မြက်တွေ ရွှံတွေနဲ့ ဆောက်ထားတဲ့ အိမ်ငယ်လေးမှာ
သူတို့နှစ်ယောက်ဟာ အလုပ်တွေကို ခွဲဝေလုပ်ကိုင်ကြရင်း
တစ်ယောက် ကို တစ်ယောက် ဖေးဖေးမမ....... ။
အိမ်ကို ပြန်လည်ပြု ပြင်မွမ်းမံကြတော့
ဂျီယီဟာ ပင်ပန်းလိုက်တာမှ ပြောမနေနဲ့တော့....။
ဒါပေမယ့် ဒါကို ဒုက္ခ လို့ နည်းနည်းမှတောင် မထင်မိဘူး ။
တစ်ခုပြီးတစ်ခု ပြု ပြင်ထားတဲ့ အိမ်ကို ကြည့်ရင်း
လူတွေ နေတဲ့ နေရာ နဲ့ တဖြည်းဖြည်း တူလာတာကြောင့်
သူ သိပ်ကို ပျော်ရွှင်ရပါတယ် ။
ထျန်းယျန်ကတော့ ဂျီယီရဲ့ ဇာတ်ကွက်တွေထဲမှာ
နားမလည်နိုင်ဖြစ်နေတဲ့ အူတူတူ ပုံစံ နဲ့ ပါဝင်နေတုန်းပဲ ။
ဂျီယီ တောင်းဆိုချက်အရ စားပွဲတွေ ၊ ကုလားထိုင်တွေ ၊
သစ်သားခွက်တွေ ၊ ပန်းကန်ပြားတွေကို
တစ်ခုပြီးတစ်ခု လုပ်ပေးနေတယ် ။
ပစ္စည်း တစ်ခုပြီးသွားတိုင်း ယီရဲ့ မျက်လုံးလေးတွေမှာ
လေးစားမှုတွေ ၊ အားကျအထင်ကြီးမှု အရိပ်အယောင်တွေ
တိုးပြီးရင်းတိုးရင်းပဲ.....
ဒါကလည်း သူ့ကိုပိုပြီး စိတ်ပါဝင်စားစေတယ်လေ ။
ထမင်းစားချိန်ရောက်ပြန်ရင်လည်း အချိန်ဖြုန်းမနေဘဲ
ကျွမ်းကျင်စွာ လှလှပပ လုပ်ဆောင်သွားတာပဲ ။
သူက ထျန်းယျန်ကို စားလို့ရတဲ့ ဆေးဖက်ဝင်အပင်တွေ
အကြောင်းတောင် ရယ်ရယ်မောမော ပြောပြလိုက်သေးတယ် ။
အိမ်ပြင်တာတွေ လိုအပ်တဲ့ ပရိဘောဂတွေ
ပြည့်စုံသွားတဲ့ အထိမ်းအမှတ် နဲ့ သူက
မွှေးပျံ့တဲ့ ကြက်ကင်တောင် ဖန်တီး ထားလိုက်သေးတာ....
ဒီအပြုအမူတွေက ထျန်းယျန်ကို အကြီးအကျယ်
စိတ်လှုပ်ရှားသွားစေပါတယ် ။
ဒီလိုမျိုး အထက်တန်းစားမိန်းကလေးတစ်ယောက်က
ဒီလို အပြုအမူမျိုးလုပ်တာကို သူတစ်ခါမှ မမြင်ဖူးဘူး ။
ယုတ်စွအဆုံး..... လုံရှီတောင် ဒီလိုလုပ်တာ မမြင်ဖူးဘူး ။
ယီကတော့ သူ့ကို အံ့သြစရာတွေ တစ်ခုပြီးတစ်ခု
ဖန်တီး နေလေရဲ့..... ။
ယီက ကြက်ကင်ပေါင်တစ်ချောင်းကို ယူလိုက်ပြီး
ရယ်ရယ်မောမော နဲ့ သူ့ရှေ့လာချပေးတယ် ။
ထျန်းယျန် နှလုံးသားလေးဟာ ကဆုန်ပေါက်သလို
လှုပ်ရှားသွားတယ် ။
မြတ်စွာဘုရား......!!!
