True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch.35 Not Kindhearted (Part.1)

15.4K 1.6K 33
By JuNoXiang

အနုပညာရပ်ဝန်းဆိုတာ မြေအောက်ဒုစရိုက်လောကနဲ့ မလွတ်မကင်း ဖြစ်နေတက်တာ သိပ်ပြီး ဆန်းကြယ်လှတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး ။ ၈၀ ပြည့်နှစ်နဲ့ ၉ဝပြည့်နှစ် ပတ်ဝန်းကျင်တုန်းကဆိုရင် ဟောင်ကောင် အနုပညာလောကဟာ ဒုစရိုက်ဂိုဏ်းတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းကို ခံထားခဲ့ရတယ် ။ အပေါ်ယံ အများအမြင်မှာတော့ အနုပညာရှင်တွေရဲ့ ဘဝဟာ အဆုံးသတ်မရှိတဲ့ အောင်မြင်ကျော်ကြားမူတွေနဲ့ နှစ်လိုအားကျစရာ ကောင်းနေပေမယ့် ၊ နောက်ကွယ်မှာတော့ သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ များပြားလှတဲ့ အန္တရာယ်တွေ အပြည့်နဲ့ ချိန်းခြောက်နေတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး ။ ကံကောင်းထောက်မစွာပဲ အဲ့ဒီလို ဖြစ်ရပ်မျိုးတွေဟာ ယနေ့ခေတ် အချိန်အခါမှာတော့ မရှိသလောက် ရှားပါးသွားပြီ ။

အနုပညာလောကထဲ ကျင်လည်ခဲ့တာ အချိန်တစ်ခုတိုင် ကြာမြင့်ခဲ့ပြီမို့လို့ Tang Feng အတွက် အထက်ပါအကြောင်းအရာတွေကို သိနေခဲ့တာ သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး ။ ယနေ့အချိန်အခါမှာဆိုရင် အရင်တစ်ချိန်က ဒုစရိုက်ဂိုဏ်းဝင်တွေဟာ ဦးတည်ချက်ကို ပြောင်းလဲလိုက်ကြပြီး ဘဝအသစ်ကို စတင်နိုင်ဖို့ ကုမ္ပဏီလုပ်ငန်းခွင်တွေထဲ ဝင်ရောက်လုပ်ကိုင်နေကြပြီ ။ တော်တော်များများကတော့ ဒုစရိုက်အလုပ်တွေကို ပေါ်ပေါ်ထင်ထင်လည်း ဆက်မလုပ်ဘူး ၊ တရားဥပဒေဘောင်အတွင်းမှာလည်း အပြည့်အဝဝင်မနေပဲ ကြားနေဝါဒကို ကျင့်သုံးနေနေကြတယ် ။ အဲ့ဒီလူတွေရဲ့ အများစုက အနုပညာလုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြုတ်နှံလာကြတယ် ။ အဲ့ဒီလို ရင်းနှီးမြုတ်နှံရတဲ့ အကြောင်းအရင်း တစ်ချက်ကတော့ လက်ရှိအချိန်ကာလမှာ အနုပညာရပ်ဝန်းဟာ အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်လာနေလေတော့ ဒီလုပ်ငန်းကနေ မြောက်များစွာသော ငွေကြေးအကျိုးအမြတ်တွေ ရရှိနိုင်တယ် ။ နောက်တစ်ချက်ကတော့ သူတို့တွေ မတရားနည်းလမ်းတွေနဲ့ ရှာဖွေထားတဲ့ ငွေမည်းတွေကို ဒီအနုပညာလုပ်ငန်းတွေကနေ တဆင့် တရားဝင် ငွေဖြူတွေ ဖြစ်လာအောင် လုပ်ဆောင်နိုင်တယ် ။

