"ထျန်းယျန် ဘာဖြစ်လို့လဲ ?''
ဂျီယီက သူ့ရဲ့ မျက်တောင်ရှည်တွေကို
ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း နားမလည်နိုင်စွာ မေးလိုက်တယ်။
သူ့ကို ဒီလို ဘာကြောင့် ကြည့်နေတာလဲ??
ငါ ဘာများ မှားနေလို့ပါလိမ့်....??
သူ့ရဲ့ အကြည့်တွေကြောင့် ဂျီယီ နှလုံးသားလေးဟာ
ကူရာကယ်ရာမဲ့နေသူလို ကဆုန်ပေါက် နေတော့တယ်.....။
ဂျီယီဟာ လက်တွေနဲ့ ရှုပ်ထွေးနေတဲ့ ဆံပင်စိုစိုတွေကို
စုကိုင်ပြီး ဆွဲယူလိုက်တော့ ဦးရေပြား နာသွားသလို
ခံစားလိုက်ရတယ်။
"ဘာမှ မဟုတ်ပါဘူး! !"
ထျန်းယျန်က ခပ်ကြမ်းကြမ်းပဲ ပြန်ပြောလိုက်တယ်။
သူ့အတွက် ဘာမှ ပြန်ပြောစရာ မရှိဘူး ။
သူက သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်ကို
ယူလိုက်ပြီး ဂျီယီရဲ့ ဘေးမှာ ထိုင်လိုက်တယ်။
"ငါလုပ်ပေးမယ်! "
"အာ...!''
ဂျီယီဟာ စိုနေတဲ့ ဆံပင်ကို သုတ်ဖို့ မျက်နှာသုတ်ပုဝါ
တစ်ထည်နဲ့ လာကူညီချင်နေတဲ့ ထျန်းယျန်ကို ခွင့်ပြုလိုက်ရတယ် ။
သူကတော့ လက်ကြမ်းကြီးတွေနဲ့ ရှုပ်ထွေးနေတဲ့
ဆံပင် တစ်ထွေးကြီးကို ပြန်ဖြည်ပြီး ရှင်းနေတယ် ။
ထျန်းယျန်ရဲ့ လက်ချောင်းလေးတွေဟာ သူ့လည်ပင်းကို
မထိခလုတ် ထိခလုတ် ပွတ်တိုက်မိနေတယ် ။
ဂျီယီဟာ သူ့လည်ပင်းကို လက်နဲ့ ကိုင်ထားရင်း
အသက်ကိုသာ ဝအောင် ရှူ လိုက်မိတော့တယ် ။
ဘယ်လိုပြုစားချက်မျိုးလဲ? !?
ဒါဟာ မီးဖိုနဲ့ နီးလို့လည်း မဟုတ်ပါဘူး? !??
ဘာကြောင့် သူ အရမ်း ပူလာရတာလဲ? !?
"မင်း ဘာကြောင့် ချွေးထွက်နေရတာလဲ? "
ထျန်းယျန်ရဲ့ အသံဟာ သူ့နားတစ်ဝိုက်မှာ နီးနီးကပ်ကပ်...
ဂျီယီဟာ အသက်ရှူ ရပ်မတတ်ပဲ...
"ကျွန်မ တစ်ကယ် သိပ်ပူတယ်! !''
ဂျီယီဟာ ရိုးသားစွာ ဖြေလိုက်တယ် ။
"ပူရင် ဘာလို့ လည်ပင်းပိတ် အင်္ကျီ ကို ရွေးဝတ်ထားရလဲ?
ငါ့ကို ကြောက်လို့လား...?''
ထျန်းယျန်ရဲ့ အသံ ဟာ ပျော်နေပုံပဲ.....
"ပြီးတော့ မင်းဆံပင်က ရေစိုနေတုန်း...
ခေါင်းဖီးနဲ့လည်းဖီးလို့မရ....တော်တော် ရှုပ်တာပဲ...!!''
"ကျွန်မ သိပါတယ်....
ရှင်...ရှင် ကျွန်မ အနားကို ဒီလောက်အထိ ကပ်ဖို့ မလိုပါဘူး...''
