NO

By HsuChiKo365

4.4M 368K 14.1K

(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su M... More

About Story
ခန္႔ေသာ္ဇင္
ႏိုး
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း (၆)
အပိုင္း(၇)
အပိုင္​း(၈)
အပိုင္း(၈-၁)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္​း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
ႏိုးႏိုး
အပိုင္း(၂၄)
အပိုင္​း (၂၅)
အပိုင္း(၂၆)
အပိုင္း ၂၇
အပိုင္း(၂၈)
အပိုင္း ၂၉
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း ( ၃၂ )
အပိုင္း (၃၄)
A/N
အပိုင္း(၃၅)
အပိုင္း ၃၆
Ending Part 1
Genophobia
Ending
Extra
Extra
Extra
Extra
ေက်းဇူးတင္လႊာ
NO
အလင္းအိမ္
Pay-Day Dating
X'mas Trip

အပိုင္း(၃၃)

57.5K 6.3K 317
By HsuChiKo365

"မင္း ကို ေဘာလံုးအသင္းထဲမွာ ငါဘယ္လိုစိတ္နဲ႔
ထားရဲေတာ့မလဲ? ေသာ္တာႏိုးေဝ ရာ ေမြးမိတာ
ငါးပါးေမွာက္တယ္"

ကြ်န္ေတာ္ ေဖေဖ့စကားကို ရုတ္တရက္နားမ
လည္...ရွင္းျပမယ့္သူလည္းမရွိ။ တရႈတ္ရႈတ္ငိုေန
ေသာ ေမေမႏွင့္ ေခါင္းငံု႕အံ့ႀကိတ္ေနေသာ ကိုႀကီးသည္လည္း အိမ္ဦးနတ္ေရွ႕ ေတမိတရား
က်င့္ႀကံျပႀကသည္။

"အဲ့ဒါ မင္းေႀကာင့္ကြ။ ေယာက်ာ္းေလးကို
ေယာက်ာ္းေလးကို မထားခဲ့လို႕ ျဖစ္တာ။ ကေလးပဲ ကေလးပဲ နဲ႔ လုပ္ႀကတာ။ အဲ့ဒါ အငံု႕စိတ္ထည့့္္ေပးလိုက္တာနဲ႔ အတူတူပဲ..."

"သားခုလိုျဖစ္တာ ဘယ္သူ႔အျပစ္မွ မဟုတ္
ဘူးေဖႀကီး။ ေမေမ့ အျပစ္မဟုတ္ဘူး။ သား မွာ
လည္း ဘာအငံု႕စိတ္မွလည္း မရွိဘူး။သား ေမေမ့ကို ေျပာျပျပီးျပီ။ ေမေမ ေျပာျပလိုက္ေလ"

ေမေမဘာမွ မေျပာ။ ပို၍ ရႈိက္သာ ငိုေနေတာ့၏။

"ဒါဆို ဘာလို႔ မင္း ေယာက်ာ္းတစ္ေယာက္ကို
ႀကိဳက္ပါတယ္လို႕ အေမေတြ အစ္ကိုေတြေရွ႕
ေျပာရလဲ? ဟမ္ မင္းမရွက္ဘူးလား?"

"ေယာက်ာ္းတစ္ေယာက္ကို ႀကိဳက္တာမဟုတ္ဘူး
ကြ်န္ေတာ္ကိုခန္႔ကိုခ်စ္တာ။ သူ႔လို
ဘယ္သူ႔ကိုမွ မခ်စ္ဘူး။ သူ႕ပဲခ်စ္တာ...သူ
သားကို ခ်စ္တာလည္းသားသိတယ္။ အဲ့လို ္ုခ်စ္လို႕ ျပန္ခ်စ္မိခဲ့တာ ေပမယ့္ အဲ့ဒါကလည္း
သူျဖစ္ေနလို႔ပါ။ တျခား လူေတြဆို သား
လက္ခံႏိုင္မွာ မဟုတ္ဘူး။ ေသခ်ာတယ္
ေယာက်ာ္းျဖစ္ေနတဲ့ ကြ်န္ေတာ့္ကို တျခား
ေယာက်ာ္္းတစ္ေယာက္ကသာ သူ႕လို လာေျပာ
ႀကည့္  သားဘယ္လိုမွ လက္ခံလို႕ရမွာ
မဟုတ္ဘူး။ Bro ကိုလည္း
မျဖစ္ႏိုင္ေလာက္ဘူးဆိုျပီး ထိန္းခ်ဳပ္
ေနတဲ့ႀကားက  သူျဖစ္ေနလို႕ သားလည္းျပန္ခ်စ္မိ
သြားတာ..."

ေဖႀကီး ဆြံ႕အ သြားတာမ်ိဳးလား မေျပာတတ္။
ေမေမ့ေဘးမွာ ေျခပစ္လက္ပစ္ ထိုင္ခ်သည္။

"မင္း ဘယ္အခ်ိန္တည္းက ျဖစ္ေနတာလဲ
ေသာ္တာႏိုးေဝ"

အားေလ်ာ့စြာေမးလာေတာ့လည္း ကြ်န္ေတာ္
အားတက္သေရာ ရွင္းျပျဖစ္၏။

"သား လည္း ေသခ်ာမသိဘူးေဖႀကီး။ ဒါေပမယ့္...သားလည္း ဒါကို လြယ္လြယ္ကူကူ လက္ခံခဲ့တာမဟုတ္ဘူးဆိုတာ ယံုေပးပါ။
ေဖႀကီးတို႕ စိုးရိမ္ေနသလုိသား မေျပာင္းလဲပါဘူး။ ဒီအတိုင္း...ဒီအတိုင္းေယာက်ာ္းလိုပဲ ေနခ်င္တာ။
အခု Bro နဲ႔သားေႀကာင့္ ေဖႀကီးတို႕ နာမည္မထိခိုက္ရေအာင္သားတို႔ ေနမွာပါ။
အခု သားတို႕ ႏွစ္ေယာက္တြဲသြားတြဲလာလုပ္ေန
ေပမယ့္ အမ်ားအျမင္မွာလည္း ထူးဆန္းေနတာ
မွ မဟုတ္တာ။ ပံုမွန္ တျခားေယာက်ာ္းေလး
သူငယ္ခ်င္းေတြ ညီအစ္ကိုေတြ သြားလာေနထိုင္
သလို ေနႀကတာပဲ။
ဒီအခ်ိန္မွာ သား မိန္းကေလးတစ္ေယာက္ကို
ႀကိဳက္မိရင္ေတာင္ မေတာ္တဆဆိုတာမ်ိဳးေတြ
အတြက္ ေဖႀကီးနဲ႔ ေမေမစိုးရိမ္ရမွာ... ခု သားနဲ႔
Bro က ေယာက်ာ္းေလးေတြမို႕ ဘာျဖစ္ႏိုင္
ႀကမွာလဲ?"