Charles နဲ့ Lu Tian Chen တို့ရဲ့ နောက်ခံ background ဟာဆိုရင် Tang Feng တွေးထင်ထားတာထက် ပိုပြီးတော့ ရူပ်ထွေးနေနိုင်တယ် ။ သူတို့သုံးယောက် အတူတူ ညနေစာစားကြတဲ့ အချိန်တုန်းက Tang Feng ဟာ သူ့အနေနဲ့ ကြားဖို့ရာ မသင့်တဲ့ စကားအကြောင်းအရာ တချို့ကို ကြားခဲ့လိုက်ရတယ် ။ အိမ်ကို ပြန်ရောက်တဲ့အခါ သူ သေသေချာချာ စဉ်းစားကြည့်မိတယ် ။ လူတစ်ယောက်ကို ကုန်ပစ္စည်းချင်း အလဲအထပ်လုပ်သလိုမျိုး တစ်ဖက်လူဆီမှာ အချိန်တစ်လလောက် သွားနေဖို့ စီမံတယ်ဆိုတာ သာမန်ရိုးရိုး ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတစ်ယောက်ရဲ့ လုပ်ရပ်မျိုး လုံးဝမဟုတ်ဘူး ။

Charles ဟာ Tang Feng ကို မြို့ရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ စားသောက်ဆိုင် တစ်ခုစီကို ကားနဲ့ ခေါ်ဆောင်သွားတယ် ။ Charles ကို ကောင်းကောင်း သိကျွမ်းနေပုံရှိတဲ့ စားပွဲထိုးဟာ သူတို့နှစ်ယောက်ကို သီးသန့်ခန်းရှိရာကို ခေါ်ဆောင်သွားလေတယ် ။

အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ကြီးမားတောင့်တင်း သန်မာတဲ့ ဘော်ဒီဂတ် နှစ်ယောက်ဟာ ရက်စက်ခက်ထန်တဲ့ မျက်နှာ အမူအရာမျိုးနဲ့ သီးသန့်အခန်းရဲ့ တံခါးဝနားမှာ ရပ်စောင့်နေတယ် ။

Charles ရောက်လာတာကို မြင်လိုက်တာနဲ့ သူတို့နှစ်ယောက်လုံးဟာ တရိုတသေ ဦးညွတ်အလေးပြုလိုက်တယ် ။ အဲ့ဒီနောက်မှာ အခန်းတံခါးကို လေးလေးစားစား ဖွင့်ပေးလေတယ် ။ Tang Feng ဟာ သူ Charles နဲ့အတူ အခန်းထဲကိို လိုက်ဝင်သင့် မဝင်သင့် ချီတုံချတုံ ဖြစ်နေမိတယ် ။ စိတ်ထဲမှာ တွေးနေမိတဲ့ အမေးရဲ့ အဖြေကို စဉ်းစားချိန်လေးတောင် မရလိုက်ပါဘူး ။ Charles ရဲ့လက်တွေဟာ သူ့ရဲ့ ခါးကို ဆွဲဖက်ထားပြီးနေပြီ ။ သူဝင်ချင်စိတ်မရှိရင်တောင် လိုက်ဝင်ရတော့မယ် ။

အတွင်းမှာတော့ လူတော်တော်များများ ကြိုတင်ရောက်နှင့် နေလေပြီ ။ သူတို့တွေအားလုံးရဲ့ မျက်ဝန်းအရောင်တွေက အပြာရောင် ၊ အစိမ်းနုရောင်တွေ ။ ဆံပင်အရောင်တွေကလည်း ရွှေအိုရောင် ၊ အညိုနုရောင်တွေ ။ မျက်ဝန်း အနက်ရောင် ၊ ဆံပင် အနက်ရောင်နဲ့ အာရှတိုက်သားဆိုတာ တစ်ယောက်လေးတောင် ရှိမနေဘူး ။ အမေရိကဆီ သူပြန်ရောက်သွားနေသလိုပဲ ။

" Albert...ငါ့ သူငယ်ချင်းဟောင်းကြီး..."