ဂျီယီဟာ နားထဲမှာ ပျားတွေ ပျံနေသလို
တဝီဝီ ကြားနေရတော့တယ် ။
"မင်း စိတ်ရှုပ်နေတာလား? အိပ်ရာ ထဲ ရောက်ရင်ရော
ဒီလို နီးနီးကပ်ကပ် နေရမှာပဲမလား? "
ဂျီယီဟာ လန့်ပြီး သူ့ခေါင်းကို မော့လိုက်မိတော့
မျက်လုံး နှစ်စုံဟာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လျက်သား...။
"ဒါပေမယ့် ရှင်ပြောတာက...... ''
"ငါပြောတာကို ငါသိပါတယ်...စိတ်အေးအေးထားပါ...
ဟုတ်ပြီလား...?''
သူမပြောတဲ့ ဒီကိစ္စက အကြိမ်ဘယ်လောက်
ပြောမိပြီလည်း မသိတော့ဘူး.....
ဒီသတို့သမီးလေးဟာ သူ့ကို မျက်နှာသာလုံးဝမပေးဘူး...
အချိန်တိုင်း သူမကို မထိဖို့ ပြောနေတာပဲ....
"ကျွန်မ ရှင့်ကို ယုံပါတယ်...!''
ဂျီယီဟာ ရိုးသားမှုအပြည့်နဲ့ ချိုသာတဲ့ အပြုံးလေး ပြုံးပြလိုက်တယ်...။
ထျန်းယျန်ဟာ အံ့သြသင့်စွာနဲ့ မျက်လုံးပြူးသွားတယ် ။
သူမ ဘာတွေ ပြောနေပါလိမ့်....??
သူ့မှာတော့ သူ့အောက်ပိုင်းကို ထိန်းချုပ် ထားရတာ
ဘယ်လောက် ခက်ခဲလည်း ဆိုတာ မသိဘူး။
အဲဒါကို သူ့ကို အမှန်တကယ် ယုံကြောင်း ပြောနေသေးတယ် ။
မုန်းလိုက်တာ...!!!
သူဟာ ဘာကိုမှ ဂရုမစိုက်ခဲ့ရင် ခုချိန်ဆို
သူမဟာ သူ့လက်ထဲမှာ အစားခံပြီးပြီပဲ...
ဒါပေမယ့် တဒင်္ဂပျော်ရွှင်မှုအတွက် ဆန္ဒတွေ စောခဲ့မိရင်
အလျော်ပေးလိုက်ရမှာက သူ့ဘဝ တစ်လျှောက်လုံး
မသင့်တော်တဲ့ ဇနီး တစ်ယောက်ကို
လက်ထပ်ရခြင်းပဲ ဖြစ်မှာပါ.....
ဒါကြောင့် ဒီကိစ္စကို သူထိန်းချုပ်နိုင်ရင်
ပိုပြီးတော့ ကောင်းပါတယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
တစ်နေ့တာရဲ့ ခက်ခဲပင်ပန်းတဲ့ အလုပ်တွေကို
လုပ်ပြီးတာနဲ့ နှစ်ယောက်သား အလွန်အမင်း
မောသွားကြတယ် ။
ဂျီယီဟာ စိတ်ရှုပ်စရာ အတွေး တွေကြောင့်
စိတ်ညစ်ဖို့ အချိန် မရှိဘူး...။
ထျန်းယျန်ကိုလည်း စကားမပြောနိုင်လောက်အောင်
ခေါင်းအုံးပေါ်ကို ခေါင်းချလိုက်တာနဲ့
တစ်ခါတည်း အိပ်ပျော်သွားတော့တယ် ။
မနက်ခင်း ကြက်တွန်သံကြားတော့ ဂျီယီဟာ
သူ့ရဲ့ ပုံမှန်အလုပ်လုပ်နေတဲ့အကျင့်အရ
အိပ်နေရာက ဖျတ်ခနဲ နိုးသွားတယ် ။
နိုးတာနဲ့ မထချင်သေးဘူး....
သူ့ဘေးက အပူပေးကိရိယာက သူ့ကို
အိပ်ရာကနေ မခွာချင်လောက်အောင် ဆွဲဆောင်နေတယ် ။
အာ....! မြောက်ပိုင်းသားတွေရဲ့ အပူပေးကိရိယာက
တကယ်ကောင်းတာပဲ....