ေဖႀကီးေရွ႕ ဒူးေထာက္ရင္းမွ ရွင္းျပေနေသာ
ကြ်န္ေတာ့္အား ေဖႀကီး ငံု႕ႀကည့္သည္။
မႈိင္းညိဳ႕ေနေသာ မ်က္ဝန္းတို႔ႏွင့္ ကြ်န္ေတာ့္ကို
အေျဖရွာသည္။ ကြ်န္ေတာ္ ေဖႀကီးကို စိတ္မခု
ေႀကာင္း ျပသည့္အေနျဖင့္ ျပန္ျပံဳးျပေတာ့...
ကိုႀကီးကို ျပန္ႀကည့္ျပန္၏။
ကိုႀကီးသည္လည္း စိတ္ေတြေလွ်ာ့ထားပံုႏွင့္
ငူငူငိုင္ငိုင္။

"ေဖႀကီး ခိုင္းသမွ် သားလုပ္မွာပါ။ အလုပ္အတြက္
လည္း မပူပါနဲ႔။ ေဖႀကီးတို႕ မ်က္ႏွာမပ်က္ေအာင္
သား ႀကိဳးစားေပးမွာပါ။ အခု Interviewလည္း
ေကာင္းေကာင္းေျဖခဲ့တယ္။ Bro နဲ႔ သိတဲ့
ဆရာေတြ ပါေနေတာ့ Bro မ်က္ႏွာလည္းရွိေတာ့
အလုပ္ထဲမွာ ျပႆနာမျဖစ္ေအာင္ေနမွာပါ။
ခုနေျပာသလို ေမြးမိတာ ငါးပါးေမွာက္တယ္
ဆိုတာမ်ိဳးေတာ့ မေျပာပါနဲ႔ ေဖႀကီးရာ...ေဖႀကီးသား ကြ်န္ေတာ္ ဘယ္တုန္းက ေဖႀကီးကို
ကလန္ကဆန္လုပ္ဖူးလို႕လဲ? ေဖႀကီးေျပာသမွ်
မိဘေတြ စိတ္တိုင္းက် သား ေနေပးခဲ့တာပဲ။
Broကို ခ်စ္မိတာ တစ္ခုနဲ႔ေတာ့ ေမြးရက်ိဳးမနပ္
ဘူးလို႕ မေျပာပါနဲ႔ဗ်ာ။ Bro ကိုခ်စ္တာ
သူမ်ား မိသားစု ျဖိဳခြဲျပီး ခ်စ္တာမ်ိဳးလည္းမဟုတ္
ပဲ..."

"ေတာ္ပါေတာ့ ေသာ္တာႏိုးေဝ ရာ...မင္း က
မိေက်ာင္းမင္း ေရခင္းျပတယ္လည္းေျပာလို႕မရ
နဲ႔..."

"သားေလး...အိပ္လိုက္ပါေတာ့လား?"

"သား Bro ကို ဖုန္းဆက္ခ်င္တယ္။ သား ဖုန္း
ျပန္ေပးပါ။ Bro စိတ္ပူေနလိမ့္မယ္။ ေမေမတို႕
ေရွ႕မွာပဲ ေျပာမယ္...ဖုန္းျပန္ေပးပါ"

"ေသာ္တာႏိုးေဝ...ဒီထက္ပိုျပီး တရားလြန္မလာ
နဲ႔ေတာ့ကြာ...သြား!မင္း အခန္းထဲ မင္းျပန္ေတာ့"

"ျမန္မာကားေတြဆန္ေနတယ္ မထင္ဘူးလား
ကိုႀကီး။ ကြ်န္ေတာ္က ရူးရူးမိုက္မိုက္ျဖစ္ေနတာ
လည္း မဟုတ္ဘူး။ ဖုန္းဆက္လို႕ မရရင္ Bro
စိုးရိမ္ေနမွာေပါ့ဗ်။ စိတ္မပူဖို႕ အေႀကာင္း ေျပာမွာ နားမေထာင္သင့္တဲ့ စကားေတြလား?"

"အႀကီးကို ျပန္မေျပာေနနဲ႔ေတာ့ ႏိုးေဝ။ မင္းကို
ငါဘာမွ မေျပာေတာ့တာနဲ႔ ေရာင့္တက္မေနန႔ဲ..."

"သားေလး...လာ ေမေမနဲ႔ အခန္းထဲသြားရ
ေအာင္"

ကုတင္ေပၚလွဲအိပ္ေသာ ကြ်န္ေတာ့္ကို အံု႔မိုး
ႀကည့္ရင္း မ်က္ရည္တြင္တြင္က်ေနေသာ ေမေမ။

"ေမေမရာ မငိုပါနဲ႔။ မိဘမ်က္ရည္က်ေအာင္
လုပ္တဲ့ သားသမီးက မေကာင္းစားဘူးဆိုျပီး
ေမေမပဲ ေျပာတာ။ အခု ေမေမငိုေနေတာ့..."

"ေမေမ ေတာင္းပန္ပါတယ္ ႏိုးႏိုးရယ္။ ေမေမ
သားကို ဂရုမစိုက္မိခဲ့ဘူး"

"မဟုတ္ပါဘူး ေမေမ။ သားေနတတ္ေနျပီပဲ
ေမေမေရာ...သားကို ေမြးရတာ ေမြးရက်ိဳးမနပ္
ဘူးလို႕ ထင္ေနလား?"

"မ...မထင္ပါဘူး သားရယ္။ ေမ့သားက ဒီေလာက္ လိမ္လိမ္မာမာေနခဲ့တာကို..."

"မစိုးရိမ္နဲ႔ေနာ္။ သား ဘာမွမျဖစ္ဘူး။ Bro
က သားကို တကယ္ဂရုစိုက္တာ။ အမွန္ေျပာ
ရင္  သားရဲ႕ ေသြးရင္းသားရင္းထဲမွာေမေမက
သားအခ်စ္ဆံုးဆိုရင္  ေသြးသားမေတာ္စပ္တဲ့
လူေတြထဲမွာ Broကလည္း သားအခ်စ္ဆံုးပဲ။
ဒါေႀကာင့္ သားအခ်စ္ဆံုး လူေတြကို သားေႀကာင့္
စိတ္မဆင္းရဲေစခ်င္ဘူး။ ဒါေႀကာင့္ ေမေမက မငို
ပါနဲ႔ေနာ္"

"အင္းပါ သားရယ္။ အင္းပါ"

ေခါင္းကို ပြတ္သတ္ေပးေနတဲ့ ေမေမ့လက္ေတြ
ႀကား ေခါင္းပိုတိုးဝင္ျပီး မ်က္လံုးေတြမွိတ္ထားမိ
တယ္။ ေမေမနဲ႔ နီးနီးကပ္ကပ္ ျပန္ေနရလို႔လား
မသိ။  Broလည္း စိတ္မပူေလာက္ဘူးဟုေတြး
မိသည္။ ကြ်န္ေတာ္တကယ္ နားခ်င္ေနျပီ။

အိပ္မက္လိုလို တကယ္လိုလိုႀကား ဝိုးတဝါးအသံ
ေတြ ႀကားသည္။

"ေမ့သားက မ်က္ကန္းတေစၦမေႀကာက္တာ"
ဆိုတဲ့ ကိုႀကီး စကားကိုႀကားရသည္။

"အားလံုးက ကြ်န္မေႀကာင့္" ဟူ၍ ငိုေနေသးျပန္
ေသာ ေမေမ့အသံ။

ေနာက္ Bellသံ... ကားသံ။ ေနဦး Bro
ေရာက္လာတာလား?