သူဟာ ဘယ်လို ဇနီး မျိုးကို လက်ထပ်ထားတာပါလိမ့်.....!!!!
ဂျီယီ ရဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ပုံရိပ်ကို ကြည့်နေပေမယ့်
ဂျီယီ ရဲ့ လိင်နဲ့ပတ်သက်ပြီး လုံးဝ သံသယ မဖြစ်မိဘူး....။
သူမရဲ့ ရင်ဘတ်က ပြားချပ်နေပေမယ့်
ထောင်ကော်လံလေးနဲ့ အဝတ်အစားတွေကတော့
သိပ်မကောင်းဘူး ။
"တောင်းပန်ပါတယ်နော်.....ရှင်ဘာကြိုက်တတ်မှန်း
ကျွန်မ မသိလို့ပါ....
ရှိတာလေးကို ကမန်းကတန်း ချက်ထားတာ..
ဒီနေရာမှာက ဘာမှ မရှိဘူး...
ရနိုင်မယ့် ပစ္စည်း တစ်ချို့ကို ရှာပေးနိုင်မလား...?''
ထျန်းယျန်ဟာ သူ့နှာခေါင်းကို လာရောက်ကျီစယ်နေသော
ကြက်သားကင်နံ့မွှေးမွှေးကြောင့် ကြက်သားကို
တစ်ကိုက်စာဖဲ့လိုက်ရင်း
"မင်းစကားတွေ တော်လောက်ပြီ...!!!
မင်းအတွက် ပျော်ရွှင်တဲ့ မိသားစုဘဝ ရမှာ မဟုတ်ဘူး....
ငါက အိမ်ထောင်တာဝန် မကျေပွန်တဲ့ ယောက်ျားတစ်ယောက်လေ ''
သူက ဂျီယီ ကြားလောက်သောအသံနဲ့ ပြန်ပြောလိုက်တယ်။
"ကိစ္စ မရှိပါဘူး ''
ဂျီယီဟာ မဝံ့မရဲ ပြုံးလိုက်တယ် ။
ဘာကြောင့်ဆိုတော့ ထျန်းယျန်က သူ့ကိုယ်သူ လင်ယောက်ျား
တစ်ယောက်အဖြစ် သတ်မှတ်ထားတာက သူ့ကို
နည်းနည်း အရှက်ရစေတယ် ။
ပြီးတော့ လိပ်ပြာမလုံသလိုဘဲ ခံစားရပါတယ် ။
"ရှင် အောင်မြင် မယ်ဆိုတာ ကျွန်မသိပါတယ် ''
"မင်းဘာကြောင့် သေချာရတာလဲ''
ထျန်းယျန်ဟာ သိချင်စိတ်နဲ့ မေးလိုက်တယ်။
"ကျွန်မတို့ တစ်ယောက်အကြောင်း တစ်ယောက်
သိပ်မသိကြသေးဘူး....
ဒါပေမယ့် အလိုလို သိနေတယ်လေ''
ဂျီယီဟာ အကြားအမြင်ရနေသူလို ပြောနေတယ်။
"စံပြပုဂ္ဂိုလ် တစ်ယောက် ရှိတယ်လို့ ခံစားရတာဟာ
ကျရှုံးမယ့် အကြောင်းမှ မဟုတ်တာ ''
"ဒါက.....'' ထျန်းယျန်ဟာ နည်းနည်းတော့ ကြည်နူးသွားတယ် ။
ဒီလို ပြောပုံအရ ယီရဲ့ နှလုံးသားထဲမှာ
သူဟာ ခံစားရစေတဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ပေါ့..... ။
"အော်...ဒါနဲ့.. စကားမစပ်..ချက်ပြုတ်နည်းတွေကို
ဘယ်လို သင်တာလဲ? "
"လိုအပ်တဲ့အခါ ချက်လိုက်တာပါပဲ ''
ဂျီယီက စကားလမ်းကြောင်းလွှဲလိုက်တယ် ။
"ပင်ပန်းလို့ မင်းညည်းညူမိမယ်လို့ ငါထင်တယ်...