နွေရာသီအစောပိုင်းပေမယ့် ညကအေးနေတုန်းပဲ ။
အအေးကြောက်တဲ့ သူ့အတွက် အတော် မသက်မသာ
ခံစားရတယ်။
ဒါပေမယ့် ဒီအပူပေးကိရိယာကြောင့် သူကောင်းကောင်း
အိပ်နိုင်တယ် ။
သူ မတွေးမိခဲ့ဘူး.... ထျန်းယျန်ဟာ အမှန်တကယ် ကို
ဂရုစိုက်တာပဲ.....
ဒီအပူပေးကိရိယာ.....
ဂျီယီဟာ ဒီလို ကောင်းတဲ့ ပစ္စည်း ဟာ ဘယ်လိုမျိုးလဲဆိုတာကို
သိချင်လို့ မျက်လုံးလေးတွေကို အသာ ဖွင့်ကြည့်လိုက်တယ် ။
ဟင်.....!!
အကြည့်တစ်ချက်မှာ သူ့မျက်နှာတစ်ခုလုံးဟာ
ရဲခနဲ ရှက်သွေးဖြာသွားပါတယ်....
သူက....သူက....ထျန်းယျန်ကို အပူပေးစက် ထင်နေတာ....
သူ့တစ်ကိုယ်လုံးဟာ ထျန်းယျန်ရဲ့ ရင်ခွင်ထဲမှာ.....
နှစ်ယောက်သား မျက်နှာချင်းဆိုင်.....
သူဟာ ထျန်းယျန် ခန္ဓာကိုယ် ကို အသာလေး မလိုက်ပါတယ် ။
သူ့ခန္ဓာ ပေါ် ရောက်နေတဲ့ ထျန်းယျန်ရဲ့ လက်ကို
ဘေးဖက်ကို တွန်းဖို့ ကြိုးစားရင်း.......
သေစမ်း....!!
ဂျီယီဟာ အေးတဲ့ရာသီမှာ ချွေးပြန်သွားပြီ....
သူဟာ အိပ်နေတဲ့ထျန်းယျန်ကိုများ အနှောင့်အယှက်
ပေးခဲ့လေသလား.....မမှတ်မိပါဘူး....လန့်လိုက်တာနော်.....!!!
သူဟာ ရုတ်တရက် လှုပ်ရှားနေမှုကို ရပ်လိုက်ပြီး
အိပ်နေတဲ့ ထျန်းယျန်ရဲ့ မျက်နှာကို တိတ်တခိုး ကြည့်လိုက်မိတယ် ။
မဟုတ်ရင် သူထအော်နိုင်တယ်လေ.....
ကံကောင်းတာက ထျန်းယျန်ဟာ မနိုးဘူး....
လုံးဝကို မနိုးတာပါ...
သူတို့နှစ်ယောက်အနေနဲ့ ဒီလိုမျိုး ခပ်တင်းတင်း
ပွေ့ဖက်ထားတာက နည်းနည်းလေးတော့ ရက်စက်ရာကျပါတယ် ။
ဒါပေမယ့် အခြားတစ်ဖက်ကကြည့်ရင်
သူတို့ နှစ်ယောက်စလုံးဟာ ယောက်ျားတွေပါ....
ဒီလိုမျိုး နီးနီးကပ်ကပ် အိပ်တာဟာ ဘာအန္တရာယ်မှ မဖြစ်စေပါဘူး...
ဟုတ်တယ်.... ဒီအခွင့်အရေးကို ကောင်းကောင်း
အသုံးချရမယ်....
ဂျီယီဟာ ထျန်းယျန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်မိတယ် ။
ထျန်းယျန်ဟာ သိပ်ချောတယ်ဆိုတာ သူသိပြီးသားပါ....
ဒါပေမယ့် သူ့ကို စေ့စေ့စပ်စပ် တစ်ခါမှ မကြည့်ဖူးသေးဘူး....။
"အို....မျက်တောင်လေးတွေက ရှည်လိုက်တာ...!!!"
ဂျီယီဟာ တိုးတိုးလေး ရေရွတ်ပြီး သူ့မျက်နှာကို ထိကြည့်မလို့
စဉ်းစားမိတယ် ။
ဒါပေမယ့် နိုးသွားမှာစိုးတာကြောင့် သူ့စိတ်ကိုသူ
ချုပ်တည်းလိုက်တယ် ။
"အာ...နှာခေါင်းလေးက မြင့်မြင့်လေး.....!!
နှုတ်ခမ်းလေးက ပါးတယ်..... မျက်ခုံးလေးတွေက
သိပ်ထူတယ်....!!
ကောင်းလိုက်တာ....