ကုတင္ေပၚ အသိစိတ္တခ်ိဳ႕တစ္ဝက္ႏွင့္ေငါက္ခနဲ ထထိုင္မိေတာ့ တကယ္ပဲ Bro ေရာက္ေနသံ။
သူ႔အသံ သိပ္တိုးေနေပမယ့္ ကြ်န္ေတာ္မွတ္မိ
တယ္။

ပြေယာင္းေယာင္းျဖစ္ေနေသာ ဆံပင္မ်ားကိုသပ္
ခ်ေနစဥ္...

"သားႀကီး စိတ္လိုက္မာန္ပါေတြ မလုပ္နဲ႔ေနာ္"

ဟူေသာ ေမေမ့၏ စိုးရိမ္တႀကီးသတိေပးသံ။

ကိုႀကီး Broကို ဘာလုပ္မလို႕လဲ?

အခန္းထဲက ထြက္သည္ႏွင့္ ပိတ္ရပ္တားဆီး
ေသာ ေဖႀကီး။

"မင္း မထြက္နဲ႔ ႏိုးေဝ။ မင္းအစ္ကို ႀကည့္ရွင္းလိမ့္
မယ္"

"ဟာ...ကိုႀကီး Bro ကို ဘယ္လိုမ်က္လံုးနဲ႔
ႀကည့္ခဲ့လဲ သားေတြ႔တယ္။ ေျပာခ်င္ရင္ အကုန္လံုးေရွ႕ ေခၚေျပာ။ သားေရွ႕ မွာေျပာ"

"ေသာ္တာႏိုးေဝ! မင္း ဘယ္လိုျဖစ္ေနလဲ?
အေဖ အေမေရွ႕ရယ္လို႕ အရွက္တရားေလး
ဘာေလးရွိပါဦးကြ"

"Bro ကို အိမ္ထဲေခၚျပီး စကားေျပာတာ။ ေဖႀကီး
တို႕ သိခ်င္တာေတြ ေမးလို႔ရတယ္။ အဲ့ဒါ မ်က္ႏွာ
နာစရာလား? ခု အိမ္ထဲေတာင္ အဝင္မခံႏိုင္ရ
ေလာက္ေအာင္ Bro က ဘာေတြ ယုတ္ညံ့ေန
လို႕လဲ"

"ငါကြာ..."

ရြယ္ျပန္ျပီ လက္ေတြ။ အမွန္ေတြေျပာတိုင္း ေဖေဖေရာ ကိုႀကီးပါ ကိုယ္ထိလက္ေရာက္
နာက်င္ေစခ်င္ႀကတာက ေယာက်ာ္းေတြမွာရွိ
ရမယ့္ ေဒါသတံု႕ျပန္မႈပံုစံလား?

ထံုးစံအတိုင္းေမေမဝင္ဆြဲရျပန္သည္။

"ေတာ္ပါေတာ့ ေဖႀကီးရယ္...သားက သားက
ကေလးေလ ေဖႀကီးရယ္။ ကြ်န္မသားကို အဲ့လို
ေတြ မလုပ္ႀကပါနဲ႔!!"

"မင္း အဲ့လိုေတြ ကာဆီးကာဆီးေတြလုပ္...သိလား။ ဒီလိုေတြျဖစ္လာတာ မင္းေႀကာင့္"

"ေမေမ့ကို မစြပ္စြဲပါနဲ႔ ေဖႀကီးရာ။ ကြ်န္ေတာ္
ေျပာတယ္ေလဗ်ာ။ ကြ်န္ေတာ္ မိန္းကေလး
အဝတ္အစားေတြဝတ္ခဲ့ဖူးတာနဲ႔ Broကို ခ်စ္တာ
ဘာမွ မဆိုင္ဘူးလို႕...ေမေမ မငိုပါနဲ႔ဗ်ာ။
ခုနကေလးတင္ သားတို႕ ေျပာထားတယ္ေလ။
ေမေမမငိုပါနဲ႔ဗ်ာ"

ေမေမ့ပါးျပင္ေပၚက်ဆင္းလာေသာအရည္ပူေတြ
ကို ႀကင္ႀကင္နာနာ သုတ္ဖယ္ေပးမိသည္။
တရားစခန္းကိုစေရာက္ခါစ ကြ်န္ေတာ္ငိုခဲ့တုန္းက
Bro မ်က္ရည္သုတ္ေပးခဲ့သလို ယုယမႈမ်ိဳး
ေမေမ့ကို ျပန္မွ်ေဝေပးျဖစ္သည္။

အိမ္ေရွ႕ျခံတံခါးဝမွာ ရွိေနသူကိုလည္း စိုးရိမ္
သည္။ ေတာင္းပန္ပါတယ္ ကြ်န္ေတာ့္လို ဘာမ
ဟုတ္တဲ့ ေကာင္ေလးကို ခ်စ္ေပးခဲ့မိလို႕ ခုလို
အတန္းတူသူငယ္ခ်င္းရဲ႕ အႏွိမ္ခံရတာ။

               >>>>>NO<<<<<

"တာရာ! ႏိုးေဝ ငိုေနတာလား? ႏိုးေဝ အသံႀကား
တယ္"

"သူ႔အေဖ သူ႕အေမနဲ႔ရွိေနတာ...ငါ့ညီဘာမွမျဖစ္
ဘူး ကိုခန္႔"

"ငါဦးနဲ႔ အန္တီ့ကို ရွင္းျပခ်င္တယ္ တာရာ"

"ကိုခန္႔...မင္း ကို ငါ ေျပာခဲ့ဖူးတယ္။ ငါ့ညီကို
ငါတို႕က ကေလးတစ္ေယာက္လို ထားခဲ့ႀကတာ
ငါတို႕အိမ္က ကေလးမို႕ ငါတို႕ေျပာတာမဟုတ္
ဘူး။ ႏိုးႏိုးက သူ႕ရြယ္တူေတြ သိတာေတြေတာင္
သူမသိတာေတြရွိတယ္"

"ႏိုးေဝ ျဖဴစင္တာ ငါသိတယ္ တာရာ။ ဒါေႀကာင့္
ငါ...ငါလည္း သူ႕ကို ျဖဴစင္ဆံုး ခ်စ္..."

