"မင်း ဘာစဉ်းစားနေတာလဲ? အသစ်စက်စက်
ဇနီးမောင်နှံ နှစ်ယောက်အတွက် ပျော်ရွှင်မှုဆိုတာ
ဘယ်လိုမျိုးဖြစ်မယ်ထင်လဲ?''
"အဲဒါက....''
ဂျီယီဟာ ခဏလောက် အသံတိတ်သွားတယ်။
သူ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။
"ပြီးတော့ ရှင့်အဖေရှေ့မှာ ကောင်းကောင်းမွန်မွန်
ပြောရမယ်လေ''
"ဒီလောက်ပဲလား?''
သူမရဲ့ ဖျစ်ညှစ်စဉ်းစားပြီး ထွက်လာတဲ့ မဖြစ်စလောက်
အကြံအစည်ကို ကြားရတော့ ထျန်းယျန်ဟာ
ဝါးလုံးကွဲ ရယ်ချပစ်လိုက်ချင်တဲ့ စိတ်ကို
ထိန်းမရဘူး။သူ့သတိုးသမီးဟာ လုံးဝ
ဖြူ စင်ပြီး ရိုးသားတာပဲ။
တကယ်တော့ ဂျင်းနန်က လူတွေရဲ့ စိတ်ထဲမှာ
ဘာတွေရှိနေကြလည်းဆိုတာ သူစဉ်းစားလို့မရဘူး။
ဒီလိုမျိုး အမျိုးသမီးတစ်ယောက်ကို ဂွမ်ဝေး အထိ
လက်ထပ်ဖို့ အတွက် လွှတ်လိုက်တာကို.....
"ဒီလောက်နဲ့မရဘူးလား..''
ဂျီယီဟာ အံ့သြတသင့်နဲ စိတ်ရှုပ်သွားတယ် ။
စိတ်လှုပ်ရှားနေတာကြောင့် ရင်ခုန်သံတွေက
ဗရမ်းဗတာ....
အမှန်အတိုင်းပြောလိုက်ရင် ပိုကောင်းမလား....!!!
စိတ်ကူးထဲမှာရှိတဲ့အတိုင်း အရာရာကို မလုပ်သင့်ဘူး ။
ထျန်းယျန်ဟာ သူမရဲ့ ပုံစံ ကို ကြည့်ရင်း
ပြုံးချင်စိတ်ဖြစ်လိုက် ၊ ဒေါသထွက်လိုက်နဲ့
ခံစားမှုမျိုးစုံ ခံစားနေရတယ်။
သူမ ဘာကို သိပ်ကြောက်နေတာလဲ?
သူ...ယွန်ထျန်းယျန်ဟာ ဂွမ်ဝေး မှာဆိုရင်
ကျော်ကြားပြီး ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးပါ။
ဒါပေမယ့် သူမကြည့်ရတာ မနှစ်မြို့စရာပုံစံနဲ့
ကြောက်နေပုံပဲ။
ပြီးတော့ ဒါဟာ သူ့အတွက် ဂျီးများစရာမဟုတ်ဘူး။
ဒီလိုပုံစံမျိုးဟာ သူ့ဇနီးဖြစ်ဖို့ အခွင့်အရေး မရှိပါဘူး။
ကြည့်ပါဦး....
သူမ တစ်ကိုယ်လုံးက ဘာမှ မပြည့်စုံဘူး။
ရင်ဘတ်ပေါ်က ရင်သားတွေကလည်း
ဘာမှ မရှိသလို ပြားချပ်ချပ် ....
ဒီလို ဘယ်နေရာမှ ဖွံ့ဖြိုးမှုမရှိတဲ့ ရုပ်ရည် မျိုးကို
သူ ဂျီးများနေစရာ မလိုဘူး ။
ပြောကြကြေးဆို သူ့မကျေနပ်မှုက ဒီထက်မက
ဖြစ်သင့်တာပေါ့...
"ငါ စဉ်းစားတာက....''
ထျန်းယျန်က လိုရင်းကို ပြန်ပြောတယ်။
"တခါတလေ ခန္ဓာကိုယ် ချင်းထိတာကတော့ ရှိမှာပေါ့ ''
"ဒါပေမယ့် ရှင်ပြောတာက.....''
"ငါပြောတာကို ငါသိတယ် ''
ထျန်းယျန်ဟာ သူမ မျက်လုံးတွေကို စိုက်ကြည့်ရင်း
ပြောလိုက်တယ်။ ဒီခဏမှာ သူမရဲ့ ဘာ့ကြောင့်
ပျော်ရွှင်ရလဲဆိုတာကို ရှင်းရှင်းလင်းလင်း
သဘောပေါက်သွားတော့တယ် ။
"မစိုးရိမ်ပါနဲ့.....အရာအားလုံးက သရုပ်ဆောင်နေတာပါ ...