Charles ဟာ စိတ်အားထက်သန်စွာပဲ နူတ်ခွန်းဆက်လိုက်တယ် ။ အဲ့ဒီလိုဆိုပေမယ့်လည်း Charles ရဲ့ ပြုမူပြောဆိုပုံတွေဟာ အမြဲတမ်း ကပြက်ကချော် နိုင်လွန်းလှတယ် ။

Charles နူတ်ဆက်လိုက်တဲ့ Albert ဆိုတဲ့ လူဟာ ညစာစားပွဲဝိုင်းမှာ ထိုင်နေဆဲ တစ်ဦးတည်းသော လူပဲ ။ အသက်ကတော့ Charles နဲ့ ရွယ်တူဝန်းကျင်လောက်ရှိမယ့်ပုံ ပေါက်ပြီး ပုံပန်းသွင်ပြင်ဟာ လူအများရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝခံယူနိုင်တဲ့ ပုံသဏ္ဍန်ရှိနေလေတယ် ။ ရွှေအိုရောင် ဆံနွယ်တွေနဲ့ မြစိမ်းရောင်တောက်နေတဲ့ မျက်ဝန်းတွေရဲ့ အကြည့်ဟာ ၊ အကြည့်ခံရသူတစ်ဖက်သားရဲ့ စိတ်ကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ ။

Tang Feng နဲ့ အမှတ်မထင် အကြည့်ချင်း ဆုံလိုက်မိပေမယ့် Albert ဟာ အကြည့်ကို ချက်ချင်းပဲ လွဲဖယ်လိုက်တယ် ။ အဲ့ဒီအချိန်ခဏလေးနဲ့တင် Tang Feng ရဲ့ စိတ်ထဲမှာ သတိထားပြီးနေရမယ်ဆိုတဲ့ စိတ် ချက်ချင်းပေါ်သွားခဲ့တယ် ။ Albert ဆိုတဲ့လူကို Tang Feng သဘောမကျဘူး ။ အကြည့်လေးတစ်ချက်နဲ့တင် ဒီလူဟာ စိတ်ကောင်းနှလုံးကောင်း ရှိမယ့်လူ မဟုတ်ဘူးဆိုတာ Tang Feng ခံစားမိတယ် ။

အကယ်လို့များ Charles ဟာ အထက်တန်းလွှာ လူကြီးလူကောင်းဟန်ပန် ဖမ်းထားတဲ့ ဂျာကွာကျားသစ်တစ်ကောင်လို့ ခိုင်းနိူင်းမယ်ဆိုရင် Albert ဆိုတဲ့ လူကတော့ သူ့ရဲ့ ရက်စက်တဲ့ အတွင်းစိတ်ကို ဖုံးကွယ်ထားပြီး အခွင့်အရေး အချိန်အခါကောင်းကို ချောင်းမြောင်းနေတဲ့ တောကောင်ကြီး တစ်ကောင်နဲ့ အလားသဏ္ဍန်တူတယ် ။

" ဒါ မင်းရဲ့ ကစားစရာ အရုပ်အသစ်လား ? "

နူတ်ခမ်းထောင့်ကို တွန့်ကွေးပြီး မထီလေးစားပုံစံမျိုးနဲ့ Albert ဟာ သူ့ကို ကြည့်ပြီး Charles ကို မေးတယ် ။ Tang Feng ကို စိုက်ကြည့်နေတဲ့ အကြည့်ဟာ လူတစ်ယောက်ကို ကြည့်နေတဲ့ အကြည့်မျိုးနဲ့ မတူဘူး ။ သားကောင်တစ်ကောင် ကို ဆော့ကစားဖို့ ချောင်းမြောင်းနေတဲ့ သားရဲတစ်ကောင်ရဲ့ အကြည့်နဲ့ ပိုတူနေတယ် ။

Albert ရဲ့ နူတ်ဖျားကနေ ထွက်လာတဲ့ အင်္ဂလန်ဆန်တဲ့ လေယူလေသိမ်းဟာ နားထောင်ရတာ နှစ်လိုဖွယ်ရာ ကောင်းပေမယ့် ၊ စကားလုံးတွေကတော့ ကြားရတာ နားထဲ ခါးသက်လှတယ် ။