"ခဏေလး ကိုခန္႕။ ငါမင္းကို ေျပာမယ္။ အခု
မင္း ဘယ္သူျဖစ္ေနလို႕ မင္းဘာျဖစ္ေနလို႕ မင္း
ကို ဒီလိုစကားေတြေျပာတယ္လို႕ မထင္ေစခ်င္
ဘူး။ ႏိုးေဝသာမဟုတ္ပဲ ဒီေနရာမွာ ညီမေလး
တစ္ေယာက္ဆို မင္းနဲ႔ငါ ခုလိုအေနအထားမ်ိဳးနဲ႔
စကားေျပာစရာေတာင္မလိုဘူး။ ငါကအရင္
ေယာက္ဖလို႕ေတာင္ စေခၚခ်င္ေခၚေနမိမွာ။
ငါေျပာတာ မင္းနားလည္တယ္မလား?"

"ငါ မင္းတို႕ထင္ေနသလို ႏိုးေဝကို ခ်စ္တာမဟုတ္
ဘူး။ ငါ အခုေျပာတာ မင္းယံုခ်င္မွ ယံုမယ္။ငါ့
ေႀကာင့္ ႏိုးေဝရဲ႕ စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုင္ရာ
ေတြ နာက်င္မွာေတာင္ ငါကေႀကာက္ေနတာ"

"စိတ္ကူးယဥ္အရမ္းဆန္တဲ့ ျဖစ္ရပ္ေတြကို ငါ
မယံုဘူး ကိုခန္႕။ မင္းသင္ထားတာေတြ ငါလည္း
တတ္ထားတယ္။ မင္းသိေနတာေတြ ငါသိတယ္
ဒါေပမယ့္ ငါ့ညီေလးက မသိဘူး ကိုခန္႔ရ။ သူက
ဒီအတိုင္း လြယ္လြယ္ေလးေျပာေနသလိုပဲ။
ဒါေပမယ့္ ငါတို႕ စိုးရိမ္တယ္ ကိုခန္႕။ သူတစ္ခု
ခုျဖစ္မွာ ဒီကေလး တစ္ခုခုျဖစ္သြားမွာ အခုခ်ိန္
မိဘေတြေရာ ငါေရာ ေႀကာက္ေနႀကတယ္။
မိန္းကေလးသာဆို ငါဒါေတြေျပာမေနဘူး ကိုခန္႔
ငါတို႕ေမြးထားတာ ေယာက်ာ္းေလး။ ျပီးေတာ့
တကယ့္ ကေလးေလးလို ခုထိထားထားရတဲ့
ငါ့ညီေလးကို ငါစိုးရိမ္တာကို မင္းကို မယံုလို႕ လို႕
ငါမေျပာခ်င္ဘူး။ ငါတို႕ စိုးရိမ္တာ။မင္းကတစ္
ေယာက္တည္း သမားဆိုေတာ့ ညီအစ္ကိုေမာင္
ႏွမသံေယာဇဥ္ကို မင္းနားလည္ခ်င္မွ နားလည္
မယ္"

"ငါ မင္းေျပာတာ သေဘာေပါက္တယ္။ ငါ ငါ
ႏိုးေဝကို တကယ္ခ်စ္တာ။ အဲ့ဒါ ဘယ္ေလာက္
ဘယ္လိုဆိုတာလည္း ငါျပဖို႕ မင္းက အဲ့လို
အခ်စ္န႔ဲ မႀကံဳဖူး မေတြ႔ဖူးရင္ ငါ့ကို နားလည္
ခ်င္မွ နားလည္မယ္။ ဒါေပမယ့္ ငါတို႕ကို အခ်ိန္
ေပးပါ။ ခုႏိုးေဝ စိတ္ဆင္းရဲေနတာလည္း ႀကည့္
ပါဦး...ႏိုးေဝ သိကၡာက်ေအာင္လည္း ငါဘာမွ
မလုပ္ဘူး တာရာ။ ခု ႏိုးေဝနဲ႔ ခဏေလာက္ေပး
ေတြ႔။ ငါ မွာခ်င္တာေလးေတြ ရွိလို႕ပါကြာ...
ခဏေလာက္ပါပဲ"

"ငါတို႕ကို အခ်ိန္ေပးပါ။ ဒါ ငါတို႕မိသားစုအတြက္
ေျဖရွင္းရခက္ေနတဲ့ ကိစၥတစ္ခုမို႕ ငါတို႕ အေဖ
ေရာ အေမေရာ ခုခ်ိန္မွာ သူတို႕သားငယ္အတြက္
တုန္လႈပ္ေနႀကတယ္။ ငါ့အေဖဆိုလည္း မင္းကို
ဘယ္မ်က္ႏွာနဲ႔ ရင္ဆိုင္ရမလဲ? မင္းေတြးႀကည့္
ေပးပါ။ ငါ ေတာင္းပန္တယ္ ကိုခန္႕။ မင္းဒီေန႔
ေတာ့ ျပန္လိုက္ပါ။ ႏိုးေဝဖုန္းလည္း ငါတို႕
သိမ္းထားတယ္။ အခ်ိန္ေပး။ အခ်ိန္တန္ရင္
ႏိုးေဝ ကိုယ္တိုင္နဲ႔ မင္းေတြ႔ခြင့္ရေစရမယ္လို႕
ငါ ကတိေပးတယ္။ အဲ့အခ်ိန္က်ရင္ ငါ့ညီေလး
ဆံုးျဖတ္ခ်က္ကို မင္းေရာ ငါတို႕မိသားစုေရာ
ႀကည္ႀကည္သာသာလက္ခံမယ္လို႕ ေတာ့ ကတိ
ေပး"

"ႏိုးေဝကို ဖိအားေတြ မေပးဖို႕လည္း မင္းကတိ
ေပးပါ"

"ငါ့ညီက ကေလးလိုေနေပမယ့္ ကိစၥတစ္ခုကို
ေတာ့ ျဖစ္သင့္၏ မျဖစ္သင့္၏ ဆံုးျဖတ္တတ္မွာပါ
ငါတို႕ဖိအားေပးလို႕ရမယ့္အရြယ္လည္း မဟုတ္
ေတာ့ဘူးေလ...ဒီေန႔ေတာ့ျပန္လိုက္ပါ။ မစိုးရိမ္ပါ
နဲ႔။ ႏိုးႏိုးက သူ႕မိသားစုနဲ႔ သူရွိေနတာပါ"

"ေက်းဇူးပါ။ ဒါေလးေတာ့ေျပာေပးပါ။ ႏိုးေဝ
အတြက္ စိတ္မပူဘူးလို႕...ဆက္ဆက္ေျပာေပးပါ
မဟုတ္ရင္ ငါစိတ္ပူေနတယ္ဆိုျပီး သူက ျပန္ျပီး
ငါ့ကို စိတ္ပူေနရမွာဆိုးလို႕ပါ။ ဒါေလးတစ္ခု
ေတာ့ ကူညီေပးပါ တာရာ"

"ေကာင္းျပီ။ ငါေျပာေပးပါ့မယ္။မင္းလည္း အလုပ္
နဲ႔ စာပဲ အာရံုစိုက္ထားပါ။ ဒီရက္ပိုင္းအတြင္း
အေျဖတစ္ခုရတာနဲ႕ ႏိုးေဝ ကိုယ္တိုယ္မင္းကို
လာေတြ႔မွာပါ"

"ေက်းဇူး တာရာ။ ငါ သြားျပီ။ ႏိုးေဝအတြက္ မုန္႔
ေတြ ယူသြားေပးပါဦး"

လက္ထဲထည့္ေပးလိုက္ေသာ မုန္႔ထုပ္ေတြကို
ႀကည့္ျပီး တာရာျပံဳးသည္။

"ကေလး မုန္႕ေပးႀကိဳက္တယ္ ထင္ရင္လည္း
မတတ္ႏိုင္ဘူး တာရာ။ ငါက ႏိုးေဝကို စိတ္ခ်မ္း
သာေစခ်င္တာ။ ႏိုးေဝရဲ႕ စိတ္ခ်မ္းမႈရေစတာက
လည္း ဒီမုန္႔ေတြျဖစ္ေနေတာ့..."