တကယ့်ကို ယောက်ျားပီသတဲ့ ရုပ်ရည်မျိုးပဲ......
အားကျစရာ ကောင်းလိုက်တာ.....။
သူနဲ့ မတူတာက......
သူ့ရဲ့ ဘဲဥပုံ မျက်နှာလေးဟာ အသားအရေ
စိုပြည်လှပပေမယ့် တစ်ခေါက် ကြည့်လိုက်တာနဲ့
မိန်းကလေး နဲ့ တူနေတာကတကယ့်ကို မနှစ်မြို့စရာပဲ ။
ဖြစ်နိုင်ရင် သူက ထျန်းယျန် လိုမျိုး တိကျ ပြတ်သားတဲ့
မျက်နှာ ပုံစံမျိုး.... ဖျတ်လတ်တက်ကြွတဲ့နှုတ်ခမ်း....
ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ် တို့ကို လိုချင်တာပါ....
ပြီးတော့ ထျန်းယျန်မှာ ပါးချိုင့်လေးလည်းရှိတယ်ဟုတ်....?
ဒါပေမယ့် သူက ဘယ်တော့မှ မရယ်ဘူး ။
ဂျီယီကတော့ ဒါဟာ အကြီးအကျယ် သနားစရာ ကောင်းတယ်လို့
ခံစားရတယ်။
တကယ်လို့ ထျန်းယျန်သာ အမြဲတမ်း မျက်မှောင်ကြီး
ကုပ်မထားဘူးဆိုရင် ရယ်လိုက်တဲ့အခါ
အရမ်းကို ကြည့်ကောင်းသွားမှာ....
လွန်ခဲ့တဲ့ ညကဆိုရင် တစ်ခဏမျှ စိတ်ထွက်ပေါက်အဖြစ်
သူ ပြုံးနေခဲ့တာပဲ ။
ထျန်းယျန် သူ့ကို ပြုံးပြရင် သူအရမ်းနှစ်သက်တယ် ။
အမြဲတမ်း အတင်းအကြပ် အိမ်ကို ပြန်ခိုင်းတာကလွဲရင်ပေါ့.....။
ဒါလည်း သနားစရာ ပဲ ။
ထျန်းယျန်ရဲ့ အပြုံးဟာ သိပ်စူးရှတယ် ။
ဂျီယီဟာ အရဲစွန့်ပြီး ထျန်းယျန်ရဲ့ ပါးစပ်ကို
သူ့လက်နဲ့ ဆွဲဆန့်လိုက်တယ် ။
ပုံမှန်မဟုတ်တဲ့ အပြုံးတစ်ခုပြုလုပ်ရင်း
သူတိုးတိတ်စွာ ရယ်မိတယ် ။
ဟုတ်ပြီ.....ဆုံးဖြတ်ချက်တစ်ခု ချက်ချင်း ချလိုက်တယ် ။
ထျန်းယျန်ကို ရယ်စရာလုပ်ပြီး စဖို့အတွက် ဒီနေ့ကစလို့
နေ့တိုင်း ထျန်းယျန်ထက်အရင် အိပ်ရာက ထရမယ် ။
ထျန်းယျန်ကို ကစားလို့ဝတော့ ဂျီယီဟာ
ထျန်းယျန်ကို အနှောင့်အယှက် မဖြစ်အောင် သတိထားရင်း
သူ့ကိုယ်ပေါ်က လက်တံရှည်ကို အသာလေးမပြီး ဖယ်လိုက်တယ် ။
ကြံခိုင်သန်မာတဲ့ခန္ဓာကို အိပ်ရာပေါ်မှာ
နေသားတကျ ချထားလိုက်တယ်။
နံနက်ခင်းလေကတော့ လုံးဝလတ်ဆတ်တယ် ။
စောစောထပြီး နံနက်စာပြင်ရတာ ပိုကောင်းပါတယ် ။
ဖြုန်းတီးပစ်ဖို့ အချိန်မရဘူး ။
ခန့်မှန်းတာ မမှားဘူးဆိုရင် ထျန်းယျန်ဟာ
အအိပ်ကြီးတဲ့လူအမျိုးအစားထဲမှာ ပါတယ် ။
ဘာလို့ဆို ထမယ်ဆို ချက်ချင်း ထလို့ ရတာပဲ......