နောက်နေ့တွေလည်း ဒီအတိုင်းပဲဆိုတာ
မင်းသိရမယ်....ဒီမှာက ငါတို့ နှစ်ယောက်တည်း
အိမ်မှာ ဆိုရင် အစားတစ်လုတ်စားရဖို့အရေးကို
သနားစဖွယ် ငိုကြွေး စောင့်နေမယ့်လူတွေ အများကြီး...
အခုထက်ပိုပြီး ခက်ခဲပင်ပန်းသေးတယ် ''
ထျန်းယျန်က တမင်သက်သက် ခြိမ်းခြောက်လိုက်တယ် ။
"ကိစ္စ မရှိပါဘူး...''
ဂျီယီက သူ့ကို တစ်ချက်ကြည့်ရင်း နားလည်သလိုပြောတယ် ။
"ချက်တာပြုတ်တာက ကျွန်မအတွက် မခက်ပါဘူး.။
ကျွန်မတို့ ဘယ်အချိန် အိမ်ကို သွားရမှာလဲ? "
"၃၅ ရက်ကျော်ရင်ပေါ့...''
ထျန်းယျန်ဟာ မရေမရာအဖြေပေးတယ် ။
သူဟာ ဂျီယီကို စမ်းသပ်ချင်နေသေးတယ် ။ သူ့ရဲ့ မျှော်လင့်ချက်တွေ
ကုန်ဆုံးလာနေတဲ့ကိစ္စတွေကို မြန်မြန် ဖြစ်ခွင့်မပေးနိုင်ဘူး ။
ယီဟာ သူ့စမ်းသပ်ချက်ကို အောင်မြင်ခဲ့ရင်
အဲဒီအချိန်..... ယီ သွားချင်တယ်ဆိုရင်တောင်
သူက အတင်းနေခိုင်းမှာ...။
ယီဟာ သူ့ကို ပျော်ရွှင်စရာ အံ့သြစရာတွေ
ဆက်တိုက်ဖြစ်စေပေမယ့် အခုက အချိန်မကျသေးဘူး ။
"၃၅ ရက်တောင် လိုသေးတာလား ''
ဂျီယီ မျက်မှောင်ကုတ်လိုက်မိတယ် ။
"ငါနဲ့ နေရတာ မပျော်ဘူးလား? "
ထျန်းယျန်က နာနာကျင်ကျင်မေးလိုက်တယ် ။
"မပျော်ဘူး..''
ဂျီယီက ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ် ။
"ခြံမှာနေရတဲ့ဘဝကို ပင်ပန်းတယ်လို့ ပြောလည်းရပါတယ်...
ဒါပေမယ့် ပျင်းစရာတော့ မကောင်းပါဘူး ''
ထျန်းယျန်က မကျေမနပ်နဲ့ ပြန်ပြောတယ်။
"ခြံထဲမှာဆိုရင် လုပ်စရာ အလုပ်တွေ အများကြီးပဲ..
ပျင်းတယ် လို့ ပြောမယ့်အချိန်တောင် မရှိဘူး ''
"ဘယ်လိုပါလိမ့်?''ဂျီယီဟာ စိတ်ဝင်စားသွားတယ် ။
"ဒီအချိန်က နွေရာသီ အစဖြစ်လို့
အစိမ်းရောင် မြက်ခင်းလွင်ပြင်တွေ ကြည့်မဆုံးပဲ ။
မင်းကတော့ ဒါဟာ အမြဲတမ်း ဒီလိုပဲလို့ ထင်မှာပေါ့ ။
ဆောင်းရာသီ ရောက်တဲ့အခါ ကောင်းကင်နဲ့
မြေပြင်တစ်ခုလုံး အဖြူရောင် နှင်းတွေချည်းပဲ ။
ခြံထဲမှာ ရိက္ခာတွေ ထားလို့မရဘူး ။
တကယ့်ကို စိတ်ပျက်စရာ....!!!