"ငါ့ညီအေႀကာင္း ငါသိပါတယ္။ မင္းလည္းေအး
ေအးေဆးေဆးနားေတာ့ ကိုခန္႔"

"ေက်းဇူးပါ တာရာ"

ထြက္ခြာသြားေသာကားျဖဴကို ေငးႀကည့္ရင္း
အံ့ေတြတင္းတင္းႀကိတ္ထားရေသာ အမ်ိဳးသား
တစ္ေယာက္...

မင္းမွာ ကေလးတစ္ေယာက္လို ျဖဴစင္လြန္းတဲ့
ညီေလးတစ္ေယာက္ရွိရင္ ငါ့ခံစားခ်က္ကို နားလည္ေပးလာမွာပါ...

ဒါမွမဟုတ္ သားတစ္ေယာက္ရွိလာခ်ိန္က်ရင္
လည္း နားလည္ေပးႏိုင္လာမယ္လို႕ ငါေမွ်ာ္လင့္
တယ္ ခန္႔ေသာ္ဇင္

Thank You All


(Unicode)

/

/

/

"မင်း ကို ဘောလုံးအသင်းထဲမှာ ငါဘယ်လိုစိတ်နဲ့
ထားရဲတော့မလဲ? သော်တာနိုးဝေ ရာ မွေးမိတာ
ငါးပါးမှောက်တယ်"

ကျွန်တော် ဖေဖေ့စကားကို ရုတ်တရက်နားမ
လည်...ရှင်းပြမယ့်သူလည်းမရှိ။ တရှုတ်ရှုတ်ငိုနေ
သော မေမေနှင့် ခေါင်းငုံ့အံ့ကြိတ်နေသော ကိုကြီးသည်လည်း အိမ်ဦးနတ်ရှေ့ တေမိတရား
ကျင့်ကြံပြကြသည်။

"အဲ့ဒါ မင်းကြောင့်ကွ။ ယောကျာ်းလေးကို
ယောကျာ်းလေးကို မထားခဲ့လို့ ဖြစ်တာ။ ကလေးပဲ ကလေးပဲ နဲ့ လုပ်ကြတာ။ အဲ့ဒါ အငုံ့စိတ်ထည့့််ပေးလိုက်တာနဲ့ အတူတူပဲ..."

"သားခုလိုဖြစ်တာ ဘယ်သူ့အပြစ်မှ မဟုတ်
ဘူးဖေကြီး။ မေမေ့ အပြစ်မဟုတ်ဘူး။ သား မှာ
လည်း ဘာအငုံ့စိတ်မှလည်း မရှိဘူး။သား မေမေ့ကို ပြောပြပြီးပြီ။ မေမေ ပြောပြလိုက်လေ"

မေမေဘာမှ မပြော။ ပို၍ ရှိုက်သာ ငိုနေတော့၏။

"ဒါဆို ဘာလို့ မင်း ယောကျာ်းတစ်ယောက်ကို
ကြိုက်ပါတယ်လို့ အမေတွေ အစ်ကိုတွေရှေ့
ပြောရလဲ? ဟမ် မင်းမရှက်ဘူးလား?"

"ယောကျာ်းတစ်ယောက်ကို ကြိုက်တာမဟုတ်ဘူး
ကျွန်တော်ကိုခန့်ကိုချစ်တာ။ သူ့လို
ဘယ်သူ့ကိုမှ မချစ်ဘူး။ သူ့ပဲချစ်တာ...သူ
သားကို ချစ်တာလည်းသားသိတယ်။ အဲ့လို ်ုချစ်လို့ ပြန်ချစ်မိခဲ့တာ ပေမယ့် အဲ့ဒါကလည်း
သူဖြစ်နေလို့ပါ။ တခြား လူတွေဆို သား
လက်ခံနိုင်မှာ မဟုတ်ဘူး။ သေချာတယ်
ယောကျာ်းဖြစ်နေတဲ့ ကျွန်တော့်ကို တခြား
ယောကျာ်းတစ်ယောက်ကသာ သူ့လို လာပြော
ကြည့် သားဘယ်လိုမှ လက်ခံလို့ရမှာ
မဟုတ်ဘူး။ Bro ကိုလည်း
မဖြစ်နိုင်လောက်ဘူးဆိုပြီး ထိန်းချုပ်
နေတဲ့ကြားက သူဖြစ်နေလို့ သားလည်းပြန်ချစ်မိ
သွားတာ..."

ဖေကြီး ဆွံ့အ သွားတာမျိုးလား မပြောတတ်။
မေမေ့ဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချသည်။

"မင်း ဘယ်အချိန်တည်းက ဖြစ်နေတာလဲ
သော်တာနိုးဝေ"

အားလျော့စွာမေးလာတော့လည်း ကျွန်တော်
အားတက်သရော ရှင်းပြဖြစ်၏။

"သား လည်း သေချာမသိဘူးဖေကြီး။ ဒါပေမယ့်...သားလည်း ဒါကို လွယ်လွယ်ကူကူ လက်ခံခဲ့တာမဟုတ်ဘူးဆိုတာ ယုံပေးပါ။
ဖေကြီးတို့ စိုးရိမ်နေသလိုသား မပြောင်းလဲပါဘူး။ ဒီအတိုင်း...ဒီအတိုင်းယောကျာ်းလိုပဲ နေချင်တာ။
အခု Bro နဲ့သားကြောင့် ဖေကြီးတို့ နာမည်မထိခိုက်ရအောင်သားတို့ နေမှာပါ။
အခု သားတို့ နှစ်ယောက်တွဲသွားတွဲလာလုပ်နေ
ပေမယ့် အများအမြင်မှာလည်း ထူးဆန်းနေတာ
မှ မဟုတ်တာ။ ပုံမှန် တခြားယောကျာ်းလေး
သူငယ်ချင်းတွေ ညီအစ်ကိုတွေ သွားလာနေထိုင်
သလို နေကြတာပဲ။
ဒီအချိန်မှာ သား မိန်းကလေးတစ်ယောက်ကို
ကြိုက်မိရင်တောင် မတော်တဆဆိုတာမျိုးတွေ
အတွက် ဖေကြီးနဲ့ မေမေစိုးရိမ်ရမှာ... ခု သားနဲ့
Bro က ယောကျာ်းလေးတွေမို့ ဘာဖြစ်နိုင်
ကြမှာလဲ?"

