Come And Find Me ရဲ့ ဆိုလိုရင်းကို
နားလည်ကြလား မေးမိတော့ ပြန်ဖြေပြလာတာ
လေးတွေက ကိုယ်ရှင်းပြစရာမလိုတော့လောက်
အောင်ပါ။
[ Come And Find Me]
အိုဆယ်ဟွန်းဘက်ကနေ စဉ်းစားပြီးပေးဖြစ်ခဲ့တဲ့
ခေါင်းစဉ်လေးပါ ။
သူ့ရှိရာကို ၊သူ့နဘေးကို မင်ဆော့လေး လာစေချင်ခဲ့
တာပါ။ ပြောရမယ်ဆို မင်ဆော့ သူ့ကိုပြန်ချစ်ပြီး
သူ့နဘေးကိုလာစေချင်ခဲ့တာပါ။
နောက် သူ ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာရှာဖွေ
ကြည့်ခိုင်းနေတာပါ ။
သူ မင်ဆော့ကို ဘယ်လောက်ထိချစ်ပြီး သူ့ဘဝ
အတွက်မင်ဆော့ကဘယ်လောက်အရေးကြီးသလဲ
ဆိုတာ စာဖတ်သူတိုင်းသိကြမယ်ထင်ပါတယ်။
ပထမ အိုဆယ်ဟွန်းက မင်ဆော့ကိုထိခိုက်လာ
စေတဲ့လူမှန်သမျှကို နောက်ကွယ်ကနေ နှစ်ဆပြန်
နာကျင်ထိခိုက်ရတဲ့နည်းတွေနဲ့ပြန်ဆုံးမမတတ်ပါတယ်၊
ဒါကို မင်ဆော့လဲ သိနေပါပြီ။
ဒါပေမဲ့_____
ဒုတိယက အိုဆယ်ဟွန်းက မင်ဆော့ကိုလက်မလွတ်
စေရဖို့မိဘနဲ့ရင်ဆိုင်ရတဲ့ပြသာနာ ၊အခက်အခဲတွေ။
တခြားအရာထက် မိဘနဲ့ရင်ဆိုင်ရတဲ့အခါ အိုဆယ်ဟွန်းအတွက်အခက်အခဲအပင်ပန်းဆုံးပါပဲ။
ဒါပေမဲ့လဲ သူ အဆုံးထိ ဘယ်လိုရင်ဆိုင်သွားမလဲ?
စာဖတ်သူတွေလဲ ဇာတ်လမ်းမပြီးသေးလို့မသိကြ
သေးသလို မင်ဆော့လဲဒီကိစ္စတွေကိုမသိရသေး
ပါဘူး။
"ကိုယ့်ရဲ့အချစ်အားလုံး အချစ်ပိုင်ပါတယ်ကွာ"
"အချစ်မျက်နှာညှိုးတာနဲ့ကိုယ်ရင်ဘတ်တခုလုံး
ပူလောင်သွားတာ"
"မင်း သာတခုခုဖြစ်ရင် ငါ ___"
"ငါ မင်းကိုဘယ်လိုလုပ်ပေးရမလဲ ?
ကိုယ့်ကိုကိုယ်အနာတရဖြစ်အောင်မလုပ်ပါနဲ့ကွာ"
"မင်းနဲ့ပတ်သတ်လာရင်ယောင်္ကျား၊မိန်းမငါမခွဲခြား
ဘူး၊အကုန်လုံးကသူတို့လုပ်ရက်အတွက်ထပ်တူထပ်
မျှပြန်ခံစားရမှာပဲ"
"မင်းနဲ့ပတ်သတ်ရင် ငါဘာမှမမြင်တော့ဘူး
အဲ့တာကြောင့်ငါ့ကိုစိတ်ပူရအောင်မလုပ်ပါနဲ့ကွာ"
သူ့အတွက် မင်ဆော့ကဘယ်လောက်အရေးကြီး
သလဲဆိုတာ အပေါ်ကစာလေးတွေကိုပြန်ဖတ်ကြည့်
ရုံနဲ့သိကြတယ်မဟုတ်လား။
မိဘနဲ့ပါ ခက်ခက်ခဲခဲရင်ဆိုင်ရပြီး မင်ဆော့ကို
လက်မလွတ်ရဖို့ကြိုးစားရတဲ့သူ့ကို ရှာကြည့်စေချင်
တာပါ။
သူကဘယ်လိုလူမျိုးလဲဆိုတာကို?
ကဲ !မင်ဆော့ကိုလဲရှာကြည့်ခိုင်းစေချင်သလို
စာဖတ်သူတွေလဲရှာကြည့်လိုက်ပါဦး❤
ဇာတ်လမ်းနောက်ဆုံးပိုင်းထိစိတ်ရှည်လက်ရှည်နဲ့
ဖတ်ပေးပြီး လိုက်ရှာကြည့်ရအောင်နော်___။
ရှည်ကြောလွန်းတဲ့ဇာတ်လမ်းကြောင့် နောက်ဆုံး
အပိုင်းထိ ကိုယ်နဲ့တူတူဘယ်သူတွေရှိနေခဲ့မလဲ
စောင့်ကြည့်ကြတာပေါ့😁
ကိုယ်ရှင်းပြလို့ရှုပ်သွားရင်လဲ ကိုယ်နားလည်တဲ့အတိုင်း
လေးသာ မှတ်ထားလိုက်ပါတော့နော်။
စာအရေးအသားက အဲ့လိုရယ်😁
စိတ်ထဲမှာစဉ်းစားထားတဲ့အတိုင်းကွက်တိဖြစ်အောင်
ချမရေးနိုင်ဘူး။
စာဖတ်သူတယောက်ချင်းစီတိုင်းကို အရမ်း အရမ်း
ချစ်ပါတယ်💖