ဒါကြောင့် နွေရာသီ နဲ့ ဆောင်းဦးမှာ
ရိက္ခာဖြည့်တင်းဖို့ မြက်တွေကို စရိတ်ရတယ် ''
"ဆောင်းရာသီ တစ်ခုလုံး ဘယ်လိုနေလဲဟင်? "
"ဟမ်...!!"
ထျန်းယျန် ခေါင်းညိတ်ပြတယ် ။
"ငါတို့ရဲ့ ခြံက မြင်းအများစုက မြင်းရိုင်းတွေလေ ....
ဝယ်မယ့်လူတွေ လိုချင်အောင်
ကြို ပြီးတော့ ယဉ်ကျေးအောင် လေ့ကျင့်ပေးရတယ် ''
"မြင်းတွေကို လေ့ကျင့်ပေးရတယ်? "
ဂျီယီဟာ မျက်လုံး ဝိုင်းသွားတယ်။
"စိတ်ဝင်စားစရာ ကောင်းလား? "
"ဟုတ်တာပေါ့.... ဒါဟာ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ ''
ထျန်းယျန်က အပြုံးနဲ့ ပြောလိုက်တယ်။
"မြင်းတွေဟာ အိမ်သုံးတစ်ခုထဲအတွက်လို့
လျှော့မတွက်နဲ့.....
မြင်းတွေကို အသေအချာ လေ့ကျင့်ပေးချင်ရင်
စိတ်ရော လူရော အများကြီး ပင်ပန်းရတယ်...
မြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ရတယ်...
ခွန်အားချင်းလည်းယှဉ်ပြိုင်ရတယ်....
တကယ်လို့ မင်းရဲ့ အားနည်းချက်တစ်ခုခုကို
သူသိသွားရင် မြင်းက မင်းကို အထင်သေးသွားလိမ့်မယ် ''
"သိပ်စိတ်ဝင်စားဖို့ ကောင်းမှာပဲနော်...''
ဂျီယီရဲ့ မျက်လုံးတွေဟာ ကြယ်လေးတွေလို
တဖျတ်ဖျတ် တောက်ပနေတယ် ။
"ကျွန်မ အမှန်တကယ်သင်ချင်လိုက်တာ ''
ဂျီယီဟာ လိုချင်တာကို တောင်းဆိုဖို့အတွက်
သတ္တိတွေထွက်လာတယ် ။ အရင်တုန်းကဆိုရင်
ဂျီယီဟာ သူ့တာဝန်ကို ကျေပွန်အောင် ပင်ပန်းကြီးစွာ
လုပ်ခဲ့ရတယ် ။
သူ့ရဲ့ ရင်တွင်းဆန္ဒတွေကို ဖော်ပြဖို့ အခွင့်မသာခဲ့ဘူး။
ဒါပေမယ့် အခုတော့ သူက ခြံကြီးရဲ့ သခင်မဖြစ်နေပြီလေ ။
ဒီလို တောင်းဆိုမှုသေးသေးလေးက သိပ်ပြီးတော့
မကြီးကျယ်ဘူး....ဟုတ်တယ်မလား...???
"ထျန်းယျန်..... ကျွန်မကို မြင်းစီးသင်ပေးပါလား....
ကျွန်မ ရှင့်ရဲ့ မြက်ရိတ်တဲ့အလုပ်တွေမှာ
ကူလို့ရတာပေါ့...
တခြားအလုပ်တွေမှာလည်း ကူညီနိုင်တာပေါ့....