မင်းရဲ့ ဘဝအတွက် မင်းရဲ့ကိုယ်ကျင့်တရားကို
ဘာမှ စိုးရိမ်စရာ မလိုဘူး...''
" ကောင်းပြီလေ... !''
ဂျီယီဟာ ဒါပဲ ပြောနိုင်တော့တယ်။
သဘောတူညီမှုရပြီး နှစ်ယောက်သား တစ်ဖန်
ပြန်တိတ်သွားတယ်။
သူမ ထျန်းဖုန်းခြံကိုမြင်ရင် ဘာပြောမလဲ မသိဘူး?
ထျန်းယျန်ဟာ သူ့ဘေးမှာ ခပ်မတ်မတ်ထိုင်နေပြီး
သူ့ကို ခဏခဏ ခိုးကြည့်နေတဲ့ သူမကို
တစ်ချက်တော့ ခိုးကြည့်လိုက်တယ်။
သူမကတော့ သိမှာမဟုတ်ဘူး။
ဖျတ်ခနဲ အကြည့်တစ်ချက်ကအစ....
သူမရဲ့ အကြည့်တိုင်းကို သူသိနေတယ်ဆိုတာ...
တကယ်တော့ ထျန်းဖုန်းခြံဟာ ယွန်မိသားစုရဲ့ အိမ်မကြီးနဲ့
သိပ်မဝေးပါဘူး။ဒါပေမယ့် အခု လက်ရှိမှာတော့ လူမနေတဲ့
အတွက် မလှတော့ပါဘူး။
အနားယူဖို့ နေရာလေးတစ်ခုမျှသာပဲ။
မြက်တွေကို သိုလှောင်ဖို့ ၊ အသုံးမလိုတဲ့ ပစ္စည်း တွေကို
ထားဖို့ အတွက် တိုင်နည်းနည်းနဲ့ ဆောက်ထားတဲ့
ရွှံတဲလေးတစ်ခုပါ ။
ဒီလိုအရာတွေကတော့ အဆင့်အတန်း မြင့်ပြီး
အထူးအခွင့်အရေး ရရှိနေတဲ့ သခင်မလေး ရဲ့
စိတ်ကူးနဲ့တော့ ဘာမှ ဆက်စပ်လို့ မရနိုင်ဘူး။
ဒါပေမယ့် သူမမျှော်လင့်ချက် ကုန်ဆုံးလေ...
သူမအတွက် ပိုကောင်းလေပဲ...
ကြည့်လိုက်ပါ....သူမအသံတိတ်နေတယ်။
အိမ်ကို သွားရမလား...မသွားရဘူးလား....
တွေးဆနေပုံပဲ။
" နားထောင်ပါ လင်ရှုယျန်... ''
"ကျွန်မကို ယီ လို့ခေါ်ပါ...''
" ယီ...?''
"သြော်... အဲဒါ ငယ်နာမည်လေ...''
သူ ဒီမှာ နေဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ့ကို
လင်ရှုယျန် လို မမြင်စေဖို့ သူ ဆုံးဖြတ်ပြီးသားပါ။
ဒါဟာ သူလုပ်တဲ့ အပြစ်အတွက် ဖြေဆေးသဘောပေါ့..။
"ကောင်းပြီ... ယီ..''
ယွန်ထျန်းယျန်ရဲ့ အသံဟာ နည်းနည်း မာသွားတယ်။
ဘယ်လို ငယ်နာမည်ပါလိမ့်..?
သူမနာမည်နဲ့ လုံးဝ မအပ်စပ်ဘူး....
" ကျွန်မကို ယီ မြစ်နားမှာ မွေးတာလေ....ဒါကြောင့်ပါ...''
ထျန်းယျန်က သူ့ရဲ့ ရှင်းပြချက်ကို လက်ခံတဲ့အနေနဲ့
ခေါင်းညိတ်ပြတယ်။
"ကျွန်မတို့ နည်းနည်း ရင်းနှီးသင့်တယ်လို့ ရှင်ပဲ
ပြောတယ်လေ....
အဲဒါကြောင့်...... ကျွန်မ ထင်တာကလေ....
ငယ်နာမည်ကို ခေါ်တာက ပို အဆင်ပြေတယ်ထင်လို့ပါ...''