ဖေကြီးရှေ့ ဒူးထောက်ရင်းမှ ရှင်းပြနေသော
ကျွန်တော့်အား ဖေကြီး ငုံ့ကြည့်သည်။
မှိုင်းညို့နေသော မျက်ဝန်းတို့နှင့် ကျွန်တော့်ကို
အဖြေရှာသည်။ ကျွန်တော် ဖေကြီးကို စိတ်မခု
ကြောင်း ပြသည့်အနေဖြင့် ပြန်ပြုံးပြတော့...
ကိုကြီးကို ပြန်ကြည့်ပြန်၏။
ကိုကြီးသည်လည်း စိတ်တွေလျှော့ထားပုံနှင့်
ငူငူငိုင်ငိုင်။

"ဖေကြီး ခိုင်းသမျှ သားလုပ်မှာပါ။ အလုပ်အတွက်
လည်း မပူပါနဲ့။ ဖေကြီးတို့ မျက်နှာမပျက်အောင်
သား ကြိုးစားပေးမှာပါ။ အခု Interviewလည်း
ကောင်းကောင်းဖြေခဲ့တယ်။ Bro နဲ့ သိတဲ့
ဆရာတွေ ပါနေတော့ Bro မျက်နှာလည်းရှိတော့
အလုပ်ထဲမှာ ပြဿနာမဖြစ်အောင်နေမှာပါ။
ခုနပြောသလို မွေးမိတာ ငါးပါးမှောက်တယ်
ဆိုတာမျိုးတော့ မပြောပါနဲ့ ဖေကြီးရာ...ဖေကြီးသား ကျွန်တော် ဘယ်တုန်းက ဖေကြီးကို
ကလန်ကဆန်လုပ်ဖူးလို့လဲ? ဖေကြီးပြောသမျှ
မိဘတွေ စိတ်တိုင်းကျ သား နေပေးခဲ့တာပဲ။
Broကို ချစ်မိတာ တစ်ခုနဲ့တော့ မွေးရကျိုးမနပ်
ဘူးလို့ မပြောပါနဲ့ဗျာ။ Bro ကိုချစ်တာ
သူများ မိသားစု ဖြိုခွဲပြီး ချစ်တာမျိုးလည်းမဟုတ်
ပဲ..."

"တော်ပါတော့ သော်တာနိုးဝေ ရာ...မင်း က
မိကျောင်းမင်း ရေခင်းပြတယ်လည်းပြောလို့မရ
နဲ့..."

"သားလေး...အိပ်လိုက်ပါတော့လား?"

"သား Bro ကို ဖုန်းဆက်ချင်တယ်။ သား ဖုန်း
ပြန်ပေးပါ။ Bro စိတ်ပူနေလိမ့်မယ်။ မေမေတို့
ရှေ့မှာပဲ ပြောမယ်...ဖုန်းပြန်ပေးပါ"

"သော်တာနိုးဝေ...ဒီထက်ပိုပြီး တရားလွန်မလာ
နဲ့တော့ကွာ...သွား!မင်း အခန်းထဲ မင်းပြန်တော့"

"မြန်မာကားတွေဆန်နေတယ် မထင်ဘူးလား
ကိုကြီး။ ကျွန်တော်က ရူးရူးမိုက်မိုက်ဖြစ်နေတာ
လည်း မဟုတ်ဘူး။ ဖုန်းဆက်လို့ မရရင် Bro
စိုးရိမ်နေမှာပေါ့ဗျ။ စိတ်မပူဖို့ အကြောင်း ပြောမှာ နားမထောင်သင့်တဲ့ စကားတွေလား?"

"အကြီးကို ပြန်မပြောနေနဲ့တော့ နိုးဝေ။ မင်းကို
ငါဘာမှ မပြောတော့တာနဲ့ ရောင့်တက်မနေနဲ့..."

"သားလေး...လာ မေမေနဲ့ အခန်းထဲသွားရ
အောင်"

ကုတင်ပေါ်လှဲအိပ်သော ကျွန်တော့်ကို အုံ့မိုး
ကြည့်ရင်း မျက်ရည်တွင်တွင်ကျနေသော မေမေ။

"မေမေရာ မငိုပါနဲ့။ မိဘမျက်ရည်ကျအောင်
လုပ်တဲ့ သားသမီးက မကောင်းစားဘူးဆိုပြီး
မေမေပဲ ပြောတာ။ အခု မေမေငိုနေတော့..."

"မေမေ တောင်းပန်ပါတယ် နိုးနိုးရယ်။ မေမေ
သားကို ဂရုမစိုက်မိခဲ့ဘူး"

"မဟုတ်ပါဘူး မေမေ။ သားနေတတ်နေပြီပဲ
မေမေရော...သားကို မွေးရတာ မွေးရကျိုးမနပ်
ဘူးလို့ ထင်နေလား?"

"မ...မထင်ပါဘူး သားရယ်။ မေ့သားက ဒီလောက် လိမ်လိမ်မာမာနေခဲ့တာကို..."

"မစိုးရိမ်နဲ့နော်။ သား ဘာမှမဖြစ်ဘူး။ Bro
က သားကို တကယ်ဂရုစိုက်တာ။ အမှန်ပြော
ရင် သားရဲ့ သွေးရင်းသားရင်းထဲမှာမေမေက
သားအချစ်ဆုံးဆိုရင် သွေးသားမတော်စပ်တဲ့
လူတွေထဲမှာ Broကလည်း သားအချစ်ဆုံးပဲ။
ဒါကြောင့် သားအချစ်ဆုံး လူတွေကို သားကြောင့်
စိတ်မဆင်းရဲစေချင်ဘူး။ ဒါကြောင့် မေမေက မငို
ပါနဲ့နော်"

"အင်းပါ သားရယ်။ အင်းပါ"

ခေါင်းကို ပွတ်သတ်ပေးနေတဲ့ မေမေ့လက်တွေ
ကြား ခေါင်းပိုတိုးဝင်ပြီး မျက်လုံးတွေမှိတ်ထားမိ
တယ်။ မေမေနဲ့ နီးနီးကပ်ကပ် ပြန်နေရလို့လား
မသိ။ Broလည်း စိတ်မပူလောက်ဘူးဟုတွေး
မိသည်။ ကျွန်တော်တကယ် နားချင်နေပြီ။

အိပ်မက်လိုလို တကယ်လိုလိုကြား ဝိုးတဝါးအသံ
တွေ ကြားသည်။

"မေ့သားက မျက်ကန်းတစ္ဆေမကြောက်တာ"
ဆိုတဲ့ ကိုကြီး စကားကိုကြားရသည်။

"အားလုံးက ကျွန်မကြောင့်" ဟူ၍ ငိုနေသေးပြန်
သော မေမေ့အသံ။

နောက် Bellသံ... ကားသံ။ နေဦး Bro
ရောက်လာတာလား?