ဟုတ်တယ်မလား? "
ဘာအလုပ်ပဲဖြစ်ဖြစ် ကူညီမယ်ပေါ့......!!!
ထျန်းယျန်ဟာ ယီရဲ့ လှပတဲ့ မျက်နှာလေးကို
သတိလက်လွတ် စိုက်ကြည့်မိတယ်.. ။
"ကောင်းတာပေါ့.... ဒီနေရာမှာတော့
စီးလို့မရဘူး .... လူတွေ ရယ်မှာပေါ့...
ငါတို့ ဂွမ်ဝေးကလူတွေဟာ မြင်းကျောကုန်းပေါ်မှာပဲ
ကြီးပြင်းလာကြတာ''
မြင်းစီးတာဟာ ရိုးရှင်းတဲ့ ကိစ္စ တစ်ခု မဟုတ်ဘူး ဆိုတာကို
ယီ သိသွားရမယ် ။
ဖြစ်နိုင်ရင် ခြံထဲမှာ နေမယ့်ကိစ္စကို
ပိုပြီးတော့ စဉ်းစားသွားအောင် လုပ်ပေးရမယ် ။
ခြံထဲမှာ အခက်ဆုံး ကိစ္စ တစ်ခုက ရှိပြီးသား ။
ဒါကတော့..... ရှန်ဒီယန်.....!!!
တကယ့်ကို မာကျောသန်မာတဲ့မြင်း.....!!!
သူ့ကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး ။
ရှန်ဒီယန်ကတော့ သူမကို နည်းနည်း အခက်တွေ့စေလိမ့်မယ် ။
ဒီအရာက သူမကို နောက်ကြောင်းပြန်လှည့်စေမယ်လို့
ယုံကြည်တယ် ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဂျီယီဟာ ထျန်းယျန် နောက်က စိတ်လှုပ်ရှားစွာနဲ့
မြင်းအိမ်ဆီကို လိုက်သွားတယ် ။
ဒီနေရာဟာ သူ့အတွက် တစ်ခါမှ မရင်းနှီးဖူးတဲ့
နေရာတစ်ခုပါ ။
အထဲမှာ မြက်ခြောက်တွေ ၊ မြင်းတွေ ၊ သားရေ နဲ့
မြင်းစာတွေရောနေပြီး အနံ့တွေ မွှန်ထူကာ
တစ်မျိုးကြီးဖြစ်နေပေမယ့် သူ့အတွက်တော့
သက်တောင့်သက်သာ ဖြစ်နေသလိုပဲ ။
ဂျီယီဟာ စူးစမ်းချင်စိတ်အပြည့်နဲ့
ပတ်ဝန်းကျင်ကို မျက်လုံး ကစားလိုက်တယ် ။
ဒီအချိန် သူ့မြင်ကွင်းထဲ ဝင်လာတဲ့ အရာကြောင့်
ပျော်ရွှင်မှုအပြည့်နဲ့ အဲဒီနေရာဆီ ပြေးသွားလိုက်တယ် ။
"ထျန်းယျန်... ဒီကို လာကြည့်ပါဦး...!!"
ထျန်းယျန်ဟာ ကြည့်ဖို့အတွက် အနားကို လျှောက်လာတယ်။
စင်လေးပေါ်မှာ ခွေးပေါက်လေး လေးကောင်.....!!!
