက်တွေကို ကျွန်တော့်စိတ်ထဲ တန်ဖိုးထား လက်ခံပေးနိုင်ပေမယ့် တမင်ထိခိုက်အောင် ရည်ရွယ်ပြီး တိုက်ခိုက်တာတွေကိုတော့ လက်သင့်မခံနိုင်ဘူး ။ "

Tang Feng ဟာ စားပွဲကနေ ထရပ်လိုက်ပြီး Lu Tian Chen ကို တောက်ပတဲ့ အပြုံးနဲ့ ပြုံးပြလိုက်လေတယ် ။

" President Lu.... ကျွန်တော် ခင်ဗျားကို ယုံကြည်လို့ရနိုင်မလား ? "

" အလုပ်နဲ့ ပတ်သတ်တာဆိုရင်တော့ မင်းငါ့ကို ယုံကြည်ထားနိုင်တယ် ။ "

T.S note....ဒါဆို တခြားဟာဆို ဆင်ကြံကြံမယ်ပေါ့ ။ Lu ကြီးနော် ။ စကားက ဟိုချိတ် ဒီချိတ်နဲ့

.......................

အိမ်မှာပဲနေဖို့ အမိန့်ပေးခံထားရလို့ Tang Feng ဟာ Lu Tian Chen ရဲ့ လှပခန့်ညားတဲ့ ပန်းဥယာဉ်ကြီးမှာ အနားယူအပန်းဖြေရင်း နေ့လည်ခင်း လက်ဖက်ရည်ကို သောက်သုံးလို့ နေလေတယ် ။ ဒီလို အနားယူရင်းနဲ့ tablet ကနေ နိုင်ငံတကာ သတင်းအကြောင်းအရာတွေကို ဖတ်ရူကြည့်လို့နေလေတယ် ။ သူ သေဆုံးသွားခဲ့ရတဲ့ အချိန်က တော်တော်ကြာသွားခဲ့ပြီဆိုတော့ကာ သူနဲ့ ပတ်သတ်တဲ့ သတင်းတွေဟာ တဖြည်းဖြည်းချင်း မှေးမှိန် ပျောက်ကွယ်လို့ သွားခဲ့လေပြီ ။

သူ့အပေါ် နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့တဲ့ သူစိမ်းတွေရဲ့ သူ့အပေါ် ထင်မြင်သုံးသပ်ချက်တွေကို စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး ။ သို့ပေမယ့်လည်း သူ့ရဲ့ သူငယ်ချင်းတွေရဲ့  အခြေအနေကို အရမ်းပဲ သိချင်နေမိတယ် ။ သူ့ရဲ့ နူတ်မဆက်ပဲ ရုတ်တရက် ခွဲခွာသွားခဲ့ခြင်းဟာ တချို့သော သူ့ရဲ့ မိတ်ဆွေတွေအပေါ်မှာ နက်ရိုင်းတဲ့ ဝေဒနာ ဖြစ်ပေါ်စေခဲ့ရတယ် ။ သူတို့တွေ ရေးသားထားကြတဲ့ အမှတ်တရစကားတွေကို ဖတ်ရင်းဖတ်ရင်းနဲ့ ဘဝဟောင်းက နှလုံးရောဂါ တစ်ဖန်ပြန်ရသလို Tang Feng ခံစားလာရတယ် ။ အရင်တုန်းကလို စူးအောင့်တဲ့ နာကျင်မူမျိုး သူ့နှလုံးသားမှာ ခံစားလာခဲ့ရတယ် ။

" Michael Gino ? "

သူ့ရဲ့ ရုတ်တရက် သေဆုးံခြင်းအတွက်  များပြားလှတဲ့ နူတ်ဆက်စကားတွေ ကြားထဲမှာမှ Tang Feng ဟာ သူနဲ့ ဘယ်တုန်းကမှ အစေးမကပ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွားမိခဲ့တယ် ။ 