ကုတင်ပေါ် အသိစိတ်တချို့တစ်ဝက်နှင့်ငေါက်ခနဲ ထထိုင်မိတော့ တကယ်ပဲ Bro ရောက်နေသံ။
သူ့အသံ သိပ်တိုးနေပေမယ့် ကျွန်တော်မှတ်မိ
တယ်။

ပွယောင်းယောင်းဖြစ်နေသော ဆံပင်များကိုသပ်
ချနေစဉ်...

"သားကြီး စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့နော်"

ဟူသော မေမေ့၏ စိုးရိမ်တကြီးသတိပေးသံ။

ကိုကြီး Broကို ဘာလုပ်မလို့လဲ?

အခန်းထဲက ထွက်သည်နှင့် ပိတ်ရပ်တားဆီး
သော ဖေကြီး။

"မင်း မထွက်နဲ့ နိုးဝေ။ မင်းအစ်ကို ကြည့်ရှင်းလိမ့်
မယ်"

"ဟာ...ကိုကြီး Bro ကို ဘယ်လိုမျက်လုံးနဲ့
ကြည့်ခဲ့လဲ သားတွေ့တယ်။ ပြောချင်ရင် အကုန်လုံးရှေ့ ခေါ်ပြော။ သားရှေ့ မှာပြော"

"သော်တာနိုးဝေ! မင်း ဘယ်လိုဖြစ်နေလဲ?
အဖေ အမေရှေ့ရယ်လို့ အရှက်တရားလေး
ဘာလေးရှိပါဦးကွ"

"Bro ကို အိမ်ထဲခေါ်ပြီး စကားပြောတာ။ ဖေကြီး
တို့ သိချင်တာတွေ မေးလို့ရတယ်။ အဲ့ဒါ မျက်နှာ
နာစရာလား? ခု အိမ်ထဲတောင် အဝင်မခံနိုင်ရ
လောက်အောင် Bro က ဘာတွေ ယုတ်ညံ့နေ
လို့လဲ"

"ငါကွာ..."

ရွယ်ပြန်ပြီ လက်တွေ။ အမှန်တွေပြောတိုင်း ဖေဖေရော ကိုကြီးပါ ကိုယ်ထိလက်ရောက်
နာကျင်စေချင်ကြတာက ယောကျာ်းတွေမှာရှိ
ရမယ့် ဒေါသတုံ့ပြန်မှုပုံစံလား?

ထုံးစံအတိုင်းမေမေဝင်ဆွဲရပြန်သည်။

"တော်ပါတော့ ဖေကြီးရယ်...သားက သားက
ကလေးလေ ဖေကြီးရယ်။ ကျွန်မသားကို အဲ့လို
တွေ မလုပ်ကြပါနဲ့!!"

"မင်း အဲ့လိုတွေ ကာဆီးကာဆီးတွေလုပ်...သိလား။ ဒီလိုတွေဖြစ်လာတာ မင်းကြောင့်"

"မေမေ့ကို မစွပ်စွဲပါနဲ့ ဖေကြီးရာ။ ကျွန်တော်
ပြောတယ်လေဗျာ။ ကျွန်တော် မိန်းကလေး
အဝတ်အစားတွေဝတ်ခဲ့ဖူးတာနဲ့ Broကို ချစ်တာ
ဘာမှ မဆိုင်ဘူးလို့...မေမေ မငိုပါနဲ့ဗျာ။
ခုနကလေးတင် သားတို့ ပြောထားတယ်လေ။
မေမေမငိုပါနဲ့ဗျာ"

မေမေ့ပါးပြင်ပေါ်ကျဆင်းလာသောအရည်ပူတွေ
ကို ကြင်ကြင်နာနာ သုတ်ဖယ်ပေးမိသည်။
တရားစခန်းကိုစရောက်ခါစ ကျွန်တော်ငိုခဲ့တုန်းက
Bro မျက်ရည်သုတ်ပေးခဲ့သလို ယုယမှုမျိုး
မေမေ့ကို ပြန်မျှဝေပေးဖြစ်သည်။

အိမ်ရှေ့ခြံတံခါးဝမှာ ရှိနေသူကိုလည်း စိုးရိမ်
သည်။ တောင်းပန်ပါတယ် ကျွန်တော့်လို ဘာမ
ဟုတ်တဲ့ ကောင်လေးကို ချစ်ပေးခဲ့မိလို့ ခုလို
အတန်းတူသူငယ်ချင်းရဲ့ အနှိမ်ခံရတာ။

>>>>>NO<<<<<

"တာရာ! နိုးဝေ ငိုနေတာလား? နိုးဝေ အသံကြား
တယ်"

"သူ့အဖေ သူ့အမေနဲ့ရှိနေတာ...ငါ့ညီဘာမှမဖြစ်
ဘူး ကိုခန့်"

"ငါဦးနဲ့ အန်တီ့ကို ရှင်းပြချင်တယ် တာရာ"

"ကိုခန့်...မင်း ကို ငါ ပြောခဲ့ဖူးတယ်။ ငါ့ညီကို
ငါတို့က ကလေးတစ်ယောက်လို ထားခဲ့ကြတာ
ငါတို့အိမ်က ကလေးမို့ ငါတို့ပြောတာမဟုတ်
ဘူး။ နိုးနိုးက သူ့ရွယ်တူတွေ သိတာတွေတောင်
သူမသိတာတွေရှိတယ်"

"နိုးဝေ ဖြူစင်တာ ငါသိတယ် တာရာ။ ဒါကြောင့်
ငါ...ငါလည်း သူ့ကို ဖြူစင်ဆုံး ချစ်..."

"ခဏလေး ကိုခန့်။ ငါမင်းကို ပြောမယ်။ အခု
မင်း ဘယ်သူဖြစ်နေလို့ မင်းဘာဖြစ်နေလို့ မင်း
ကို ဒီလိုစကားတွေပြောတယ်လို့ မထင်စေချင်
ဘူး။ နိုးဝေသာမဟုတ်ပဲ ဒီနေရာမှာ ညီမလေး
တစ်ယောက်ဆို မင်းနဲ့ငါ ခုလိုအနေအထားမျိုးနဲ့
စကားပြောစရာတောင်မလိုဘူး။ ငါကအရင်
ယောက်ဖလို့တောင် စခေါ်ချင်ခေါ်နေမိမှာ။
ငါပြောတာ မင်းနားလည်တယ်မလား?"