အမွှေးပွပွလေးတွေနဲ့ လုံးနေတဲ့ ဘောလုံးလေးတွေလိုပဲ...။
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူတို့အနားကို
ချဉ်းကပ်လာတဲ့ လူတွေကို မော့မော့လေးကြည့်နေတယ် ။
"အရမ်း ချစ်ဖို့ကောင်းတာပဲ...!!!"ဂျီယီက ရေရွတ်လိုက်တယ်။
သူ့မျက်လုံးအစုံဟာ ပျော်ရွှင်မှုကြောင့်
တောက်ပနေတယ် ။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ
ခွေးပေါက်လေးတစ်ကောင်ကို
ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်တယ် ။
မြင်းစီးမယ့်အဝတ်အစားတွေ ညစ်ပေသွားတာကိုတောင်
လုံးဝ ဂရုမစိုက်နိုင်ဘူး ။
ဂျီယီဟာ သူ့လက်တွေနဲ့ ခွေးပေါက်လေးရဲ့
ချောမွေ့တဲ့ အမွှေးလေးတွေကို တယုတယ
ပွတ်သပ်ပေးလိုက်တယ် ။
တစ်ချိန်တည်းမှာ လည်ပင်းနားအထိ ဆွဲယူလိုက်ပြီး
ပါးလေးတွေနဲ့ ဖြည်းဖြည်းလေး ပွတ်လိုက်တယ် ။
သူ့ရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေဟာလည်း
လွတ်လွတ်လပ်လပ် နဲ့ ကျောပေါ်မှာ ဖြာကျနေတယ် ။
ဒီမြင်ကွင်းက ထျန်းယျန်အတွက် တမူ ထူးခြားတဲ့ မြင်ကွင်းမျိုးပဲ ။
သူ့မျက်လုံးရှေ့က ဒီမြင်ကွင်းကို ထျန်းယျန်ဟာ
ငေးငေးလေးကြည့်နေမိလိုက်တယ် ။
ဒါပေမယ့် ဒီမြင်ကွင်းလေးဟာ ရုတ်တရက်
ဖျက်ဆီးခံလိုက်ရတယ် ။ ဂျီယီရဲ့ 'အာ့ ' ဟူသောအသံအဆုံးမှာ
ခွေးပေါက်လေးကို ကိုင်ရင်း လက်နှစ်ဖက်ကို
ဆန့်တန်းပြီး ရင်ခွင်ထဲက ထုတ်လိုက်တယ်။
မျက်နှာပေါ်မှာတော့ အစင်းရာတစ်ခု......!!!
"အာ့...ကိုက်တယ်..!! နာလိုက်တာ ''
ဂျီယီဟာ ပါးစပ်က ရေရွတ်နေပေမယ့်
လက်ကတော့ ခွေးလေးကို မလွှတ်ဘူး ။
"လူတွေကို ဒီလို မကိုက်ရဘူးနော်..... ဒါက သိပ်ကို နာတာ....
ဒီလိုလုပ်ရင် နောက်ဘယ်သူမှ နင့်ကို ချစ်မှာ မဟုတ်ဘူး.... ''
ထျန်းယျန်ဟာ ဂျီယီရဲ့ ခွေးပေါက်လေးကို
ပြောနေပုံကို ကြည့်ရင်းနဲ့ သူ့စိတ်ထဲကပါ
ကြည်နူးလာမိတယ် ။
တကယ်လို့ ခွေးပေါက်လေးသာ နားလည်ရင်
ထူးဆန်းနေလိမ့်မယ် ။
ဒါပေမယ့် အမှန်တကယ် ထူးဆန်းတာက
ခွေးပေါက်လေးဟာ ဂျီယီရဲ့ စကားကို
နားလည်စွာ မလှုပ်မရှားဘဲနဲ့ ငြိမ်ငြိမ်လေး နာခံနေတာပဲ ။
"မင်း အဆင်ပြေလား? "