ကမ္ဘာကြီးအတွက် အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဆုံးရူံးသွားခဲ့ရပြီ ။ ကျွန်တော့်အတွက်လည်း အရေးပါတဲ့ သူငယ်ချင်းကောင်း တစ်ယောက် ဆုံးရူံးခဲ့ရပြီ ။

~~~~ Michael Gino

အမျိုးအမည် ခွဲခြားရခက်တဲ့ ခံစားချက်တစ်ခု ရင်ထဲမှာ ပေါ်ပေါက်လာပြီး Tang Feng သက်ပြင်းချမိလိုက်တယ် ။ ဒီစာသားကို ရေးသားနေတဲ့အချိန် Gino ရဲ့ စိတ်ထဲ ဘယ်လိုခံစားနေရမယ်ဆိုတာ Tang Feng သေချာတော့ မသိပါဘူး ။ ဒါပေမယ့်လည်း ဖတ်မိပြီးတဲ့ နောက်ပိုင်းမှာ Gino အပေါ် ထင်နေခဲ့တဲ့ အမြင်တွေဟာ ပြောင်းလဲသွားခဲ့တယ် ။

သူတို့နှစ်ယောက်ဟာ အမြဲယှဉ်ပြိုင်နေကြတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ပေမယ့်လည်း ပြိုင်ဘက်ဆိုတာဟာ တစ်ယောက်ရဲ့ အကြောင်းကို ကျန်တစ်ယောက်က နားလည်အနိုင်ဆုံးပဲလေ ။ အဲ့ဒီလို နားလည်တဲ့အတွက်မို့ တစ်နည်းဆိုရရင် သူတို့နှစ်ယောက်ဟာ သူငယ်ချင်းမိတ်ဆွေတွေလို့ သတ်မှတ်လို့ ရလေတယ် ။

Gino ရဲ့ မိုင်တွေညိုးငယ်နေတဲ့ ဓာတ်ပုံဟာ သတင်းစာသားနဲ့ အတူ တွဲလျက်ပါလာတယ် ။ ဟန်ဆောင်နေတဲ့ အမူအယာမျိုး မဟုတ်ချေဘူး ။ သရုပ်ဆောင်တစ်ယောက် ဖြစ်နေလို့ Tang Feng ဟာ လူတစ်ယောက် သူ့ရဲ့ ခံစားချက် အစစ်အမှန်ကို ဖော်ပြနေတာလား ၊ ဟန်ဆောင်နေတာလားဆိုတာ ကောင်းကောင်းကြီး သိတယ် ။ Gino ကတော့ ဟန်ဆောင်နေတာမျိုး မဟုတ်ဘဲ သူ့ရဲ့ မျက်ဝန်းထဲက ဝမ်းနည်းကြေကွဲနေမူဟာ မြင်ရသူရဲ့ ရင်ထဲကိုပါ ထပ်တူထပ်မျှ ခံစားသွားစေရတယ် ။

" Gino..... "

Tang Feng ဟာ ခေါင်းကို ခါယမ်းလိုက်ပြီး tablet ကို ပြန်ပိတ်လိုက်လေတယ် ။

.........................

True Star Training Class ရဲ့ သတင်းစာရှင်းလင်းပွဲကို နောက်တစ်နေ့ နေ့လည် သုံးနာရီတိတိမှာ ကျင်းပခဲ့လေတယ် ။ ပါဝင်ကြမယ့် ကုမ္ပဏီ သုံးခုလုံးက Presidents တွေဟာ သူတို့ရဲ့ သင်တန်းသားတွေနဲ့ ပွဲအခမ်းအနားကို တက်ရောက်လာကြတယ် ။ ဒီနေ့မတိုင်ခင် ဘယ်သူ့ဘယ်သူကမှ သင်တန်းမှာ တက်ရောက်မယ့် လူတွေ ၊ သင်ကြားမယ့် ပုဂ္ဂိုလ်တွေကို ကြိုတင်သိထားခြင်း မရှိလေဘူး ။ အခမ်းအနားကို ရောက်ရှိလာပြီး တက်ရောက်လာကြတဲ့ လူတွေကို မြင်တွေ့လိုက်ရတဲ့ အချိန်ကျမှပဲ သတင်းထောက်တွေဟာ ဘာအတွက်ကြောင့်မို့ အခု training class ကို " True Star " ဆိုတဲ့ အမည်နာမ ပေးထားရတာလဲဆိုတဲ့ အကြောင်းရင်းကို နားလည်သွားတော့တယ် ။ ဒီသင်တန်းမှာ ပါဝင် သင်ကြားပေးဖို့ စုစည်းထားတဲ့ မယုံကြည်နိုင်လောက်စရာ ကောင်းလှတဲ့  နည်းပြတွေရဲ့ အမည်စာရင်းကို တွေ့လိုက်ရချိန်မှာ နောက်တစ်ခါ ထပ်မံ အံ့သြမှင်သပ်သွားခဲ့ရပြန်တယ် ။