ဂျီယီဟာ အိပ်ရာက ထလာပြီးတဲ့နောက်
နံနက်စာအတွက် ပြင်ဆင်ချက်ပြုတ်ရင်း
အလုပ်များနေတယ် ။
ချက်ပြုတ်ပြီးတော့လည်း စားစရာတွေထားမယ့်နေရာအတွက်
ခေါင်းစားမိပါရဲ့....။
ဘာလို့ဆို တစ်အိမ်လုံးမှာမှ စားပွဲခုံက တစ်လုံးတည်းရယ်....
ခုံအဟောင်းတစ်လုံးကတော့ ကျိုးသွားလို့
တစ်နေ့ကပဲ ထင်းဖြစ်သွားပြီ....
ထျန်းယျန် အိပ်ရာက နိုးလာတော့
အခန်းထဲကနေ ထွက်လာတယ် ။
နံနက်စာပြင်ဆင်နေတဲ့ ယီကိုကြည့်ရင်း
အတွေးပွားနေမိတယ် ။
ပထမဆုံး စတွေ့ချိန်တုန်းကတော့ ယီဟာ
ဆံပင်ကို သေသေသပ်သပ် ထုံးဖွဲ့ထားတယ် ။
ဒါပေမယ့် အဲဒီအချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေမှာတော့
သူမဆံပင်ရှည်တွေဟာ ကပိုကရိုနဲ့....
အခုလည်း သူမရဲ့ ဆံပင်တွေဟာ
လေအဝှေ့မှာ တဖျတ်ဖျတ်နဲ့ လှုပ်ခတ်နေကြတယ် ။
ထျန်းယျန်ဟာ ထူးပြီးတော့ မအံသြတော့ပါဘူး ။
ဒါပေမယ့်လည်း သူအံသြသင့်စေမယ့်ကိစ္စတစ်ခုကတော့
သူ့ကို စောင့်ကြိုနေလေတယ် ။
ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်အပြင်
ဘယ်သူ့မှ မရှိဘူးဆိုတာ သေချာနေတာတောင်
မယုံနိုင်ဘူး ။
ထျန်းယျန်ဟာ လုံးဝ မယုံနိုင်ပါဘူး ။
သူ့ရှေ့မှာ မြင်ရတာက ဆန်ပြုတ်နှစ်ပန်းကန်ရယ်....
စားလို့ရတဲ့ ဟင်းရွက်တစ်ချို့ကိုချက်ထားတဲ့ ဟင်းတစ်ခွက်ရယ်....
"မင်း နံနက်စာ ပြင်နေတာလား? "
သူ့အသံဟာ အံ့သြသင့်မှုအပြည့်....
"ဒါတွေက မင်းလုပ်ထားတာတွေလား? "
"အင်း...''
ဂျီယီရဲ့ အသံဟာ နည်းနည်း ပြောင်ချော်ချော် နဲ့....
"ကျွန်မ ဒါတွေတင်မယ့် စားပွဲရှာနေတာ....
ခွက်တွေ ပန်းကန်တွေတောင် မနေ့က
လွှင့်ပစ်မလို့ထားတဲ့ နေရာကနေ ယူလာတာ...
ထျန်းယျန်... ဒီနေ့ ခွက်တွေ ပန်ကန်ပြားတွေ
နည်းနည်းလောက် ရနိုင်မလား? "
"မင်း သစ်သားပန်းကန်တွေနဲ့ စားချင်လို့လား? "
ထျန်းယျန်ဟာ ရထားလုံးထဲမှာ ပုံမှန်သုံးနေကျ
ပစ္စည်းတွေရှိတာကို အသိမပေးဘူး ။
ဘာကြောင့် ဆိုတော့ သူက ရက်နည်းနည်းလောက်ပဲ
မျှော်မှန်းထားမိလို့ပါ ။
ဒါပေမယ့် တကယ်မထင်မိဘူး....
ယီဟာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်
နေတတ်လိမ့်မယ်လို့..... တကယ် မထင်မိတာပါ.....။
"ရရင်တော့ ကောင်းတာပေါ့.... ဘာပဲဖြစ်ဖြစ်..... ''
ဂျီယီဟာ ပြောလည်းပြော နဖူးမှကျလာသော
ချွေးစက်တို့ကိုလည်း သုတ်ရင်း မျက်နှာကို ပွတ်လိုက်တာကြောင့်
မျက်နှာ ဖြူ ဖြူ လေးဟာ ချက်ချင်း မဲယောင်ယောင်လေး
ဖြစ်သွားတယ် ။
"ငါ...ငါက မင်း ချက်တတ်ပြုတ်တတ်လိမ့်မယ်လို့ မထင်ဘူး ''
ထျန်းယျန်ဟာ အထစ်ထစ် အငေါ့ငေါ့နဲ့ သူ့စကားကို
ကာကွယ် လိုက်တယ် ။
ဒါတွေက စားလို့ရတယ်နော်....ကောင်းတယ်... !!!"