" သူဟာ တကယ်တမ်းတော့ Lu Tian Chen ပိုင်တဲ့လူ ။ ငါနဲ့ တစ်လ အတူတူ နေခွင့်ရအောင် နည်းလမ်းပေါင်းစုံနဲ့ မနည်း ကြိုးပမ်းခဲ့ရတာ ။ အဲ့လိုလုပ်ပြီးမှ ရယူနိုင်ခဲ့လို့ ငါ ဘယ်ကိုသွားသွား သူ့ကို ငါ့ဘေးမှာ ခေါ်ထားရတာ ။ "

အဲ့ဒီလိုပြောပြီးတော့ Charles ဟာ ဟက်ဟက်ပက်ပက် ရယ်မောနေတော့တယ် ။ Tang Feng ကိုဖက်ထားနေရင်းနဲ့ပဲ ခုံမှာ ဝင်ထိုင်ခိုင်းလိုက်တယ် ။ အဲ့ဒီနောက် Charles ဟာ Tang Feng ကို လေးနက်တည်ကြည်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး....

" ဒါပေမယ့် အခုနောက်ပိုင်း ငါ သူ့ကို တဖြည်းဖြည်း ပိုပို ချစ်မိလာတယ် ။ "

Charles ရဲ့ ပြောဆိုတဲ့ စကားသံကို နားထောင်လိုက်ရသူတွေရဲ့ ရင်ထဲမှာ သူတကယ်ပဲ Tang Feng ဆီ ပျော်ဝင်သွားပြီလို့ ထင်သွားကြနိုင်လောက်တယ် ။ Tang Feng ရဲ့ ရင်ထဲမှာတော့ ဘယ်လိုမှကို ဖြစ်မသွားဘူး ။

" မင်း ငါနဲ့ကော အတူတူ မနေချင်ဘူးလား ? Charles ကော Lu Tian Chen ကော ၊ နှစ်ယောက်လုံးက လူကောင်းတွေ မဟုတ်ဘူးနော် ။ "

Albert က နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးလိုက်တယ် ။ စိတ်ခံစားချက် အမူအယာကြောင့် သူ့ရဲ့မျက်ဝန်းတွေဟာ ကျဉ်းမြောင်းသွားလေတယ် ။ Albert ရဲ့ မျက်ဝန်း အတွင်းထဲမှာတော့ ပြုံးရွှင်နေတဲ့ အရိပ်အယောင် မြူမှုန်တစ်စက်လေးမျှတောင် ရှိမနေဘူး ။

လူတွေ စကားပြောကြတဲ့အခါ စိတ်ထဲကမပါတဲ့ အပြုံးတုကို အခုလို ဆင်မြန်းပြီး ပြောနေကြပြီဆိုရင် ၊ သူတို့အတွင်းစိတ်ထဲမှာ လိုချင်နေတဲ့အရာက တစ်ခုထဲပဲ ။ Sex ကလွဲလို့ တခြားဟာ မရှိဘူး ။

" သူပြောတဲ့ ပေါက်ကရစကားတွေကို သွားပြီး နားမယောင်မိလိုက်နဲ့ ။ ဒီကောင်က ပုံမှန်မဟုတ်ဘူး ။ သူနဲ့ နောက်ဆုံး အတူတူအိပ်ခဲ့တဲ့ တစ်ယောက် ၊ အခု အုပ်ဂူထဲရောက်နေပြီ ။ ကိုယ့်ရဲ့ အချစ်ဆုံးလေး Tang... လူတိုင်းက ကိုယ့်လိုမျိုး ကြင်နာတက်ပြီး စာနာတက်တဲ့ စိတ်မျိုး ရှိကြတာ မဟုတ်ဘူး ။ "

Charles ဟာ ချက်ချင်းပဲ Albert ရဲ့ ဖုံးကွယ်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးကို ဆွဲခွာပစ်လိုက်တယ် ။

........................................................................

To be continued... Ch.36 Not Kindhearted (Part.2)

Continue Reading

You'll Also Like

264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
707K 60.7K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
597K 39.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.8M 302K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...