နည်းပြတွေ ကိုယ်တိုင်ကိုယ်ကျ အခုပွဲအခမ်းအနားကို ကြွရောက် ချီးမြင့်ခြင်းတော့ မရှိပါဘူး ။ သို့ပေငြားလည်း ပရိုဂျက်တာနဲ့ ပြသထားတဲ့ သူတို့ရဲ့ အမည်နာမဟာ ပွဲတစ်ခုလုံးကို ကောင်းကောင်းကြီး ဆူပွက်သွားစေခဲ့တယ် ။ Tang Feng ကိုယ်တိုင်တောင်မှ ဒီနာမည်တွေ မြင်လိုက်ရတော့ အံ့သြမှင်သက်သွားမိခဲ့တယ် ။

အဆို ၊ ကာယကြံ့ခိုင်ရေး ၊ အက ၊ ကျင့်ဝတ်ထုံးထမ်း ၊ သရုပ်ဆောင်ခြင်း အတတ်ပညာရပ်တို့အတွက် စုစည်းပေးထားတဲ့ နည်းပြတွေဟာ သူတို့နဲ့ သက်ဆိုင်ရာ နယ်ပယ်ရပ်တွေမှာ သြဇာအရှိန်အဝါ ကြီးမားပြီး ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြလေတယ် ။ အချို့ရဲ့ နာမည်ကို Tang Feng အရင်ကတည်းက ကြားဖူးခဲ့ပေမယ့် အပြင်မှာ တွေ့ဆုံဖို့ရာ အခွင့်အရေး မရခဲ့လေဘူး ။ အချို့ကိုတော့ ရုပ်ရှင်တွေ ၊ ကြော်ငြာတွေမှာ အတူလက်တွဲ လုပ်ခဲ့ဖူးပြီး အချို့ကတော့ သူ့ဘဝမှာ အားကျလေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လို့နေလေတယ် ။

သရုပ်ဆောင် ပညာကို သင်ကြားပြသပေးမယ့် နည်းပြ Leary ဟာဆိုရင် international star တစ်ယောက်ဖြစ်ပြီး ကြော်ကြားတဲ့ ရုပ်ရှင်ဆုချီးမြင့်ပွဲ တော်တော်များများမှာ ထူးချွန်ဆုတွေ ရရှိခဲ့တဲ့ သရုပ်ဆောင်ကြီး တစ်ဦး ဖြစ်လေတယ် ။

အစပိုင်းမှာတုန်းကတော့ Tang Feng ဟာ အခုသင်တန်းနဲ့ ပတ်သတ်ပြီး သိပ်ပြီး ကြီးကြီးမားမား အရေးမထားခဲ့ပေမယ့် ၊ နည်းပြတွေရဲ့ အမည်ကို ဖတ်လိုက်ရပြီးပြီးချင်းမှာပဲ သူ့ရဲ့ ခံယူချက်တွေ လုံးဝ ပြောင်းလဲသွားလေတော့တယ် ။ အတိတ်ဘဝတုန်းက သူ့အတွက် အရေးပါခဲ့တဲ့ လူတွေနဲ့ နောက်တစ်ကြိမ် ဆုံစည်းဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ပြီ ။ လက်ရှိ အခြေအနေ နဲ့ အနေအထား သွင်ပြင်ဟာ အရင်နဲ့ ဘာမှမတူ ခြားနားနေပေမယ့်လည်း နှလုံးသားထဲကနေ တလိုက်လိုက် တက်လာတဲ့ စိတ်အားတက်ကြွမူတွေကို ထိန်းချုပ်လို့မရ ဖြစ်လို့နေလေတယ် ။

Lu Tian Chen ၊ Charles နဲ့ Su Qi Cheng တို့လည်း ပွဲကို တက်ရောက်လာကြတယ် ။ အထူးဧည့်သည်တော် အနေနဲ့ ဖိတ်ကြားထားတဲ့ Ge Chen လည်း ပွဲကို တက်လာခဲ့တယ် ။ Training class နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မေးမြန်းတာအပြင် သတင်းထောက်တွေဟာ Ge Chen နဲ့ Tang Feng ကြားမှာရှိတဲ့ ပဋိပက္ခ ကိုလည်း မေးမြန်းဖို့ရာ မေ့လျော့မနေကြပါဘူး ။

သို့ပေမယ့်လည်း Lu Tian Chen ဟာ ကာယကံရှင် နှစ်ယောက်လုံးကို ပြန်လည်တုံ့ပြန်ချေပဖို့ အခွင့်အရေး မပေးခဲ့လေဘူး ။