ထျန်းယျန်က ဂရုတစိုက် မေးလိုက်တယ်။
လှပတဲ့ မျက်နှာလေးမှာ ဒဏ်ရာတစ်ခုကို
မြင်ရတာဟာ သူ့ကို နည်းနည်းတော့
စိတ်ကသိကအောက်ဖြစ်စေတယ် ။
အထူးသဖြင့် မြင်းစီးသင်ဖို့လာတဲ့ ယီကတော့
အကြည့်ရဆိုးတဲ့ အလုပ်သမားဝတ်စုံကို မြင်းစီးအဝတ်အစားနဲ့
လဲဝတ်ထားပြီ ။
အပြာဖျော့ဖျော့ မြင်းစီးအဝတ်အစားတွေဟာ
သူမကို ပိုပြီး ကြည့်ကောင်းစေပါတယ် ။
"ကိစ္စ မရှိပါဘူး...ရပါတယ် ''
ဂျီယီဟာ ခွေးပေါက်လေးကို ပွေ့ထားလျက်က
မတ်တပ်ရပ်ရင်း ဘာကိုမှ ဂရုမစိုက်ဟန်နဲ့ ရယ်နေတယ် ။
"ကျွန်မတို့ စကြရအောင်''
"မြင်းစီးသင်ဖို့ဆိုရင် အဲဒါကို ပွေ့ထားလို့တော့ မဖြစ်ဘူး ''
ထျန်းယျန်က ဂျီယီရဲ့ ရင်ခွင်ထဲက ခွေးပေါက်လေးကို
ညွှန်ပြရင်း ပြောလိုက်တယ်။
ရှန်ဒီယန်ဟာ ထိန်းချုပ်ဖို့ လွယ်တဲ့ကောင် မဟုတ်ဘူး ။
သူ့ကို အထင်သေးရင် ရလာဒ် ကတော့
ဆုံးရှုံးမှုကြီးမားမှာပဲ ။
တကယ်တော့ သူက ယီအတွက် စိုးရိမ်စိတ်မရှိဘူး ။
တစ်ခုတည်း....တစ်ခုတည်းပဲ.....
အသက်တွေ ဆုံးရှုံးသွားမှာကိုပဲ နည်းနည်း စိုးရိမ်တာ ။
"အိုး......''
ဂျီယီကတော့ မသွားချင်ဘဲ ပေကပ်နေတဲ့ ခွေးပေါက်လေးနဲ့
အလုပ်တွေ ရှုပ်နေလေရဲ့ ။
ဘယ်လိုတွေတောင် ချစ်စရာကောင်းနေရတာလဲ?
သူ အရင်တုန်းက မွေးစားခဲ့တဲ့ ခွေးလေးနဲ့ တူလိုက်တာ...
အဲဒီခွေးလေးက အဖေအမေတို့မဆုံးခင်....
သူ Ling အိမ်မှာ အလုပ်မလုပ်ခင်ကပါ ။
အဲဒီနောက်ပိုင်းတော့ သူ တစ်ကောင်မှ
မမွေးစားခဲ့တော့ဘူး ။
အဲဒီအချိန်တုန်းက ပျော်စရာနေ့လေးတွေ......!!
သူ သက်ပြင်းတစ်ချက် ချလိုက်မိတော့တယ် ။
"ခွေးကြောင့် မင်းအဝတ်အစားတွေ ပေသွားမှာ
မစိုးရိမ္ဘူးလား? "
"မစိုးရိမ်ပါဘူး '' ဂျီယီက ခေါင်းခါလိုက်တယ် ။
"မြင်းစီးပြီးရင် အဝတ်အစားတွေက မသန့်တော့ဘူးလေ...
မဟုတ်လည်း လျှော်ရမှာပဲ ''
"မင်း ကိုယ့်ဟာကိုယ် လျှော်ရမှာတော့ သိတယ်နော် ''
ထျန်းယျန်က သူမကို သတိပေးလိုက်တယ် ။
"ရှင်တော်တော်ကို စကားများတာပဲ! !"
ဂျီယီ ဒေါသထွက်နေတယ် ။
"မနက်ဖြန်မနက် ကျွန်မလျှော်မယ်....
ရှင်လျှော်ချင်တဲ့အဝတ်တွေရှိရင်လည်း ကျွန်မကိုပေး....''
"အိုးး....!!"