"ငါ မင်းတို့ထင်နေသလို နိုးဝေကို ချစ်တာမဟုတ်
ဘူး။ ငါ အခုပြောတာ မင်းယုံချင်မှ ယုံမယ်။ငါ့
ကြောင့် နိုးဝေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ
တွေ နာကျင်မှာတောင် ငါကကြောက်နေတာ"

"စိတ်ကူးယဉ်အရမ်းဆန်တဲ့ ဖြစ်ရပ်တွေကို ငါ
မယုံဘူး ကိုခန့်။ မင်းသင်ထားတာတွေ ငါလည်း
တတ်ထားတယ်။ မင်းသိနေတာတွေ ငါသိတယ်
ဒါပေမယ့် ငါ့ညီလေးက မသိဘူး ကိုခန့်ရ။ သူက
ဒီအတိုင်း လွယ်လွယ်လေးပြောနေသလိုပဲ။
ဒါပေမယ့် ငါတို့ စိုးရိမ်တယ် ကိုခန့်။ သူတစ်ခု
ခုဖြစ်မှာ ဒီကလေး တစ်ခုခုဖြစ်သွားမှာ အခုချိန်
မိဘတွေရော ငါရော ကြောက်နေကြတယ်။
မိန်းကလေးသာဆို ငါဒါတွေပြောမနေဘူး ကိုခန့်
ငါတို့မွေးထားတာ ယောကျာ်းလေး။ ပြီးတော့
တကယ့် ကလေးလေးလို ခုထိထားထားရတဲ့
ငါ့ညီလေးကို ငါစိုးရိမ်တာကို မင်းကို မယုံလို့ လို့
ငါမပြောချင်ဘူး။ ငါတို့ စိုးရိမ်တာ။မင်းကတစ်
ယောက်တည်း သမားဆိုတော့ ညီအစ်ကိုမောင်
နှမသံယောဇဉ်ကို မင်းနားလည်ချင်မှ နားလည်
မယ်"

"ငါ မင်းပြောတာ သဘောပေါက်တယ်။ ငါ ငါ
နိုးဝေကို တကယ်ချစ်တာ။ အဲ့ဒါ ဘယ်လောက်
ဘယ်လိုဆိုတာလည်း ငါပြဖို့ မင်းက အဲ့လို
အချစ်နဲ့ မကြုံဖူး မတွေ့ဖူးရင် ငါ့ကို နားလည်
ချင်မှ နားလည်မယ်။ ဒါပေမယ့် ငါတို့ကို အချိန်
ပေးပါ။ ခုနိုးဝေ စိတ်ဆင်းရဲနေတာလည်း ကြည့်
ပါဦး...နိုးဝေ သိက္ခာကျအောင်လည်း ငါဘာမှ
မလုပ်ဘူး တာရာ။ ခု နိုးဝေနဲ့ ခဏလောက်ပေး
တွေ့။ ငါ မှာချင်တာလေးတွေ ရှိလို့ပါကွာ...
ခဏလောက်ပါပဲ"

"ငါတို့ကို အချိန်ပေးပါ။ ဒါ ငါတို့မိသားစုအတွက်
ဖြေရှင်းရခက်နေတဲ့ ကိစ္စတစ်ခုမို့ ငါတို့ အဖေ
ရော အမေရော ခုချိန်မှာ သူတို့သားငယ်အတွက်
တုန်လှုပ်နေကြတယ်။ ငါ့အဖေဆိုလည်း မင်းကို
ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲ? မင်းတွေးကြည့်
ပေးပါ။ ငါ တောင်းပန်တယ် ကိုခန့်။ မင်းဒီနေ့
တော့ ပြန်လိုက်ပါ။ နိုးဝေဖုန်းလည်း ငါတို့
သိမ်းထားတယ်။ အချိန်ပေး။ အချိန်တန်ရင်
နိုးဝေ ကိုယ်တိုင်နဲ့ မင်းတွေ့ခွင့်ရစေရမယ်လို့
ငါ ကတိပေးတယ်။ အဲ့အချိန်ကျရင် ငါ့ညီလေး
ဆုံးဖြတ်ချက်ကို မင်းရော ငါတို့မိသားစုရော
ကြည်ကြည်သာသာလက်ခံမယ်လို့ တော့ ကတိ
ပေး"

"နိုးဝေကို ဖိအားတွေ မပေးဖို့လည်း မင်းကတိ
ပေးပါ"

"ငါ့ညီက ကလေးလိုနေပေမယ့် ကိစ္စတစ်ခုကို
တော့ ဖြစ်သင့်၏ မဖြစ်သင့်၏ ဆုံးဖြတ်တတ်မှာပါ
ငါတို့ဖိအားပေးလို့ရမယ့်အရွယ်လည်း မဟုတ်
တော့ဘူးလေ...ဒီနေ့တော့ပြန်လိုက်ပါ။ မစိုးရိမ်ပါ
နဲ့။ နိုးနိုးက သူ့မိသားစုနဲ့ သူရှိနေတာပါ"

"ကျေးဇူးပါ။ ဒါလေးတော့ပြောပေးပါ။ နိုးဝေ
အတွက် စိတ်မပူဘူးလို့...ဆက်ဆက်ပြောပေးပါ
မဟုတ်ရင် ငါစိတ်ပူနေတယ်ဆိုပြီး သူက ပြန်ပြီး
ငါ့ကို စိတ်ပူနေရမှာဆိုးလို့ပါ။ ဒါလေးတစ်ခု
တော့ ကူညီပေးပါ တာရာ"

"ကောင်းပြီ။ ငါပြောပေးပါ့မယ်။မင်းလည်း အလုပ်
နဲ့ စာပဲ အာရုံစိုက်ထားပါ။ ဒီရက်ပိုင်းအတွင်း
အဖြေတစ်ခုရတာနဲ့ နိုးဝေ ကိုယ်တိုယ်မင်းကို
လာတွေ့မှာပါ"

"ကျေးဇူး တာရာ။ ငါ သွားပြီ။ နိုးဝေအတွက် မုန့်
တွေ ယူသွားပေးပါဦး"

လက်ထဲထည့်ပေးလိုက်သော မုန့်ထုပ်တွေကို
ကြည့်ပြီး တာရာပြုံးသည်။

"ကလေး မုန့်ပေးကြိုက်တယ် ထင်ရင်လည်း
မတတ်နိုင်ဘူး တာရာ။ ငါက နိုးဝေကို စိတ်ချမ်း
သာစေချင်တာ။ နိုးဝေရဲ့ စိတ်ချမ်းမှုရစေတာက
လည်း ဒီမုန့်တွေဖြစ်နေတော့..."

"ငါ့ညီအကြောင်း ငါသိပါတယ်။ မင်းလည်းအေး
အေးဆေးဆေးနားတော့ ကိုခန့်"

"ကျေးဇူးပါ တာရာ"

ထွက်ခွာသွားသောကားဖြူကို ငေးကြည့်ရင်း
အံ့တွေတင်းတင်းကြိတ်ထားရသော အမျိုးသား
တစ်ယောက်...

မင်းမှာ ကလေးတစ်ယောက်လို ဖြူစင်လွန်းတဲ့
ညီလေးတစ်ယောက်ရှိရင် ငါ့ခံစားချက်ကို နားလည်ပေးလာမှာပါ...

ဒါမှမဟုတ် သားတစ်ယောက်ရှိလာချိန်ကျရင်
လည်း နားလည်ပေးနိုင်လာမယ်လို့ ငါမျှော်လင့်
တယ် ခန့်သော်ဇင်

Thank You All

Continue Reading

You'll Also Like

278K 20.9K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
29.9K 5.8K 98
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
188K 18.9K 73
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)