" မနေ့ကတက်လာတဲ့ သတင်းတွေ အကုန်လုံးက ကောလဟာလတွေချည်းပဲ ။ Tian Chen Entertainment ရဲ့ ဥပဒေရေးရာဌာနကနေပြီးတော့ အချက်အလက် မှန်မမှန် ဝေဖန်ဆန်းစစ်ခြင်း မရှိဘဲ အခြေအမြစ်မရှိတဲ့ သတင်းတွေ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့တဲ့ သတင်းစာတွေ ၊ မဂ္ဂဇင်းတွေကို တရားဥပဒေနဲ့ အညီ ပြန်လည် တရားစွဲဆိုသွားမှာပါ ။ ဒီနေ့ပွဲ အခမ်းအနားကို ကြွရောက်ချီးမြင့်လာတဲ့ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို တလက်စတည်း ကြေငြာစရာရှိပါတယ် ။ Tang Feng ဟာ Tian Chen Entertainment ရဲ့ သာမန်ဝန်ထမ်းတစ်ယောက် မဟုတ်ပါဘူး ။ ဒီလုပ်ငန်းစုကြီး တစ်ခုလုံးမှာ အဓိကပါဝင်ပတ်သတ်နေတဲ့ အရေးပါအရာရောက်တဲ့ ကုမ္ပဏီရဲ့ image ပဲဖြစ်တယ် ။ Tang Feng ကို ရင်းနှီးတဲ့ လူတိုင်းဟာ သူဘယ်လို လူမျိုးဆိုတာ ကောင်းကောင်းကြီး သိထားပါတယ် ။ Ge Chen နဲ့ Tang Feng ပင်လယ်ထဲ ပြုတ်ကျခဲ့ရတာကလည်း မတော်တဆ ဖြစ်ရပ်သာ ဖြစ်တယ် ။ Tang Feng ဘက်ကနေပြီး Ge Chen ကို ပင်လယ်ထဲ ပြုတ်ကျအောင် အကွက်ကျစီမံလုပ်ခဲ့တယ်ဆိုတာ လက်မခံနိုင်တဲ့ အခြေအမြစ်မရှိတဲ့ ကိစ္စပါ ။ ဒီမတော်တဆမူကြောင့် Tang Feng ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ လအတော်ကြာ တက်ရောက်ခဲ့ရတယ် ။ လွန်ခဲ့တဲ့ လကမှ ဆေးရုံက ပြန်ဆင်းလာခဲ့ရတာ ။ "

Lu Tian Chen ဟာ သတင်းထောက်တွေကို အပြုံးနဲ့ ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ကြေငြာလိုက်လေတယ် ။

" မတော်တဆမူနဲ့ ပတ်သတ်ပြီး တကယ့် အဖြစ်အမှန်ကို ခင်ဗျားတို့ဘက်က သိချင်တယ်ဆိုရင် ကာယကံရှင် Ge Chen ကို အခု တိုက်ရိုက် မေးခွန်းထုတ်နိုင်ပါတယ် ။ "

လက်နဲ့ အသာတစ်ချက်ပုတ်ပြီး Lu Tian Chen ဟာ ဘောလုံးကို Ge Chen ဘက် ပစ်ထုတ်ပစ်လိုက်တယ် ။

Tang Feng ဟာ Lu Tian Chen က သူ့အတွက် ပြောဆိုပေးတာကို ဝမ်းသာမိရသလို ၊ မြားဦးကို Ge Chen ဘက် လှည့်ပေးလိုက်တာကို တွေ့လိုက်ရလို့ ရယ်ချင်စိတ်တွေ ကျလိကျလိ ဖြစ်လာမိတယ် ။ Ge Chen တစ်ယောက် သူ့ရဲ့ ဖြူစင်ရိုးသား ၊ အပြစ်ကင်းစင် ၊ ချောမောခန့်ညားပြီး ကြင်နာတက်တယ်ဆိုတဲ့ ပုံရိပ်ကို အခု ဘယ်လိုဘယ်ပုံ ဆက်ပြီး ထိန်းသိမ်းသွားမလဲ ။ Lu Tian Chen ဘက်က ရှင်းလင်းစရာ ရှိတာကို ရှင်းလင်းသွားခဲ့ပြီး သတင်းထောက်တွေ အပေါ်ကိုလည်း ဥပဒေဆိုတဲ့ စကားလုံးနဲ့ အပေါ်ကနေ အားနဲ့ ဖိထားခဲ့လိုက်ပြီ ။ Ge Chen သာ သူ့ရဲ့ ပုံရိပ်ကို ကိုယ်တိုင် နင်းချေမဖျက်စီးချင်ဘူးဆိုရင် ၊ Tang Feng ကို လက်ညိုးလေးနဲ့တောင် ထိုးရဲတော့မှာ မဟုတ်ဘူး ။