ဂျီယီရဲ့ တုန့်ပြန်မှုကြောင့် ထျန်းယျန်ဟာ
အံသြတကြီး နဲ့ သူ့ခေါင်းကို သတိလက်လွတ် ညိတ်လိုက်မိတယ်။
အမှန်အတိုင်းသာပြောရမယ်ဆိုရင် သူဟာ
ယီကို တကယ် လေးစားနေပြီ ။
သူမဟာ သူပုံဖော်ခဲ့တဲ့တော်ဝင်မိန်းမပျိုရဲ့ပုံရိပ်နဲ့
နည်းနည်းလေးမှ မတူပါဘူး ။
သူမလိုမျိုး အလိုလိုက်ခံရပြီး ပျက်စီးနေတဲ့
မဟာဆန်တဲ့ မိန်းမပျိုမျိုးကတော့ ရှိမှာမဟုတ်ပါဘူး ။
အေးဆေးတဲ့အမူအရာနဲ့ အင်္ကျီ လက်တွေကို ခေါက်တင်ပြီး
ပေပွနေတဲ့ မြက်တွေကို လှည်းကျင်းတယ် ။
ရွှံအိမ်လေးကို သန့်ရှင်းရေးလုပ်တယ် ။
ရိုးရိုးလေးနဲ့ သဘာဝဆန်တဲ့ ဟင်းသုံးမျိုးကို ချက်တယ် ။
ညနေရီတရောမှာ စားကျက် ကွင်းပြင်ကျယ်ကြီးမှာ
ရေချိုးတယ် ။
တောရိုင်းတိရစ္ဆာန်တွေရဲ့အန္တရာယ်ကိုလည်း
ရဲဝံစွာ ရင်ဆိုင်တယ် ။
ပြီးတော့ အခု......သူမ မြင်းစီးသင်အုံးမယ် ။
သူ့အဝတ်အစားတွေကိုလည်း ကူလျှော်ပေးအုံးမတဲ့...!!!
အလို.....ဘုရားသခင်....!!!
သူ ဘယ်လို စဉ်းစားရမလဲ မသိတော့ဘူး ။
ယီဟာ ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့အတွက်
ဂွမ်ဝေးရဲ့ လူနေမှုဘဝနဲ့ အံဝင်ဂွင်ကျဖြစ်အောင်
ခက်ခက်ခဲခဲ ကြိုးစားနေပုံပါပဲ ။
ဒီလို ဇနီးမျိုးရှိခြင်းဟာ........ထျန်းယျန် ရုတ်တရက်
သူ့ကိုယ်သူ သံသယဝင်မိတယ် ။
သူ ဘာကြောင့် သူမကို နှင်ထုတ်နေတာပါလိမ့်...???
သူဟာ ယီကို လက်ခံဖို့ ကြိုးစားရမယ်! !
ပြီးတော့ ယီရဲ့ မျက်နှာကျပုံစံလေးဟာ
သူနှစ်သက်တဲ့ ပုံစံမျိုးပါ ။
သူမခန္ဓာကိုယ်ဟာ လိုအပ်ချက်နည်းနည်းရှိရင်တောင်မှပေါ့....။
ဒါပေမယ့် အားနည်းချက်သေးသေးလေးဟာ
ကြီးမားတဲ့ အစွမ်းသတ္တိတွေကို
မမှေးမှိန်စေနိုင်ပါဘူး ။
"ထျန်းယျန်.... ကျွန်မကို ရှန်ဒီယန် စီးခွင့်ပြုမယ်ဆို? "
"ရှန်ဒီယန်? " ထျန်းယျန်ဟာ တစ်စုံတစ်ခုကို
နက်နက်နဲနဲ စဉ်းစားရင်း ချီတုံချတုံဖြစ်နေတော့တယ် ။
နည်းနည်း ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော်
နောက်မကြာရအောင် ကြိုးစားပါမယ်လို့
Reading list အသီးသီး မှာ ထည့်ပေးကြတဲ့
Readersများကိုလည်း အထူးကျေးဇူးပါလို့
စောင့်နေရတာ ကြာသွားရတဲ့အတွက်လည်း
အားနာပါတယ်နော်♥♥♥