မိဘတွေ ဆုံးသွားပြီးတဲ့နောက် သူဟာ
မိဘမဲ့တစ်ယောက်ဖြစ်လာတယ် ။
ကိုယ့်အားကိုယ်ကိုးပြီး နေခဲ့ရတယ် ။
ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ သေလုမတတ်ဘဲ....။
အငတ်ငတ်အပြတ်ပြတ်နေခဲ့ရတာ....
Ling မိသားစုဆီကို ရောက်တော့ မီးဖိုချောင်မှာ
ဝင်ကူရတယ် ။ဒါကြောင့်လည်း ချက်တတ်ပြုတ်တတ်ခဲ့တာ....
လင်ရှုယျန်က သူ့ကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့
ဒီကို မခေါ်လာခင်အထိပေါ့.....
"ဒါလည်းသိပ်မဆိုးဘူး...''
ယီကို ကျိတ်ပြီးတော့ ချီးကျူးမိတယ်...။
ဟင်းတွေကလည်း လတ်ဆတ်ပြီး အစိမ်းရောင် သန်းနေတယ်။
ဆန်ပြုတ်ကလည်း ကောင်းကောင်း ချက်ထားတာပဲ ။
တူးသွားတဲ့ အရိပ်အယောင်တောင် မမြင်ရဘူး ။
"ရှင် ဘယ်နေရာမှာ စားချင်တာလဲ? "
ထျန်းယျန်ဟာ ရထားလုံးထဲက အဝတ်စတစ်စကို
ယူလိုက်ပြီး မြက်ခင်းပြင်ပေါ် ဖြန့်ခင်းလိုက်တယ် ။
"ဒီနေရာ ဆိုရင်ကော ဘယ်လိုလဲ? "
"အမ်မ်....!!"ဂျီယီ ပြုံးလိုက်တယ်....
သိပ်စိတ်ဝင်စားစရာ ကောင်းသွားပြီ.... !!!
သူဟာ တကယ့်ကို ခြေထောက်ကျိုးလောက်အောင်
အရိုက်ခံရရင်တောင်မှ ထျန်းယျန်ဟာ
မယုံကြည်နိုင်ဘူး....
အခြေအနေတွေက အံသြစရာတွေချည်းပဲ....
သူတောင် တစ်ခါမှ မလုပ်စဖူးအလုပ်တွေကို
လုပ်နေရတယ် ။
သူ့ရဲ့ ကိုယ်ပိုင်ခြံထဲက မြေကြီးပေါ်မှာ
အကျအနထိုင်ပြီး စားသောက်တယ်....!!!
ဒါကို အရင်က အလုပ်သမားတွေသာမြင်ရင်
သူတို့တွေ ဘာပြောမလဲ မသိဘူး....
ဇနီးကို ညှည်းပန်းနှိပ်စက်တယ်လို့များ ပြောကြမလားပဲ....!!
ဒါပေမယ့် ယီကတော့ သက်တောင့်သက်သာ နဲ့
စကားပြောမပျက်...အပြုံးမပျက်....
စိတ်အနှောင့်အယှက်တောင် နည်းနည်းလေးမှ
ဖြစ်ပုံမပေါ်ဘူး....
ဒါကိုကြည့်ပြီး ချက်ချင်း လိုလိုပဲ ထျန်းယျန်ဟာ မူးမေ့မတတ် အံသြသွားတယ် ....
ယီရဲ့ ခေါင်းနဲ့ မျက်နှာ ပေါ်က ညစ်ပေနေတာတွေကို ကြည့်ရင်း
သူဟာ အမှန်တကယ် ကြောက်စိတ်နဲ့
ယီကို စိုက်ကြည့်လိုက်မိတော့တယ်......။
နည်းနည်း မဆွိဘူးလားဟင်....
နောက်အပိုင်းတွေဆို Roလာတော့မယ်....😁😁😁😁