ဂျီယီဟာ လက်ချောင်းလေးတွေကို ရစ်ပတ်ဆော့ကစားရင်း
ထပ်ရှင်းပြလိုက်တယ်။
" ယီ..!''
ထျန်းယျန်ဟာ နောက်ဆုံး ကြိုးစားမှုတစ်ခုကို
ထပ်လုပ်လိုက်ပြန်တယ်။
" မင်းဟာ ဂွမ်ဝေးရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့
ပြင်ဆင်ရတော့မယ်။ အဲဒါကို မင်း ခြံကို ရောက်ရင်
တွေ့လိမ့်မယ်။ မင်းကိုယ်တိုင်တွေ့မှ ယုံမယ်ဆိုတာ
သိပြီးသားပါ ။ဒီနေရာဟာ လူသားတွေရဲ့နေထိုင်မှုကို
သဘာဝအတိုင်း ရှားရှားပါးပါး မြင်ရမယ့်နေရာပါ...
ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ မင်းတို့မြို့လိုမျိုးလားဆိုတာ
မင်းမြင်ရမယ်...''
"ဒါပေမယ့် ဒါလည်းမြို့ပဲမလား..?''
" မြို့ဆိုတာတော့ မှန်တယ်...ဒါပေမယ့် လမ်းက တစ်လမ်းတည်း..
ဒီမှာ နေလာတဲ့အခါ မင်းတွေ့လာရမယ်..
အထက်တန်းစား လူတွေ မရှိဘူး...
ထူးကဲကောင်းမွန်တဲ့ ပစ္စည်း တွေလည်း မရှိဘူး...
ဆူဆူညံညံအသံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့
လူစုလူဝေးကို မြင်ရမယ်။ ဒီနေရာကို ဘယ်သူမှ အလည်
မလာကြဘူးနော်...
မင်းကို ပျော်ရွှင်စေမယ့် သဘောကျစရာ ဘာမှမရှိဘူး...''
" ကျွန်မ သိပါတယ်.. ''
" မင်း မသိပါဘူး...''
ထျန်းယျန်က သူမစကားကို ဖြတ်ပြောပြန်တယ်။
" အခု ခမ်းခမ်းနားနား မြင်နေတဲ့နေရာတွေက
ဒီကို လာခါစဖြစ်လို့ပါ...
ရက်တွေကြာလာရင် မင်းပျင်းလာတော့မယ်....
အထီးကျန်တာကို မင်းသည်းခံနိုင်မှာမဟုတ်ဘူး...
ပြီးတော့ မင်းရဲ့ မကျေနပ်မှုတွေကို ရင်ဖွင့်ဖို့အတွက်လည်း
ဘယ်သူမှ မရှိဘူး...''
" ကျွန်မ မပျင်းပါဘူး...''
ထျန်းယျန် ပြောနေတဲ့ အရာတွေနဲ့ စိုးရိမ်စရာ စကားတွေအားလုံးဟာ
သူ့ရဲ့ စားဝတ်နေရေးကိစ္စတွေအထိပါ ပြောနေတယ်ဆိုတာ
နားလည်ပါတယ် ။
" ကောင်းပြီလေ.. ''
ထျန်းယျန် စိတ်နည်းနည်းလျှော့လိုက်တယ်။
ဒီမိန်းကလေးဟာ ဒီလောက်ပြောနေတာတောင်
ခေါင်းမာနေတာ တော်ရုံမဟုတ်ဘူး....
" မင်းသိသင့်တယ်နော်.....
ဂွမ်ဝေးမှာ နေတဲ့နေ့တွေဟာ ဂျင်းနန်မှာ နေတဲ့ နေ့တွေနဲ့
မတူဘူးဆိုတာကို....
ငါတို့မှာ ရှိနေတဲ့ အရာတွေဟာ အမှန်တကယ် ဘဝပဲ...
ဂျောင်နန်ရဲ့ ပျော်ရွှင်မှုမဟုတ်ဘူး...''
"ကျွန်မကလည်း နေဖို့ အတွက် ပဲ စဉ်းစားနေတာပါ...''
ဂျီယီဟာ ဆုံးဖြတ်ထားတဲ့ လေသံနဲ့
ခပ်တိုးတိုးပြောလိုက်တယ်။
အထီးကျန်မှုတွေထဲမှာ သူဟာ တစ်ယောက်တည်း
နေသားကျနေခဲ့တာ ကြာပါပြီ။
ဒါလည်း တစ်မျိုးကောင်းပါတယ်။
ဘယ်လို အခက်အခဲ မျိုးပဲရှိရှိ သူ့စိတ်ထဲမှာ သိပ်မထားတော့ပါဘူး။
" ပြီးတော့ မင်းယောက်ျားနှလုံးသားက အခြားတစ်ယောက်ဆီမှာ...