Ge Chen ဟာ သူကိုယ်တိုင် အပင်ပန်းခံ တည်ဆောက်လာခဲ့တဲ့ သူ့ရဲ့ပုံရိပ်ကို ဒီလို လွယ်လွယ်လေး စွန့်လွှတ်ပစ်နိုင်တဲ့ လူစားမျိုးလား ? အဲ့လိုသာ လွယ်လွယ်ကူကူ လုပ်နိုင်လို့ကတော့ လူငှါးပြီး Tang Feng ကို ရိုက်နှက်ဖို့ ၊ online ပေါ် ကောလဟာလတွေ တင်ဖို့ ၊ သတင်းဂျာနယ်တွေဆီ သတင်းအမှားတွေ ပို့ဖို့ အစကတည်းက လုပ်ခဲ့မှာ မဟုတ်ဘူး ။

Lu Tian Chen က Ge Chen ကို ကြိုက်နေတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား ?

ဒီနေ့အချိန်ထိ Tang Feng ဟာ Lu Tian Chen က Ge Chen ကို ကြိုက်နေတယ်ဆိုတဲ့ အချက်ကို မှန်ကန်ကြောင်း သက်သေပြနိုင်တဲ့ ထောက်ပြစရာ အချက် တစ်ခုတစ်လေတောင်မှ မတွေ့မိလေဘူး ။

သတင်းထောက်တွေနဲ့ မျက်နှာချင်းဆိုင်ပြီး Ge Chen ဟာ သူနဲ့ ပတ်သတ်နေတဲ့ Tang Feng ရဲ့ ကောလဟာလတွေဟာ မဟုတ်မမှန်သတင်းတွေ ဖြစ်ကြောင်း ဖြေရှင်းလိုက်လေတယ် ။ နှစ်ဦးကြားမှာ အခင်အမင်မပျက် ချစ်ချစ်ခင်ခင် ဖြစ်နေဆဲဆိုတာ ပြသဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အများရှေ့မှာပဲ ပွေ့ဖက်ခဲ့လိုက်တယ် ။ Tang Feng စိတ်ထဲမှာ ရုတ်တရက်ပဲ ဖြစ်နေတဲ့ အခြေအနေနဲ့ လက်တွေ့ အခြေအနေ တလွဲစီဖြစ်နေတဲ့ အနေအထားကို တွေးမိပြီး လှောင်ရယ်ပစ်ချင်စိတ် ပေါ်ပေါက်လာမိတယ် ။

ကောလဟာလဆိုတာ စပေါ်လာပြီးရင် ပျောက်သွားတက်ကြတာပဲ ။ အဲ့ဒီအတွက် အခုကိစ္စဟာ ခပ်မြန်မြန် ဖြေရှင်းပြီးသွားတာ ဘာများဆန်းလို့လဲ ?

နောင်လာမယ့် အနာဂတ်မှာ ကောလဟာလနဲ့ အတင်းအဖျင်းစကားတွေဟာ ဒီရေလိုင်းလို သူ့ကို တိုက်ခတ် လာကြဦးမှာပဲ ။ ဒါတွေဟာ အနုပညာရှင် တစ်ယောက်ဖြစ်လာရင် ထိပ်တိုက်ရင်ဆိုင်ရမယ့် ပြသနာတွေထဲက တစ်ခုပဲ ဖြစ်လေတယ် ။ ဒီအရာတွေကနေ ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသောအရာကတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းမွန်ဆုံး ၊ အပြည့်စုံဆုံး ဖြစ်အောင် လုပ်ဆောင်နေခြင်းပဲ ။

ဒီသဘောတရားကို Tang Feng ရုပ်ရှင်ဇာတ်ကား အချို့ကို ရိုက်ကူးသရုပ်ဆောင်ခဲ့ပြီး နောက်မှာ ကောင်းကောင်းကြီး နားလည်လာခဲ့ရလေတယ် ။

........................................................................

To be continued.... Ch.64 : True Star Training Class

Continue Reading

You'll Also Like

3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
39.6K 7.2K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
402K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...