မင်း ဒါကိုတော့ ဘယ်လို ဖြေရှင်းမလဲ..?''
ထျန်းယျန်ဟာ သဘောမကျသလို တစ်နည်းမဟုတ်
တစ်နည်း သုံးနေတော့တယ်။
ဒီနေရာမှာ နေဖို့ အတွက် သူမ ယုံကြည်ချက်တွေ
ပျက်ပြားသွားအောင်.....
" မင်း မမေ့ပါနဲ့...လင်ယောက်ျား ဆိုတာ
မိန်းမ တွေရဲ့ ဘုရားသခင်ပဲ....
ဒါပေမယ့် မင်းရဲ့ ဘုရားသခင်က မင်းအပေါ်
ဂရုမစိုက်ရင်လည်း မင်း ဒီမှာ နေချင်သေးတာပဲလား...?''
ရှီဂျီယီဟာ သူ့ကို မော့ကြည့်ရင်း
"ကျွန်မ ဘာဂရုစိုက်မှုမှ မလိုပါဘူး...
ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပါတယ်...''
တကယ်တော့ သူလည်း အထီးကျန်ပြီး
မနေချင်ပါဘူး။
ဒါပေမယ့် ဒါကတော့ တရားလွန်နေပြီ မဟုတ်လား?
ထျန်းယျန်သာ ဆန္ဒရှိရင် သူတို့နှစ်ယောက်ဟာ
မိတ်ဆွေတွေလိုတောင် အတူနေလို့ရတာပဲ ....
အခုတော့ အဲလိုမဟုတ်ဘူး...
သူက လုံးဝ အပေးအယူ လုပ်လို့မရဘူး။
"ထျန်းယျန်.... ကျွန်မက မိသားစု ကိုလိုချင်တာပါ...
အဖေရယ်...မိသားစုဝင်တွေရယ်....
ကျွန်မကို မိသားစုဝင်အဖြစ် သတ်မှတ်ဖို့
ရှင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ..
ကျွန်မ ရှင့်ကို အတင်းအကျပ်မလုပ်ခိုင်းပါဘူး။
မိသားစုဆိုတာက မင်းရဲ့ ဇနီးနေရာမှာ
ကျွန်မကို သတ်မှတ်လိုက်တာနဲ့ကို
ကျွန်မက ရှင့်ရဲ့ဇနီး ဖြစ်ပြီးသားပဲ....''
သေစမ်း... !!!!
ဘယ်လောက် ခိုင်မာပြီး မတုန်လှုပ်တဲ့ အပြုအမူပါလိမ့်...။
ယွန်ထျန်းယျန်ဟာ တွေဝေပြီး စိတ်ရှုပ်ထွေးနေတော့တယ်။
ဒီဟာလေးဟာ ဆုံးဖြတ်ချက်ခိုင်မာတာတော့ အတော့်ကို
ချီးကျူးးစရာပဲ ။
ဒါပေမယ့် ချီးကျူးဖို့ အချိန်မရှိဘူး ။
သူမ လိုချင်တာ ဒါပဲပေါ့...။ကောင်းပြီလေ...။
ဒီကိစ္စကို ဆက်လုပ်သင့်လား...မလုပ်သင့်ဘူးလားဆိုတာကို
နည်းနည်းတော့ စဉ်းစားဖြစ်တယ်။
အို...ဒါပေမယ့် အခုမလုပ်လိုက်ရင် နောက်ဘယ်တော့မှ
လုပ်ဖြစ်မှာ မဟုတ်ဘူး။
ဟင်းး..ဟင်းး...စောင့်ကြည့်ရသေးတာပေါ့....
ခြံထဲက ခက်ခဲတဲ့ဘဝကို သူမ ရင်မဆိုင်ရသေးခင်အထိတော့
ပြောထားအုံးပေါ့....!!
အခုအချိန်မှာတော့ သူမကို သတိမပေးခြင်းအတွက်
သူ့ကို အပြစ်မတင်ပါနဲ့.......။
အခန်း(၂)ပြီး၏။
အခန်း(၃) မျှော်ပါ.....
နည်းနည်း ကြာသွားလို့ နောက်တစ်ပိုင်း
အကြွေးဆပ်လိုက်တာပါ...
စိတ်များဆိုးသွားလားမသိဘူး😁😁😁